မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်)

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။
မြန်မာပြည်ပညာရေးနိမ့်ကျရခြင်း၏ အဓိကတရားခံ
       ( တက္ကသိုလ်ဝင်တန်းစာမေးပွဲစနစ်)
ဘောလုံးအသင်းတစ်သင်းတွင်ဂိုးသမားနှင့် နောက်တန်းဘောလုံးသမားများက ဂိုးမဝင်အောင်ကာကွယ်ပြီး ၊ ရှေ့တန်းသမားများက ဂိုးသွင်းနိုင်အောင် ပို့ဆောင်ပေးရာတွင် အလယ်တန်းသမားများမှ တဆင့် ပို့ပေးရသည် ။ အလယ်တန်းသမား တစ်ယောက်ကောင်းမှ ကိုယ်လိုချင်သော ပန်းတိုင်ကို ဂိုးသွင်းနိုင်ရန် ရှေ့တန်းသမားများ ဂိုးကောင်းကောင်းသွင်းနိုင်မည် ဖြစ်သကဲ့သို့ အလယ်တန်းသမားမကောင်းပါက ကိုယ်လိုချင်သော ပန်းတိုင်ဂိုးရလိမ့်မည်မဟုတ်ပေ။ ဒါကြောင့်လည်း အလယ်တန်းသမားများကို (Key Player ) လို့ခေါ်ကြတယ်။မြန်မာနိုင်ငံပညာရေး စနစ်မှာလဲ တက္ကသိုလ်ဝင်တန်း(၁၀)တန်းဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ အတွက်အဓိကကျတဲ့နေရာပါ။ ဒါကြောင့် ကိုကြီးသောင်းကတော့ ဒီနေရာကို (Key Player ) လို့ သတ်မှတ်ချင်ပါတယ်။မြန်မာနိုင်ငံမှာ ရှိတဲ့လူငယ်တွေရဲ့ ဘဝ အကောင်းအဆိုး ၊ အနိမ့်အမြင့် ဒီနေရာတကြိမ်တည်း နဲ့ သတ်မှတ်ပေးလိုက်တာပါ။

နောက်တကြိမ်လည်းပြန်လည် ကြိုးစားခွင့် မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ် (၁၀တန်း) ဝင်တန်း စာမေးပွဲမှာ ရရှိတဲ့ ရမှတ်အပေါ်မူတည်ပြီး ဆရာဝန်၊အင်ဂျင်နီယာ၊တရားသူကြီး၊ကျောင်းဆရာ၊စာရေး၊စစ်ဗိုလ်၊စိုက်ပျိုးရေး၊သစ်တော စသည် ဖြင့် တက္ကသိုလ်တက်ရောင့်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လဲ ကျောင်းသား၊ကျောင်းသူ တွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘ တွေနဲ့ ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး ၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာ ကိုယ်လိုချင်တဲ့အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်မှာ တက်ရပြီးနောင်တချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။ ဒါရဲ့ ရလဒ်ကတော့ ကျောင်းတစ်ကျောင်း ကောင်း ၊ မကောင်း ဆရာတစ်ယောက် တော်မတော် ဆိုတာကို ရမှတ်တွေ၊ဂုဏ်ထူးတွေ နှင့် သတ်မှတ်ကြတော့တာပါဘဲ၊ ခက်နေတာက ကိုကြီးသောင်းအပါဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ မိဘ ၉၉.၉၉% ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ.. ဒီတော့ အမှတ်ကောင်းမှ ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသား၊ကျောင်းသူကလည်း နားလည်ဖို့ မလို စာရဖို့သာလိုတယ်ဆိုပြီး အချိန်ရှိသရွှေ့ စာဘဲတွန်းကျက်သလို ဆရာတွေကလည်း စာသင်ဖို့ မကြိုးစားတော့ ဘဲ .. တစ်ခောက်လောက်ဘာသာပြန်ပီး အချိန်ရှိသရွေ့ နှုတ်တိုက်ချပေး၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့်…..ပြီး တလုံးမကျန်ပြန်ချရေး….. ဒါဆို အမှတ်ကောင်းပီကွ. ဒါမျိုးကျောင်းမှ ကျောင်းအောင်း .. ဒီလို သင်နိုင်တဲ့ ဆရာ မှ ဆရာကောင်း ၊ ဒီလို ကျက်မှတ်နိုင်တဲ့ ကျောင်းသား လူတော်ဆိုပြီး မိဘရော ပါတ်ဝန်းကျင်ရော ၊နိုင်ငံတော် ကပါ မြိုင်မြိုင်ဆိုင်ကြီး အနှစ်(၂၀) လောက်မြှောက်စားလိုက်ကြတာ ဒီနေ့ ကျောင်းသား၊ကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာ ပေါ်လာတာပါဘဲ။

အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းနှင့်အောင်ဖို့မိဘများကလည်း နည်းပေါင်းစုံ နဲ့ ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ဘောင်အပြင်ကရောပေါ့…။ ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ ဆရာ ဆရာမတွေဟာ ငွေနဲ့ ရင်းနှီးကုန်ကြတယ်။  ငွေနဲ့ပျော်မွေ့လာကြတယ်…….. ငွေကို သိက္ခာနဲ့ လဲတတ်လာကြတယ် ။ တိုင်ပြည်တစ်ပြည်မှာ ပညာအမွေပေးတဲ့ ဆရာဆရာမ ဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ…..။ ဒီလို (၁၀) တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ ဇတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိ အကျိုးသက်ရောက်ပါတယ် ။ ဒီနေ့ မိဘများသားသမီး အရွယ်ရောက်လို့ ကျောင်းစထားကတည်းက ကလေးတွေကို လူရှေ့သူရှေ့ကို ရောက်ရင် သားသား၊မီးမီး ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးရင် သားသားက ဆရာဝန်လုပ်မှာ ၊ အင်ဂျင်နီယာကြီးလုပ်မှာ စသည်ဖြင့် ပြောခိုင်းပြီး စတင်ပုံသွင်းလာကြတယ်…..။ ကျောင်းထားတဲ့ အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ ထက် ဒါတွေရဖို့ သက်ဆိုင်ရာ ဆရာ၊ဆရာမ များကိုနည်းပေါင်းစုံနှင့် ချဉ်းကပ်ကြတယ်။ ငွေပေးပြီး ကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ကြတယ်၊မုန့်ပုံး ကန်တော့ကြတယ် ။ ဒီအခါမှာ လိုတရသည်ရှိ မရသည်လည်းရှိပေါ့…….. ။ ရသည့်အခါ ပြုံးပြုံး နှင့် မရသည့်အခါ တော့ ကုန်းကုန်းဆဲပေါ့….။

ဒီလို နှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော စာမေးပွဲမှာ ပါမှာလေး ပြောလိုက် .. ၊ ကျက်လိုက် ၊ အမှတ်တွေကောင်းလိုက် ။ အဆင့်တွေရလိုက် နှင့်မိဘတွေ ပျော်ပျော်ကြီး ဖြတ်သန်းလာခဲ့လိုက်တာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပါလေရောလား ။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင် သင်္ချာ ကိုတောင် စဉ်းစားတွက်ချက်တာ မဟုတ်တော့ပဲ အလွတ်ကျက်တဲ့အထိ ဖြစ်လာကြတယ်။ သေသေချာချာမေးကြည့်ကြစမ်းပါ .. သင်္ချာမှာ ရာပြည့်တို့ ၊ ဂုဏ်ထူး တို့ ရတဲ့ သူတွေတောင်မှ သင်္ချာကို ကျက်ပီးဖြေကြတယ်။ တန်းစဉ်စာတတ်ဖို့ ထက် အမှတ်ကောင်းဖို့ ၊ ဂုဏ်ထူးရဖို့ မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပါ။ အံ့သြစရာပြောရဦးမယ် ဒီအဖြစ်ပျက် အများစုက ရန်ကုန် ၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ ၊ ကျန်တဲ့ တပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ ၊ တစ်ယောက်တည်း နှစ်ဘာသာ သုံးဘာသာ တတ်တတ်မတတ်တတ် ၊ ကြိုးစားသင် ၊ ကျောင်းမလာလာချင်အောင် ၊ ကျောင်းသားကိုချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ ကျောင်းသားကျောင်းသူတွေ လည်းရှိမှရှိ ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေ ဒီလောက်ဖြစ်နေရလောက်အောင် တက္ကသိုလ်ဝင်တန်း (၁၀) တန်းစာမေးပွဲစနစ်မှာ ဘာတွေ မှားခဲ့ကြတုန်း ဆက်လက်ပြီးလေ့လာကြည့်ရအောင်…………………

(၁) တက္ကသိုလ်ဝင်တန်း အမှတ်ဖြင့် လူငယ်များ၏ဘဝကို အဆုံးဖြတ်ပေးနေခြင်း
၁၉၈၀ မတိုင်ခင်က တက္ကသိုလ်ဝင်တန်းအမှတ်တခုတည်းနှင့် မိမိတို့ သင်ကြားလိုသော ဘာသာရပ်ကိုသင်ကြားရခြင်းမဟုတ်ဘဲ ( Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှူ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်တောင်မှ ကျောင်းသားကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တခုတည်းနှင့်သတ်မှတ်လိုက်တော့ ဒီတစ်ကြိမ်အမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့်ကျောင်းသားကျောင်းသူ များက ခံစားပစ်လိုက်ကြတော့တယ်…။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလို့ ရှိရင် အမှတ်ကောင်းတဲ့အထိ အကြိမ်ကြိမ်ပြန်ဖြေဆိုခွင့်ပြုထားတယ်၊စာမေးပွဲကြေးထပ်မံပေးသွင်းပြီးတော့ပေါ့ ။ ပြီးတော့ နှစ်သက်ရာ ဘာသာကိုလည်း ခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ် ။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာ ကျင်းပတဲ့စာမေးပွဲမှာ ( ၆ - ဂ ) ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ ပင်ပန်းပါတယ်. ပြီးတော့ တစုံတစ်ရာ ချို့ယွင်းမှူကြောင့် အမှတ်မကောင်းခဲ့ရင် လည်းပြန်လည်ဖြေဆိုခွင့်မပေးပါဘူး .။ နိုင်ငံတကာမှာ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း အလွန်ကောင်းတဲ့စာမေးပွဲစနစ်တခုရှိပါတယ် ။ ကောင်းမှန်းသိရက်နဲ့ ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး ။ အဲဒါကတော့ တိပိဋက စာမေးပွဲပါ ၊ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ ရပါတယ် ။နှစ်အကန့်အသတ်မရှိပါဘူး ။ နိုင်ငံတကာမှာလည်း ဖြေဆိုနေကြတဲ့ ( GCE ‘O’ ‘A’ level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင်စာမေးပွဲတွေလည်းထို့နည်းတူပါဘဲ ။

