မကွေးအမှတ်(၁)ရဲစခန်းတွင် အချုပ်သားတဦးအား ရိုက်နှက်ညင်းပန်းနှိပ်စက်ပြီး အမှုဝန်ခံခိုင်း

ယနေ့ မနက်(၁ဝးဝဝ)နာရီခန့်က မကွေးအမှတ်(၁)ရဲစခန်းတွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်တစ်ခု ယနေ့  ( ၁ဝ.၅.၂ဝ၁၂ )ကြာသာပတေးနေ့ မနက်(၁ဝးဝဝ)ခန့်က မကွေးအမှတ်(၁)ရဲစခန်း အချုပ်ခန်း အမှတ်(၂)
တွင် အချုပ်ခံထားရသူ မောင်ပိုင်အောင်ချစ် (သ)၁၇ နှစ်အား ပြစ်မှုပုဒ်မ(၃၈ဝ)ဖြင့် တရားစွဲဆို ခံထားရသူဖြစ်ပါသည်။

အမှုရင်ဆိုင်နေစဉ်တွင် အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ်ဝင်းမျိုးသန့်ဆိုသူ သည်အခြားအမှုတစ်မှု အား ဆက်လက်စစ်ဆေးရန် ရှိသည်ဟုဆိုကာ အချုပ်ခန်းအတွင်းမှ စစ်ကြောရေးခန်းသို့ ခေါ်ဆောင်ကာ လက်တော့ကွန်ပျူတာ အား မင်းခိုးတာလားဟု ဆိုကာစစ်ဆေးမေးမြန်းခဲ့ပါသည်။

မောင်ပိုင်အောင်ချစ်မှလည်း ကောင်းမွန်စွာဖြင့်ပင် ၄င်းမခိုးမိကြောင်းနှင့် မြင်တောင်မမြင်ဘူးကြောင်း ရှင်းပြပြောဆိုပါသည်။သို့သော်လည်း နောက်ပိုင်းတွင် ဒုရဲအုပ်ဝင်းမျိုးသန့် ဆိုသူမှ မင်းညာနေတာမဟုတ်လားဟုဆိုကာ သူစီးလာသည့် သားရေဖိနပ် ဖြင့် မောင်ပိုင်အောင်ချစ်၏ ဦးခေါင်း၊ပါး ၊လည်ပင်း နှင့် နောက်ကျောတို့အား ရိုက်နှက်ခဲ့ပါသည်။

မောင်ပိုင်အောင်ချစ်မှလည်း မိမိ မသိကြောင်းကိုပြောဆိုခဲ့ပါသည်။သို့သော်လည်း ဒုရဲအုပ်ဝင်းမျိုးသန့်မှ ဝါးလုံး ဖြင့် မောင်ပိုင်အောင်ချစ်၏ ချေသလုံးပေါ်ကို တက်ဖိနင်းခဲ့ပါသည်။ထို့နောက် ဤဝါးလုံးဖြင့်ပင် မောင်ပိုင်အောင်ချစ်၏ ခြေဖဝါးအား (၁၅)ချက်ခန့် ရိုက်နှက်ခဲ့ပါသည်။နာကျင်လွန်းသဖြင့် ဟစ်အော်အကူအညီ တောင်းခံခဲ့သော်လည်း ကျန်အချုပ်သားများသည်လည်း မည်သို့မျှမတတ်နိုင်ကြသဖြင့် ညိမ်နေခဲ့ရပါသည်။

ထိုသို့ အမှုအား ဇွတ်အတင်းဝန်ခံခိုင်း၊ဝန်မခံ၍ ရိုက်နှက်šညှင်းပန်းနှိပ်စက်နိုင်သည့် အခွင့်အရေး မည်သည့်ဝန်ထမ်းသို့ အပ်နှင်းထားပါသနည်း။ရဲလုပ်ငန်း စုံစမ်းစစ်ဆေးခြင်းများမပြုဘဲ အလားတူပြစ်မှုဖြင့် အချုပ်ကျ အမှုရင်ဆိုင်နေရသူ တစ်ဦးအား ဒါလည်းကျွန်တော်ခိုးတာပါ ဟု ဇွတ်အတင်းရိုက်နှက်ဝန်ခံခိုင်းပြီး အမှုတည်ဆောက်၍ ရပါသလား။ထိုသို့ ဥပဒေမဲ့လုပ်ရပ်များအား သက်ဆိုင်ရာအကြီးအကဲများမှ တဆင့်တဆင့် ကွပ်ကဲထိမ်းချုပ်၍ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအကူအညီတောင်းခံပါသည်ခင်ဗျာ။

