ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး

ဂွဈေးမီးလောင်မှု မြင်ကွင်းဓါတ်ပုံများ (ဓါတ်ပုံ-Myanmar News Now) ဓါတ်ပုံနှင့် ဗွီဒီယို - ကိုဖြိုး ရိုက်ကူးပေးပို့ ထားတာပါ။

ရန်ကုန်၊ မေ ၁၈

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနှင့် ဗဟို လမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး) တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ဖြစ်စဉ်မှာ ဈေးအိမ်သာ အနီး ဃရုံရှိ ခြင်ဆေးဘူး (Insect Killer) အပါအဝင် ကုန်ခြောက် ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ စတင် ပေါက်ကွဲ လောင်ကျွမ်း ခဲ့သည်ဟု သိရှိရပြီး “စသိတဲ့ အချိန်ကနေ ငါးမိနစ်လောက် အတွင်းမှာတင် တစ်ဈေးလုံးကို မီးစွဲသွားပြီ” ဟု ရှမ်းလမ်းဈေး နောက်ဖက် မဟာသုခ လမ်းတွင် နေထိုင်သူ မျက်မြင်သက်သေ အချို့က ပြောကြားသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၃၃ ခန်း (ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ် ၄၃၉ သိန်း) ဆုံးရှုံးခဲ့ရပြီး သားငါးတန်းရှိ ဆိုင်ခန်း ၈၅ ခန်းသာ မီးဘေးလွတ်ခဲ့ကြောင်း၊ ရှမ်းလမ်းဈေးတွင် ဆိုင်ခန်းပေါင်း ၃၁၈ ခန်း ရှိကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော စည်ပင်သာယာ ဌာနမှူး တစ်ဦးက ပြောကြားသည်။

“မီးအား အရမ်းကြီးတဲ့ အချိန်မှာ မီးသတ်ကား နှစ်စီးပဲ ရောက်သေးတာမို့ မနိုင်ဘူး ဖြစ်သွားတယ်။ နောက်မို့ဆို တစ်ဈေးလုံး ကုန်မှာ မဟုတ်ဘူး” ဟု မီးလောင်ကျွမ်းသွားသော ဆိုင်ခန်းပိုင်ရှင် တစ်ဦးက မချိတင်ကဲ ပြောဆိုသည်။

အဆိုပါ မီးလောင်မှု ငြိမ်းသတ်ရာသို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ဦးဆောင်သော တာဝန်ရှိသူများ လာရောက် ကြီးကြပ်ခဲ့ကြပြီး မြို့နယ်ပေါင်းစုံမှ မီးသတ်ယာဉ် ၃၉ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီခန့်တွင် လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂ နာရီ ၂၇ မိနစ်ခန့်တွင် မီးညွှန့်ကျိုးခဲ့သည်ဟု
The Voice Weekly (Facebook) စာမျက်နှာမှာဖော်ပြထားပါသည်။
 

ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး Reviewed by သစ်ထူးလွင် on 05:24 Rating: 5

33 comments:

toke kyi said...

ဈေးတွေချည်း လောင်နေတာဆိုတော့ သံသယတောင် ဝင်လာမိတယ်... စဉ်စားသင့်နေပြီ..ရိုးသားရဲ့လား??? မြေနေရာတွေကလည်း လုနကြတာဆိုတော့.... အင်း.. ဟုတ်တော့ဟုတ်နေပါပြီ...

ချစ်ဖူး said...

မီးလောင်မှုတွေများတယ်နော်။ ဈေးတွေမှာ fire alarm တို့ ရေဖျန်းတာတို့ သုံးနိုင်ရင် ကောင်းမယ်

StarShing said...

ယခုမီးလောင်သည့်နေရာမှာ စမ်းချောင်းမီးသတ်နှစ်ခဲတစ်ပစ်စာသာဝေးပါသည်

meerket said...

ရှို့မီး စစ်စစ် လို့ ကြားတာဘဲ လူတွေပြောနေကြတာ

konamazu said...

