နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်

ရန်ကုန်တိုင်းဒေသကြီးမှထွက်ရှိသော စွန့်ပစ်အမှိုက်များအတွက် မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သွား မည်ဖြစ်ကြောင်း   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။

“ကုမ္ပဏီတစ်ခုရဲ့ အထောက်အပံ့နဲ့ စွန့်ပစ်အမှိုက်တန် (၆၀၀)လောက်ကို မီးရှို့စက်နဲ့ ရှို့မယ်။ ထွက်လာတဲ့ အပူကို လျှပ်စစ်ဓာတ်အား အဖြစ် မီးထွန်းမယ်။ အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တယ်။ ညှိနိုင်းပြီးပြီ၊ ဒီနှစ်အကုန်လောက်မှာ စတင်နိုင်မယ် ထင်ပါတယ်” ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှူး ဦးသန်းလွင်ဦးက ပြောသည်။

အဆိုပါ စွန့်ပစ်အမှိုက်မီးရှို့စက်တည်ဆောက်မည့် မြေနေရာအား ထားဝယ်ချောင်တွင် သတ်မှတ်ထားပြီး၊ တစ်နေ့လျှင် အမှိုက်တန် (၆၀၀)မီးရှို့ကာ လျှပ်စစ်ဓာတ်အား ပမာဏ ၄ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“အဲလိုဆောက်တာတော့ ကောင်းပါတယ်။ မီးရှို့စက်ဆိုတော့ ညှော်နံ့တွေအတွက်ရော၊ ဘယ်လို ဆောင်ရွက် ထားလဲ၊ ထွက်လာတဲ့ လျှပ်စစ်ကရော ဘယ်မှာ အသုံးချမှာလဲဆိုတာမျိုးတွေကို ရှင်းပြသင့်တယ်။ ထွက်လာတဲ့ အနံ့ကြောင့် ပတ်ဝန်းကျင်အတွက်လည်း စီစဉ်သင့်တယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း (၄၉) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ တစ်နေ့လျှင် အမှိုက်တန်ချိန် (၁၇၀၀)တန် ပျမ်းမျှထွက်ရှိပြီး စည်ပင်သာယာရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တစ်နေ့လျှင် အမှိုက် (၁၅၈၀) တန်ချိန်သာ သိမ်းဆည်း နိုင်သေးကြောင်းကိုလည်း သိရှိရသည်။

မီးရှို့စက်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် အမှိုက်ခြောက်များထဲမှ ပါဝင်သော မီးလောင်ကျွမ်းစေ နိုင်သည့် (ဥပမာ- စက္ကူ၊ ပလတ်စတစ်) စွန့်ပစ်ပစ္စည်းများအား အမှိုက်စိုများထဲတွင် တည့်သွင်းကာ မီးရှို့သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရန်ကုန်တိုင်း ဒေသကြီးတွင်း အမှိုက် သိမ်း ယာဉ် (၂၈၉) စီး၊ အမှိုက်များစွန့်ပစ်ရန်အတွက် အမှိုက်ကန်ပေါင်း (၉၀၀) ကျော်ရှိ ပြီး အမှိုက်စွန့်ပစ်သူများအနေဖြင့် အမှိုက်များအား အစို/ အခြောက် နှစ်မျိုးခွဲခြားပစ်ရန် သတ်မှတ်ထားကြောင်း သိရ သည်။
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup
နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ် နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ် Reviewed by သစ်ထူးလွင် on 14:19 Rating: 5

12 comments:

ကဝေမင်းသား said...

အေး အဲ အမှိဲုက်တွေကနေ ဓါတ်အားတွေထုတ်တော့ လောင်စာကနေ ထွက်လာတဲ့မီးခိုး အဲကနေ ဖြစ်လာမယ့်လေထုညစ်ညမ်းမှု ဒါတွေလဲထည့်တွက်ဖို့လိုမယ်နော်

ရာဇာ said...

ဒီလောက် ဓါတ်ငွေ့တွေ ထွက်နေတဲ့ဟာ..လုပ်စရာ မရှိ ကြောင်သန်းရှာ နေကြတယ်...အဲဒီအမှိုက်တွေ က အမြဲတန်း ရမယ်လို့ဘယ်သူကပြောလဲ...အမှိုက်မရှိရင် တခြားမီးထိုးစရာ ဘာရှိလဲ...တကဲ့ ဖြုတ်ဦးဏှောက်တွေ...ရေရှည်ကို မကြည့်ကြဘူး...ပြည်သူတွေ ကို တဖက်လှဲ့ နဲ့ ချွေးသိပ် ဘို့ဘဲ စဉ်းစားနေတာ...

minsoeaung said...

