အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

"လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုသော အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ"

တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။
ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။
''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။
ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။
Popular Myanmar News Journal
အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ Reviewed by သစ်ထူးလွင် on 16:25 Rating: 5

34 comments:

pyaponthu said...

ထိထိရောက်ရောက်အရေးယူသင့်တယ်။

မောင်သစ္စာ said...

ကားပေါ်မှာ ရှိတဲ့လူတွေနဲ့ ကားမှတ်တိုင်မှာ ရှိတဲ့ လူတွေထဲမှာ မြန်မာတွေ မပါကြဘူးလား။ ခြေတွေ လက်တွေ မရှိကြဘူးလား။ ကိုယ်မျက်စိအောက်မှာ မိန်းကလေးတွေအပေါ် ခုလို နှိပ်စက်နေတာကို ဒီအတိုင်းကြည့်နေဖို့ မဟုတ်ပါဘူး။
တစ်ယောက်တစ်လက် ၀ိုင်းပြီး သမ ကြရမှာ ဖြစ်ပါတယ်။ သေအောင် လုပ်ဖို့ မဟုတ်ဘူး။ မှတ်လောက် သားလောက်အောင် ဗျင်းပေးလိုက်ရမှာ။
ရဲဆီရောက်သွားလို့ကတော့ သူတို့က ငွေလဲတတ်နိုင်၊ နိုင်ငံခြားသားလဲ ဖြစ်နေပြန်ဆိုတော့ ဘာမှ ဟုတ်တိပတ်တိ အရေးယူမယ်လို့ မထင်ပါဘူး။

devil said...

အဲတရုတ်ကို ထိထိရောက်ရောက်အရေးယူပေးကြပါ။ တရုတ်တွေတော်တော်များနေပြီ။ သူတို့ နိုင်ငံမှာ သွားလုပ်တဲ့ ဒို့နိုင်ငံသားတွေကိုလဲ သူတို့နိုင်ငံမှာ စော်ကား ဒီမှာလဲ စော်ကား .. တော်တော်လွန်နေပီ။ သူတို့မှာ လူစိတ်မရှိကြတော့ဘူး။။။ ငွေ စိတ်ပဲရှိတော့တယ်။

PwaG said...

မိုက်ရိုင်းတဲ့တရုတ်ကိုထိရောက်စွာအရေးယူပါ။
သူများနိုင်ငံလာပြီးလူကြားထဲမှာမိန်းကလေးတွေ
ကိုဒီလိုကိုယ်ထိလက်ရောက်ဆော်ကားရဲ
လောက်အောင်ဒီဆောက်တရုတ်ကဘာကောင်လဲ၊၊၊
ကြုံတုန်းလေးထိထိရောက်ရောက်လေး
အရေးယူပေးကြပါ။

babyguy said...

ကြည့်၇ပါဦးမယ်...ဟိုအမှုလိုတော့ပြန်တရားစွဲနေမှ.....
အဲဒီနိုင်ငံသားကိုထိထိရောက်ရောက်အရေးယူပေးပါ...

myo kyaw said...

သူတောင်းစား ထိုင်ဝမ် နိုင်ငံသား က မြန်မာနိုင်ငံထဲ လာပြီး စော်ကားနေတယ်....ထိရောက်စွာ အရေးယူပေးပါ၊

Unknown said...

ထိုင်ဝမ်နိုင်ငံသား မြန်မာတရုတ်လား။မြန်မာမှာမွေးတဲ့တရုတ်ဆိုရင်.... ဒီကောင်တွေ မြန်မာမှတ်ပုံတင်ကိုလည်း ကိုင်ထားတတ်ကြတယ်။ လူဝင်မှု့ကြည့်ကြပ်ရေး ဥပဒေနဲ့ပါ အရေးယူနိုင်အောင် လုပ်သင့်တယ်။

တောသားကြီး said...

စံပြအဖြစ် သေဒဏ်ပေးသင့်တယ်။ အမျိုးဘာသာ စော်ကားမှု။

တို့ခေတ် said...

မြန်မာ မိန်းခလေး သုံးယောက် ကို လူကြားထဲမှာ နိုင်ငံခြားသားတယောက်က အခုလို စော်ကားတာကို ဘယ်လို အရေးယူမလဲ စောင့်ကြည့် ရအုံးမယ်။

ရှမ်းလေး said...

ဘာမှ လုပ်မနေပါနဲ့ .. တရုတ်တွေဆိုတော့ အေးအေးဆေးဆေး ပြန်ပို့ပေးလိုက်ကြပေါ့ .......အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကိုတောင်မှ ပြန်ပြီး တရားစွဲချင် စွဲနေကြဦးမှာ ..အလုပ်သမား ၀န်ကြီးတွေကလဲ စားတုံးက စားခဲ့တော့ မ၀င်ရဲကြဘူး ...

