ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး

 29 May 2012  | By Venus News Journal
ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည် ဇနီးသည် ဖြစ်သူမှ နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အားစစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။ အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

ဘုန်းမြတ်
ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး Reviewed by သစ်ထူးလွင် on 06:12 Rating: 5

21 comments:

ချစ်ဖူး said...

မိန်းမတစ်ယောက်အတွက်များဗျာ

Nay Nwaye said...

ရက်စက်လှချည့်လား မနှင်းဆီရယ်.. အစကတော့ထမင်းရည်အတူရက်ရရက်ရဆိုပြီး..အခုတော့တဲအိုပျက်မှာလည်း မနေနိုင်တော့ဘူးပေါ့လေ..

zoliapaal said...

သူသွားချင်သွားပါစေ မိန်းမများပေါးလွန်းလို့၊ ကိုယ့်ကိုယ်ကို သတ်သေဒါဟာ ယောက်ျားမဆန်လိုက်တာ။

konamazu said...

အော်...ဘာသာရေးအရကြည့်မယ်ဆိုရင် ပိုးသတ်ဆေးသောက်ပြီးသေရမယ့်ကံပါလို့ သေသွားတာ။ယောကျာ်းတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် ထောင်ထဲနေရတာတော်တော်ကြိုက်တဲ့ယောက်ျားမျိုး။အိမ်ထောင်=အိမ်တည်းဟူသောထောင်။တသက်တကျွန်းခံရသည့်ထောင်။

Success Manpower Employment Agency said...

ကောင်းရော.........ယောက်ျားတွေဖေါက်ပြန်လို့ လူမသိသူမသိ သေဆုံးနေရတဲ့မိန်းမတွေများပြီ .........
မိန်းမ ဖေါက်ပြန်တော့မှ ပိုးသတ်ဆေးသောက်သေပြသတဲ့ ..........

ကိုဖြိုး said...

ဆယ်ခါပြန်သေရမှာ............

သုတမောင် said...

ဒီကောင်သောက်ရူးပါလားသေတာတောင်နည်းသေးတယ်

boyaing said...

မိန်းမ ...မိန်းမ ...ဆိုတာ ...ဘာလဲဗျ.........

tapaungthi said...

တော်တော်ချစ်ရှာတာပဲ ကိုယ်သာဆို သူတယောက် ကိုယ်တယောက်ပဲ ဟွန်း

thuta said...

ဖောက်ပြန်တတ်တဲ့ မိန်းမတစ်ယောက်အတွက် အသက်ကို ရင်းတာ မတန်လိုက်တာ...သူရဲဘော ကြောင်တဲ့ သူပဲ...

Unknown said...

နေက်ဘ၀ဒီလိုအဖြစ်မျိုးနဲ့ထပ်မကြုံပါစေနဲ့လို့ဆုတောင်းပါတယ်

ကိုမှန်ကြီး said...

ကိုလှိုင်ဘွားရယ် ဒီလောက်တောင် ဇွတ်တရွတ် ဆန်လှချည်လားနော်..

ကိုယ့်ကိုယ်ကို လုပ်ကြံသတ်သေတဲ့သူဟာ ဘ၀ငါးရာ ငါးကမ္ဘာတိုင်

အောင် ခံရတတ်တယ်ဆိုတာကို မသိလေရော့သလားကွယ်..

မိန်းမအတွက် စိတ်ညစ်တဲ့သူအများစုဟာ အရက်သောက်သေကြတာ

များပေမယ့် ကိုလှိုင်ဘွားကျမှ ကြံကြံဖန်ဖန် ပိုးသတ်ဆေး သောက်

သေရသလားလို့.. အွန်း ဟိုနေ့က လွင်ဦးကျတော့ သူ့ချစ်သူ

ဆရာဝန်မလေးကို ဓာတ်ဆီလောင်း မီးရှို့ပီး လုပ်ကြံလိုက်တာ

ဆရာဝန်မလေး မအိမြတ်မွန် အသက်ဆုံးပါလေရော..

အခုတလော လင်မယားချင်း ချစ်သူစုံတွဲချင်း ပြဿနာတွေ

တက်လိုက်ကြတာ တစ်နေ့တစ်ခြား များပြားလာပီမို့

ပွင့်လင်းလာတဲ့ ငါတို့ ရွှေ့ပြည်ကြီး ဘာတွေဆက်ဖြစ်ဦးမလဲ

ဆိုတာ မတွေးချင်တော့ပါဘူး..

သဗ္ဗေသတ္တာ ကမ္မဿကာ လို့ ဘုရားဟောခဲ့သည် မဟုတ်ပါလော..

aristhteinwin said...

