ဘာကြောင့် NLD က ကျမ်းကျိန်စာသားပြင်ခိုင်းနေရတာလဲ?
ပြီးခဲ့တဲ့ နှစ်က  အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ စိမ်းလဲ့ ကန်သာ အစိုးရဧည့်ဂေဟာမှာ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
 နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ သွားရောက်တွေ့ဆုံပြီး ပူးတွဲ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ကြိုဆိုလျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က သတင်းစာ ဆရာတစ်ဦးရဲ့ မေးမြန်းချက် ကို ဖြေကြားပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာ သတင်းဌာနက ဦးအောင်သန်းထွန်းက “ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲကို ဝင်လာဖို့ နည်းစနစ် (Technically) အရ အဆင်မပြေဘူး ဖြစ်နေပါတယ်။ အစိုးရဖက်က အဲဒါကို အဆင်ပြေအောင် လုပ်ပေးနိုင်ပါသလား” လို့ ပြည်ထောင်စုဝန်ကြီးကို မေးမြန်းခဲ့တာပါ။ အဲဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင်ပြီး လာမယ့် ရွေးကောက်ပွဲအမှီ ဝင်ဖို့ရှိပါသလား၊ ကိုယ်တိုင် ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလားလို့ ဆက်လက် မေးမြန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံထားပြီးသားပါ။ ဒီလို ရွေးကောက်ပွဲ ဝင်ပုံဝင်နည်း အခြေအနေ၊ အခင်းအကျင်းတွေကိုပဲ ကျွန်မတို့က ကြည့်မှာဖြစ်ပါတယ်” လို့ ပြန်လည် ဖြေကြားပါတယ်။ အဲဒါအပြင် ၎င်းရွေးကောက်ပွဲ ဝင်ဖို့အတွက် ကိစ္စမှာ အလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရဦးမှာ ဖြစ်ကြောင်း၊ အဲဒီလို တင်ပြပြီးမှသာ ဘယ်လိုဖြေရမယ်ဆိုတာ သိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေကို ဦးအောင်ကြည်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ ညှိတဲ့ကိစ္စမှာ လွှတ်တော် နှစ်ရပ်စလုံးက သေသေချာချာ မလေ့လာဘဲ လက်ခံပေးလိုက်တဲ့ ကိစ္စမှာ ကျမ်းကျိန်တာပြင်ပေးတာလဲပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ရွေးကောက်ပွဲဝင်ဖို့ တောင်းဆိုတဲ့အချက်တွေလိုက်လျောပေးရာ မှာ သမ္မတဦးသိန်းစိန် အစိုးအဖွဲ့ တဖက်ထဲက လိုက်လျောပေးလိုက်တာမဟုတ်ပါဘူး၊ အဲ့ဒီကိစ္စကို ဦးအောင်ကြည်က အမျိုးသား လွှတ်တော်နဲ့ညှိ၊ အမျိုးသား လွှတ်တော် ကအတည်ပြု့ပေးပြီး ၊ ပြည်သူ့လွှတ်တော်က ထပ်စိစစ်အတည်ပြု့ပေးလိုက်တာဖြစ်ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်မှတ်တမ်းမှာပါ ပါလာမှာဖြစ်လို့တရားဝင်မဝင်စဉ်းစားကြည့်လို့ရပါတယ်။
ဒါကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  က ဥပဒေကြောင်းအရ မလိမ့်တပါတ်လုပ်ထားတဲ့ ပြည့်ခိုင်ဖြိုးအစိုးရနဲ့ လွှတ်တော်ကို ရစ်နေတာပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်  ကို အဲ့ဒီကိစ္စ မေးတဲ့ video clip တခုမှာဒေါ်စုက ဒါ ဥပဒေကြောင်းအရ issue ၊ ဥပဒေပညာရှင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ပိုဆိုင်တယ်၊ ၊ဦးဥာဏ်ဝင်း ကိုမေးပါလို့ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြောသွားတာကို တွေ့ ရမှာပါ NLD လွှတ်တော်မတက်တဲ့ပြသာနာ ရဲ့ rootcause က စကားလုံးဆိုင်ရာ ပြဿနာမဟုတ်ဘူး၊ ပြင်ပေးပါမယ်လို့ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တဲ့ကိစ္စကို မပြင်ပေးနိုင်တော့လို့ ဥပဒေကြောင်း အရ ထောက်တာပါ။
ဥပဒေပြု့မဏ္ဍိုင်လွှတ်တော်ရဲ့ ပြီးစလွယ်တရားဝင်အတည်ပြု့လိုက်တဲ့အမှားကိုထောက်တာ။ လွှတ်တော် နှစ်ရပ်စလုံးက တရားဝင်လက်ခံပေးလိုက်တာ တရားဝင်ဖြစ်လို့ Rule of law အပိုင်းနဲ့လဲဆိုင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့  နံနက် ၉ နာရီခွဲမှာ အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ----
ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲမှာ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုလည်း ပြောကြားသွားပါတယ်။၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့တယ်။ သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသော ရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
သစ်ထူးလွင်
ဒီဆောင်းပါးကို ဝေဖန်အကြံပြုလိုသူများအတွက်- အောက်ပါ တိုင်းရင်းသားလွှတ်တော်အမတ်များ နဲ့ မေးမြန်းထားတဲ့ ရုပ်/သံ ထဲမှ ဒေါက်တာအေးမောင် ပြောကြားချက်နဲ့ တခြား တိုင်းရင်းလွှတ်တော် အမတ်တွေရဲ့ ပြောကြားချက်တွေကို နားထောင်ပြီးမှ မှတ်ချက်ပေးပါက အထောက်အကူဖြစ် နိုင်ပါသည်။
ဘာကြောင့် NLD က ကျမ်းကျိန်စာသားပြင်ခိုင်းနေရတာလဲ? ဘာကြောင့် NLD က ကျမ်းကျိန်စာသားပြင်ခိုင်းနေရတာလဲ? Reviewed by သစ်ထူးလွင် on 03:50 Rating: 5
45 comments:
ကိုကိုထွေ said...
အန်အယ်ဒီ ဘက်ကလူကြီးတစ်ယောက် ကလည်း ကျမ်းကျိန်စာသားမှာ ပါတဲ့စကားလုံးကို သတိမပြုမိလိုက်တာကို ဝန်ခံတာ ဗွီဒီယိုကလစ်တစ်ခုမှာ သတိပြုမိလိုက်ပါတယ်။နှစ်ဘက်လုံး လျှမ်းတာပါ။အစိုးရဘက်တစ်ခုထည်းက လျှမ်းတာဆိုရင် ဒီကိစ္စကို အန်အယ်ဒီက ဖိပြောလို့ရတယ်။ဒီလောက်အထိ ခက်နေစရာမလိုဘူး။ဒါကို ကြံဖွတ်အမတ်တွေက သူ့အမှားသူ ထုတ်မပြောပဲ ရှောင်ရှောင်ပြောနေတာ။တစ်ကယ်တော့ နှစ်ဘက်လုံးမှားတယ်ဆိုလည်း လက်ရှိပြင်ပေးပိုင်ခွင့်ရှိနေတဲ့လူက ပြင်ပေးရမယ့် ကိစ္စပါပဲ။ဒါကိုကြန့်ကြာနေအောင်တော့ မလုပ်သင့်ဘူးပေါ့။
The Nature Myanmar said...
ကိုသစ်ထူးလွင်...သိပ်ကိုကျေးဇူးတင်သွားပြီ...
ကျနော် ယုံကြည်ချက်တစ်ခုကို ဆုတ်ကိုင်ထားမိတာ...မှားသွားပြီလို့
ကောက်ချက်ဆွဲမိတော့မလို့...
NLD ဟာ နေရာယူချင်လို့ လွှတ်တော်နိုင်ငံရေး ၀င်တာ မဟုတ်ဘူး...ပြည်သူကို အလုပ်အကျွေးပြုချင်လို့ ....