(၂) တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း
ဒေသကောလိပ် စနစ်စတင်ဖျက်သိမ်းသော ၁၉၈၀ခုနှစ်ကျော်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတည်မငြိမ် အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင် အကြောင်းတခု ဖြစ်သည်။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လို ပြောင်း ၊ အင်္ဂလိပ်လိုမှ မြန်မာလို ပြောင်းလိုပြောင်း ၊ ပထဝီ ၊ သမိုင်း ၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက် ၊ ဓါတု၊ရူပ၊ဇီဝ ပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့ပညာရေး ကို များစွာ နိမ့်ကျနောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။

(၃)တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း
နိုင်ငံတကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည်တတ်ကျွမ်းမှူကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံဖြစ်သည်။ ဥပမာဆိုရသော် - ဓာတု၊ရူပ၊ဇီဝ ဘာသာရပ်များတွင် ( Easy Type ) မေခွန်းများထက် ( Multiple Choice) ( True or False) (Matching) စသော နားလည်မှူကိုသာ အဓိက မေးမြန်းစစ်ဆေးအမှတ်ပေးကြသည် ။သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတမျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့် တိုင် တွက်ချက်လျှင် အမှတ်ပေးကြသည်။ ထို့ကြောင့် ဆရာ ဆရာမ နှင့် ကျောင်းသား ကျောင်းသူ များကလည်း အလွတ်ကျက်ဖို့ ထက် နားလည်နိုင်သမျှ နားလည်အောင် ၊ တတ်ကျွမ်းသည်ထက် ပိုမို တတ်ကျွမ်းအောင်ကြိုးစားကြရသည် ။ ပင်ပင်ပမ်းပမ်း မရှိလှပေ။ ကျွန်တော်တို့ နိုင်ငံရှိ တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းလွှာအများစုမှာ ( Essay Type ) များကိုသာမေးလေ့မေးထရှိသည် ။ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်သော ကျောင်းသားကျောင်းသူ အများစုမှာ နားလည်ရန်ထက် ( Parrot Learning ) စာကို အလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း ၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ဒါ့အပြင် ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်မှစတင်၍မေးခွန်းပေါက်ကြားမှူမရှိစေရန်ဟူသော မမှန်ကန်သည့် အကြောင်းပြမှူ ဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမေးခွန်း တစ်စုံသာထုတ်ဝေစစ်ဆေးရာမှ ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း (၁၁)စုံဖြင့် ခွဲခြားစစ်ဆေးခဲ့ကြသည် ။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ (Matriculation Exam ) မှ တက္ကသိုလ်ဝင်စာမေးပွဲ (University Entrance ) ဟုပြောင်းလဲပြီး စာမေးပွဲနှင့် ပက်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင် ထိန်းချုပ်ခဲ့သည် . ။ ဒီအတွက် ထူးခြားမှူ မရှိမဆိုနိုင်သော်လည်း ပညာရေး ဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည်ကိုတွေ့ခဲ့ရသည်။ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်း မဟုတ် ကျောင်းသားကျောင်းသူများလည်မဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင် ဖြစ်သည် ၊ တစ်နှစ် သိန်း (၁၀၀) နှင့် အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင် ။ ကျောင်းသားကျောင်းသူ များအား သင်ရိုး ဘောင်အတွင်းမှ မေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့် ရမှတ်များလည်းမတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့်လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်း ဒု နှင့် ဒေး ။ ဒီလို မညီမျှမှူများ လစ်ဟာချက်များရှိနေသော မေးခွန်း (၁၁)စုံ မှ မေးခွန်းတစ်စုံသို့ပြောင်းလဲ၇န် ကျင်းပနေသော ပြည်သူ့လွတ်တော် တွင် အဆိုပြုရာတွင် မေးခွန်းတစ်စုံထက် မေးခွန်း (၁၁) စုံမှ ပိုမိုလုံခြုံသည်ဟူသော အဖြေဖြင့်ပြန်လည်ဖြေကြားရာ ကြားရသူတိုင်းပြုံးခဲ့ကြရသည် ။ ကျောင်းသားကျောင်းသူ များနစ်နာဆုံးရှုံးမှူထက် မိမိတို့ အတွက် အခွင့်အရေးများ ဆုံးရှုံးရန် မလိုလား သော ပါမောက္ခချုပ်ကြီးများ နှင့် ညွှန်ချုပ် ၊ ဝန်ကြီး တို့ အားလုံး အကွက်ဆင် ဂွင်ရိုက်ထားခြင်း ဖြစ်သည် ။

(၄) တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာမျာစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှူ ညံ့ဖျင်းခြင်း
နိုင်ငံတဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေးရာတွင်လည်း -
(က) စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှူအားနည်းကြသည် ၊ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း ၊ ဖြေဆိုခဲ့သော  အဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲခဲ့ရာတွင် အမှားအယွင်းများရှိခဲ့ကြသည် ၊ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့သော်လည်းမိမိအမှားအတွက် တာဝန်မယူဘဲ ပြင်ဆင်မပေးခြင်း (၉၅%)
(ခ) စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှူ မရှိခြင်း လေ့လာမှူ မရှိခြင်း (၉၀%) ထို့အတွက် အမှတ်ပေးရာတွင် အခက်အခဲများရှိခြင်း ။ အမှားအယွင်းများခြင်း ။
(ဂ)သက်ဆိုင်ရာ ဘာသာရပ်များကို စစ်ဆေးရာတွင်လည်း အစိုးရမှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းစာအုပ်ထဲမှ အတိုင်း ၏ ၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း ၊ တစ်လုံးတလေ မှားလျင်တောင်မှ အမှတ်လျော့ခြင်းကြောင့် အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟု ပင်ခေါ်ကြခြင်း ၊ ပြဋ္ဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဋ္ဌာန်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေသည့် နေရာများဖြစ်ကြသော နေပြည်တော်ပုံနှိပ်စက်ရုံ ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ များမှ အသီးသီးထုတ်ဝေသော ပြဋ္ဌာန်း စာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများ လွဲချော်ခြင်း ။
(ဃ) ကျောင်းသားကျောင်းသူ မှ မိမိတတ်ကျွမ်းမှူအား မိမိနားလည်သလို (Sentences) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း ၊ သင်္ချာ ဖြေဆိုရာတွင်လည်း သတ်မှတ်ထားသော တွက်နည်းမှ လွဲ၍ အခြား နည်းဖြင့်တွက်လာပါက အဖြေရောက်သော်လည်း အမှတ်မပေးခြင်း
(င) အောင်စာရင်းပြုစုရာတွင်လည်း ကျွန်တော်တို့ ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း (၈ - ၁၂% ) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း (၄၀%) ကျော်ရှိခြင်းမှာ ပညာရေးတိုးတက်မှူ မဟုတ်ပဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကိုဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖေါ်ဆောင်ထားသော စနစ်မအောင်မြင်မှူ့ကိုဖုံးကွယ်ရန်အတွက် ( Moderation Marks ) များပေးကာ အောင်မှတ်နှိမ့်ချထားခြင်း ။ ထို့အပြင် တက္ကသိုလ်များ အမြောက်အများဖွင့်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသနာကို ဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလာဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင် မဖတ်တတ်သော ကျောင်းသားများ ဖြစ်လာကြခြင်း ။ (ဥပမာဆိုရသော် ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးရာတွင် အများစုမှာ တအံ့တဘြ ဖြစ်ကြရသည် ။

ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲအောင်မြင်သော ကြောင့် တိုင်ကြားခြင်းဖြစ်သည် ။ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသော အမှတ်မရနိုင်သော ကြောင့်နောက်ဆုံး ဘာသာရပ်ဖြစ်သော ဇီဝဗေဒ တွင် ဖြေဆိုသမျှ အဖြေအားလုံး အားကန့်လန့်ဖြတ်ခြစ်၍ ကျရှုံးအောင် လုပ်ထာပါလျှက် အောင်မြင်လာသောကြောင့် တိုင်ကြားရခြင်းဖြစ်သည်။ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည် ၊ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိနေပါသည် ။ ယင်းနှစ်စာမေးပွဲစစ်ဆေးမှူအရ ကျောင်းမှန်မှန် ပုံမှန်တက်သည်ဟု စာရင်းပို့ထားသူ အား ကျရှုံးဘာသာရပ်တွင် ( CPR) အမှတ် (၂၅) မှတ် ထည့်ပေါင်းရန်ညွှန်ကြားထားသော ကြောင့် ထိုကျောင်းသား သည် စုစုပေါင်း ၂၇ မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (Moderation Marks ) မှတ်အား (၂၇) မှတ်အထိလျော့ချလိုက်သော ကြောင့် ထိုကျောင်းသားဖြေဆိုရာ ကျရှုံးခြင်သော ကြောင့် ခြစ်ချရာတွင် ၂ မှတ်ရပြီးစားမေးပွဲအောင်သွားခြင်းကို အံ့ဘြဘွယ်တွေ့ရှိရသည် ။(ကိုယ်တွေ့)၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့် တညပုံပြင်ကဲ့သို့ဆုံးနိုင်ဘွယ်ရာမမြင် ။
ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခု အပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည် ။ ယခုပုံစံဖြင့် ကျင်းပနေသော တက္ကသိုလ်ဝင်တန်း စာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှူမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသားကျောင်းသူများရော ဆရာဆရာမ များအားလုံးအမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာ ဖြစ်သည်။

မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေးတိုးတက်မှူအတွက်ဆောင်ရွက်နေသော ( Students Centre Approch ) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာ အကြောင်းရာတစ်ရပ် ဖြစ်ယုံမှ တပါး အခြားမရှိနိုင်ပေ ။  
 
ကိုကြီးသောင်း (အရာတော်)
မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်) မြန်မာ့ပညာရေးနိမ့်ကျရခြင်း၏အဓိကတရားခံ (တက္ကသိုလ်တန်းဝင်စာမေးပွဲစနစ်) Reviewed by သစ်ထူးလွင် on 08:17 Rating: 5

61 comments:

ကြယ်ပြာ said...