စမ်းချောင်းမီးသတ်နှင့်ခဲတစ်ပစ်စာသာဝေးပါသည်။သို့သော် မီးသတ်ကားသည် သူ့အလိုအလျောက်ရေလာမပက်ပါ။မီးသတ်ကားမောင်းဆရာကြီးမာဆက်တွင် Section ၀င်နေပါသဖြင့် နောက်ကျနေခြင်းဖြစ်ပါသည်။

National said...

ဈေး= မီးလောင်တတ်သည်။

nyimoon said...

မီးအားကြီးတဲ့အချိန်မှာ မီးသတ်ကား နှစ်စီးဘဲရောက်တယ်ဆိုတော့ စမ်းချောင်းမီးသတ်နဲ့တော်တော်ဝေးတာကိုး.အဲ့ကမီးသတ်တွေအိပ်ပျော်နေကြသလားတာဝန်ကိုသိပါစေ.

SiSiSan said...

မီးလောင်ရင်မီးသတ်ကိုပဲအပြစ်ဖို့ကြတယ်၊မီးမလောင်ဖို့တာဝန်ကဘယ်သူလဲ
မီးလောင်ရင်ဘာလုပ်မလဲဘယ်လိုငြိမ်းမယ်ဆိုတာတွေဈေးတွေအနေနဲ့ကြိုပြင်ပြီးလုပ်ရမှာ၊အခုက For Show ပဲလုပ်တယ်တကယ်ဖြစ်ပြီဆိုတော့ မနိုင်တော့ဘူးမီးကြီးလာမှမီးသတ်ခေါ်၊မီးသတ်ကားကရေ ၃ မိနစ်စာပဲရတာ၊နောက်ကရေကားတွေလာမှစွမ်းအားပြည့်ပက်နိုင်မှာ
ရေကားတွေကိုလည်းအမြဲရေဖြည့်ထားရင်ကားတွေနာလို့၊ကားနာရင်ဘယ်သူ ကမှမီးသတ်ကိုရေကားတွေလှူတာမဟုတ်ဘူး၊ကားပြင်ဘို့တောင်လှူသူရှိတာမဟုတ်ဘူး၊မီးကိုမလောင်ခင်တားနိုင်မှကြိုတင်ကာကွယ်ထားမှမီးမလောင်ဘို့ကတာဝန်ကိုယ်စီရှိပါတယ်၊မီးလောင်မှဟိုပြောဒီပြောမလုပ်ပဲ Commemt ရေးတတ်လောက်ရုံနဲ့အပြစ်မပြောဘဲအပြုသဘောဆောင်ပြီးရေးကြပါ၊မှတ်ချက်၊ေ၇းသူမှာမီးသတ်မဟုတ်ပါ၊

ကိုယ်တော်ချော said...

ကုန်ပြန်ပြီ ကုန်ကြပြန်ပြီ ကုန်ပါပြီဗျို့ ရင်နာရုံကလွဲပြီးတော့ ဘာမှ မတတ်နိုင်ဘူး.............

chitthu said...

လူတိုင်းက ဂွဈေးမီးလောင်တယ် ပြောလိုက်တာနဲ့ ပြန်ပြောတာက “အင်း ထင်သားပဲ၊ ပြောထားသားပဲ၊ တန်ဖိုးရှိတဲ့ ပစည်းတွေကို ရွေ့ထားပါဆိုတာ” စည်ပင်ကလည်း ဈေးပြန်ဆောက်ပြီး ၀င်ငွေရှာချင်လို့ ညှိနေတာ၊ ညှိလို့က မရ၊ ဈေးကလူတွေကလည်း မရှိမဲ့ ရှိမဲ့ ၀မ်းစာအရေးမို့လို့ မဖယ်နိုင်၊ တစ်ယောက်ပြောသလိုပဲ။ စည်ပင်က ရွေ့ဆိုတဲ့ဈေးတွေချည်းပဲ မီးလောင်နေတယ်။ အခုတော့ စည်ပင်အကြိုက်ဖြစ်တော့တာပေါ့။ ညနေ ၆ နာရီလောက်ကတည်းက ပိတ်ထားတဲ့ ဈေးက ည ၁ နာရီလောက်မှာလောင်တယ်ဆိုတော့ ဘယ်က စလောင်တယ်လို့ ပြောရမလဲ။ ၀ါယာရှော့လို့ ခေါင်းစဉ်တပ်မလား။ မီးကြွင်းမီးကျန်လို့ခေါင်းစဉ်တပ်မလား။ ပေါ့ဆမီးလို့ခေါင်းစဉ်တပ်မလား။ ကံနိမ့်တဲ့သူကတော့ ဒုကရောက်တော့မှာသေချာတယ်။

