သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်

မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများက ငါးနှစ်အတွင်း နိုင်ငံတကာ နှုန်းထားများအတိုင်း ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ကျပ်နှစ်သိန်းတန် ဖုန်းများကို ရောင်းချပေးနေသည်။ “အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိ ရောင်းချပေးသည့် ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး စက်ပစ္စည်း ဝယ်ယူခြင်း၊ တာဝါတိုင် စိုက်ထူခြင်းနှင့် ဖုန်းရောင်းချခြင်းများကို ပုဂ္ဂလိက ကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ “မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် Elite Tech မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဖုန်းဈေးနှုန်း သတ်မှတ်တာက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆက်သွယ်ရေးနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့ဘက်က ပိုက်ဆံစိုက်ထုတ်ပြီး စက်ပစ္စည်းတွေ ဝယ်တယ်။ ပြီးရင် ဆက်သွယ်ရေးကို ပြန်ရောင်းပေးတယ်။ ဆက်သွယ်ရေးကလည်း ဖုန်းတန်ဖိုးလျှော့ချလို့ စက်ပစ္စည်းကို လျှော့မဝယ်ဘူး။ နိုင်ငံတကာ နှုန်းထားအတိုင်းပဲ ဝယ်တယ်၊ လုပ်ပိုင်ခွင့် အနေနဲ့ တာဝါတိုင်စိုက်ပြီး ဖုန်းရောင်းရတာပဲ ရှိပါတယ်။ ဈေးနှုန်းတွေ လျှော့ချပေးတယ် ဆိုတာကတော့ လက်ရှိ ဆက်သွယ်ရေးက Operator ဖြစ်တဲ့အတွက် သူ့မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဖုန်းဆင်းကတ် တန်ဖိုးနှုန်းထားများမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်မားလျက်ရှိနေပြီး ယင်းသို့ မြင့်မားနေခြင်းမှာ လိုအပ်သည့် အခြေခံ အဆောက်အအုံ စတင် အချိန်ယူ တည်ဆောက်မှုစရိတ် ကြီးမြင့်မှုအပေါ် မူတည်ခြင်းကြောင့်ဟု ဆက်သွယ်ရေးမှ ထုတ်ပြန်ထားသည်။ “နိုင်ငံတကာ နှုန်းထားထက် ဈေးနှုန်းတွေ မြင့်နေတာကတော့ ကျွန်တော်တို့နိုင်ငံမှာ Second Operator မရှိဘူး။ သူများ နိုင်ငံတွေမှာက ပုဂ္ဂလိက Operator အများကြီး ရှိတယ်။ ဒီတော့ ကုမ္ပဏီတွေ အပြိုင် ဖြစ်လာတော့ ဈေးနှုန်းကလည်း သူ့ထက်ငါ အပြိုင်အဆိုင် လျှော့တာတွေ၊ Promotion လုပ်တာတွေ ရှိနေတော့ မြန်မာနိုင်ငံထက် ဖုန်းတန်ဖိုး ဈေးနှုန်း လျော့နေတာပါ” ဟု လူကြီးမင်း ဖုန်းဆိုင်မှ မိုဘိုင်း ကျွမ်းကျင်ပညာရှင် ဦးကိုကိုအောင်က ပြောသည်။ မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး ကဏ္ဍတွင် Second Operator အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ပေးနိုင်ရန် ဥပဒေ လိုအပ်မည်ဖြစ်ကြောင်း ယင်းဥပဒေရှိမှသာလျှင် Operator အဖြစ် ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

အောင်ဇော် - ပေါ်ပြူလာဂျာနယ်
သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည် သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည် Reviewed by သစ်ထူးလွင် on 16:38 Rating: 5

51 comments:

Killer said...

အရှုံးပေါ်ရင်မလုပ်နဲ့ ဆက်သွယ်ရေးရေ... မင်းတို့ကဖုန်းဘေလ်ကိုလဲ စားသေးတယ်.. ဒါတောင်ရှုံးတယ်ဆိုတော့ ဘာများထပ်လိုချင်လို့လဲ..

66koaungaungtun@gmail.com said...

မြန်မာဆက်သွယ်ရေးကိုပြည်သူများကိုယ်စားအရေးယူသင့်ပါတယ်၊ပြည်သူကိုလိမ်ညာပြီစစ်အာဏရှင်ခရိုနီတွေနဲ့ပေါင်းပြီးပြည်သူပတ်ဆံကိုလိမ်ညာယူနေသော်(ဆသရ)အလိုမရှိပါ။ပြည်သူများ(ဆသရ)ကိုဆန္ဒပြကြပါ၊ခရိုနီလက်သစ်(ဆသရ)အလိုမရှိ။ညီညွတ်စွာပူးပေါင်းတွန်းလှန်ကြပါစို့။

Killer said...