ပတ်ဝန်းကျင်မထိခိုက်စေရန်လိုအပ်ပါသည်။အမှိုက် ငလလများကထွက်တဲ့အနံ့ မီးလောင်လို့ထွက်တဲ့အနံ့တွေကို ပတ်ဝန်းကျင်မထိခိုက်ရန်သေချာစီစဉ်ပါခင်ဗျား။
ကောင်းတာလုပ်ပေမဲ့ အဆိုးဖြစ်ခဲ့ရင်စေတနာအလကားဖြစ်တတ်တာကြောင့်ပါ
ကျေးဇူးတင်ပါသည်။

minsoeaung said...

ပတ်ဝန်းကျင်မထိခိုက်စေရန်လိုအပ်ပါသည်။အမှိုက် ငလလများကထွက်တဲ့အနံ့ မီးလောင်လို့ထွက်တဲ့အနံ့တွေကို ပတ်ဝန်းကျင်မထိခိုက်ရန်သေချာစီစဉ်ပါခင်ဗျား။
ကောင်းတာလုပ်ပေမဲ့ အဆိုးဖြစ်ခဲ့ရင်စေတနာအလကားဖြစ်တတ်တာကြောင့်ပါ
ကျေးဇူးတင်ပါသည်။

ကောင်းစေချင်သူ said...

ကောင်းတယ်ဗျ..အမှိုက်လဲရှင်း..မီးလဲရ..ရှို့စရာမလုံလောက်ရင်ရော
ဘယ်လိုလုပ်ဦးမလဲ...အမှိုက်ကားတွေကအဓိကအလုပ်လုပ်ရမှာပေါ့နှော်..

Han Thar Wa Di Tharr said...

စာရွက်ပေါ်ကစိံမံကိန်းတွေက အရမ်းကောင်း ပါတယ်၊ ရန်ကုန် ကုန်းကျော် တံတားစိံမံကိန်း တွေ ၄လ နဲ့ ၄နှစ် မှားပြော တာမျိုံးတော့ မလုပ်နဲ့နော၊ သွပ် သွပ် သွပ်။

Ko Cupid said...

ရူးတိုးတိုးလုပ်ဗျ
တရုတ်ကို အမှိုက်တွေပို့နေအုံးမယ်

Unknown said...

ကောင်းပါသည် ။ပတ်သန်းကျင် ထိန်းသိမ်းရေးအတွက် စီမံဆောင်၇ွက်မှုတွေကို သက်ဆိုင်ရာကုမဏီနှင့်ပေါင်း သတင်းစာရှင်းလင်းပွဲလုပ်။ ကျန်တဲ့ ပြည်နယ်/တိုင်း တွေမှာလည်းအမှိုက်ကနေမီးလင်းဖို့ စီမံချက်တွေကို ၇ှယ်လိုက်ပေါ့။ပြည်သူအတွက် အကျိုးရှိတယ် ဆိုတာကို ပွင့်လင်းမြင်သာဖို့အရေးကြီးပါသည်။

ချစ်ဖူး said...

ဟုတ်ပါ့မလား

Myeik Cityzen said...

ကျွန်တော့ကတော့ ကောင်းတယ်လို့ ထင်ပါတယ်ဗျာ
နောက်ပြီး အဲဒီစရိတ်ကတော့တော့ကြီးတယ်လို့လည်းကြားဖူးတယ်
မြို့ကြီး တွေတိုင်းမှာ ရှိသင့်တယ်လို့လည်းထင်ပါတယ်
အမြန်ဆုံးအကောင်အထည်ဖော်သင့်ပါတယ်
နည်းပညာပိုင်းအနေနဲ့ကတော့ အများကြီးပြောစရာရှိပါတယ်
နည်းပညာသိပ်နှိမ်နေရင်တော့ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများမှာပဲ
နည်းပညာကောင်းကောင်းတွေရှိတဲ့ နိုင်ငံတွေမှာ အကူအညီတောင်းသင့်တယ်လို့ထင်ပါတယ် ခင်ဗျာ

genius said...

လှိုင်မြို.နယ်မှာ ၃၀.၅.၁၂ နေ.မှစပြီး တနေ. ၁၂ နာရီ မီးဖြတ် ပါတယ်။ ... ပိုဆိုးလာပါပြီ ။

mamamay said...

မဆိုးပါဘူး...
အောင်မြင်သွားရင်အမိုက်ရောင်းစားလို.ရပြီ။

Powered by Blogger.