mad dog said...

၇ှိ့မီးပါကွာ...

Nwe Ni said...

ဈေးသူဈေးသားတွေ သနားစရာပါ။
စီးပွားရေးကျပ်တည်းနေရတဲ့အချိန်မှာ ဘယ်လိုပြန်ပြီးနလန်ထူနိုင်ကြမှာလဲ။
သနားစရာပါ။

Han Gyi said...

စမ်းချောင်းရှမ်းလမ်းဈေး ဂွဈေးကိုသိမ်းချင်နေတာကြာပြီလေ ပြီးခဲ့တဲ့နှစ်ထဲကသတင်းထွက်နေတာ ရှို့မီးလား ပေါ့စလားဆိုတာကတော့ စမ်းချောင်းသားတွေအသိဖြစ်မှာပါ။ ကျွန်တော်ကတော့ အဝေးရောက်ဆိုတော့ မသေချာဘဲနဲ့မပြောချင်ဘူး

myat minn said...

တရားခံက နေကမ္ဘာလ ကုမဏီနဲ. ဈေးများဋ္ဌာနမှုးချိုထွန်းအောင်တို.ပူးပေါင်းလက်ချက်ဆိုတာအားလုံးသိပါတယ်..ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်းသမက် သန်ဇင်ဦး ပိုင်နေကမ္ဘာလ ကုမဏီကို တင်ဒါခေါ်ယူခြင်းမရှိ.ဘဲ.စည်ပင်မှရှမ်းလမ်း ဂွဈေးအားကျိုးတူဆောက်လုပ်ခွင်.ပေးခဲ.သော်လည်း ဈေးသူဈေးသာများကလက်မခံသဖြင်...ချိုထွန်းအောင်မှ စည်ပင်အပေါ်အာဏာဖီဆန်တဲ.ဈေးတွေမီးရှိုပြစ်ရမှာဘဲဟု.ရုံးခန်းအတွင်းပြောဆိုခဲပြီး..သန်ဇင်ဦးအား..မင်းလူရှာပြီးလုပ်လိုက်ဟု.အမိန်ပေးခြင်းအား ..ကိုယ်တိုင်ကြားခဲသော..မောင်အေး(essential wall) မှပြန်လည်ပြောကြားခဲပါသည်။

myat minn said...

တရားခံက နေကမ္ဘာလ ကုမဏီနဲ. ဈေးများဋ္ဌာနမှုးချိုထွန်းအောင်တို.ပူးပေါင်းလက်ချက်ဆိုတာအားလုံးသိပါတယ်..ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်းသမက် သန်ဇင်ဦး ပိုင်နေကမ္ဘာလ ကုမဏီကို တင်ဒါခေါ်ယူခြင်းမရှိ.ဘဲ.စည်ပင်မှရှမ်းလမ်း ဂွဈေးအားကျိုးတူဆောက်လုပ်ခွင်.ပေးခဲ.သော်လည်း ဈေးသူဈေးသာများကလက်မခံသဖြင်...ချိုထွန်းအောင်မှ စည်ပင်အပေါ်အာဏာဖီဆန်တဲ.ဈေးတွေမီးရှိုပြစ်ရမှာဘဲဟု.ရုံးခန်းအတွင်းပြောဆိုခဲပြီး..သန်ဇင်ဦးအား..မင်းလူရှာပြီးလုပ်လိုက်ဟု.အမိန်ပေးခြင်းအား ..ကိုယ်တိုင်ကြားခဲသော..မောင်အေး(essential wall) မှပြန်လည်ပြောကြားခဲပါသည်။

ngaba said...