လူကြီးမင်းမသိပဲလျှောက်ပြောနေတယ်... အခုမြန်မာနိုင်ငံကဖုန်းတွေကို အစိုးရကပဲ ၁၀၀%ကိုင်ထားတာပါ... ကုမ္ပဏီတွေဆိုတာ တိုင်ထောင်ပြီး ရောင်းပေးရုံသက်သက်ပါ... မသိရင်လဲလေ့လာလိုက်အုံး..

Min Min said...

"လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချ ခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ"ဆိုတဲ့ စကားကို အရင် လေဟာပြင် ဈေး မှာ ဈေးရောင်း တဲ့သူတွေ ပြော တာကို သတိရ မိတယ်။ ဘာလဲဆိုတော့" အရင်း အတိုင်း ပေးလိုက် တာ၊ အမြတ်မရှိတော့ဘူး၊ ဒါ ငွေပေါ် ရောင်းတာ(အဲဒိမှာထဲက အမြတ်က ရာခိုင် နူန်း ကရှိပြီးသား)-ျီးစားပြော တာတောင် မယုံဘူးဟေ့။

Ocean Tanker said...

ငါ့ကောင်တွေမင်းတို့ကအစာဆိုသိပ်ငန်းသကိုးကွဲ့
မင်းတို့ကငန်းရုံတင်မကဘူးအစာကျွေးတဲ့ငါတို့
သခင်တွေကိုပါရန်ရှာချင်နေသေးတဲ့ဆက်သွယ်ရေးကခွေးတွေ

ရှမ်းလေး said...

Second Operator မရှိလို့တဲ့ .... သူတို့ဘဲ အကုန်လုံး လက်ဝါးကြီးအုပ်ထားပြီးတော့ ..ဆိုးပါ .

Naung Naung said...

နဲနဲတော့လဲ ကြည့်ပြောကြပါအုန်းဗျာ သမ္မတကြီးနဲ့လွှတ်တော်ကပြောရင် အရုံးခံပြီးဆိုပါ ကလား.. သူများနိုင်ငံတွေမှာ sim ကတ် တကတ်ကို 1 ဒေါ်လာနဲ့ရောင်းတာဆိုတော့ သူတို့လဲ အရှုံးခံပြီးရောင်းတာပေါ့နော် အဲလိုကြီးလား ။ ဖုန်းရှိတဲ့ သူက တနေ့ကို အများကြီး မပြောပါနဲ့ 1ကျပ်ဖို့ဘဲပြောပါ ဖုန်း ဘယ်နှစ်လုံးရောင်းပြီးပီလဲ ဖုန်းအလုံးရေ 3 သန်းဆို တနေ့ချင်းစီရဲ့ အနိမ့်ဆုံးဝင်ငွေက ကျပ် 3သန်းဖိုးရှိပါတယ်။ ရှုံးတယ်ဆိုတာအဲလိုလား ဒါတောင် တရက်လုံးမှ 1 ကျပ်နှုန်းနဲ့တွက်တာပါ နာရီနဲ့တွက်တာမဟုတ်သေးပါဘူး ရှုံးတယ်ဆိုတော့ ဘယ်အိပ်ကပ်ထဲကျသွားလို့ပါလိမ့်

aungaung said...

ပြီးခဲ့ တဲ့ တစ်လက ယိုးဒယားနယ်စပ်ကော့သောင်မြို့ ရောက်ပါတယ်
ကော့ သောင်တစ်မြို့ လုံးရှမ်းဖုန်း(ယိုးဒယာဖုန်း)ပဲအသုံးများကြပါတယ်
ဖုန်းကဒ်ရဲ့ တန်ဖိုးကမြန်မာငွေ၁၃၀၀ပါ08နဲ့ စပါတယ်
မြန်မာဖုန်းများကတော့ 450 800 GSM အားလုံးသုံးရပါတယ်ဒါပေမယ့် မိုးရွာ မိုးကြီုးပစ် လေကြီး ရင် ဖုန်းလိုင်တွေ
အားလုံးဖြတ်ပစ်ပါတယ် ရှမ်းဖုန်ကတော့ အမြဲတမ်းကောင်းနေပါတယ် ၁မီးနစ်ပြောတိုင်လည်းဈေးကချိုပါတယ် ကျနော်တို့ ဘယ်ဘ၀မှခံစားရပါ့ 

aungpyae said...

ဘာ...အရှုံးတောင်ခံပြီးရောင်းပေးဦးမယ်..ကောင်းလိုက်တဲ့ စေတနာတွေ
တော်တော်ရှုံးနေဦးမယ်......

Myanmar said...

ဖုန်းဆင်းကတ် နုံးထားလျှော့ရောင်းသည်ဖြစ်စေ မရောင်းသည် ဖြစ်စေ။ အများသုံးလို့ရတာ အင်တာနက်ဆိုတဲံ လိုင်းက အခုထိ ဆိုင်သွားသုံးရေတုံးပဲ။ တခြားနိုင်ငံတွေများ အိပ်အမိုးပေါ် တာဝါတိုင်တင်ထားတာပီရော။ အဓိက ကျသော ပင်မ စက်ပိုင်က အဓိက ဖြစ်နိုင်ပါတယ် ဒါကြောင့် ..................

minsoeaung said...