ကောင်းလိုက်တဲ့စာ။

kotunaung164@gmail.com said...

မှန်လိုက်တာဗျာ။ယခုလိုတိတိကျကျပြောပြပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ

Anonymous said...

အပြည့်အ၀ မှန်ပါသည်။ ဘွဲ့ရတွေသာများပြီး ပညာတတ် ရှားသောခေတ်ဖြစ်နေပါသည်

Ye Gyi said...

မှန်လိုက်တာဗျာ ကျွန်တော်အပါအ၀င် နိုင်ငံမှာ နောက်ဆိုလူကြီးဖြစ်လာမယ့် လူငယ်တွေကို သတ်ပြစ်လိုက်တာနဲ့အတူတူဘဲဗျာ... ကျွန်တော်လည်း အခုလိုမျိုးသင်ကြားလာပြီ လိုချင်ခဲ့တဲ့ ဘွဲ့နဲ့လွဲခဲ့ရတာတော့အမှန်ဘဲဗျာ နောက်တစ်ခါလည်း ပြန်ဖြေလို့မရ ရတာလေးနဲ့ကျေနပ်လိုက်ရတာဗျာ အခုတော့ စာရေးလုပ်နေရပြီဗျ လခစားဝန်ထမ်းစာရေးဖြစ်ပြန်တော့လည်း အထက်ဖားအောက်ဖိတွေကများတော့ အသက်တွေသာကြီးလားတယ် ဒီဘ၀ဟာ ဒီဘ၀ဘဲဗျာ အမှန်တကယ် ဒီစနစ်တွေကိုပြောင်းလဲသင့်ပါပြီဗျ ပြောင်းလဲကြပါ ။

u kyawkyaw said...

စံနစ်တခု၏ကောင်းကျိုးဆိုးကျိုးသည်မိဘမှသားသမီးအားအမွေပေးခဲ့သလိုဖြစ်သည့်အတွက်အလွယ်တကူဆုံးဖြတ်စမ်းသပ်အကောင်အထည်မဖော်သင့်ပါ။မြန်မာပြည်တွင်ခေါင်းဆောင်များ၏ညံဖျင်းသောအတွေးအခေါ်၊အတွေ့အကြုံမရှိဘဲသေနတ်ကိုင်ပြီးရှင်ဘုရင်တက်လုပ်ခဲ့သောကြောင့်ပညာရေးစံနစ်ပျက်ဆီးခဲ့ရပါသည်။ပညာရေးသည်နိုင်ငံ၏အနာဂတ်အတွက်နှစ်ပေါင်းများစွာအကျိုးသက်ရောက်မူရှိပါသည်၊ယခုအခါဆရာ။ဆရာမအတော်များများကလည်းလစာမလုံလောက်မူကိုအကြောင်းပြုပြီးစိတ်ရောကိုယ်ပါညစ်နွမ်းသောကြောင့်မိမိတို့၏တပည့်များစေတနာအပြည့်အ၀ဖြင့်ဆက်ဆံမူအားနဲခဲ့ပါသည်၊ပညာရေးသည်ငွေတခုထဲနှင့်လဲတန်ဖိုးဖြတ်မရပါ၊တာဝန်ရှိသူများကဆရာဆရာမ များ၏စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်များပြန်လည်လန်းဆန်း အောင်လည်းပြုလုပ်ပေးစေလိုပါသည်။စံနစ်ပြောင်းခဲ့လျှင်လည်းစံနစ်ကိုအကောင်အထည်ဖော်မည့်သူများကစိတ်ညစ်/စိတ် ယုတ်စေတနာများကင်းမဲ့နေပါကမည့်သည့်စံနစ်မှအောင်မြင်စွာအကောင်အထည်ပေါ်မည်မဟုတ်ပါ။

Thurein said...

Ko Gyi Thaung, BRAVO! Please write more.

Maung FD said...

ကိုကြီးသောင်းရေ...
ရေးလိုက်တာ စာတွေက အရမ်းကို ထိရောက်ပါတယ်
ဒီစနစ်ကို အစားထိုးမယ့် စနစ်သစ်တစ်ခုပေါ်လာရင် ကောင်းမယ်ဗျာ.

ဇော်ဇော် said...

တက္ကသိုလ်ရောက်တော့လဲ ဘာထူးသေးလဲဗျာ
၎မှတ်ရရင် အောင်နေတာပဲ
နောက်ဆုံးနှစ်မှာ Credit ထွက်လို့ နိုင်ငံခြားမှာကျောင်းဆက်မယ်ဆိုပြီး အမှတ်စာရင်းထုတ်လိုက်တာ ဘာသာစုံ ၆၀ ကွက်တိဖြစ်နေလို့ အဲ့ဒီအမှတ်စာရင်းကို ဘယ်ကျောင်းမှမယုံတော့ဘူး လက်လဲမခံဘူး
အရမ်းစိတ်ပျက်ဖို့ကောင်းတဲ့ပညာရေးစနစ်ပဲ

သျှင်ပညာပိ said...

ရေးသားသူကို ကျေးဇူးအထူးတင်ပါသည်။
သက်ဆိုင်ရာ တာဝန်ရှိ တာဝန်သိ သူများဖတ်မိပြီး ပြုပြင်ပြောင်းလဲ မူ့များလုပ်ဖြစ်ပါစေရန်
စာဖတ်သူများ ဝိုင်းပြီးဆုတောင်း ပေးကြပါ။ ပညာရေးစနစ်သည်လည်း အခြားသောစနစ်များ
နှင့်အပြိုင် အလုံးစုံ ပျက်ယွင်းခဲ့သည်မှာ ကြာခဲ့ပါပြီ။
ကယ်တင်မည့်သူများအမြန် ပေါ်လာပါစေရန် ဆုတောင်းကြပါ။
သေနတ်ပြောင်းတိုက်တတ်ယုံမျှဖြင့် နေရာတကာဝင်အုပ်ချုပ်နေသူများကြောင့် တိုင်းပြည်တစ်ခု
လုံး ဘုံး ဘုံး ကျ သုံးလို့ စားလို့ မရတော့ အောင်ကို ပျက်နေပါပြီ။
လူလိုသိပြီး ပြန်ဖယ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

moemoe said...

ကိုကြီးသောင်းရေးသလိုပညာရေးပြုပြင်ပြောင်းလဲပေးရင်ကောင်းမှာဘဲ.

လင်းယုန် said...

အခြေခံ မူလတန်း အလယ်တန်းမှာကတဲက ကလေးတွေကို
မအောင်မနေရစနစ်နဲ့ မတတ်လဲအောင် လုပ်ထားတာ
ဆရာမတွေကလဲ မေးခွန်ပေးပြီး ကျုရှင်သင်နေကြတာ
ဘယ်လိုလုပ်ပြီး ကလေးတွေ ပညာတတ်မလဲ

သင်ပေးတဲ့ဆရာမတွေကလဲ တကယ်မတတ်ဘူး
တစ်ခါတစ်ခါ အမှားတွေသင် ကျောင်းသားက မှားနေတယ်
ဆိုပြီး ပြန်သင်ပေးနေရတာ တော်တော်ဆိုးနေတယ်

ကျောင်းသားအများစုက 9တန်း 10တန်း ဆိုရင် ဘော်ဒါ ဒါမှမဟုတ်
စာသင်ဝိုင်းတွေကိုဘဲ အားကိုးပြီးပြေးရတော့တာ

အဲဒါဘာလို့လဲဆိုရင်
အစိုးရကျောင်းတွေမှာ အရည်အချင်းပြည့်မှီတဲ့ ဆရာ ဆရာမတွေ
မရှိလို့ဘဲ
ပညာရေးဝန်းထမ်းတွေလဲ တော်တော်အကျင့်ပျက်နေပါပြီ
ခုအတိုင်းဆက်သွားမယ်ဆိုရင်
နောင်အနှစ် 100 ရှိလဲ မြန်မာနိုင်ငံပညာရေးက တိုးတက်ဘို့
လမ်းမမြင်ဘူး

ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်းတွေဘာလို့ ပေါ်လာသလဲ
အဖြေက ရှင်းရှင်းလေးပါ
အစိုးရကျောင်းးတွေ အသုံးမကျလို့ပါ

paukkyaw said...

တန်ဘိုးရှိတဲ့ ဆောင်းပါး ပါ ။
ရေးသူတွေများများ ရေးနိုင်ပြီး
လူကြီးမင်းတွေ လည်း တွေ့မြင် သိရှိ
လက်ခံပြုပြင်နိုင်ပါစေ နိုင်ပါစေ ဗျာ

bowtaw said...

မြန်မာနိုင်ငံ ပညာရေးက တော်တော်အဆင့်မြင့်ပါလား

2မှတ်ရရင် အောင်တယ်တဲ့ နိုင်ငံတကာက သိရင်တော်တော်ရှက်ဘို့
ကောင်းနေပြီ
ပညာရေးဝန်ထမ်းအားလုံးနီးပါး အကျင့်ပျက်နေကြတာပါ
10သိန်းပေးရင် ကျောင်းဆရာမ တန်းဖြစ်တယ်
နောက်ထပ် 5သိန်းထပ်ပေးရင် မြို့ကျောင်းတန်းပြောင်းပေးတယ်
မပေးရင်တော့ နယ်စပ်မြို့မှာ 3နှစ်လောက်သွားနေရတယ်

အနန္တော အနန္တ (4)ပါဘဲ ရှိတော့တာကို သတိရပါ
ခုဆိုရင် ဆရာဆရာမတွေကို ဘယ်သူမှမကြည်ညိုတော့ဘူး
ပညာကို ဈေးသည်ပုံစံနဲ့ရောင်းနေတာ
ရှယ်ဝိုင်းက ဈေးတစ်မျိုး (မေးခွန်းအပြည့်အစုံပေးသည်)
ရိုးရိုးဝိုင်းကဈေးတစ်မျိုး
ကျုရှင်မတက်တဲ့ကျောင်းသားကိုလဲ ပြသနာလယ်ရှာနေတာ
ရိုသေကိုင်ရှိုင်းချင်စရာတော်တော်ကောင်းနေပြီ

ngaba said...

ကိုကြီးသောင်းရေးထားတာ.. ကောင်းတယ်ဗျာ..
လိုအပ်နေတဲ့ ကွက်လပ်တွေအတွက် ကိုကြီးသောင်းရဲ့ ရေးသားမှုကို လေးစား ကျေးဇူးတင်ပါတယ်ဗျာ..

win said...