ဂွဈေးက ကားအ၀င်အထွက်လည်း လွယ်ပါတယ်။ စမ်းချောင်းမီးသတ်နဲ့က တကယ့်နီးနီးလေး၊ စက္ကန့်၃၀အတွင်း ရောက်နိုင်တဲ့ အနေအထား၊ ဘာလို့ မီးဒီလောက် များရတာလဲ၊
အခုနှစ်ပိုင်းမှာ ဈေးတွေကြီးပဲ ရွေးပြီးမီးလောင်တာကတော့ ထူးခြားလွန်းတယ်။
ရှို့မီးတွေလားလို့တောင် သံသယ ဖြစ်မိတယ်။

Unknown said...

အိမ်ကို ဖုံးဆက်မေးကြည့်ပါတယ်။ သူတို့ပြောနေကြတာက လူနှစ်ယောက် ည ၁ နာရီခွဲမှာ ဈေးထဲက ထွက်လာတာ တွေ့ကြတယ်။ သူခိုး ဆိုပြီး လိုက်ဖမ်းကြတယ်၊ ရွှေလောင်းလမ်း က နေ တက်ပြီး ဘူတာဘက် ပြေးသွားတယ်။ မီးလောင်တယ် အော်သံကြားလို့ ပြန်ပြေးလာတော့ အတော်လောင်နေပြီ၊ စမ်းချောင်းရဲတွေက ဘယ်သူမှ မဝင်ခိုင်းလို့ အပြင်က ရပ်စောင့်နေရတယ်၊ စမ်းချောင်းမီးသတ် ရောက်တာ နောက်ကျတယ်၊ ရောက်တော့ ပိုက်ဆက်တွေ ပြုတ်တာ ပြင်လို့ ပိုကြာတယ်၊ တာမွေ၊ မရန်းကုန်း မီးသတ်တွေ ကယ်လို့ သားငါးတန်း ကျန်တယ်၊ ဈေးက အသစ်ဆောက်ဖို့ ပြင်နေတာကြာပြီ ၊ ဈေးဟောင်းမှာ ၂ ဆိုင်ရှိမှ ဈေးသစ်မှာ တဆိုင် ရမယ် ဆိုလို့ ၊ မလိုချင်ဘူး ဆိုပြီး အထက်ကို တိုင်ထားတာ၊ မေလ အပြီး ဖျက်ရမှာ၊ ခုတော့ အော်တို ဖျက်ပြီးသား ဖြစ်သွားပြီ ။ အဲလိုကြားတာပဲ။

U Chit said...

ဈေးခေါင်းတွေ က ဘာတွက်လဲ ဈေးထဲ ပိုက်ဆံကောက်ဖို့ အတွက် ပဲလား တခြားဈေးလုံခြုံေ၇းအတွက် ခေါင်းတွေ မှာ တာဝန်မ၇ှိတာလား

saigawna said...

မတော်တဆလား တမင်တကာလားဆိုတာစနစ်တကျ

စုံစမ်းစစ်ဆေးဖို့လိုနေပါပြီ

သြတ္တပ္ပ said...

မီးကလောက်လိုက်ရင်လဲ အသစ်ဆောက်မယ့်စီမံကိန်းမှာပါတဲ့ ဈေးတွေမှာပဲ။ ဖြစ်လိုက်ရင်လဲ ညလူခြေတိတ်ချိန် အိပ်ချိန်တွေမှာ၊ လူတစ်ယောက်မှ မီးမသုံးတော့တဲ့အချိန်တွေမှာ... ဒါတမင်သက်သက် မဖျက်မနေရ အခြေအနေရောက်အောင် စီးပွားရေးသမားနဲ့ စည်ပင် ပေါင်းရှို့တာ.... မင်းတို့ စည်းစိမ်အလောင်မခံရဖူးတော့ ဘယ်အကြောက်တရားရှိပါ့မလဲ...
ခုလောလောဆယ် ထပ်ရှို့စရာ ရန်ကင်းဈေး ကျန်သေးတယ်....အခု ပြဿနာဖြစ်နေတာ........