ကြယ်ပြာ said...

ကောင်းတယ် ... မြန်မာပြည်မှာနေပြီး မြန်မာနိုင်ငံသားကို ကိုယ်ထိလက်ရောက်စော်ကားတာ နည်းတောင် နည်းသေးတယ် ...

jupitar said...

သူတောင်းစားတွေမြန်မာပြည်လာပြီလူပါးဝနေတယ်...မြန်မာပြည်သူလူထုကိုဘာများမှတ်နေလဲ...မင်းမေကိုမင်းရိုက်ပါလားသူတောင်းစားတရုတ်တွေ..တော်တော်လူပါးဝနေပြီ

Anonymous said...

ဒီတစ်ခါ ၁၀၀၀နဲ့ပြီးသွားရင်တော့ တရုပ်မြန်မာအရေအခင်းပဲ

Unknown said...

ပြင်းပြင်းထန်ထန် အေ၇းယူပေးမှ နောင်မလုပ်၇ဲမှာ ဖြစ်ကြောင်းတင်ပြအပ်ပါသည်

Thurein said...

ဒီတရုတ်တွေက ကိုယ့်နိုင်ငံမပာုတ်ဘဲတောင် ဒီလောက်အတင့်ရဲနေရင်တော့ သူတို့နိုင်ငံမှာသွားအလုပ်လုပ်တဲ့ သူတွေတော့ ဘယ်လိုများနေမလဲ မသိဘူး။ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ သေသေချာချာ စစ်ဆေးအရေးယူသင့်ပါတယ်။
www.academicmedicines.blogspot.com

jflower said...

မြန်မာကျပ်ငွေ ၁၀၀၀ လျော်မယ့်ကောင် တစ်ကောင် ထပ်တိုးလာပြန်ပြီကော။တရားရေးရာဌာနတော့ တော်တော်ထောတော့မယ့် အလားလာဘဲ။

မုန်တိုင်း said...

အဲ့ကောင် ကိုယ်ထိလက်ရောက် စော်ကားနေတဲ့ အချိန် ဘေးနားမှာရှိတဲ့ လူတွေက ဒီတိုင်းကြည့်နေကြတာပဲလား... ကိုယ့်နိုင်ငံမှာ ကိုယ့်နိင်ငံသားကို နိုင်ငံခြားသားက စော်ကားတာ ရင်နာဖို့ ကောင်းလိုက်တာကွာ အဲ့လိုကောင်မျိုး နေရာမှာတင် ဆုံးမ ပြစ်လိုက်ရမှာ..

မုန်တိုင်း said...

အဲ့ကောင် ကိုယ်ထိလက်ရောက် စော်ကားနေတဲ့ အချိန် ဘေးနားမှာရှိတဲ့ လူတွေက ဒီတိုင်းကြည့်နေကြတာပဲလား... ကိုယ့်နိုင်ငံမှာ ကိုယ့်နိင်ငံသားကို နိုင်ငံခြားသားက စော်ကားတာ ရင်နာဖို့ ကောင်းလိုက်တာကွာ အဲ့လိုကောင်မျိုး နေရာမှာတင် ဆုံးမ ပြစ်လိုက်ရမှာ..

ko yeဲ said...

အရေးယူရမယ် ထိထိရောက်ရောက် အရေးယူရမယ်၊
ကိုယ့်နိုင်ငံသားကို ကိုယ်ထိလက်ရောက်ဆော်ကားတာ ပေါ်လွင်နေတာပဲ ထိထိရောက်ရောက်ကို အရေးယူရမယ် ဘာမှကြောက်စရာမလိုဘူး
တစ်ခုမှာချင်တာက ဟိုနာမည်ကြော်မင်းသမီးလိုတော့ မလုပ်နဲ့နော်

tintaye10 said...

ဉပဒေအတိုင်းထိရောက်စွာအပြစ်ပေးပါ။

myint soe said...

နီးစပ်သူများ ဆက်လက်စောင့်ကြည့် ပေးကြပါခင်ဗျား။ လာဒ်ထိုးပြီး လွတ်သွားမှာစိုးလို့။
ဘယ်လို ပြစ်ဒဏ်ချလိုက်တယ်။ ဘယ်မှာ ချုပ်ထားတယ်။ သိချင်ပါတယ်။

မြင်းခြံသူလေ said...

ထောင်ချသင့်တယ်

minthike said...