ကောင်းပါတယ်။
အများသုံးနိုင်တဲ့အဆင့်နီးပါးဈေးလျော့တာကိုကြိုဆိုပါတယ်။အများစုပြည်သူတွေဝမ်းသာကြမှာပါ။
သမ္မတကြီးကလည်းပြည်သူအတွက်ဆိုလုပ်နိုင်တာအကုန်
လုပ်ပေးမယ်လို့ထင်ပါတယ်။ဒ
ဒီသတင်းအမှန်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါသည်ခင်ဗျား

ရာဇာ said...

စဉ်းစဉ်းစားစား လဲ ပြောပါအုံး အင်ဂျင်နီယာချုပ်ကြီး ရယ်...ဘယ်ဈေးနဲ့ ဝယ်ရလို့ ၂ သိန်းက အရင်းရှိနေတယ် ပြောရတာတုံး...ကိုယ်ယူထားတဲ့ ကော်မရှင်တွေ ပြန်ထဲ့လိုက်ရင် မရှုံးနိုင်ပါဘူး...နိုင်ငံတချို့ ရဲ့လေဆိပ်တွေမှာ ခရီးသည်တွေ အဆင်ပြေဘို့အတွက် sim card တွေ အလကားတောင် ပေးနေတဲ့ ဟာကို..သူ့ကျမှ ၂ သိန်း( ဒေါ်လာ၂၅၀) အရင်းရှိတယ်တဲ့..ကြားသားမိုးကြိုး....ကြည့်ရတာ သူတို့ sim card က ရွှေ နဲ့များ လုပ်ထားလား မသိဘူး...

မောင် said...

အစိုးရဌာနတွေကို ပြင်ပကပစ္စည်းရောင်းသွင်းပေးတဲ့အခါ
လက်သင့်ရာ ကုမ္ပဏီကိုဘဲ ကြိတ်ပြီးဦးစားပေးတာပါ။
ပြီးတော့ အဲဒီကုမ္ပဏီနဲ့ အဲဒီအစိုးရဌာနလူကြီးတွေက ပေါင်းပြီးလုပ်စားနေကြလို့ အစိုးရက ၀ယ်တဲ့ပစ္စည်းတွေ နိုင်ငံတကာထက်အဆများစွာ ကြီးနေရခြင်းဖြစ်တယ်ဆိုတာ အားလုံးသိတယ်။
အဲဒီတော့ ပြည်သူတွေက သူတို့စားထားသမျှကို လိုက်ဖြည့်ပေးနေရတာပေါ့။

့မီတာဘောက်စ်တွေ အပြင်က တရုတ်ထုတ်တွေသုံးရင် ၁သောင်းကျော်ဘဲရှိတယ်။ အဲဒါကို အလုံးလိုက်မသွင်းဘဲ တရုတ်ကပစ္စည်းတွေကို ဒီမှာဆင်၊ ကစလတံဆိပ်တပ်ပြီး ပြည်သူတွေကိုရောင်းတော့ ၅ သောင်းဖြစ်ရော၊ အဲဒီမီတာဘောက်စ်ရဘို့ အဆင့်ဆင့်ပေးလိုက်ရတော့ မီတာဘောက်စ်တခုက တသိန်းဖြစ်သွားတော့တယ်။

တက္ကစီမီတာတွေရော ဒီအတိုင်းဘဲ
ဘယ်သူတွေအကျိုးရှိဘို့အတွက် တက္ကစီမီတာတတ်တာလဲ။

ရွံစရာကောင်းတဲ့ ဌာနလူကြီးတွေ။
ကိုယ်ကျိုးဘဲကြည့်တဲ့ ကုမ္ပဏီတွေ။

မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ စီးပွားပညာတတ်စရာမလိုဘူး။ လာဘ်ထိုးပြီး ပေါင်းတတ်ဘို့ဘဲလိုတယ်။
ပညာတတ်တွေ ဘေးရောက်ပြီးတိုင်းပြည်မှာ ပညာမဲ့တွေကြီးစိုးလို့ အစီအမံတွေညံ့ တိုင်းပြည်က စုပ်ပြတ်နေတာလဲ အားလုံးသိနေတယ်။

အဲဒီလူကြီးတွေအားလုံး၊ မြှောက်ပေးပြီး ၀ိုင်းစားထားတဲ့ တဆွေတမျိုးလုံး မရှိမှ တိုင်းပြည်တိုးတက်မှာ

ယဉ်ယဉ်ကျေးကျေးပြောရင် ထိထိရောက်ရောက်အရေးယူရမယ်။

ရိုင်းရိုင်းပြောရရင်
သတ်ပြစ်ဘို့ဘဲကောင်းတယ်။

Ko Myo said...