Han Gyi said...

ဟုတ်ပါတယ် ခိုင်မာတဲ့သတင်းရက်ကွက်က ကြားပြီးသွားပါပြီ ဒါဟာ ရှို့မီးပါ ကျွန်တော်က မုန့်လုပ်ဆောင်းကုန်း၊စမ်းချောင်းသားပါ။ အပေါ်က unknow ဆိုတဲ့ comment အတိုင်းပါဘဲ လူနှစ်ယောက် ဈေးထဲ ၁ နာရီလောက်ကထွက်လာတော့ သူခိုးဆိုပြီးလိုက်တုန်း မီးလောင်းမှု့စတင်ဖြစ်ပွားတာပါ။ မီက ၅ မီနစ်အတွင်း ဆိုင်းခန်းတွေအကုန်ကူးတာဆိုတော့ ဒါဟာ လုံးဝ ရှို့မီးပါ ကျွန့်တော်အမျိုးဆိုင်ခန်း နှစ်ခန်းပါသွားပါတယ်။ ဒါသူတစ်ပါးပစ္စည်းကူးမတော်မတရား ခွေးမသားတွေရဲ့လက်ချက်ပါဘဲ။ အခွင့်ထူးခံလူတန်းစား ဘယ်တော့မှပပျောက်ပါ့မလဲနော်....

001komgmg222@gmail.com said...

လုပ်ကျပါအာဏရှင်တွေရယ်ပြည်သူတွေဒုက္ခရောက်လေမင်းတို့ငရဲလားလေပါကွာတစ်ဘ၀ကောင်းဘို့ကိုမင်းတို့မို့မကြောက်တယ်နော်

chittope88 said...

SiSiSan အဲစကားကိုခင်ဗျားအိမ်လောင်မှပြော.....လူလိုနားမလည်တဲ့သူပဲ

sainyi said...

ဈေးတွေမီးလောင်တိုင်း နံနက်နှစ်နာရီနဲ့ သုံးနာရီခြားမှာလောင်တာများနေတယ်
မဟုတ်မှလွဲံေ၇ာအဲဒီမီးတွေဟာရှို့ မီးတွေပဲဖြစ်နိုင်ပါတယ်
ဘယ်သူတွေရှို့ သလဲဆိုတာတော့ခုတလောမြေယာတွေရှောက်လုနေတဲ့ 
ဇေကမ္ဘာကုမ်ကဏီအောင်သောင်းတို့ လွတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖို့ များပါတယ်

အဓိပတိ said...

ဂွဈေး မီးလောင်တယ်ဆိုတာကြားတာနဲ့ ရှို့မီးလို့ ပဲပြောနေကြတယ်။
ုဟုတ်လားမဟုတ်လားတော့မသိဘူး။
သိတဲ့လူတွေဖေါ်ထုတ်ပေးကြပါ။
အဲလို သူတဖက်သားအပေါ် ယုတ်မာတဲ့သူတွေကို
သူ့အပြစ်ဒဏ်သူခံရအောင် .ကူညီပေးကြပါ။

sanwai said...

ဈေးသူဈေးသားများ အဖွဲ့ ဖွဲ့ပြီးကင်းစောင့်ကြပါဗျို့
ကိုယ့်ဈေးကို ကိုယ့်ဘာသာကိုယ်စောင့်ကြပါ
ဈေးတွေပဲ ပတ်လောင်နေတယ် အချိန်က လည်းအတူတူလိုပဲ

ငထက် said...

အင်း...တာမွေဈေးက မေးနေတယ် သူ့ အလှည့်က ဘယ်တော့လဲ တဲ့...

bluetooth said...

မီးရှို့တာသိတဲ့လူရှိတရ်... ကြက်ဖ မင်းပြောပြလိုက်ကွာ...ဟဲဟဲ

တောသားလေး said...