ကျွန်တော့်ရင်ထဲက ပြောချင်တာလေးတွေအပြင် ပြည့်စုံလွန်းလို့ ဖတ်ရင်းစိတ်တောင်လှုပ်ရှား မိပါတယ်။
အပြည့်အ၀ထောက်ခံပါတယ်.။
ကျွန်တော်လည်း ဘွဲ့ရတယောက်ပါ ဘွဲ့ရပြီး ကို ကိုကို တောင်ဘာမှန်းတောင်မသိလို့ (လူတွေပြောပြောနေတဲ့ ဘွဲ့ရပညာတက်ကို ဆိုလိုသည်)အခု စာတွေကျိုးစားဖတ်ပြီး အရည်အချင်းဆိုတာကြိး ကိုမနည်းမြင်အောင် ကြည့်နေတော့ ခက်ခဲမှု့ဆိုတာကြီးကိုတန်ဖိုးထားတက်လာခဲ့ပါတယ်.....
ကျွန်တော် ပတ်ဝန်းကျင် မောင်နှမတွေအပါအ၀င် အခုဖြစ်နေတဲ့ ပညာရေးနွံထဲနှစ်နေတော့ စာဖတ်ဖို့စိတ် မ၀င်စား။
ကျောင်းပြီတော့လည်း ကိုရီးယားကားသာကြည့် ရရင်သူတို့လိုချင်တာပြည့်စုံနဲ့..
ကျွန်တော်စဉ်းစားကြည့်တယ်...မြေမျိုလို့ လူမျိုးတုန်းမည်မဟုတ် လူမျိုမှလူမျိုးတုန်းမည်ဆိုတာလေ...
ပညာတက်ပြီးစာမဖတ်ရင် ဆင်ခြင်တုံတရားလည်းသွားပြီပေါ့..
သူများအကျိုးဆောင်ဖို့နေနေသာသာ ကို့အကျိုးတောင်မနည်းမပြောင်အာင်လုပ်ယူရလိမ့်မယ်......
လူတွေ လူစိတ်ပျောက်သွားခဲ့လို့ချင် တိရစာန်ထက်ဆိုးတယ်ဆိုတာ တော်တော်များများ လက်ခဲကြပြီးလည်းဖြစ်တယ်....
လူအချင်းချင်း စာနာ နားလည်နိုင်စွမ်းကို ပေးနိုင်တဲ့ပညာကို အလေးအမြတ် မတင်ဘူးဆိုရင် အတ်တ စွန်း နဲ့ တွေ့သမျှမဲ ကောင်းသမျှ အကုန်သိမ်းပိုက်ပြီး ဆိုးသမျှကို နာမည်သာဆိုးတာ အတော်စည်းစိမ်ခံလို့ကောင်းသားဟဆိုး ပြီး ထင်ရာစိုင်းသွား နိုင်ပါတယ်...
လူ့အဖွဲ့ အစည်း စည်းကမ်းရှိရှိနဲ့တိုးတက်ဖို့အတွက် ပညာရေးဟာနေ့စဉ်မှီဝဲနေရတဲ့ အဟာရလိုပဲ မရှိမဖြစ်လို အပ်လှပါတယ်ဆိုတာ နားလည်သမျှရေးသားဖော်ပြအပ်ပါသည်။

kaung tin said...

မှန်ပါတယ်

KMW said...

နောက်ဘယ်နှစ်နှစ်လောက်နေမှ ဒီစနစ်ကို ပြောင်းလဲနိုင်မှာလဲ

winshein said...

ဒေါ်ပြည့် said
လွန်ခဲ့သောကာလက သားငယ်တို့လူငယ်တွေပြောတာကြား
ဘူးတယ် BE ( ပါတိတ်) ME (စိန်လက်စွပ်) B.sc ( မုံ့ပုံး ) တဲ့၊ မြန်မာစာ မေဂျာနဲ့ဘွဲ့ရတဲ့ စာရေးမလေးကလဲ သကြန်မန်းဒပ် လို့ရေးတာ ကိုယ်တွေ့ပါ၊

linn said...

ဘာမှပြောတော့ဘူးဗျာ။ ကောင်းလိုက်တာလို့ပဲပြောနိုင်တော့တယ်။

Richard said...

ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ တစ်ခုပဲပြောချင်ပါတယ်
“လူကိုအားလုံးထက်တန်ဖိုးထားကြပါ” လို့ လူကြီးတစ်ယောက်ရဲ့အမိန့်ထက်
စနစ်တစ်ခုအောင်မြင်တယ်လို့ ပြောရဖို့ထက် လူတွေရဲ့ဘ၀ကိုတန်ဖိုးထားကြပါ လူတွေကိုစတေးမပစ်လိုက်ကြပါနဲ့
လူတွေကိုကြိုးစားခွင့်ပေးပါ။ စနစ်ကဒီလိုဖြစ်တဲ့အတွက် ဒီလိုလုပ်ခွင့်မရှိဘူး
ဆိုတာ သိတ်ဝမ်းနည်းဖို့ကောင်းတယ်

မျိုးချစ်လူငယ် said...

အရမ်းကို မှန်တယ်ဗျ၊ တချို့စာစစ်သူတွေ အားနည်းချက်ကြောင်းဆရာထက် သင်ခန်းစာကို ပိုမိုနာလည် တတ်မြောက်တဲ့ ကျောင်းသူ၊သား များ နစ်နာတာ ကျွန်တော်လည်း လက်တွက်ခံလိုက်ရတယ်။ မြန်မာနိုင်ငံပညာရေး (အလွတ်ကျက်တဲ့) စနစ်ကို အမြန်ဆုံးပြောင်းလဲနိုင်မှ တိုင်းပြည်လည်းတိုးတက်မည်မှာ အမှန်ပင်...

MK GYI said...

ပညာရေးစနစ်ပြုပြင်နိုင်ရင် အကောင်းဆုံးပေါ့
စပ်စု

KO Lu Aye said...

thank you,Ko Thawng,I really agree with you,100%

♥အချစ်ပါတီ...♥ said...

ကျနော်တို့တွေလဲ ကာတွန်းလေးတစ်ပုဒ်ထဲကလိုပဲဗျာ... ကာတွန်းလေးက ဒီလိုပါ...... လူကြီးတစ်ယောက်ဟာ ဆယ်ထပ်တိုက်တစ်လုံးပေါ်က ခုန်ချပြီး စမ်းသပ်မှု တစ်ခုလုပ်တာပါ သူက ဆယ်ထပ်တိုက်ပေါ်က ခုန်ချလိုက်တယ်..... ဒီလိုပဲပေါ့ဗျာ. အပေါ်က ခုန်ချတာဆိုတော့ တဖြည်းဖြည်း တစ်ထပ်ပြီတစ်ထပ် အောက်ရောက်လာတာပေါ့ 9ထပ် 8ထပ် 7ထပ် 6ထပ် 5ထပ် 4ထပ် 3ထပ် အင်း 3ထပ်လောက်ရောက်တော့ သူက ဒီလိုစဉ်းစားတယ်ဗျာ 'ငါ အပေါ်က 8ထပ်လုံး ကျလာတာတောင် ခုချိန်ထိ ဘာမှမဖြစ်သေး ပုံထောက်ရင် အောက်က 2ထပ်လဲ ဘာမှ မဖြစ်လောက်တော့ပါဘူးထင်တယ်...' တဲဗျာ... ကျနော်တို့လဲ ဘယ်နှစ်ထပ်ကိုရောက်နေပြီလဲ မသိဘူးဗျာ.......

Thurein said...

ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ကတော့ အားလုံးကို ဖျက်သိမ်းပြီး အစက ပြန်လုပ်မှကို ရပါတော့မယ်။ အခု ပုဂ္ဂလိကကျောင်းတွေပေါ်လာတော့လည်းကောင်းတာပဲ။ အစိုးရကျောင်းတွေနဲ့ ပတ်သက်နေစရာမလိုတော့ဘူးပေါ့။ ကျူရှင်ယူရတဲ့ ဒုက္ခက ကင်းဝေးတာပေါ့လေ။

www.academicmedicines.blogspot.com

မနေနိုင်သူ said...
This comment has been removed by the author.
face said...

သွေးထွက်အောင် မှန်တာပေါ့ဗျာ။ အထူးသဖြင့် ကျောင်းသားတွေရဲ့ တသက်လုံး ဘ၀ကို ဒီ စာမေးပွဲကပဲ အဆုံးအဖြတ်ပေးတာရယ်။ မတော်လို့ ချွတ်ချော်ခဲ့ရင် နောက်ထပ်ကြိုးစားဖို့ အခွင့်အရေးမရှိတာရယ်..တွေက နစ်နာတာဗျ။

U 2 said...

