လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ

လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။

မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။
ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal



လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ Reviewed by သစ်ထူးလွင် on 16:31 Rating: 5

9 comments:

Thurein said...

အခုတလော လူကိုမီးလောင်တာ ဆက်တိုက်ဖြစ်နေပါလား။ ပြတ်ရှဒဏ်ရာတွေတွေ့တယ်ဆိုတော့ လူကိုသတ်ပြီးမှ လက်ရာမပေါ်အောင် မီးရှို့တာပဲဖြစ်ရမယ်။ လူတွေ တော်တော်ရက်စက်တတ်လာပြီ။ ဘာတွေများဖြစ်ကုန်ပြီလည်းမသိဘူး။
www.academicmedicines.blogspot.com

Unknown said...

အမှုမှန်မြန်မြန်ပေါ်ပေါက်ပါစေ။

Myanmar man said...

ကဲမှုခင်းရဲတပ်ဖွဲ့ဝင်များကြိုးစားပါဦး။ဘာတွေဖြစ်ကုန်တာလည်း

Anonymous said...

ရက်စက်ပါပေ့ . . ဒီအရွယ်လေးတွေ အခုတစ်လော အသေအပျောက်များနေပါပေါ့လား . . မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ လုံခြုံမှု အားနည်းတာတော့ အမှန်ပဲ . . ဒုစရိုက်သမားတွေ ရဲတင်းလာတာ ရဲ ကို မမှုတော့ဘူးဆိုတဲ့ သဘောပဲ . .

Nay Nwaye said...

မြန်မာပြည်သူတွေလည်းတဖြည်းဖြည်းနဲ့ လူစိတ်တွေပျောက်လာကြပြီ..စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တမြင့်မားဖို့ လိုအပ်သလို တရားဥပဒေစိုးမိုးရေးလည်း လိုအပ်လာပါပြီ။

ပ င သား said...

အလောင်းကိုသေခြာစစ်ဆေးစေချင်ပါတယ်။လူသတ်မုဒိန်းမှုဖြစ်နိင်ပါတယ်။

mgmg said...

အဲဒါကိုဖြေရှင်းရမဲ့သူကတော့..မောင်သိမ်းစိန်ပဲ..ထောင်ထဲကကောင်တွေ
ကိုပုဒ်မမခွဲတတ်လို့ ရောလွှတ်လိုက်တာကိုး..သမ္မတဖြစ်ပြီးဦးနှောက်နှ
မသုံးပဲ..။

chitthu said...

လူတွေမှာ....လောကပါလတရားတွေကင်းကွာနေကြပြီလေ.....

Sayar said...

ရပြီ။ တရားခံကိုမိပြီဆိုတဲ့နောက်သတင်းမှာပါလာတယ်။ လမ်းမတော်(၇) လမ်းတဲ့။

Powered by Blogger.