ဘယ်လိုဖြစ်တာလဲဟ

တောသားလေး said...

ဘယ်လိုဖြစ်တာလဲဟ ဈေးတွေကြီးဘဲမီးတွေလောင်နေတယ်

တန`င်္လာကိုကို said...

တို.မြို.ကဈေးမှာလည်းဝါယာကြိုးနဲ.တစ်ရှူးလိတ်၁၀ လိတ်သီပြီးရှို.ထားတာ
ဈေးမပိတ်ခင်မီးခိုးထွက်လို.အချိန်မှီသွားတာ။ မုံရွာဈေးမီးလောင်ကတည်းက၊
ဈေးမှာဆိုင်ရှိတဲ.အမျိုးတွေမိတ်ဆွေတွေကိုမီးအာမခံလုပ်ကြဘို.တိုက်တွန်းထား
တာ။ တစ်ခါဆိုရင်တိုက်ဆိုင်မှု၊
နှစ်ခါဆိုရင်သတိထား
သုံးခါဆိုရင်လုံးဝမဟုတ်တော.ဘူးတဲ.။
ဒီအမှုလဲပေါ်မယ်မထင်ပါ။ ဘာမီးညာမီးပဲပြောမှာပါ။

ရဲနစ် said...

ဟုတ်တိပတ်တိနဲ့ကွာ မြန်မာလူမျိုးမတိုးတက်တာ အဲ့လိုစောက်ပြစ်ထိုင်တင်နေတာနဲ့အချိန်ကုန်နေလို့ကွ
မင်းတို့ သေချာသိချင် မီးသတ်မှာဝင်လုပ်ကြည့်ကြပေါ့ကွာ
အသက်စွန့်ပြီး လုပ်နေတဲ့သူတွေကို အခန့်သားထိုင်ပီး
စောက်ပြစ်ပြောရဲတဲ့ မိန်းမ ပါးစပ်တွေကိုတော့ ချီးကျူးမိပါရဲ့  >.<

chitthu said...

မောင်ရဲနစ်လား၊ မရဲနစ်လား
မီးသတ်အနေနဲ့ သူတို့ပြောသလို အခု ဘာကြောင့်မီးလောင်တယ်ဆိုတာကို သတင်းထုတ်ပြန်ပေးပါလား။ အခုထက်ထိ ဘာကြောင့်မီးလောင်တယ်ဆိုတာ ကို မပြောနိုင်သေးတာ ညွှန်ကြားချက်မရသေးလို့လား (ဘာကြောင့်လောင်တယ်လို့ပြောရမှာ) ၄ ပေမီးချောင်းကလောင်တယ်။ လေးပေမီးချောင်းတွေ အိမ်တိုင်းမှာရှိတယ်။ ဘာကြောင့်မလောင်တာလဲ။ ပစည်းတွေကို မီးချောင်းကတစ်ဆင့် အပူလွန်လောင်တယ်ဆိုရင်လည်း မီးချောင်းက ဘယ်နေရာမှာ ထွန်းထားတာလဲ။ ပစည်းတွေနားမှာ ထွန်းထားတာလား၊ မီးချောင်းနားအထိ ပစည်းတွေထားလို့လား။ မင်းတို့ကရော(မီးသတ်)သစ်စာရှိရှိနဲ့ အမှန်အတိုင်း ပြောရဲလား။ မင်းတို့အလုပ်မြဲဖို့နဲ့ လူပေါင်းများစွာရဲ့ စားဝတ်နေရေးနဲ့ လဲလိုက်တာလား။ ချမ်းသာလို့ ဈေးဆိုင်ဖွင့်တဲ့သူ ဂွဈေးမှာမရှိဘူး။ လက်လုပ်လက်စားတွေချည်းပဲ။ မင်းတို့အသက်စွန့်လုပ်တာ သိတယ်။ မင်းတို့ရဲ့ အပေါ်က မင်းတို့ရဲ့ ပထွေးတွေကို မင်းတို့ ပြန်မေးကြည့်ပါ။

Powered by Blogger.