အော်
ဈေးမလျှော့လို့လည်း ဒီနှစ်ရောင်းဖို့တင်ပြထားတဲ့ ရာထားချက်က ပြည့်မှာမှ မဟုတ်တာ
အရှုံးခံပြီးရောင်းမယ်ဆိုတာ ပါလိုက်သေး
အခြေခံအဆောက်အအုံတွေတွက် ဖုန်းကဒ်ဈေးတင်ရောင်းတယ်ဆိုတော့
တစ်မိနစ် ၅၀ ယူတာက ဘာအတွက်လဲမသိဘူးနော်

Ko Myo said...

ဖုန်းကဒ်ဈေးကို အခြေခံအဆောက်အအုံတွေအတွက်ကြေအောင် နိုင်ငံတကာထက် ပိုယူပြီးပြီဆိုရင် ဖုန်းပြောခကြတော့ ဘာကြောင့် နိုင်တကာနဲ့တူအောင် မချပေးတာလဲ

Maunglusoe said...

အ၇ုံးခံပြိးလျော့မယ် ဆိုပါလား
ပြောတဲ့ကောင်၌$%^&*()#@!

a said...

လူလိမ်တွေလျှောက်လိမ်မနေနဲ့အရှုံးခံရောင်းစရာမလိုပါဘူး၊မင်းတို့နားလိုက်ပေါ့၊၅ထောင်နဲ့ရောင်းနိုင်တဲ့လူလည်းရှိတယ်၊ကဒ်ကိုအလကားပေးနိုင်တဲ့လူလည်းရှိတယ်၊ပြည်သူတွေသက်သာအစဉ်ပြေသွားမှာစိုးလို့လား၊သိန်းစိန်မင်းတို့ကလိမ်ကကျစ်တစ်ဖွဲ့လုံးရဲ့အပြောင်းအလဲကတော့ပြည်သူအတွက်ဆိုရင်အလွယ်တကူဘယ်တော့မှမဖြစ်ဖူး၊အလျှော့အတင်း၊အတိုင်အဖေါက်၊ အခေါ်အပြောတွေနဲ့လူ့တန်ဖိုးကိုမရှိတဲ့ကောင်တွေ။မိုးတစ်လုံးလေတစ်လုံးနဲ့ပြည်သူတွေကိုဥပဒေမဲ့မတရားမှုတွေနေ့စဉ်လုပ်နေတုံး၊

Anonymous said...

ကယ်တော်မူကြပါရှင့်...ကယ်တော်မူကြပါ..ဆက်သွယ်ရေးကသူကောင်းလုပ်နေပါပြီ..ကော်မီရှင်တွေ တင်ဒါပါမစ်တွေ အကျိုးဆောင်ရာနှုန်းတွေကို မထိဘဲ ပြည်သူတွေကိုသနားလို့ သူတို့ပိုင်တဲ့ ပြည်သူ့ဘတ်ဂျက်နဲ့ပြည်သူကို ပြန်လှည့်တိုက်ဘို့ပြင်နေပြီထင်တယ်...။

Anonymous said...

မြန်မြန်နဲ့ထိထိရောက်ရောက်လုပ်ဆောင်ပါ။ပြည်သူတွေကိုလည်းငဲ့ညှာပါအုန်း။
စောင့်နေရတာမောလှပြီ

linlettaryar said...

တကယ်ကို ဖုန်းတန်ဖိုးတွေ လျော့ကျလာမယ်ဆိုရင်ကြိုဆိုပါတယ်.....ကျွန်တော်တို့ 18သိန်းနဲ့ဝယ်ကိုင်ထားတာမှန်ပေမယ့် ဖုန်းဈေးနှုန်းတွေ လျော့ကျလာတာကိုကြိုဆိုပါတယ်ဗျာ.....တိုးတက်လာတာကိုမကြိုက်တဲ့သူဘယ်မှာများရှိမှာလဲဗျာ........ဖြစ်သင့်တာက ကြာပါပြီ...ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်.........

RAIN said...

လျှော့ပေးနိုင်၇င်လျှော့ပေးကြပါအုံး.....
ပြည်သူတွေအားလုံးဖုန်းကိုင်နိုင်အောင်လို့ပါ....

zmt said...

လုပ်ကြဟေ့

ချစ်မိုးဆွေ said...

နားလည်ပါတယ်။ဒါပေမယ့်အရှုံးခံပြီးမှရောင်းပေးပါ့မယ်ဆိုတဲ့စကားလေးကိုတော့နည်းနည်းအဓိပါယ်ရှင်းရှင်းလင်းလင်းတင်ပြပေးစေချင်ပါတယ်။သိပ်နားမရှင်းလို့ပါ.............အရှုံးခံပြီးမှလုပ်တယ်ဆိုတာဘယ်စီးပွားရေးလုပ်ငန်းရှင်မှ လုပ်မယ့်ကိစ္စမှမဟုတ်လို့.........

ဧ၇ာထွန်း said...