တာဝန်သိပြည်သူတစ်ဦး
မကွေးအမှတ်(၁)ရဲစခန်းတွင် အချုပ်သားတဦးအား ရိုက်နှက်ညင်းပန်းနှိပ်စက်ပြီး အမှုဝန်ခံခိုင်း မကွေးအမှတ်(၁)ရဲစခန်းတွင် အချုပ်သားတဦးအား    ရိုက်နှက်ညင်းပန်းနှိပ်စက်ပြီး အမှုဝန်ခံခိုင်း Reviewed by သစ်ထူးလွင် on 15:31 Rating: 5

20 comments:

ဆုလာဘ် said...

မြန်မာနိုင်ငံမှာထုပ်ပြန်ထားတဲရဲလက်စွဲဥပဒေမှာအများပြည်သူကိုမတရားရိုက်နှက်စစ်ဆေးရမယ်လို့ပါသလား ရဲဆိုတာအမူးကိုမှန်ကန်အောင်ကိုယ့်အစွမ်းအစနဲ့လေ့လာစစ်ဆေးရမယ်လေ ကိုယ့်လူမျိုးကိုယိ့နိုင်ငံသားအချင်းချင်းဒီလိုနှိပ်စက်တာမကောင်းပါဘူး ရဲအကြီးအကဲများအရေးယူဆောင်ရွက်ကြပါ အောက်ငယ်သားတွေကပေးတဲ့လာဒ်ငွေတွေစားပြီးခေါင်းမညှစ်ကြပါနဲ့ဒီငွေတွေဟာ ပြည်သူတွေရဲ့မျက်ရည်ငွေတွေပါလို့သတိပေးပါရစေ

ဆုလာဘ် said...

ဒီဘဝမှာသူများကိုလုပ်ရင် တချိန်ချိန်မှာကိုယ့်အလှည့်ဆိုတာရှိတယ် ဝဠ်ဆိုတာလည်တက်တယ် သတိထားကြပါ သူများကိုမကောင်းလုပ်ရင်ကိုယ်လည်းတခါတော့ခံရမယ် အမြဲတမ်းမမြင့်ပါဘူး နိမ့်လာမှာပါ သတိတရားလက်ကိုင်ထားပါ

သူ၇ိယ said...

သူတို့ကတော့..
ဟုတ်လည်းဒီနည်းဘဲ..
မဟုတ်လည်းဒီနည်းဘဲ..
ဒီတစ်နည်းသာတတ်ကြပါကုန်..

ကောင်းကောင်း said...

မကွေးမှာ ဒါမျိုး ခဏခဏဖြစ်တယ်. . . သူတို့အနိုင်ကျင့်ခံရတဲ့သူ တွေလဲများကြီးပဲ . . .
သူတို့ပါးစပ်ထဲမှာ ဥပဒေရှိတယ်. . .
လိုအပ်ရင်လိုအပ်သလို ဥပဒေ ပုဒ်မကို ပြောင်းပစ်တာ . . .

Thurein said...

ဒီကိစ္စသာတကယ်ဆိုရင်တော့ တော်တော်ကို စိတ်မကောင်းစရာကောင်းပါတယ်။ ရဲဆိုတာ ပြည်သူတွေရဲ့အားကိုးရာပါ။ သူတို့တွေက အဲလိုမပာုတ်မမှန်ကြံစည် နှိပ်စက်တာပာာ တော်တော်ဆိုးပါတယ်။ ကျနော်တို့ပတ်ဝန်းကျင်မှာလည်း ဒီလိုကိစ္စမျိုးတွေ ခဏခဏကြားသိရတတ်ပါတယ်။ သေသေချာချာစုံစမ်းအရေးယူသင့်ပါတယ်ခင်ဗျာ။

ဆေးပညာနှင့်ပတ်သက်ပြီးမေးမြန်းဆွေးနွေးရန်အတွက်
www.academicmedicines.blogspot.com

Anonymous said...