ဖတ်လိုက်ရတာတော်တော်ကောင်းပါတယ် လေးတန်းမြန်မာစာမှာပါတဲ.
ရိုးတလျှောက် ဆိုတဲ.ကဗျာကိုစကားပြေပြန်ထားတာ ၁၉၈၈ အရင်နဲ.အခု.၁၉၈၈နောက်ပိုင်းစကားပြေတာလုံးဝလွဲနေတယ် အရင်ကသချာင်္ဖြေရင်မည်သည်.သချာနည်းကိုမဆိုအသုံးပြုနိင်တယ်အခုကျောင်းကသင်တဲအတိုင်းဖြေရတာ ဥပမာ ၁+၂=၃ မှန်၊ ၂+၁=၃ မှား
နောက်ပြီးမိဘတွေကလဲကဲကြတယ်ဆရာဆရာမတွေကိုဖျက်ဆီးတယ်ကျောင်းစစ်မှာအမှတ်ကောင်းဖို.ဘာပေးညာပေး ဆရာတွေကပေးမှအမှတ်ကောင်းကောင်းပေးတယ်ဒါကိုမိဘတွေကအဟုတ်
ထင် မန္တလေးမှာလူကြီးကလေးနဲ.ပိုက်ဆံသားသမီးဆိုရင်ဆက်ဆံတာတမျိုး
ငွေမရှိရင်တမျိုး ကိုယ်တွေ.ကြုံခဲ. ၁၆ အထကမှာအရင်တိုင်းမှူးတင်ငွေရဲ.
သမီးကျောင်းဘယ်နှရက်တက်ခဲ.သလဲ ၆ ဘာသာထွက်တယ်
အခု၁၀တန်းအောင်တဲ.သူတွေကတပွဲထိုးတွေများတယ် ငယ်ငယ်ကတော်
တဲ.သူကရာခိုင်နှုန်းနဲတယ် ကိုယ်.တိုင်းနဲ.ကိုယ်ဆိုတော.လုပ်ချင်တာလုပ်လို.ရတယ်
ရန်ကုန်က ၆ ဘာသာထွက်တဲ.သူကိုမန္တလေးမှာဖြေခိုင်းထွက်မလား ၆ ဘာ
သာ တနိုင်ငံလုံးမေးခွန်းတစုံသာရှိသင်.တယ်အမှတ်ပေးစည်းမျဉ်းတခုဘဲရှိသင်.
တယ် တချို.ဆေးကျောင်းရောက်မှအထုတ်ခံရတယ် အဲဒါတပွဲထိုးစာကျက်
ခဲ.လို.ဘဲ ပေးနိုင်ရင်အောင်မှာဘဲဟိုတလောက 3 mb မှာသိန်း ၅၀ တန်
နားကပ်ပေးလိုက်တာအောင်သွားတယ်ကြားတယ်
အရင်ကတက္ကသိုလ်မှာအကျများရင်ထုချေလွှာတင်ရတယ် ထုချေလွှာမတင်
ခြင်တော.ဘာလုပ်လဲ ခုံနံပါတ်ထိုး ၃၉ ဆရာမပြုံးပြ ၂ မှတ်ရ ပေါင်း
၄၁ မှတ်အောင်ရော
ပညာရေးစနစ်ကောင်းဘို.၀န်ကြီးဌာန ကျောင်း မိဘ ကလေး အားလုံး
ပေါင်းပြီးအရှိအတိုင်းလိုက်နာကြီုးစားဖို.လိုပါတယ် အမှတ်ကောင်းဘို.
ကျောင်းနာမည်ရဘို.ဘဲကြည်.မယ်ဆိုရင်ပျက်စီးနေအုံးမှာဘဲ
ရင်လေးတယ်

ယ်ဒါကိုမိဘတွေကအ

Than Aung said...

မိန်းကလေးများအတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်-ဥပမာ ဆေး၊စက်မှုစသည်တို့အတွက် ၀င်ခွင့်အမှတ်များကို အလွန်အမင်း တိုးမြှင့်သတ်မှတ်ထားခြင်းမျိုးကို မြန်မာနိုင်ငံမှလွဲရျ၊် မည်သည့်နိုင်ငံတွင်မှ ကြင့်သုံးသည်ဟု မကြားစဖူးပါ။ မြန်မာကျောင်းသူကလေးများ ယင်းစံနစ်ကြောင့် လွန်စွာနစ်နာဆုံးရှုံး ခဲ့ကြရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါသည်။ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း ကျားမမဟူ တန်းတူညီမျှ အခွင့်အလန်း ရရှိခံစားထိုက်သည် မဟုတ်ပါလား။ ပညာရေးဌာနမှ တာဝန်ရှိသူများအနေဖြင့်၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်သင့်သည်ဖြစ်ကြောင်း စိတ်ကောင်းစေတနာဖြင့် လေးစားစွာ အကြံပြုအပ်ပါသည်။

kogyikyaw said...

ပညာရေးစနစ်ကြီးတစ်ခုလုံးကိုကောင်းစေချင်တဲ့စေတနာနဲ့တင်ပြတာကို တော့လေးစာပါတယ်...။ဒါပေမယ့်(ထိုစနစ်မှအမြတ်ရခဲ့သည်မှာနိုင်ငံတော်လည်းမဟုတ်၊ ကျောင်းသားကျောင်းသူလည်းမဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများ သာလျှင်ဖြစ်သည်၊ တစ်နှစ်တစ်နှစ်
သိန်း(၁ဝဝ)နှင့်အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ် အသိုင်း အဝိုင်း တခုလုံးအသိပင်။)....ဆိုတာကတော့လက်ဝှေ့ စကားနဲ့ပြောရရင် ချက်အောက်ထိုးတဲ့လက်သီးပဲ...။နှစ်စဉ်မြန်မာနိုင်ငံစာစစ်အဖွဲ့ကချပေးတဲ့အသုံးစရိတ်ဟာ လုံးဝမလောက်ငတဲ့အတွက်တက္ကသိုလ်ကစိုက်ပြီး လုပ်ငန်း အဆင်ပြေချောမွေ့အောင်လုပ်ခဲ့ရတာချည်းပဲ..ဆိုတာ တက္ကသိုလ်အသိုင်း အ၀ိုင်း စစ်စစ်ဆိုရင်သိကြပြီးသားပါ...။ ကိုကြီးသောင်း ဆိုတဲ့သူ နားလည် အောင် အရပ်စကားနဲ့ပြောရရင် အိတ်စိုက်ရတဲ့အလုပ်ဆိုပါတော့ဗျာ ...။ တကယ်တော့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ၁။မေးခွန်းပြုစုခြင်း၊
၂။ လျှို့ဝှက် စခန်းသွင်းမေးခွန်းရိုက်နှိပ်ခြင်း၊ ၃။တိုင်းဒေသကြီးနဲ့ပြည်နယ် ပညာရေးမှူးများထံမေးခွန်းအိတ်များဖြန့်ဝေခြင်း၊ ၄။အဖြေလွှာများ ပြန်လည် သိမ်းဆည်းခြင်း၊ ၅။အဖြေလွှာများအား ခုံအမှတ်ပေါ် ကော်သုတ်ကပ်ပြီး လျှို့ဝှက်သင်္ကေတများကို အဆင့်နှစ်ဆင့်ဖြင့် နှစ်နေရာခွဲဆောင်ရွက်ခြင်း၊ ၆။အဆိုပါအဖြေလွှာများအား သက်ဆိုင်ရာ ဘာသာရပ်ဌာနများသို့ ဖြန့်ဝေ ခြင်း။ ၇။အဖြေလွှာများအားစစ်ဆေးခြင်း၊၈။Codedအမှတ်ရေးသွင်းခြင်း၊ ၉။Codedအမှတ်များအားStatistics ကောက်ယူပြီး ချိပ်ပိတ်လျက် ဦးစီးဌာန သို့အပ်နှံခြင်း၊ ၁၀။လျှို့ဝှက်သင်္ကေတများပြန်ဖြေပြီး Decodedအမှတ်များ ရေးသွင်းခြင်း၊ ၁၁။အောင်စာရင်းပြုစုပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့သို့ လျှို့ဝှက် အဆင့်ဖြင့်စနစ်တကျအပ်နှံခြင်း။........အဲဒီအဆင့်တွေဆောင်ရွက်ရတဲ့
ပါမောက္ခချုပ်တွေဟာ ကိုယ်ဝန်ဆောင်သည်များတစ်နေ့မှာသချိုင်းကို မျက်စောင်းသုံးခါထိုးနေရသလိုမျိုး အိပ်ကောင်းခြင်းမအိပ်ရ.. စားကောင်း ခြင်း မစားရ...လုံခြုံရေးအသိ/သတိတွေနဲ့ တထိတ်ထိတ် နေရတာ ကိုယ့်အချင်းချင်းကလွဲလို့ဘယ်သူသိနိုင်မှာလဲ...။ ငုံးဆူ လူမသိပဲလေ...။ လျှို့ဝှက်စခန်းသွင်းမေးခွန်းရိုက်နှိပ်ချိန်ကစပြီး လေးလလောက် ဒီဝေဒနာ နဲ့ပွေ့ဖက်နေကြရတာ..။ အောင်စာရင်းထွက်ပြီဆိုမှ ဟင်းချနိုင်တာ။ ဒီလုပ်ငန်းကို သိန်း(၁၀၀)ကျန်တယ်ဆိုပြီး ပါမောက္ခချုပ်တွေက ပျော်ပျော် ပါးပါးကြီးလုပ်နေကြတာမဟုတ်ဘူး..။ ကိုယ့်တာဝန်ကိုယ်ကျေပွန်ချင်
လို့..၊ ကိုယ့်သမိုင်းကို သိက္ခာရှိရှိ လိပ်ပြာလှလှရေးခဲ့ချင်လို့..ဆောင်ရွက် နေကြတာ..။ဒီလုပ်ငန်းကချောချောမွေ့မွေ့နဲ့အောင်မြင်သွားလို့ ဘယ်သူက မှ ရွှေတံဆိပ်ချီးမြှင့်မှာမဟုတ်ဘူး။ ရာထူးလဲတိုးမှာ မဟုတ်ဘူး။ တစ်နေရာရာကအမှားတစ်ခုခုကြောင့်ပြသနာတစ်စုံတစ်ရာ ပေါ်လို့ကတော့
အလုပ်ပြုတ်တဲ့အထိ အရေးယူခံရမှာအသေအချာပဲ..။ မျက်နှာမရ ခြေကျောက်ကျ..ဆိုပါတော့ဗျာ..။
ဒါကြောင့်ကိုကြီးသောင်းဆိုသူရဲ့စာထဲမှာရည်ရွယ်ချက်ကောင်းသော်လဲ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို မှားယွင်းတဲ့အချက်အလက်တွေ ပါနေလို့ တရားမျှတမှုရှိပြီး ဘက်လိုက်မှုကင်းသော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်ရေးအတွက် တာဝန်ကျေစွာ စေတနာထား
ဆောင်ရွက်နေကြတဲ့ပါမောက္ခချုပ်များ၊ တာဝန်ခံပါမောက္ခချုပ်များ
ကိုယ်စားရှင်းလင်းတင်ပြလိုက်ရခြင်းဖြစ်ပါတယ်...။

Sr.Margarita said...

မှန်လိုက်လေ။ တော်လိုက်လေ။ ထိရောက်လိုက်တာ။ တို့လည်း လောလောဆယ် နိုင်ငံခြားမှာပညာသင်နေဆဲမို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို အားမရဖြစ်နေတာ။

စိုးလွင်ဥိး said...

1998 မှာ ၁၀ တန်းအောင်တယ်။တနိုင်ငံလုံးမှ မေးခွန်း ၁ စောင်ပဲထုတ်တဲ့ နောက်ဆုံးနှစ်။ ၅ ဘာသာခောတ်။ ၀ိဇ္ဇာတွဲ moderation ရှိတာသေချာတယ်။ ကျွန်တော် (က) စာရင်းကနေအောင်လာလို့ ။အောင်စာရင်းမထုတ်ပြန်မီကျက်လိုက်မိတဲ့ စာတွေနှမြောဗျာ။

Myo1 said...