တော်တော် ၇ယ်စ၇ာပြောတဲံ့ကောင်တွေ ပြည်သူတွေများ ဘာမှမသိ ဘာမှမတက်ဘူးလို့ထင်နေကြတာ ငါတို့ပြော၇င် ယုံကြမယ်လို့ ထင်နေလား ကြောင်ဖားတွေ၇ယ် ဘာတဲ့“အခု ချထားပေးထားတဲ့ နှစ်သိန်းနှုန်းထားက တကယ် ကုန်ကျခဲ့တဲ့ နှုန်းထားနီးပါးလောက် ရှိပါတယ်။ ဒီနှုန်းထားထက် လျှော့ချပေးရင်တော့ အရှုံးပေါ်မှာပါ” ၇ယ်စ၇ာလဲတော်တော်ပြောတက်တယ်နော် တခြားသူတွေက စင်ကဒ် ငါးထောင်တန် ထုတ်မယ်ပြောတော့လက်မခံ ပြည်သူတွေကြတော့ စက်ပစ္စည်း ဝယ်ယူတာ၊ တာဝါတိုင် ထောင်၇လို့ပြောတယ် ပြည်သူတွေက ဟန်းစက်ပဲ ၀ယ်ပြီး သူတို့လို freeသုံးနေတယ်ထင်နေတာလား ၀န်ဆောင်ခကနေ၇တဲ့ငွေတွေဘယ်ေ၇ာက်သွားပြီလဲ ဘယ်နေ၇ာမှာသုံးတာလဲ

စစ်ကိုမုန်း said...

လုံးဝ အဓိပ္ပါယ် မရှိပါဘူး...
Second operator မရှိလည်း မြန်မာ့ဆက်သွယ်ရေးဆိုတာ အစိုးရအဖွဲ့အစည်း ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အကျိုးကို ဖေါ်ဆောင်ဖို့ တာဝန်ရှိပါတယ်.. တကယ်တော့ လျှပ်စစ် ၀န်ကြီးဌာနနဲ့ နှိုင်းရင် ဆက်သွယ်ရေးက အများကြီး လူပါးဝပါတယ်.. . လူတွေ ဆန္ဒပြပြီး တောင်းဆိုကြတဲ့ လျှပ်စစ်မီးဟာ ဒေသတွင်း နိုင်ငံတွေမှာ ဈေးအသက်သာဆုံးပါ.. ဆက်သွယ်ရေးကတော့ ဒေသတွင်းနိုင်ငံများမှာ ဈေးအကြီးဆုံးနဲ့.. ၀န်ဆောင်မှု အညံ့ဖျင်းဆုံး ဌာနပါပဲ...

minmin said...

တခြားအရှုံးခံရောင်းတာမနည်းပါဘူး ။သတင်းစာထဲပါတာဘဲ။ဖုန်းကြမှ မရောင်းဘူးဟင်း-------နော်

hello to all my friends ! said...

အလကားလျှောက်ပြောနေတာ..အပြင်ကာဟာတွေနဲ့ပေါင်းပြီးအမြတ်ထုတ်နေတာ
လူကြားကောင်းအောင်လျှောက်ပြောနေတာ..သူတို့လုပ်ချင်ရင်ဖြစ်နေတာကြာပြီ
သူတို့အကျိုးအမြတ်နည်းမှာစိုးလို့..ပေါ့.......နိုင်ငံခြားကုမ္မဏီတွေကို ပေးလိုက်ပါလား မြန်မာ့ဆက်သွယ်ရေးကနေ စားခွက်ပျောက်ဆက်သွယ်ရေး
ဖြစ်သွားမယ်......မလေးရှားမှာ အမေရိကန်ဒေါ်လာငါးဒေါ်လာရှိရင် ဖုန်းနံပါတစ်ခုနဲ့ ဖုန်းဆက်ဖို့ပိုက်ဆံပါပြီးသားဗျ......မအေးဘေးတွေ
ကလျှောက်ပြောနေတာ.....ဒီလိုပုံဆို ငါးထောင်တန်ဖုန်းက နောက် သုံးနှစ်မှပေးမယ်ပြောတာနဲ့တူတူဘဲ မြန်မာ့ဆက်သွယ်ရေးရေ့........

Unknown said...