ဥပဒေကို ဘယ်လိုပုံစံနဲ့ အသုံးချနေတာလဲ . . အပြစ်တစ်ကယ်မရှိတဲ့လူဆို အရမ်းနစ်နာတယ် . . သက်သေခိုင်လုံအောင်ရှာပြနိုင်ရင် မ၀န်ခံလို့ မရပါဘူး . . ဘာသက်သေမှ မရှိပဲ အခုလို ညင်းပန်းနှိပ်စက်တာ လူ့ အခွင့်အရေးကို ချိုးဖောက်တာပါ . . လူ့ အခွင့်အရေး ကော်မရှင်ဆိုတဲ့ အဖွဲ့ လဲ ရဲဌာနတွေကိုကြည့်လုပ်ကြပါအုံး . . ဖြစ်ချင်းတိုင်းဖြစ်နေတဲ့ ရဲဌာန တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်နစ်နာပါတယ် . .ဒါကြောင့်လဲ ပြည်သူက ရဲကို အားမကိုးရဲပဲ ရဲနဲ့ ပတ်သတ်ရမှာကို ကြောက်နေကြတာ အခုလို မမှန်ကန်မှုတွေ လုပ်ပြီး . . ငွေများငွေနိုင်လုပ်နေကြလို့ ပါ . .

Aung Soe Oo said...

ခွေးသူတောင်းစားတွေကဒီလိုဘဲ ပြည်သူတွေဆီကဘယ်လိုမျိုးဂွင်ဖန်ရမလဲကြည့်နေတာ မရနိုင်ရင်တော့သေဖို့သာပြင်ထားဆိုတဲ့ပုံစံတွေဗျ...မြန်မာပြည်မှာဒီလိုမျိုးမတရားဖမ်းဆီးညှင်းပန်းနှိပ်ဆက်ပြီးအတင်းအကြပ်ဝန်ခံခိုင်းပြီးထောင်ကျနေတဲ့ရိုးသားတဲ့ပြည်သူတွေအများကြီးရှိပါတယ်...အပြင်မှာတကယ်မကောင်းတာမှန်သမျှလုပ်နေတဲ့သူအမေလင်တွေအများကြီးရှိတယ်ဆိုတာဒီသူတောင်းစားတွေမသိဘဲနေမလားဗျာ....

minsayarpar said...

ဒါမျိုးတွေက ရိုးနေပြီ ရဲမှန်ရင် ဒီလိုစစ်ဆေးတာပါပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့နှိပ်စက်တာ မခံနိုင်တဲ့အဆုံး ဖြောင့်ချက်ပေး ၀န်ခံရတာပါပဲ။ မြန်မာနိုင်ငံ ဆိုတာကလည်း cctv တို့ ခေတ်နှင့်အညီ တပ်ဆင်မထားနိုင်တာကလည်း တရားခံကို ဖော်ထုတ်နိုင်ဖို့ အခက်အခဲ ရှိပါတယ်။ ရှိနေဦးတော့ မီးမမှန်တော့ အဲဒီ ကင်မရာတောင် ပြန်အခိုးခံရနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားခံကို မသင်္ကာမှုနှင့် နှိပ်စက် ၀န်ခံခိုင်းတာတော့ အများတွေအော်နေကြ အတိုင်း အော်ရရင် တရားဥပဒေချိုးဖောက်ခြင်း လူ့အခွင့်အရေး ချိုးဖောက်ခြင်းတို့ပါပဲ။ သက်ဆိုင်ရာ အကြီးအကဆိုတာကလည်း ဒီလိုလုပ်ပြီးမှ ရာထူးတက်လာတာဆိုတော့ ဒါမျိုးတွေကို လက်ယဉ်နေပြီ ရေးကြီးခွင်ကျယ် မလုပ်တော့ဘူး မသိချင်ယောင်ဆောင်နေတယ်။ သူတို့ လက်သုံးစကားတစ်ခုရှိသေးတယ်“ဟေ့ကောင်တွေ လုပ်တော့လုပ်ပေါ့ လက်လွန်ခြေလွန်တော့ မဖြစ်စေကြနဲ့နော်”တဲ့ ကဲ ဘာဆက်လုပ်ကြမလဲ

phyo4 said...

အမှု မှန်ကို ဖော်နိုင်တဲ့ရဲတွေ ကောရှိလား..ရှိရင်လဲ ရှားမယ်နဲ့ တူတယ်... ရဲခပ်များများတွေ့ ဖူးတာကတော့ သူတို့အတွက်မကျန်ရင်ဘာမှမလုပ်ဘူး...

ဇာမဏီ said...

ဒုရဲအုပ်ဝင်းမျိုးသန့်ဆိုသူ ဓါတ်ပုံလေးပါတင်ပေးကြပါလား ။

Unknown said...