လွဲချော်နေတဲ့ စနစ်ကို ပြုပြင်တည့်မတ်ပေးချင်လို့
ရွေးကောက်ပွဲဝင်တာလို့ ...စံနှုန်းမှီ ဒီမိုကရေစီ စနစ်ကို သွားချင်လို့ ဖြစ်မယ်...သူများ ပြောသလို စကားလုံးလေးကို တွယ်ကပ်နေတာ မဖြစ်နိုင်ဘူး...
တစ်ပြားချင်းကို တန်ဖိုးထားတတ်မှ...တစ်ဘီလျံကို တန်ဖိုးထားတတ်မှာပေါ့...
NLD ခြေလှမ်းမှားသွားပြီတဲ့...တချို့ ELITE တွေက ပြောကြတယ်...
ဒီတစ်ချီ ကျနော် IDEA ကွေးသွားပြီထင်တာ...
ကိုသစ်ကို ကျေးဇူးတင်ပါတယ်...
Anonymous said...
ကြံ့ဖွံ့ပါတီက အတွင်းရေးမှူးဖြစ်တဲ့ ဦးဌေးဦး ၊ ဦးအောင်သောင်း တို့နောက်ဆုံးပြောသွားတဲ့စကားတွေကို ပြန်ကြည့်ရင် NLD ကတောင်းဆိုတဲ့
ဖွဲ့စည်းပုံဥပဒေပါ နောက်ဆက်တွဲဇယား(၄)ကျမ်းကျိန်လွှာပါ စကားရပ်များကို
အမှားပြင်အနေနဲ့ ပြောင်းလိုက်ရင် လွယ်လွယ်လေးပါ....
လွယ်တာကို ခက်အောင်လုပ်နေတဲ့ ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေ ...
အရည်အချင်းမရှိတာကို သိသာမြင်သာလျက်ရှိပါတယ်...
ကျွန်တော်ထင်တာတော့ ကြားဖြတ်ရွေးကောက်ပွဲမှ မရှုမလှရှုံးသွားလို့..
ရှုံးမဲမဲနေတာဖြစ်တယ်... (၂၆)ရက်နေ့က အီတလီနိုင်ငံခြားရေးဝန်ကြီး
နဲ့ ဒေါ်စုနဲ့ တွေ့တုံးက ဒေါ်စုပြောတဲ့စကားတွေဟာ တချက်ခြင်း
အဓိပ္ပါယ်ရှိပြီး ဦးဌေးဦးတို့ အောင်သောင်းတို့ကို ပညာသားပါပါ
တုံ့ပြန်လိုက်တယ်လို့ မြင်ပါတယ်....ကျေးဇူးတင်ပါတယ်...
ကိုသစ်ထူးလွင်ရှင်းပြတာ သိတ်ကောင်းပါတယ်....
လင်းသစ် said...
ကျေးဇူးပဲ ကိုသစ်ရေ...
အဲဒီလိုလေးလဲ လုပ်ပါဦးဗျ...
တြိရတနာ said...
ကိုသစ်ရေ အခုလို ရှင်းလင်းတဲ့ ရှင်းလင်းချက်ကို ဖွင့်ပြတာကျေးဇူးပါ။ကျွန်တော်ကတော့ အမေစုရဲ့ အသိုင်းဝိုင်းနဲ့အဖွဲ့ လုထုအပေါ်ထားတဲ့ စေနတာတွေကြောင့် ဘယ်အရာကလူထုကို ထိခိုက်စေနှိုင်တယ်ဆိုတာ အများအကျိုးသယ်ပိုးသူတိုင်း အတိုင်းအတာအလျှောက်သိကြမှာပါ ဒါကြောင့်အတိမ်းမစောင်းပဲ အမေစုကို ယုံကြည်နေလျှက်၊၊၊၊၊၊၊၊၊၊၊ လိုအပ်ချက်မှန်သမျှ ကိုယ်တိုင်ကရလိုမှ လုပ်ပါမှ ရမှာပါ။ဘုရားကိုတောင် အားကိုးလို့မရပါဘူး။ဘုရားဟောတာတွေ လိုက်လုပ်ကျင့်ကြံပါမှ အားထုတ်ပါမှ လွှတ်လမ်းရှိတာပါ။
wi wi said...