အော် မြတ်စွာဘုရားရယ်။ ဖုန်ကဒ်လေးတစ်ခုကို မတော် မတရား ငွေမြောက်များစွာယူထားတာကို အရှုံးခံပြီးရောင်မယ်တဲ့။ ကဒ်လေးတစ်ခု ကိုကားတစ်စီးတန်ဖိုးလောက်ရောင်းစားတဲ့အခါကျတော့ တိုင်းပြည်ကို ငါတို့ဆက်သွယ်ရေး ဖုန်းရောင်းစားရတာ တော်တော်အမြတ်ဝင်ငွေရပါတယ်လို့ ဘာလို့မပြောခဲ့တာလဲ။ ပုဂ္ဂလိက ကုမ္မဏီတွေက တာဝါတိုင်တို့ကို အလကားဆောက်ပေးထားသားဟာကို အသလွတ်ကြီးရောင်းစားနေပြီးတော့ အရှုံးခံပြီးရောင်းမယ် ဟုတ်လား ဆက်သွယ်ရေး။ နံပါတ်ကို သေရှာနိုပ်ခေါ်တာတောင် လူကြီးမင်းခေါ်ဆိုသောနံပါတ် တပ်ဆင်ထားမူ မရှိသေးပါလို့ ဂယောင် ဂတမ်း ထအော်တဲ့ ကမ္ဘာ့လိုင်းအား အကောင်းဆုံးဆက်သွယ်ရေးရယ်။

Anonymous said...

နိင်ငံတကာကိုတင်ဒါခေါ် လုပ်ခွင့်ပေးလိုက်ပါ

ဦးစားကြီး said...

ပေါက်ကရတွေ ပြောပြန်ပြီ။ နာမည်လည်း ရေးမထားပါလား။ ပြောတာ ဘယ်သူပါလိမ့်။

My Experience said...

ဖုန်းပြောခတွေ တစ်သက်လုံးရမှာတော့ထည့်မပြောဘုးလား စောက်အင်ဂျင်နီယာချုပ်ရဲ့ ။

myintkoko said...

သမတကြီးေ၇ဆက်သွယ်ေ၇းကတော့ သမတကြီးကို ထိုးချနေပြီ
ဆက်သွယ်ေ၇းဆို၇င်ဖယောင်းတိုင်နဲ့ တော့မ၇ဘူး
မီးတုတ်နဲ့ မှအဆင်ပြေမယ်

kyaw said...

အရှုံးခံရောင်းတယ်ဆိုတာ...ဘာကိုပြောတာလဲ...ဆက်သွယ်ရေးက....အရှုံးခံရောင်းမယ်?????.....ကျေးဇူးကြီးလိုက်တာဗျာ.........နိုင်ငံတော်ရဲ့ စေဒနာတွေပေါ့......သဘောကျဖို့ကောင်းလိုက်တာ....ဟားဟားဟားဟား

MYO MYINT said...

အရောင်းအ၀ယ်လုပ်တယ်ဆိုတာကကိုယ့်အရင်းနဲ့ကိုယ်ရင်းနှီးပြီးမှအမြတ်ယူရတာထုံးစံဘဲ၊ဒါကိုပြည်သူဆီကပိုက်ဆံနဲ့ပြည်သူကိုဖုန်းပြန်ရောင်းတာကိုယ့်အရိုးနဲ့ကိုယ်အထိုးခံရသလိုခံစားရတယ်၊ခေတ်အဆက်ဆက်ကနှစ်သိန်းထက်ပိုရောင်းထားတဲ့အမြတ်တွေကိုဘယ်သူတွေခွဲဝေခံစားခဲ့သလဲလို့မေးရမယ်၊အဓိကကတော့အစိုးရနဲ့ပေါင်းလုပ်ပိုင်ခွင့်လက်ဝါးကြီးအုပ်ပြီးကိုယ့်ပြည်သူကိုဂုတ်သွေးစုတ်တာဘဲ၊ဆင်သေကိုဆိတ်ရေနဲ့ဖုံးဘို့မကြိုးစားနဲ့။နောင်တစ်ချိန်ဒီကိစ္စတွေကမြေလှန်စစ်ဆေးရမဲ့အထဲမှာပါတယ်၊ပြည်သူတွေကိုစေတနာရှိရင်လုပ်ပိုင်ခွင့်တွေကိုတရားမျှတစွာယှဉ်ပြိုင်ခွင့်ပေးလိုက်ပါ၊သူ့ထက်သူလူစွမ်းကောင်းတွေပေါ်လာမှာပါ၊

Unknown said...

ဘာကိုအရှုံးခံရောင်းမှာလဲ။ စက်တွေ၊ တာဝါတိုင် တွေဆိုတာ အခြေခံ investment မဟုတ်ဘူးလား။ ဒါတွေ ရင်းနှီး ပြီး ရင် ဖုန်းဘေလ် တွေ တောက်လျှောက် ရမှာ မဟုတ်ဘူးလား။အခုတော့ ရင်းနှီး ဖို့လည်းပြည်သူကပေး၊ အကျိုးအမြက် ကိုလည်းပြည်သူဆီတောင်းချင်နေတာလား။
ဘယ်အလုပ်မဆို အကျိုးအမြက်လိုချင်ရင် အရင်းကိုစိုက်ထုတ်ရတယ်။နားလှည့်ပါးမရိုက်ပါနဲ့။

ကိုကို said...

လုပ်ကြါပါဟေ့ တို့တိုင်းပြည် ကြီါ် တိုးတက်လာအောင်လို့

တရားရှင် said...

အခုလိုကြားရတောဝမ်းသာပါတယ်

a said...