အရည်အချင်းမရှိတဲ့ ရဲဝန်ထမ်းတွေရဲ့လုပ်ရပ်ပါ အပြင်းအထန်ရှုတ်ချပါသည်.....တကယ့်အရည်အချင်းနဲ့ပြည့်ဝတဲ့ ရဲဝန်ထမ်းတွေဟာ အဲလို ဥပဒေမဲ့ လုပ်ရပ်မျိုးနဲ့ စစ်ဆေးမှာမဟုတ်ပါဘူး........

maungmin said...

ဦးနှောက်မရှိတဲ့ကောင်တွေပဲ... မင်းတို့ခေါင်းထဲမှာ ဦးနှောက်မရှိဘူး ချီးတွေပဲရှိတယ်...

mad dog said...

ကြားလိုက်၇၇င် မကောင်းသတင်းတွေပဲ ....မင်းတို့ ဒီအကျင့်ပျောက် အောင်မကြိုးစားဘူးလား။ဒါမှ မဟုတ် ၇ဲသင်တန်းကျောင်းမှာ ဒီလိုပဲ သင်ပေးထားလား။

babe said...

ရဲတွေဟာ ဓားပြတွေထက်အခြေအနေပိုဆိုးပါတယ်
စိတ်ဓါတ်တွေလည်း အင်မတန်အောက်တန်းကျနေပါပြီ
ယုတ်မာရိုင်းစိုင်းမှုကလည်းကမ်းကုန်ပါတယ်

Myanmar man said...

အကာသ
တကယ်ဟုတ်ခဲ့တယ်ဆိုရင် ရဲစည်းကမ်းနှင့်အရေးယူနိုင်ပါတယ် အဲဒီလိုလုပ်ပိုင်ခွင့်ကိုဘယ်ဥပဒေမှပေးမထားပါဘူး ရဲတွေစစ်တယ်ဆိုတာလည်းဘယ်သူ့အတွက်စစ်ဆေးရေးလုပ်ရတာလည်း စဉ်းစားပါဦး

innyatara said...

မှတ်ချက်ရေးကြသူများအားလုံး မတောက်တခေါက်ပညာနဲ့ ရှောက်ပြီးမရေးကြနဲ့ ကလေးအရမ်းဆန်သွားမယ်... စကားပုံတစ်ခုရှိတယ် လူလိမ္မာသား ယဉ်ပါး လူမိုက်သား ရမ်းကား တဲ့ မသိရင်ပြောပြမယ်... ဥပဒေအားလုံးဖတ်ဘူးလား... ပြစ်မှုဆိုင်ရာဥပဒေပုဒ်မက 511 ခုရှိတယ်၊ ကျင့်ထုံးဥပဒေကလည်း 600 နီးပါးရှိတယ် အထူးနဲ့အထွေထွေဥပဒေက ဥပဒေပေါင်း 1000 ကျော်ရှိတယ်... ရဲတွေက တိုင်ချက်ဖွင့်တဲ့သူရှိမှ အလုပ်လုပ်လို့ရတာ ခင်ဗျာရဲ့ ကွန်ပြူတာခိုးသွားရင် ခင်ဗျားဘယ်လိုလုပ်မလဲ... ရဲတိုင်ရင် ရဲက အတတ်နိုင်ဆုံး တရားခံရှာပေးမယ် ပစ္စည်းရှာပေးမယ်... ဆားပုလင်းနှင်းမောင်က ၀တ္ထုထဲမှာဘဲရှိတယ် အပြင်မှာမရှိဘူး နောက်ပြီး ရဲက အကြားအမြင်ရနေတာမဟုတ်ဘူး..... အမှုပေါ်ပေါက်ရေးအတွက် လိုအပ်သောနည်းလမ်းအားလုံးကို သုံးရတယ်... အမေရိကန်တောင် အိုစမာကို ပါကစ္စတန်မှာ လူမိုက်ဆန်ဆန် ဥပဒေမဲ့သတ်လိုက်တာကိုကော ဘယ်လိုသဘောထားသလဲ... Justice is Power သေချာမှတ်ထား

junekiller said...

ဒီကောင်တွေကိုကဒီလိုပါပဲ
အရင်ကတဲကအဲ့လိုလုပ်နေတာပါ
လူတိုင်းလဲသိနေတာ...

maungmin said...