လူ့ အခွင့်အရေးအပြည့်အ၀ရှိတဲ့ နိုင်ငံတွေမှာဆိုရင်တော့ ဒီတရုတ်ကတော့ ပွဲကြီးပွဲကောင်းပဲ။ မြန်မာနိုင်ငံမှာက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမယ်။ တို့ နိုင်ငံသားတွေက တရုတ်ရိုက်လည်းခံ၊ ကုလားရိုက်လည်းခံ၊ ဂျပန်ပါးရိုက်လည်းခံ တခံတည်းခံနေရတော့တာပဲ။ အစိုးရဆိုတာကလည်း အဖော်မပါပဲ အိမ့်အပြင်တောင်ထွက်ရဲတဲ့ သူတွေမဟုတ်ဘူး၊ ဗိုလ်ချုပ်ပြောခဲ့တဲ့ မျက်နှာမျိုးတွေနဲ့ ပေါ့။ ဒီတော့လည်း ကိုယ်နိုင်ငံသားတွေပဲ ဆက်ပြီး နိုင်ငံခြားသားတွေရဲ့ ပါးရိုက်နားရိုက်ခံပေးနေရဦးမယ်နဲ့ တူပါတယ်လေ။

minthike said...

နောက်တခါလာကြည့်ဘို့ ဆိုတာ မဖြစ်နိုင်ပါဘူးသူငယ်ချင်းရယ်။ ၂၄ နာရီပြည့်မှ ပြန်လာလို့ ရမှာပါ။ အချိန်နဲ့ လုဖတ်၊ လုရေး နေရတာလေ၊ နောက်နေ့ အလုပ်သွားဘို့ ပြင်ဆင်ရဦးမယ်လေ။

ဖိုးသူတော် said...

ကွန်မန့် ထဲမှာဘဲ လသာမနေကြပါနဲ့  ။ တို့ နိုင်ငံကိုလာပြီး တို့ နိုင်ငံသားတွေကို စော်ကားနေကြတဲ့ တယုတ် ကုလား များကိုမျိုးဖြုတ်ချေမှုန်းကြပါစို့ ၊ တယုတ် ကုလားများကို အကာအကွယ်ပေးတဲ့ ထက် အောက် ၀န်ထမ်းများကိုပါ ချေမှုန်းရမှာဖြစ်ပါတယ်။

Anonymous said...

တယုတ်ဆိုရင်ဘယ်တယုတ်မှမကောင်းဘူး၊ဒို့နိုင်ငံထဲလဲစီးပွားလာရှာသေးတယ်၊ဒို့ကိုလည်းစော်ကားသေးတယ်၊အဲဒီတယုတ်ကို
ထောင်ချ၊ပြီးရင်ပြည်နှင်ဒဏ်ပေးလိုက်ပါ။တဖက်ကကြည့်ပြန်တော့
လည်းတယုတ်အားကိုးပုဆိန်ရိုးတွေကြောင့်အခုလိုအဖြစ်မျိုးတွေ
ဖြစ်နေရတာ။ပြည်တွင်းမှာလည်းအခုလိုခံရ၊တယုတ်ပြည်ထဲမှာ
လည်းမြန်မာတိုင်းရင်းသူတွေတယုတ်မယားငယ်တွေဖြစ်ကြရ၊
စေ့စေ့တွေးလေအသဲနာဒေါသထွက်လေဘဲ။

ကနီသား said...

အရိုးစွဲနေတဲ့အကျင့်တွေကို အရင်ဖျောက်ကြပါ...ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ...ပြီးမှ ပြောပါ...

B I G E Y E S B I G E A R S said...

မြန်မာအမျိုးသမီးတယောက်က၊ နောက် မြန်မာအမျိုးသမီး ကိုပါးရိုက်လျှင်၊ ဒဏ်ငွေ တစ်ထောင်ကျပ် ဆောင်စေ။ ဂျပန်နိုင်ငံသား က မြန်မာအမျိုးသမီးအား ပါးရိုက်လျှင်၊ ယင်းဂျပန်က မြန်မာအမျိုးသမီးအား၊ ပါးရိုက်ခြင်းအထ မြောက်စေမှုနဲ့ တရားစွဲစေ [ဆရာတို့က ဂျပန်သတင်းသမား ကို ပေါ်တင်ကြီး သေနတ်နဲ့ပစ် ထားဒါကို ဒါလောက်တော့ရှိမှာပေါ့။ အောင်မယ် ..အဲဒီတုံးက၊ ပစ်မိန့်ပေးတဲ့ ဆရာ တောင်၊ အခုလွှတ်တော်ထဲမှာ အညိမ့်သား ဝင်ထိုင်လို့၊ အန္တရာယ်ရှိတယ်နော်။] ရခိုင်ပြည်မှာ ကုလားတွေက ရခိုင်မလေးကို မုဒိန်းဝိုင်းကျင့်ပြီး၊ သတ်ပြစ်လိုက်တယ်၊ တာဝန်ရှိသူတွေ ထိုကုလားများထံမှ၊ ကြေးပြားများယူပြီး တခြားသော တွေ့ကရာလူကို ဆွဲ၍ ထောင်သွင်းစေ။ အခုလည်း တရုပ် (ဝါ) တယုတ် တဲ့၊ ပါးရိုက်ပြန်ပြီ လက်သံပြောင်ကြလှချီလား။ မြန်မာပြည်မှာ ဥပဒေမဲ့နေသလို ဖြစ်နေပြီလား။ ဒါဆိုလည်း မက်ဆီကို၊တက္ကဆက်မှာလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြည့် ရှင်းစေလိုပါသလား မသိ။ အချုပ်အားဖြင့်ပြောရလျှင် "ဆင်းရဲခြင်၏ကြောင်းတည်း"

Unknown said...