မဆလခေတ် ပညာရေးစနစ်မကောင်းခဲ့လို့  ဒီနိုင်ငံမှာ ဘယ်လိုခေါင်းဆောင်တွေ ထွက်ပေါ်လာခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

တို့ခေတ် said...

မှန်ပါသည်။ စုတ်ပြတ်သက်နေသော ပညာရေး စနစ်ကြားမှ ဖောက်ထွက်စေချင်ပါသည်။ ကျွန်တော်တို့ မြန်မာ လူငယ်တွေရဲ့ အိုင်ကျူ မနိမ့်ပါ။ ကျွန်တော်တို့ ကို ဘယ်လို ပညာရေးမျိုး ပေးခဲ့တယ်ဆိုတာ ကိုယ့်ဘာသာ အသိဆုံးပါ။

honey said...

ဒီဆောင်းပါးရှင်ကိုအရမ်းကျေးဇူးတင်ပါတယ်။
ဒါကိုအမေစုဆီအမေကိုယ်တိုင်ဖတ်ပြီးအမြန်ဆုံး
လက်ရှိအစိုးရမှပညာရေးစနစ်ကိုပြုပြင်ပြောင်းလဲလို့ရအောင်
ထိေ၇ာက်တဲ့အရေးအသားတွေကိုလူကြီးတွေပါသိရှိအောင်ကြိုးစား
ပေးပါလို့အလေးအနက်ပြောချင်ပါတယ်။
ကျမတို့ကိုယ်တိုင်အနာဂတ်သားကောင်းတွေအတွက်
စုတ်ပြတ်နုံချာလွန်းတဲ့ပညာရေးစနစ်ဆိုးကအမြန်ဆုံးလွတ်မြောက်စေချင်
ခဲ့တာကြာပါပြီ။ဦးနေ၀င်းလက်ထက်ကတည်းက
ဆိုးရွားမှုကစစ်အာဏာရှင်တွေလက်ထက်ထိပိုတောင်ဆိုးရွားလာတယ်။
သားသမီးတွေကိုမြန်မာကျောင်းကိုစတင်ထားတဲ့အချိန်မှာ
သိရှိနားလည်မှုကကိုယ့်သားသမီးရဲ့အနာဂတ်ကို
တုန်လှုပ်စေခဲ့တယ်။ဆရာမတွေရဲ့အသိစိတ်တွေကလည်း
ညစ်ညမ်းနေသလိုမိဘတွေရဲ့စိတ်တွေကလည်းစနစ်ဆိုးနောက်
အူယားဖါးယားလိုက်နေကြသူတွေရှိသလို
ပညာရေးကိုနားမလည်လို့မြန်မာကျောင်းမှာပျော်မွေ့သာယာနေတဲ့
မိဘတွေကိုလည်းမြင်တွေ့ရတယ်။
တချို့သောမိဘတွေကတော့ပညာရေးစနစ်ဆိုးဟာသားသမီးတွေ
ရဲ့အနာဂတ်ကိုထိခိုက်နာကျင်စေမှာသိလို့
အင်္ဂလိပ်ကျောင်းတွေကိုပို့ကြတယ်။
မြန်မာပြည်ကပုဂ္ဂလိကကျောင်းတွေကတော့
နဲနဲတော်သေးတယ်လို့ဆိုရမယ်။အနည်းဆုံး
အင်္ဂလိပ်စာအားမနည်းတော့ဘူး။တချို့ကလည်းငွေမတက်နိုင်လို့
သိသိလျှက်နဲ့ပဲမြန်မာကျောင်းမှာအချိန်တွေကုန်စေခဲ့တယ်။
မြန်မာကျောင်း၁၀တန်းရောက်ပြီဆိုရင်
ဘာမှန်းမသိတဲ့ကျူရှင်စရိတ်ကတလကို၃သိန်းနီးပါး။
၁၀တန်းအောင်လို့နိုင်ငံတကာကျောင်းလည်းအဆင့်မမှီ
မြန်မာဘွဲ့တခုရလို့လည်းနိုင်ငံတကာကျောင်းနားတောင်ကပ်မရ
အသိပညာအတက်ပညာတွေကလည်းမကြွယ်...
ဒီအတွက်စိတ်သောကဖြစ်ရတယ်။
အိမ်ထောင်ကျလို့သားသမီး၇ရင်ပညာေ၇းစနစ်ဆိုးကိုကြောက်မိပါရဲ့
အမြန်ဆုံးပြင်နိုင်ပါစေ..

genius said...

ကျောင်းအပ်လက်ခံပါပြီ ၊ လှိုင် အ.ထ.က (၄) ကျောင်းအုပ်ကြီး မှ အနည်းဆုံး ၂၀၀၀၀/ ကျပ် နှင်. အထက် ......... နှစ်စဉ်ကျောင်းရံပုံငွေ ကောက်ခံနေတာကို အရေးယူ တားဆီးပေးပါရန် ၊ .... ကျေင်းသားမိဘများ ။

ကိုဖြိုး said...

တော်လိုက်တဲ့ ကိုကြီးသောင်း (အရာတော်) ရယ်။
ဒက်... ဒက်... ဒက်... ဒက်... နဲ့ကို မှန်နေတော့တာပဲ။

- said...

ကျွန်တော်လဲ အခု ကလေးတွေကို မေးကြည့်ဖူးပါတယ်..သားသားကြီးရင်ဘာလုပ်မှာလဲ မေးလိုက်တော့..စူပါမင်း၊ပါဝါ၇ိန်းကျား.. လုပ်မယ်တဲ့...သမီးလေးကြီးရင် ဘာလုပ်မလဲ မေးပြန်တော့လဲ ..မော်ဒန်ဂယ် လုပ်မယ်တဲ့....ကလေးတွေ..ကလေးတွေ...အနာဂတ်ကလေးတွေ ကျွန်တော်တို့ ငယ်ငယ်ကနဲ့ မတူတော့ဘူး..ဗျာ..

SOE TINT said...

စိုက်ပျိုးရေးဘွဲ့ရပြီး သမ၀ါယမဆိုင်တာဝန်ခံဘ၀နဲ့ အသက်မွေးခဲ့ရတဲ့သူတွေဆို
ကိုကြီးသောင်းရဲ့ မှန်စာကို အောချလိုက်မဲ့ဖြစ်ချင်း-- ပြောတောင်ပြောဘွယ်ရှိ
ဘူးခင်ဗျာ

TCS said...

ရေးသားသူကို ကျေးဇူးအထူးတင်ပါသည်။
သက်ဆိုင်ရာ တာဝန်ရှိ တာဝန်သိ သူများဖတ်မိပြီး ပြုပြင်ပြောင်းလဲ မူ့များလုပ်ဖြစ်ပါစေရန်
စာဖတ်သူများ ဝိုင်းပြီးဆုတောင်း ပေးကြပါ။ ပညာရေးစနစ်သည်လည်း အခြားသောစနစ်များ
နှင့်အပြိုင် အလုံးစုံ ပျက်ယွင်းခဲ့သည်မှာ ကြာခဲ့ပါပြီ။
ကယ်တင်မည့်သူများအမြန် ပေါ်လာပါစေရန် ဆုတောင်းကြပါ။
သေနတ်ပြောင်းတိုက်တတ်ယုံမျှဖြင့် နေရာတကာဝင်အုပ်ချုပ်နေသူများကြောင့် တိုင်းပြည်တစ်ခု
လုံး ဘုံး ဘုံး ကျ သုံးလို့ စားလို့ မရတော့ အောင်ကို ပျက်နေပါပြီ။
လူလိုသိပြီး ပြန်ဖယ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

အပြည့်အ၀ထောက်ခံပါသည်။

aungdin said...

ကျွန်တော်အပြုသဘောနဲ့ပြောပါရစေ မကောင်းဘူးကောင်းတယ် ပြန်ရေးနိုင်ပါတယ်။ ဒီလိုလေး ပြောင်းကြည့်တာပါ။
ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကို မူလတန်းလွန်တဲ့အချိန်မှာ ကျောင်းသားတွေရဲ့ဝါသနာပေါ်နဲ့ ဘာသာရပ်တွေခွဲပြီး ဘာသာရပ်တိုင်းရဲ့အခြေခံကစလို့ အလယ်တန်း အထက်တန်း တက္ကသိုလ်ရောက်တဲ့အထိ လက်တွေ့ပါတဲ့ဘာသာရပ်တွေမှာလည်း လက်တွေ့သင်ကြားရေးကိရိယာအပြည်အစုံနဲ့ သင်ကြားသွားနိုင်မယ်ဆိုရင် ဘာသာရပ်တိုင်းမှာကျွမ်းကျင်တဲ့ပညာရှင်တွေရှင်တွေ အသီးသီးပေါ်ထွက်လာမယ်လို့ထင်ပါတယ်။

333 said...

ဒီခေတ်မိဘတွေကလဲ ကျူရှင်ယူမှစာတတ်မယ်ဆိုတဲ့အစွဲက ပုဂလိကကျောင်း
တွေထားပြီးတောင် အဲဒီကျောင်းကဆရာမနဲ့ကျူရှင်ပြန်ယူသေးတာ တွေ့ဘူးတယ်။

zmt said...

ဒီရေးသူ၏ စာသည်ဂျာနယ်ထဲသို့တာ ရောက်နိင်ရင် ကောင်းမှာပဲနော် ပြုပြင်ပြောင်းလဲဖို့စဉ်းစားမှာစဉ်းစားမှာ....

Aung San said...

ကိုကြီးသောင်း(အ၇ာတော်)တင်ပြတဲ့ပညာရေး စနစ်ကို သဘောလဲကျပါတယ် နိုင်ငံတကာမှာကျင့်သုံးနေတာ ဘယ်လောက်ကြာပြီလဲ အခုကျွန်တော်တို့ဘ၀တွေက အစ်ကိုတင်ပြသလိုပဲသောင်ပြင်မှာ လွတ်တဲ့ ခွေးဖြစ်သလို နိင်ငံအတွက်လဲ အသိပညာ၊ အတတ်ပညာရှင်တွေ ဆုံးရှုံးခဲ့တာကြာပေါ့ အခုကစလုပ်နိုင်ရင်ကောင်းပါတယ်။အားလဲပေးပါတယ်။ကြိုလဲကြိုဆိုပါတယ်

ငြိမ်းစိုးဦး said...