အဲ့ဒီကလေးက တကယ်ခိုးထားပြီးမှ ဘူးခံငြင်းနေတာဆိုရင် ကော ဘယ်လိုလုပ်မလဲ ညီလေး မင်းခိုးတယ်မလား ၀န်ခံပါကွာ.. ဟုတ်တယ်မလားနော်.. အဲ့ဒီလိုမျိုးသားမေးနေလို့ကတော့ အဲ့ကလေးက ရဲကို ---- ပါတက်ချသွားဦးမယ်... မကောင်းမြင်ဝါဒ နဲ့ကွန်မန့်ပေးခဲ့တဲ့သူများ ခဗျားတို့ အိမ်သူခိုးဖောက်သွားမှအဲ့သူခိုးကို ရဲကယဉ်ယဉ်ကျေးကျေးချိုချိုသာသာလေး စစ်ဆေးပေးပါလို့.. ရဲကိုသွားပြောနော်...

KK said...

တရားခံ ပဲဖြစ်နေပါစေ ( ၁၈ ) နစ် အောက်ဆိုရင် ကောအဲလို အကြမ်းနည်း သုံးလို့ရလား?

ကိုနိုင်/ရွေမန်းသား said...

ကိုနိုင်/ရွှေမန်းလေး

သူငယ်ချင်း နှစ်ယောက်ကကြည့်ရတာ ဥပဒေပညာရှင်လိုလိုရဲလိုလိုနဲ့  သူငယ်ချင်းတို့ ကခိုးမှုကိုခိုးမှုလိုမြင်ခိုင်းတာကောင်းပါတယ် ဒါပေမဲ့နိုင်ငံတိုင်း မှာဥပဒေရှိတယ် ခိုးခဲ့ရင်ခိုးတဲ့အပြစ်ခံရမယ် ဒါပေမဲ့ခိုင်လုံတဲ့မျက်မြင်သက်သေ
တော့ရှိရမယ် မျက်မြင်သက်သေမရှိရင်လွှတ်ရမှာဘဲ သူခိုးတစ်ယောက်မမိတာ
ဘာမှမဖြစ်ပါဘူး လူကောင်းတစ်ယောက်ဘာမှမဖြစ်ဖို့ လိုတယ်ဆိုတဲ့စကားပုံ
တော့ဂှိတယ်လေ-ကဲကောင်းပြီ သူငယ်ချင်းတို့ ကကိုယ်အိမ်ကပစ္စည်းခိုးခံ ရရင်ေ၇ာလို့ မေးတယ်ကိုယ်ဖြေမယ်မခိုင်လုံရင်သက်သေမရှိရင်ကိုယ်တိုင်မ တွေ့ ရင်အဆုံးခံမယ်ကွာ-သူငယ်ချင်းတို့ ကိုပြန်မေးမယ် အရိုက်ခံရတဲ့သူ က ကိုယ့်ညီအရင်း ကိုယ့်သားအရင်းဖြစ်နေရင်ကောသူငယ်ချင်းတို့ ခံမလား
သူငယ်ချင်းတို့ မဖြစ်စလောက်ပညာလေးတွေ နုပါသေးတယ် ရွာမှာဆိုတော့ ရဲတစ်ပွင့်လောက်ကိုခြောက်လုံးပြုးပေးထားလို့ ရွာသားတွေ ကိုမတရားလုပ်နေကြတာပါ-နောက်ဆုံးအဖြေပြောမယ်ကိုယ့်လူတို့ ကလုပ် ပိုင်ခွင့်ပေးထားတဲ့ဟာလေးတွေနဲ့ လျှောက်လုပ်လို့ မရပါဘူး ကိုယ့်လူတို့  တတ်တဲ့သူတွေကကိုယ့်လူတို့ လိုလူတွေမတရားလုပ်မှာစိုးလို့ ဥပဒေဆိုတာ ပြုစုရေးသားခဲ့တယ် ဥပဒေစိုးမိုးရေးကိုလုပ်ကိုင်နေကြပြီ -ပြည်ထဲရေးဝန် ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုတို့ ဦးတို့ အနေနဲ့ လဲဒိလိုမျိုး
မတရားမှုမျိုးကိုတော့ကြည့်မနေပါနဲ့ ချက်ချင်းအရေးယူသင့်းပါတယ်။ရဲချုပ် တို့ အနေနဲ့ ကောဒါဟာလူလူချင်းမတရားမှုမျိုးမို့ ပြင်းပြင်းထန်ထန်အရးယူ
သင့်တယ်လို့ ထင်ပါတယ်-လာဘ်ပေးလာဘ်ယူတာထက်ဆိုးလို့ ပါ

Powered by Blogger.