ကျေးဇူးပါဗျာ အမေစုပေါ်မှာအမြင်မှားသူအချို့ နားလည်ပါစေ အမေစုနဲ့NLD
ကိုဘယ်အခြေနေဖြစ်ဖြစ်ဝန်းရန်နေမှာပါ ကြံ့ဖွက်လူကြီးမင်းများလည်းပြည်သူအတွက်ဆိုပြီးအသံကောင်းဟစ်မနေပဲစိတ်ကောင်းလေးနဲနဲမွေးပြိးပြည်သူတွေအတွက်အမှန်အကန်လုပ်ပေးပါအုံးဗျာတခါလောက်များကျေးဇူးတင်စကးလေးပြောချင်လိုပါ
SOE TINT said...
တော်တာကိုတော့ တော်တယ်လို့ထောပနာပြုခွင့်ပေးပါ
ကိုကို said...
ကောင်းတယ် အမေ ကြိုက်သလိုသာလုပ်.ဘာလုပ်လုပ်ထောက်ခံတယ်.
ဘာပဲဖြစ်ဖြစ်စောင့်တော့မယ်.အကောင်းဆုံးဖြစ်ပါစေ.
clementzaw said...
ကျေးဇူးပါဗျာ အမေစုပေါ်မှာအမြင်မှားသူအချို့ နားလည်ပါစေ အမေစုနဲ့NLD
ကိုဘယ်အခြေနေဖြစ်ဖြစ်ဝန်းရန်နေမှာပါ
Lion King said...
အမေရဲ့ ခေါင်းဆောင်မှုအပိုင်းအရည်အချင်းဟာ ကမ္ဘာ့အဆင့်ဖြစ်နေပါပြီ။
အမေကိုယုံကြည်ပါတယ်။
NLD ပါတီလွှတ်တော်ထဲမှာမြင်ရဖို့စိတ်ရှည်ရှည်နဲ့ စောင့်နေပါမယ်။
ကြံဖွံ့အနေနဲ့လည်းကုသိုလ်ကောင်းမှုလုပ်တယ်လို့သဘောထားပြီး
ပြေလည်အောင် လုပ်ပေးစေချင်ပါတယ်။
Unknown said...
အရမ်းကို တန်းဖိုးရှိတဲ့ ပို့စ်တစ်ခုပါ။နောက်လည်း ဒီလိုသုံးသပ်တင်ပြမှုလေးတွေကို စောင့်မျှော်နေပါ့မယ်။
ladyjune said...
ကျေဇူးတင်ပါတယ် ကိုသစ်ထူးရေ..ဒါလေးကို ဆက်ပြီတင်ထားပေးပါအုံး။ဟိုလိုဒီလို ယိုင်းယိုင်တတ်တဲ့ လူတွေ သိပ်များလွန်းလို့ပါ.ကိုယ်ထမင်းကိုယ်စားပြီး ပြောနေကြတဲ့သူတွေလဲများလွန်းလို့ပါ.ကျမတို့ကတော့ အန်တီဘာလုပ်လုပ် ဘယ်လိုဆုံးဖြတ်2 တတစ်ချ ယုံကြည်ပြီးသားပါ.
WUNTHO said...