ကြက်တူရွေးနှုတ်တိုက်တွေက ရေပန်းစားလို့ အံဒီလိုသင်မှ ကောင်းတယ်ထင်ပြီး ကလေးတွေကို လက်ပူတိုက်လာကြတာ မူကြိုကတည်းကလိုဖြစ်နေပါပြီ ... အောင်ချက်မြင့်မားရေးအတွက် စာသင်ချိန် တိုးဖို့လုပ်နေသူတွေလည်းရှိနေပါတယ် ။ျနွား ၊ ကျွဲတွေလို ခိုင်းပြီး စာတတ်အောင်လုပ်လို့ မရနိုင်ဖူးဆိုတာ ၊ ပညာရေးကို အာဏာနဲ့ မြှင့်လို့ မရဖူးဆိုတာ သိသင့်ကြပါပြီ ...

aristhteinwin said...

ပြည်တွင်းက ပညာသင်လိုတဲ့ ကျောင်းသူ ကျောင်းသားတွေ သွားရည်ကျအောင် ကျွန်ုပ်သင်ကြားနေရသော ပညာရပ် အကြောင်း အနဲငယ်မျှဝေလိုက်ပါ၏။ ကျွန်ုပ်သည် ဒုက္ခသည် လက်မှတ်ဖြင့် အော်စီသို့ ရောက်ခဲ့ရာ သူတို့ နိုင်ငံက ခေါ်တဲ့ တက္ကသိုလ်ဝင်တန်းကို တက်ရောက် သင်ကြားနေပါသည်။ သင်ရိုးညွှန်းတမ်း- သင်ထောက်ကူ ပစ္စည်းကြိယာ များ စာသင်ခန်းနှင့် စာကြည့်တိုက်တွင် အပြည့်အစုံထားရှိပါသည်။ ကျောင်းသား ၂၀ လောက်ကို ဆရာ တဦးကျနှုန်းပုံစံလောက်ရှိပါသည်။ နားမလည်လျှင် အားနာစရာ မလိုဘဲ ဆရာ ဆရာမ ကို မေးမြန်းနိုင်ပါသည်။ ဆရာ ဆရာမက စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။ သင်ကြားရသည့် ဘာသာရပ် ၅ခု အနက် ကိုယ်သင်ယူနိုင်သလောက် သင်ကြားခွင့်ရှိပါသည်။ အင်္ဂလိပ်စာ ၂ရက်-( အရေး- အဖတ်-)သင်္ချာ- ကွန်ပြူတာ-နောက် သမိုင်း နဲ့  ဇီဝဗေဒ က ကိုယ်ကြိုက်တာယူပေါ့။
သင်ကြားပုံနည်းစနစ်က တကယ့် ကျောင်းသားဗဟိုပြု သင်ကြားနည်းပါ။
ဥပမာ- နိုင်ငံတနိုင်ငံ ဆင်းရဲ မွဲတေမှူဖြစ်ပွားတဲ့ အကြောင်းသင်ကြားရလျှင် ကျောင်းသားအစု- ၄-၅ ယောက် တစုဖွဲ့ ပြီး ကိုယ့်အမြင်ကို ဆွေးနွေးခိုင်းပါသည်။ ၁၀ မိနစ်ရှိတဲ့အခါ အဖွဲ့ ထဲမှ ခေါင်းဆောင်တယောက်က သူတို့ အဖွဲ့ က ရရှိတဲ့ အမြင်တွေကို ထပြောစေပါသည်- ကျန်လူတွေ နားထောင်ပေါ့- မေးခွန်းမေးရင် ဖြေသူက ဖြေရလေ၏။အဲဒီလိုဖြေဆိုအပြီး
မှာ ဆရာက သူ့ မြင်ကို ပြောပြလေ၏- မရှင်းရင်မေးပေါ့။ အဲဒီလိုသင်ကြားတော့ ကျောင်းသားလဲ တွေးတတ် -စဉ်းစားတတ်ရော ။မှတ်လဲမှတ်မိလွယ်- သဘာကျ မကျလဲ မြင်တတ်ပေ၏။ ကိုင်း ကောင်းပါသလဲခင်ဗျာ- ဒီထက်ကောင်းတာ တခုရှိသေးတယ်ဗျ- အဲဒါက ဘရိတ်ပေးချိန် ကော်ဖီ- လဘက်ရည် သောက်ဘို့  အတန်းထဲမှာ အပြည့်အစုံထားပေးခြင်းပင်။
မြန်မာကျောင်းသူ ကျောင်းသားများလဲ အဲဒီလို အခွင့်အရေးမျိုး ရရှိစေချင်လိုက်ပါဘိ။

PaPa said...

ွှအဲ့ဒီလိုပညာရေးစနစ်ကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရပါစေလို့ ဆုတောင်းပါတယ်..

ကိုစိုးပေ said...

မြန်မာပြည် ပညာရေး တိုးတက်ပြောင်းလဲဖို့ လမ်းစမမြင်မိသေးပါလား....

GG said...

ကိုကြီးသောင်း(အရာတော်)ဆောင်းပါးအား comment ပေးသော kogyikyaw (ကိုကြီးကျော်)
နှစ်စဉ်မြန်မာနိုင်ငံစာစစ်အဖွဲ့ကချပေးတဲ့အသုံးစရိတ်ဟာ လုံးဝမလောက်ငတဲ့အတွက်တက္ကသိုလ်ကစိုက်ပြီး လုပ်ငန်း အဆင်ပြေချောမွေ့အောင်လုပ်ခဲ့ရတာချည်းပဲ.ဆိုတဲ့စကားကိုပြောကြ၇အောင် နိုင်ငံတော်က စိုက်တာဟာ ပါမောက္ခချုပ်ကြီးများ စိုက်ရတာမဟုတ်ဘူးဆိုတာသိစေချင်ပါသည် နိုင်ငံတော်ပေးတဲ့ ဘတ်ဂျက်ထဲကမှ camp, code, Decode စတဲ့အကြောင်းအရာတွေပေါ်က ဘယ်လိုပါးပါးလှီးပြီးယူတယ်ဆိုတာ မသိဘူးဆိုရင်တော့ သိသိနဲ့ဖြောင့်ကွယ်ကွယ်တာပါ။ တကသိုလ်ဝင်တန်းစာမေးပွဲအမှားအယွင်းကြောင့် အရေးယူခံရတဲ့ ပါမောက္ခချုပ်ကြီးများ ယခုအချိန်ထိမ၇ှိသေးပါ၊ ဒါပေမဲ့ တကသိုလ်ဝင်တန်းစာမေးပွဲ နှစ်စဉ်မှားယွင်းတယ်ဆိုတာ ကိုကြီးကျော် အတွင်းလူဆိုရင် သိမှာပါ။ အောက်လက်(ဆရာ၊ဆရာမတွေဘဲထိုးကျွေးတာပါ ဥပမာ- ပါမောက္ခချုပ်ဒေါက်တာမောင်ထူးလက်ထက် မုံရွာတကသိုလ် မေးခွန်းပေါက်ကြားမှု)ပြီးတော သက်ဆိုင်ရာဌာနအသီးသီးကိုတင်းကြပ်စွာစစ်ဆေးစေပြီးမှာ ပါမောက္ခချုပ်ရုံးကြမှ အမှတ်စာရင်းတွေ အောင်စာရင်းတွေ ကြိုတင်အသိပေးရောင်းစား လုပ်စားနေကြတာတွေ ပုတ်သင်ဥပေါ်ကုန်ပါ့မယ်။ ကာရင်လည်းကြည့်ကျက်ကာကွယ်ပါ ။ ။ ကိုယ့်သမိုင်းကိုသိက္ခာရှိရှိလိပ်ပြာလှလှ ရေးချင်ကြရင်တော့ ယခုလက်ရှိ ပညာရေးဝန်ကြီးဒေါက်တာမြအေးကိုယ်တိုင်တောင် စာစစ်မှူးချုပ်ဘ၀ သိက္ခာရှိရှိလိပ်ပြာလှလှ ဖြစ်ခဲ့ရဲ့လား ကိုကြီးကျော်မန္တလေးတက္ကသိုလ်ဘက်ရောက်ရင်မေးကြည့်ပေးပါခင်ဗျား

aristhteinwin said...

ပြောရဦးမယ်ဗျ- ၁၉၉၅ လောက်က အိန္ဒိယ နယူးဒေလီရှိ ရှစ်လေးလုံးကျောင်းတိုက်ကို မြန်မာနိုင်ငံ အေးဂျင့်တခုက လူ-၁၀ယောက် ကျား၆- မ ၄ ယောက်ကို ကနေဒါ မှာ အလုပ်ရမယ်ဆိုပြီး တယောက် သိန်း ၃၀ ပေးပြီး ထွက်လာပါတယ်။ ဘွဲ့ ရ ကလေးတွေပါ-နယူးဒေလီ ကနေဒါ သံရုံမှာ ဗီဇာလျှောက်ရမယ်- သူ့ အသိ ကိုယ်စားလှယ်က လေယာဉ်ကွင်းလာကြိုမယ် ပြောပြီး လွှတ်လိုက်တာပါ- လာတော့ ကြိုတယ်။ ဒါပေမဲ့ လူ ၁၀ ယောက်ကို ဟိုတယ်တခုမှာ ထားပြီးတော့ ဗီဇာ လျောက်ဘို့ တယောက် ဒေါ်လာ ၁၅၀ စီပေးရမယ်ဆိုတောင်းပါလေရော- မြန်မာနိုင်ငံက ပြောလိုက်တာ ငွေပေးစရာမလိုဘူး- ဗီဇာ လက်ထဲရောက်မှ ပေး၇မယ်ဆိုလို့ မပေးနိုင်ဘူးငြင်းတော့ - မပေးရင် လုပ်မပေးဘူးပြောတော့ - ဘယ်သူ့ အဖေခေါ်ရမှန်းမသိတော့ဘူး။ နောက်ဆုံးဈေးဆစ်ရင်းနဲ့  တယောက် ၁၀၀ နဲ့  လေးထောင် ပေးလိုက်ရတယ်- ငွေယူပြီးတော့ ပေါ်မလာတော့ဘူး- သူပေးခဲ့တဲ့ လိပ်စာ ကဒ်အတိုင်းလိုက်တော့ လူမနေတဲ့ အိမ်ဖြစ်နေပါတယ်- နောက်ဆုံး ဘုန်းကြီးကျောင်းရောက်လာရော ဆိုပါတော့- ဒါနဲ့  စကားပြောရင်း ဆိုရင်းနဲ့  ဘာပြောဖြစ်ကြလဲဆိုတော့ ဂဂ အကြောင်းရောက်သွားတယ်။ အဲဒီမှာ တယောက်သော ဘွဲ့ ရ ကျောင်းသူလေးမေးတာက- ဂဂအရေးအခင်းဆိုတာ လွတ်လပ်ရေးပြီးမှလာတဲ့- ဘာပြောရမှန်းတောင် မသိတော့ဘူး။

COBRA said...