အော်ဒို့မြန်မာတွေအာပဲရှိတော့တယ်နော်ဟိုနိုင်ငံသားပါးရိုက်တာခံဒီနိုင်ငံသားပါးရိုက်တာခံနဲ့ရှက်ဖို့ကောင်းတယ်ကိုယ်လူမျိုးအချင်းချင်ကျတော့သတ်လိုက်ကျတာ လူမျိုးရေးစိတ်ဓာတ်တစက်မှမရှိတော့ဘူး

mad dog said...

ဟေ့ အဲဒီနားမှာ မြန်မာလူမျိုးတယောက်မှ မ၇ှိကြဘူးလားကွ။ ၀ိုင်းကိုင်လိုက်ကြပါလား။ ငါလည်းတ၇ုပ်သွေးပါတယ် ဒါပေမယ့် ဒီလိုတယုတ်မျိုးကိုတော့ လက်မခံနိုင်ဘူး ကိုင်သာဝိုင်းကိုင်ပစ်ကြကွာ။

Unknown said...

ကားပေါ်မှာနဲ့ မှတ်တိုင်နားမှာ မြန်မာလူမျိုးတွေမရှိကြတော့ဘူးလား....ဘာလဲ ဟိုရပ်ကွက် ဒီရပ်ကွက် ဟိုဘက်လမ်းနဲ့ဒီဘက်လမ်းမှာ နေတဲ့ ကိုယ့်လူမျိုးအချင်းချင်းကြတော့ နည်းနည်းလေးတောင်မှ အထိပါးမခံကြဘူး သတ္တိတွေရှိနေလိုက်ကြတာ......ဟော အခုကြည့်လေ တစ်ခြားနိုင်ငံသားတစ်ယောက်က ကိုယ့်မြန်မာအမျိုးသ္မီးလေးတွေကို ကိုယ်ထိလက်ရောက် စော်ကားနေတာကြတော့ ဘာလို့ဒီလောက်တောင် သွေးကြောင်နေကြတာလဲ ရှက်ဖို့ကောင်းလိုက်ကြတာ မြန်မာအမျိုးသားကြီးတို့ရေ.....ဇာတိသွေး ဖာတိမာန်တွေက တယုတ်ကြောက်ဖို့မဟုတ်ဘူးဆိုတာ သတိမှရကြသေးရဲ့လား.....အစိုးရ နဲ့ စစ်ခေါင်းဆောင်တွေက တယုတ်ကိုကြောက်တိုင်း တို့ပြည်သူလူထုက လိုက်ကြောက်စရာမလိုဘူးကွ.....ဒါဒို့ပြည် ဒါဒို့မြေ ကွ........

pyonecho said...

ဒုတိယအကြိမ် တရုပ်-မြန်မာ အရေးအခင်း ပြန်လုပ်သင့်ပြီ မိတ်ဆွေတို့ရေ

Unknown said...

မိဘ က တစ်ချိန်လုံးဆဲဆို၇ိုက်နှက်ခံရတဲ့ ကလေးတစ်ယောက်လို ပါပဲ
နောက်ဆုံး ကိုယ့် သွေးရင်းသားချင်း ကိုစော်ကားနေတာတောင် မှ ၀င်မကူရဲတဲ့ အခြေအနေ ပါ။ သေချာတာက အဲနေ့ က အဲတရုတ်ကိုဝင်ရိုက်မယ့် မြန်မာရှိခဲ့ရင်တောင် အဲ မြန်မာကိုပဲ ကျွန်တော်တို့ ရဲ့ မြန်မာရဲ က မြန်မာတရားသူကြီးက ကောင်းကောင်းကြီးနိပ်ကွပ်မယ်ဆိုတာပါပဲ။ ဒီခံစားချက်ကိုက ကျွန်တော်မပြောလည်း မြန်မာတွေရင်ထဲမှာ ရှိနေကြလို့ မကူရဲ မပြောရဲ ငြိမ်ခံနေကြရတာပါပဲ။

Anonymous said...

မှားတာပဲလုပ်လုပ်....မှန်တာပဲလုပ်လုပ်.....လက်ပါတာတော့မကောင်းပါ....ထိရောက်စွာအရေးယူသင့်ပါတယ်.......

Powered by Blogger.