ကောင်းတယ်ဗျာ ဒီလိုရှင်းတာ၊၊ ဟိုEMG က ဆရာဝန်THA ဖတ်မိပါစေဆုတောင်းတယ်။။ သူက သူဒီလိုမြင် ရင် ဒီလိုမြင်မဲ့ ပညာရှင်ပဲ ဗျူးတော့တာ။။
လွတ်တော်နဲ့ အစိုးရကို ပြောချင်တာတော့၊ ဒေါ်စုကို ဝေလည်ကြောင်ပတ် လုပ်လို့ မရဘူး ဆိုတာပဲ။။ နောက်ပြောချင်တာက ဒေါ်စုမပါ တဲ့ ခရီးကို လျှောက်နိုင်ပြီလား စဉ်းစားပါ။။ မလျှောက်နိုင်ရင် ပေးဝင်ဘို့ လုပ်သင့်တာလုပ်ပေးလိုက်ပါ ဒါပါပဲ။။ ဥပဒေ ဆိုတာ ဘုရားသခင် ကချမှတ်ထားတာ မဟုတ်ဘူး၊၊ လူက လုပ်ထားတာ ၊၊ အဲ့တော့ ဘာလို့ လူကလုပ်ထားတဲ့ အရာကို လူကောင်းကျိုးအတွက် လူတွေက မပြင်နိုင်ရမှာတုန်း။။
ကိုကိုကြီး said...
ကိုသစ်ထူးလွင် ကိုကျေးဇူးတင်ပါတယ်...။ အမြင်ရှင်းလေးတွေရအောင် ဆွေးနွေးပေးတဲ့အတွက်ပါ...။ ရိုဟင်ဂျာ ရဲ့ မဟုတ်မမှန်တိုင်းရင်းသားနာမည်ခံနေတာကိုလည်း..ဆွေးနွေးပေးပါခင်ဗျာ..။ ရခိုင်တိုင်းရင်းသားတွေရဲ့..ခံစားချက်တွေကိုလည်းတင်ပြပေးသွားပါလို့ တောင်းဆိုပါရစေ...။
Cells 3 said...
ကျွန်တော်ကတော့ စကတည်းက အမေစု ကို ယုံကြည်ဝန်းရံပြီးသာ်းမို့ ဘာသတင်းတွေထွက်ထွက် ရပ်တည်မှုက တစ်သပ်မတ်တည်းပဲ ဒီခရီး လွယ်မယ်လို့ စတည်းကမထင်ခဲ့ဘူး အန်အယ်ဒီ ကို မဲပေးတာ လွှတ်တော်ထဲ ၀င်ဖို့ မ၀င်ဖို့ ထက် လက်ရှိအစိုးရနဲ့ ကြံဖွတ်ကို မကြိုက်လို့ အန်အယ်ဒီ ရဲ့ တိုင်းပြည်ပေါ်ထားတဲ့ ဒီမိုကရေစီပေါ် ရပ်တည်ချက် မှန်ကန်လို့ မဲပေးတာ၊ လက်ရှိအစိုးရ ကို မထာက်ခံဘူး မကြိုက်ဘူးဆိုတာ သိစေချင်လို့ သိသွားအောင် အန်အယ်ဒီနဲ့ အမေစုကို ၀န်းရံကြတာ၊ အမေစုတို့ လိုအပ်လို့ လုပ်တဲ့ လုပ်ရပ်အားလုံးကို ထောက်ခံတယ် အားပေးတယ် ဒီစစ်အာဏာရှင် အစိုး၇ ပြုတ်ကျ သွားသည်အထိ ၀န်းရံ ထောက်ခံမယ်
Unknown said...
လွှတ်တော်အပြင်ပ လှုပ်ရှားမှုလေးတွေ လုပ်ပြလိုက်ပါ။
ချက်ချင်းပြင်ပါလိမ့်မယ်။
said...
အမေကို ဝေဖန်နေတဲ သူတွေ စဉ်းစားပါ......။
သစ္စာဆိုတာဘာလဲ ကျမ်းကျိန်တယ်ဆိုတာဘာလဲ။
ဘယ်လိုအကျိုးသက်ရောက်မူ့ ရှိနိုင်သလဲ။
အမေတို့ ပြောထားတဲ့စကားက ရှင်းနေတာပဲ လေ။
ဖွဲ စည်းပုံကို ပြင်မယ်ဆိုလို့ ကျွန်တော်တို့ က အမေတို့ ကို မဲ ပေးခဲ့တာ....