ငွေကြေးကောက်ခံလျှင် .. တိုင်ကြားရန် ... ဖုံးနံပါတ်များ ... ဒေသအလိုက်သတ်မှတ်ပေးသင်.ပါတယ် ၊

pusuuma said...

ဟုတ်ပါတယ် အခုဆို ၁၀တန်းစာ မေးပွဲက အမှတ်တောင်ခြစ်လို့ မပီသေးဘူး ဘယ်သူကဘယ်နှစ်မှတ်၇တယ်ဆိုတာသိနေပီ။နောက်ပီးတခုလောက်ပြောချင်ပါသေးတယ်။ တခါတုန်းကပေါ့အိမ်နားကခလေးတယောက်ကို သူတက္ကသိုလ်ကပြန်လာတော့မင်းက ဘာမေ၈ျာ နဲ့တက်နေတာလဲ ပြော တော့IC တဲ့ ဘာလဲ အိုင်စီဆိုတာ မေးတော့ ဟာာဗျာအိုင်စီပေါ့တဲ့ မြန်မာလိုကဘာလဲဆိုတော့ မသိဘူးတဲ့ ။တော်တော်ရယ်ရတယ်။နောက်တယောက်က တော့ ပထ၀ီတဲ့ ဟုတ်လားလို့။အင်္ဂလိပ်လို့ ဘယ်လို ခေါ်လဲမေးတော့ မသိဘူးတဲ့။ဒီလိုနဲ့ပဲ ကျောင်းတွေပီးဘွဲ့တွေ ရ ဓာတ်ပုံ တွေ ရိုက်ပီးအိမ်ရှေ့မှာ ချိတ်ထားပေါ့။အခုဆိုရင် ၁၀တန်းကျောင်းသားတချို့ဆိုရင် ဟထိုးနဲ့တစ်ချောင်းငင်တောင်ဘယ်ဘက်လှည့် မှန်းမသိသူတွေ၇ှိပါတယ်။ဒိလိုနဲ့ပဲ ၁၀တန်းအောင်ပြန်ရော ။ဘယ်လို မှသုံးစားလို့မရတဲ့ မျိုးဆက်သစ်တွေကို ပညာသားပါပါမွေးထုတ်ပေးနေတာ တော်တော်ကျေးဇူးတင်ဖို့ကောင်းနေပါပီ။တတ်သိကျွမ်းကျင်သူတွေ က ပြုပြင်ပေးစေချင်ပါတယ်။

genius said...

ငွေကြေးကောက်ခံလျှင် .. တိုင်ကြားရန် ... ဖုံးနံပါတ်များ ... ဒေသအလိုက်သတ်မှတ်ပေးသင်.ပါတယ် ၊ မနှစ်က အထက ၂ ၊ လှိုင်မြို.နယ် ၊ မှာ ဆင်းရဲရင် ၂ သောင်း ၊ အဆင်ပြေသူ ၁ သိန်း ၊ ကောက်တယ်ဗျာ ၊ ဘယ်ရမလဲ ၊ တိုင်တာပေါ. ၊.. ပိုက်ဆံကောက်တာရပ်သွားသဗျ ၊ နောက်တော.လည်း .......... ကလေးတွေက ငိုယိုပြီးတောင်းတယ် ၊ ငွေမထည်.ရင်ကျောင်းလည်းမတက်ဘူးဆိုတာနဲ. ၂ သောင်း ပေးလိုက်၇တယ် ၊ ဈေးဆစ်၇င် ငွေ ၂သောင်းမှ စေတနာမ၇ှိ၇င် ဒီကျောင်း လာမထားနဲ.တဲ.ဗျာ ။

True Angel said...

သွေးထွက်အောင် မှန်တယ်ဆိုတာ ဒါမျိုးကိုပြောတာပဲ.....ညီမ အသက် ၂၈ နှစ်ပါ...စာဖတ်တာ အရမ်းဝါသနာပါ
ပါတယ်...စာဆို ဈေးကထုပ်ပေးလိုက်တဲ့ ဂျာနယ်အပိုင်းက အစကောက်ဖတ်တတ်တာ အကျင့်ဖြစ်နေပြီ...ဒါပေမဲ့ ရွယ်တူတွေထဲမှာ စာဖတ်တဲ့သူက သိပ်ရှားသွားပြီ...တတ်နိုင်ရင် အားလုံးကို စာဖတ်ကျင့်လေး
လုပ်ကြည့်စေချင်ပါတယ်...စာဖတ်ခြင်းရဲ့ ကျေးဇူးက ဘာနဲ့မှလဲလို့မရပါဘူး

ko yeဲ said...

ငွေကြေးကောက်ခံလျှင် .. တိုင်ကြားရန် ... ဖုံးနံပါတ်များ ... ဒေသအလိုက်သတ်မှတ်ပေးသင်.ပါတယ်
ဟုတ်ပါတယ် အဲဒီ ဒေသကလူကြီးတွေကလဲ အဲဒီ ဒေသကျောင်းအုပ်ကြီးတွေနဲ့အဆက်အသွယ်မကင်းလို့ နေပြည်တော်ဖုံးနံပါတ်များ ပေးပို့လိုက်ပါတယ်ဗျာ ဆက်ဖြစ်အောင်ဆက်ကြပါ၊၊
Education,Ministry
OFFICE OF THE MINISTER
________________________________________

Head Of Office;Myo Nyunt,U
Phone: 40-7116 , Head Of Office;Myo Nyunt,U (Res.)
Phone: 40-3235 ,
Dy.Head Of Office;Win Swe,U
Phone: 40-7129 , Dy.Head Of Office;Win Swe,U (Res.)
Phone: 41-3212 ,
P.S.O to Minister;Aung Htike,U
Phone: 40-7404 , P.S.O to Minister;Khin Maung Htwe,U
Phone: 40-7405 ,
P.S.O to Dy.Minister;Khin Maung Myint,U
Phone: 40-7112 , P.S.O to Dy.Minister;Khin Maung Myint,U (Res.)
Phone: 41-3502 ,
P.S.O to Dy.Minister;Nyunt Shwe,U
Phone: 40-7118 , P.S.O to Dy.Minister;Nyunt Shwe,U (Res.)
Phone: 41-3502 ,

မမ said...

မမ
ရန်သူမျိုး (၆) ပါးဖြစ်နေတာတော်တော်ကြာနေပါပြီ။တစ်ပါးကဆရာမတွေပါ။ကောင်းသောဆရာမများကိုမဆိုလိုပါ။

zin min said...

ဒီလောက်ကောင်းတဲ့ပညာရေး ဘယ်နိုင်ငံမှာမှမရှိပဲ မြန်မာ တနိုင်ငံထဲမှာရှိနေတာကို က ဂုဏ်ယူရမလိုတောင်ဖြစ်နေပြီ ....

ဒီစနစ်မပြောင်းလဲသမျှတော့ မြန်မာပြည်သူပြည်သားတွေ စာတကယ်တတ်တဲ့သူ ရှားပါးလာမှာပါပဲ .... ပြည်ပ မှာကျောင်းတက်နိုင်သူအချို့က လွဲရင်ပေါ့ ...

nwenwe said...

မူလတန်းကစလို့ စဉ်ဆက်မပြတ်အကဲဖြတ်စနစ် ဖျက်သင့်တယ်၊ တလစာချင်းစီ ဖြေရတော့ကလေးစာမတတ်ဘူး ၊ ပေါ့ပျက်ပျက်နိုင်တယ်။
regional နဲ့ ၁၀တန်း ပေါင်း ပြန် ဆုံးဖြတ်သင့်တယ်၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အချိန်ကောင်းပေါ့။

yehuttin said...

ပညာရေးဆိုတာတိုင်းပြည်အနာဂတ်ကိုဦးဆောင်မည့်ခလေးသူ
ငယ်များအားအသိပညာပြုစုပျိုးထောင်းပေးခြင်းအရာဖြစ်ပါသည်။
ထိုသူခလေးသူငယ်အနာဂတ်ကြယ်ပွင့်များအားပေးသောအရာမ
ကောင်းလျှင်တိုင်းပြည်အနာဂတ်ကကောင်းနိုင်ပါ့မလား။သက်ဆိုင်
သူများချင့်ချိန်လုပ်ဆောင်ရန်ပြောကြားလိုပါသည်။

redlight said...

အလွန်ကောင်းတဲ့ စာလေးပါဗျာ ... မှန်လည်းမှန်ပါတယ်ဗျာ ... ကိုကြီး အောင်ဒင်ရေ အကိုပြောတာ ကိုဖတ်ကြည့်တော့ ကျွန်တော့်အတွေးလေးပါ မှားရင်ခွင့်လွတ်ပါ ကျွန်တော် 10 တန်းထိ ဘာဝါသနာပါမှန်းမသိဘူးဗျ ....တုံးလို့နဲ့တူတယ်ဗျာ.. အဲ အလယ်တန်းလောက်ထဲက ကိုယ်ဝါသနာပါတာယူကြဆိုရင်တော့ မလွယ်လောက်ဘူးထင်တယ်ဗျာ ... ဟီ ဟီ ။ မြန်မာတွေ ဗုဒ္စစာများများဖတ်ပြီး ပညာတတ်တွေ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း အမှားပါရင်ခွင့်လွှတ်ပါ ....

naydonzaw said...

အင်း. လွဲနေမှန်းတော့သိတယ် ဘာတွေလိုအပ်နေတယ်ဆိုတာသာအဖြေ
ရှာမရတာ. အခုလိုကိုကြီးသောင်းပြောပြမှပဲ ကွင်းကွင်းကွက်ကွက်မြင်တော့တယ်
တာဝန်ရှိသူတွေကောသိလောက်ပြီထင်တယ်နော်ကိုကြီး

Powered by Blogger.