မင်းတို့၇ူးနေလား၊နိုင်ငံတကာမှာအလကားနီးပါးရတဲ့ဟာကိုလူ့အသိစိတ်နဲ့နောက်ဆုတ်မပေးပဲတောင်းဆိုမှဈေးလျှော့မှာလား၊အာဏာရူးနဲ့လောဘရူးတွေလူလို့ခေါ်လို့မရအောင်စိတ်ဓါတ်ကနိမ့်တယ်။မင်းတို့ပြောသမျှစကားတွေကကိုယ့်အမြီးကိုယ်ပြန်လိမ်နေသလိုပဲ။

ရာရာ said...

ဒီမှာက အပြိုင်အဆိုင်မရှိဘူးလေ...တစ်ဦးတည်း၊ တစ်ဖွဲ့တည်း လက်ဝါးကြီးအုပ်ပြီး လုပ်ချင်သလိုလုပ်နေတာဆိုတော့...ဖုန်းဈေးသူများတွေလို လူလူသူသူသုံးရဖို့ ရွှေပြည်တော်ရယ်မျှော်လေတိုင်းဝေးနေတော့တာပေါ့ဗျား

Anonymous said...

ဆက်သွယ်ရေးက လူကြီးတွေလည်း ၀၀လင်လင် စားပြီးတော့မှ နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များကို အကြောင်းပြပြီး ဈေးလျော့ပေးမယ်တောင်ဖြစ်ရသေးဗျာ...စားလို့သောက်
လို့ကို မ၀နိုင်ကြသေးဘူးလားဗျို့....

Unknown said...

သမတလေးဦးသိန်းစိန်ခင်ဗျာထုန်ဈေးတွေလျော့ကျအောင်တောင်ဆိုပေစေချင်ပါတယ်နိုင်ငံတကာမှာခလေးကအစဆော့နေတဲ့ဖုန်းတွေကိုကျတော်တို့နိုင်ငံမှာလည်ပေါပေါသီသီလူတန်စေ့သုံးစေချင်လို့ပါခင်ဗျာ

ှဆရာရဲ၏စာမျက်နှာများ said...

ဖုန်းဈေးနှုန်းက ချပေးယင်လည်း ကောင်းတာပါပဲ။ မချလည်း ဘာဖြစ်လည်း။ အရေးကြီးတာ မီးမှန်မှန်လာပြီး လူတွေအလုပ်မှန်မှန်လုပ်ရဖို့ပါ။

cherish said...

အေး သမ္မတက၊ လွှတ်တော်ကိုယ်စားလှယ်က မင်းသေလိုက်ဟေ့ဆိုရင်ရော သေမှာပဲလား။ အများကောင်းဖို့လုပ်တာ ဘယ်သူ့ကို စောင့်နေစရာလိုလို့လဲ။ တကယ်လဲ ရှုံးတာမဟုတ်ပဲနဲ့။

Anonymous said...

Second Operator ဖြစ်ဖို့ ဥပဒေရှိဖို့လိုတယ်ဆိုလည်း အမြန်ဆုံးပြဌာန်းဖို့လုပ်ကြပါလား....ခုတော့အချိန်ဆွဲပြီး ရသမျှ သူတို့အိတ်ထဲပဲထည့်နေတာ မသိဘူးများထင်နေကြလားဗျာ.ယခုလက်ရှိ ဆက်သွယ်ရေးမှာ နေရာယူထားကြတဲ့ လူကြီးတွေဟာ နောက်ကွယ်မှာ သူတို့ဘာတွေ မဟုတ်တာလုပ်နေကြလဲဆိုတာ သူတို့ကိုယ် သူတို့အသိဆုံးပါ။အဲတာတွေကို သမ္မတကြီးဦးသိန်းစိန်အနေနဲ့ လည်း လျစ်လျုရှု့မထားပဲ ဖော်ထုတ်အရေးယူသင့်ပါတယ်။ လာဘ်ပေးလာဘ်ယူနှင့် ကိုယ်ကျိုးရှာအမြတ်ထုတ်နေမှု့များရှိနေပါတယ် အထူးသဖြင့် လက်ရှိ ဆက်သွယ်ရေးမှ MD က အစပေါ့

Anonymous said...

Second Operator ဖြစ်ဖို့ ဥပဒေရှိဖို့လိုတယ်ဆိုလည်း အမြန်ဆုံးပြဌာန်းဖို့လုပ်ကြပါလား....ခုတော့အချိန်ဆွဲပြီး ရသမျှ သူတို့အိတ်ထဲပဲထည့်နေတာ မသိဘူးများထင်နေကြလားဗျာ.ယခုလက်ရှိ ဆက်သွယ်ရေးမှာ နေရာယူထားကြတဲ့ လူကြီးတွေဟာ နောက်ကွယ်မှာ သူတို့ဘာတွေ မဟုတ်တာလုပ်နေကြလဲဆိုတာ သူတို့ကိုယ် သူတို့အသိဆုံးပါ။အဲတာတွေကို သမ္မတကြီးဦးသိန်းစိန်အနေနဲ့ လည်း လျစ်လျုရှု့မထားပဲ ဖော်ထုတ်အရေးယူသင့်ပါတယ်။ လာဘ်ပေးလာဘ်ယူနှင့် ကိုယ်ကျိုးရှာအမြတ်ထုတ်နေမှု့များရှိနေပါတယ် အထူးသဖြင့် လက်ရှိ ဆက်သွယ်ရေးမှ MD က အစပေါ့

htoo said...