အဲဒါကို အမေတို့ က စလုပ်နေပြီလေ။
ကျွန်တော်တို့ တာဝန်က ဆက်ပြီး ထောက်ခံရမယ်မဟုတ်လား။
ကာကွယ်ထိန်းသိမ်းပါမယ်လို့ သစ္စာဆိုပြီး အထဲက ရောက်မှ ပြုပြင်မယ်ဆိုတာ ကတိသစ္စာကို ဖောက်ဖျက်ရာ ကျမနေဘူးလား
Ar Ga said...
အမေစုက အ၇မ်းတော်တာပဲ ။ ဒါကြောင့်လဲ တကဘာလုံးက လေးစားပြီး စစ်အစိုး၇ကတောင် လေးစား၇တာ။ နဲနဲလေး ဆန်ဒ စောမိသွားတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ် ။သံသယနဲနဲ ၀င်သွားမိခဲ့တဲ့ အတွက် တောင်းပန်ပါတယ် အမေစု၇ယ်...
Anonymous said...
ဒီပြဿနာ ပေါ်ပေါက်လာရခြင်းရဲ့ နောက်ကွယ်က ရှိနေတဲ့ အကြောင်းအရာ ဇစ်မြစ်ကို ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်။
တကယ်တမ်းမှာ လူလုပ်ထားတဲ့ဥပဒေတွေကို လူက ပြန်ပြင်ရင် အချိန်မရွေးရပါတယ်။ လုပ်ပေးချင်တဲ့ ဆန္ဒလေးတစ်ခုပဲ လိုတာပါ။
ဒီလုပ်ရပ်က လက်ရှိ အာဏာရအဖွဲ့အစည်းမှာ နိုင်ငံရေး အသိဥာဏ် ဘယ်လောက်ရှိသလဲဆိုတာ မှတ်ကျောက်တင်ကြည့်တဲ့ ကိစ္စပါပဲ...
007747 said...
Thank you so much ko thit.
The wording is not main cause.
Kyaw Aung said...
ဒီစကားလုံးပြသနာက NLD ကြားဖြတ်ရွေးကောက်ပွဲ မ၀င်မီရှင်း
ရမှာ ဒေါ်စုက အလုပ်များတော့ ဘေးက၀န်းရံတဲ့ ဥပဒေ
အကြံပေးတွေက လေ့လာပြီးတင်ပြရမှာ ခုတော့ လွှတ်တော်
တက်ခါနီး သင်တန်းတွေပေးတော့မှ အခြေခံဥပဒေကိုကြေညက်
အောင်လေ့လာပြီးမှလာကြဆိုတော့မှသိတာ ဒါတောင်
၂၀.၀၄.၁၂ နေ့မှ ကျမ်းကျိန် ရမည့်စာသားသိတာ အဲဒီစာသား
က NLD အရွေးခံရမှရေးတာမှမဟုတ်ပဲ ခုတော့ စာသားအတိုင်းသွားဆိုပြီးတက်ရင် NLD ကသူ့ရပ်တည်ချက်
မခိုင်ဘူးလို့အပြောခံရမယ် မတက်ပဲတင်းခံလို့ ကြံ့ခိုင်ရေး
ကပြင်ပေးပြန်ရင်လဲ အလျှော့ပေးရာကျမယ် သမ္မတ ကကြားညပ်နေတာ သူကဖွဲ့စည်ုးပုံကြီးပြင်ပေးလိုက်လို့
ညွှန်ကြားလို့မရဘူး ( အာဏာရှင်မှမဟုတ်ပဲ ) တပ်နဲ့ ကြံ့ခိုင်
ရေး ၂ ခုလုံးသဘောတူမှရမှာ ဒါမှ ၇၅% ကျော်မဲရမှာ ကြည့်
ကောင်းမည့် ပွဲပါ
salai said...