ဖျင်းလိုက်ပါဘိ ညံ့လိုက်ပါဘိ မောင်လှိုင်ဘွားရယ်- သစ္စာ မရှိတဲ့ မိန်းမ တယောက်အတွက် ကိုယ့်အသက်ကို စတေးရတယ်လို့ - အဲဒီ မိန်းမ မရှိတော့ သူ့ အတွက် ဒုက္ခအေးတာပေါ့-

Unknown said...

ဖြစ်မှဖြစ်ရလေ......

Ma Ma Hnin ze said...

ကိုယ်ချင်းတောစာပါတယ်၊ဒါပေမဲ့ အဓိပ္ပာယ်မဲ့ သလိုပါပဲ ၊ယောကျာင်္းတစ်ယောက်ဖြစ်ပါရက်နဲ့ အသက်ကလဲငယ်
သေးတဲ့ အရွယ်ပါ မိန်းမတစ်ယောက်အတွက်နဲ့ အသက်စွန်တယ်
ဆိုတာက ဟိုးတုန်းကပုံပြင်ထဲမှာတော့သူရဲကောင်းဆိုပင်မဲ့ အခုခေတ်မှာတော့ ခပ်ညံညံလူလို့ပဲထင်လိမ့်မယ်။သူအရွယ်နဲဆို
ကိုယ်ဘ၀တက်လမ်းအတွက်အများကြီး လုပ်လိုရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အသက်တစ်ချောင်းအတွက်
နှမျောမိပါတယ်

ကောင်းစေချင်သူ said...

မိန်းမတွေအရမ်းရက်စက်တတ်တယ်ဗျ...တစ်ချို့မိန်းမတွေခလေး၂ယောက်လောက်ရနေပြီ..ယောက်ကျားကနိုင်ငံခြားမှာသွားအလုပ်လုပ်..မိန်းမလဲ
မရှုပ် ၊အသောက်အစားလဲမရှိရသမျှပိုက်ဆံလေးပြန်ပို့နေတဲ့ကြားက.
..taxiမောင်းတဲ့ကောင်နဲ့တိတ်တိတ်ပုန်းဖေါက်ပြန်နေတယ်အဲဒီကောင်ကလဲအိမ်ထောင်နဲ့ခလေးတစ်ယောက်နဲ့..ယောက်ကျားနှစ်ရှည်လများ
ပြန်ပို့တဲ့ပိုက်ဆံကိုလင်ငယ်နဲ့ဖြုန်းပြီး..ခလေးတွေအတွက်မယ်မယ်ရရမသုံး
နိုင်ဘူး..ယောက်ကျားကသိတော့စိတ်နာပြီးကလေးတွေပဲထောက်ပံ့နေတာ
နောက်အဲဒီမိန်းမက..စီးပွားတက်လာတော့အဲဒီလင်ငယ်ကပဲကောင်းစား
နေတယ်..ယောက်ကျားပြန်မလာအောင်လဲ..အောက်လမ်းတွေဗေဒင်တွေ
ယတြာတွေလုပ်လိုက်သေးတယ်..ခုအဲဒီယောက်ကျားကပြန်လာတော့မယ်
ဆိုတော့..အဲဒီလိုမိန်းမမျိုးနဲ့..သူများမိန်းမကြာကူရီလုပ်တဲ့ကောင်မျိုး
တွေကိုကျတော့...ဘယ်လိုဆုံးဖြတ်သင့်သလဲ..ဘယ်လိုလုပ်သင့်ပါသလဲ
ခင်ဗျ...

naythuya said...

ဒီသတင်းတွေကြားပြန်တော့လည်း စစ်ပွဲတစ်ရာနွဲလိုက်ချင်ရဲ့ အချစ်တစ်ပွဲ
တော့ မနွဲချင်တော့ဘူးကွယ်...ရို့

jupitar said...

၁၀ခါပြန်သေသင့်တယ်...ခင်ဗျာ..တော်တော်ပျော့ညံ့တာပဲ.

ကိုမျိုး said...

ခုခေတ်မှာမိန်းမတွေတော်တော်များများခုလိုတရားဝင်လိုက်ကြတာများတယ် မျက်နှာတောင်မထောက်ဘူး ယောက်ကျားတွေကမှဖောက်ပြန်တယ်ဆိုရင်မသိအောင်ပဲလုပ်ကြတာ

ulh said...

မင်းမို့လို့ အသက်ပေးချစ်တယ် သူကတော့ အခုလောက်ဆို?

ရာရာ said...

မိုက်ပါ့ လှိုင်ဘွားရာ....ငါ့အိမ်ကဟာမကြီးကတော့ ဘယ်ကိုမှ မသွားနိုင်လို့ ငါ့မှာ ပိုးသတ်ဆေးသောက်ချင်စိတ်တွေဖြစ်နေတာဟ...

Powered by Blogger.