တရားမ၀င်မှောင်ခိုနည်းလမ်းနဲ့ ခိုး ပြီးတင်သွင်းလာတဲ့ အိမ်နီးချင်းနိုင်ငံတွေ ကဆိုင်ကယ်တွေကိုတောင်တရားဝင်လိုင်စင် လုပ်ပေးနိုင်သေးရင်.. ဖုန်း တွေကို ဘာလို့ ဈေးနှုန်းမချပေးနိုင်ရမှာလဲ....အစိုးရအနေနဲ့ ...တရားမ၀င်မှောင်ခို ခိုးယူ တင်သွင်းနေကြတဲ့ မှောင်ခို စီးပွါးရေးလုပ်ငန်းရှင်တွေ ရဲ့ အကျိုးစီးပွါးတွေကိုအခွင့်အရေးပေးပြီးအလေးထားဆောင်ရွက်မဲ့ အစား ... တရားဝင်အကျိုးစီးပွါး ဖြစ်ထွန်းမှုတွေကို လက်တွေ့ ကျကျ ထင်သာမြင်သာရှိအောင်ဖော်ဆောင် လုပ်ပေးသင့်ပါတယ်..အစိုးရအနေနဲ့ ဈေးကွက်စီးပွါးရေးကို အကောင်အထည်ဖော်မှာလား ..ဈေးဖျက်စီးပွါးရေးကိုအကောင်အထည်ဖော်မှာလား...

Anonymous said...

ဆက်သွယ်ရေးမှ အရှုံးခံရောင်းပေးနေရပါတယ်..ဒါပေမယ့် ရလာတဲ့ အကျိုးအမြတ်တွေကြတော့ လူကြီးတွေကသူတို့အိတ်ထဲကိုပဲထည့်နေကြတာ၊ လုပ်ပိုင်ခွင့်ရထားတဲ့ကုမ္ပဏီတွေဆိုတာကလည်း သူတို့ရဲ့အသိုင်းအ၀ိုင်းတွေ စစ်ဘက်ကအသိုင်းအ၀ိုင်းတွေ ချည်းပါပဲ။သူတို့အချင်းချင်းတော့သိကြပါပေတယ်၊ ဝေစားမျှစားတွေ လုပ်နေကြပါတယ်၊ သူတို့အသိုင်းအ၀ိုင်း ကုမ္ပဏီတွေ ဆိုမှတော့ သူတို့အကျိုးတွေပဲ ကြည့်ကြတော့မှာပေါ့။

ptz said...

ကျွန်တော်တို့ ထမင်းစားကြသည်။

COBRA said...

ခင်ဗျားတို.ကို ၃ ရက်လောက်အငတ်ထားပြီး ...................
ထမင်း တပွဲ ၅၀၀၀/ နဲ.ရောင်းရင် ၀ယ်စားကြမှာ မဟုတ်လား ၊ တအား ဆာနေ သကိုး ၊ ..... SUPPLY & DEMAND လေ ၊ ပြည်သူတွေက န.အ.ဖ ..........
လက်ခုပ်ထဲက ရေ ပါဗျာ ၊ ကျွန်တော်ကတော. အစိုရကို န.အ.ဖ
လိုဘဲ ထင်နေတုန်းဗျာ ။

ဇင်မွန် said...

ဖုံးကိစ္စ ဥပမာပေးရ၇င် ......
ခင်ဗျားတို.ကို ၃ ရက်လောက်အငတ်ထားပြီး ...................
ထမင်း တပွဲ ၅၀၀၀/ နဲ.ရောင်းရင် ၀ယ်စားကြမှာ မဟုတ်လား ၊ တအား ဆာနေ သကိုး ၊ ..... SUPPLY & DEMAND လေ ၊ ပြည်သူတွေက န.အ.ဖ ..........၊
လက်ခုပ်ထဲက ရေ ပါဗျာ ၊ ခုလည်း ပြည်သူ.လိုအပ်ချက်ကို မြင်.အောင်လုပ်ထားပြီး ဈေးတင်ရောင်း ယုတ်မာတာ ၊ ကျွန်တော်ကတော. အစိုးရကို န.အ.ဖ
လိုဘဲ ထင်နေတုန်းဗျာ ။

gonlay said...

အော် လုပ်ကြပေါ့လေ
ရှင်တို့က ဆယ်သွယ်ရေးပဲ

Powered by Blogger.