NLD ရွေးကောက်ပွဲဝင်တုန်းက အခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုပြီးပြင်ပေးတာသည် ရွေးကောက်ပွဲဝင်မည့်သူများအတွက်ဥပဒေသာဖြစ်
တက်လွှတ်တော်ကိုယ်စားလှယ်များနှင့်သက်ဆိုင်နေတာမဟုတ်ဘူး။ လွှတ်တောကိုယ်စားလှယ်ဆိုတာ ဥပဒေပြုအဖွဲ့ပါ။ တစ်နည်းပြောရရင် ဥပဒေပိုင်ရှင်ပါ။ ဥပမာဆိုရရင် အိမ်ရှင်ဟာ ကိုယ့်အိမ်ကို ကာကွယ်စောင့်ထိန်းရမှာပါ။တစ်ခြားသူများကတော့ ထိုအိမ်ရဲ့ ဥပဒေစည်းကမ်းကို လိုက်နာရမှာပါပဲ။ ကိုယ်ပိုင်အိမ်ဖြစ်၇င် လိုအပ်သလိုပြင်နိုင်ပါတယ်။ အိမ်မပိုင်သေးခင် သူများအိမ်ကိုပြင်ဖိုကမတောင်းအပ်ပါဘူး။
နိုင်ငံတကာတော်တော်များများမှာ ကာကွယ်စောင့်ရှောက်(defend)
ပါမယ် လို့ပဲပါတာပါ။ အမေရိကန်ကလွဲရင်ပေါံ့။
ဥပဒေပိုင်ရှင်ဲဖစ်လာဖို့ကတိပြုရျမှာ အရင်ပါ။ ဥပဒေပြင်တာက အခြေခံဥပဒေကို မကာကွယ်မစောင့်ရှောက်တာမှ မဟုတ်တာ။ ပိုကောင်းအောင်လုပ်တာပဲ။ ကတိပျြုမှာက ကြောက်စရာမလိုပါဘူး။
အမှန်တရားက အဆုံးအဖြတ်ပေးမှာပဲ။ ဒီနေံနဲ့ နက်ဖြန်တို့ရဲ့ အမှန်တရား
ကလည်းမတူနိုင်တာသိရမှာပါ။
honey said...
ပြည်သူတွေသိထားသင့်တဲ့အကြောင်းတခုက
ကျမတို့မဲပေးတဲ့သူဟာဘယ်လိုအရည်အချင်းရှိသလဲ။
သူ့သမိုင်းကြောင်း..သူ့ရဲ့ခံယူချက်..သူ့စေတနာ...
သူ့ရဲ့လုပ်ဆောင်ချက်..ဒါတွေကိုသေချာစမ်းစစ်ပါ။
ကျမ၁၉၉၀ခုနှစ်ရွေးကောက်ပွဲမှာ
ဘယ်သူ့ကိုမှမဲမပေးခဲ့ဘူး။
ယုံကြည်မှုကဘယ်သူ့ကိုမှမယုံရဲသေးတာထက်အိမ်စောင့်အစိုး၇က
အာဏာကိုလွယ်လွယ်နဲ့ဖယ်ပေးမှာမဟုတ်ဘူးလို့အဖေက
နိုင်ငံရေးသမိုင်းကြောင်းအရထောက်ပြခဲ့ဖူးတယ်။
ဒီလိုနဲ့ကျမမထည့်ပေမဲ့အမေစုပါတီကအပြတ်သတ်မဲနိုင်ခဲ့တယ်။
ကျမအနှစ်၂၀ထိလေ့လာသုံးသပ်ခဲ့တာ
အမေစုရဲ့လုပ်ဆောင်ချက်..့ခံယူချက်..
ပြတ်သားမှု..ရိုးသားမှု..ဖြူစင်မှု..
ကောက်ကျစ်မှုမပါတဲ့လမ်းစဉ်...
အားလုံးပြောစရာမရှိအောင်ပြည့်စုံတဲ့ခေါင်းဆောင်ကောင်းတို့ရဲ့
အင်္ဂါရပ်နဲ့ပြည့်စုံနေတာမျက်ဝါးထင်ထင်မြင်တွေ့ရသလို
စစ်အာဏာရှင်တွေနဲ့အနှစ်၂၀လုံးလုံးနှိုင်းယှဉ်ကြည့်နေတာ
တကယ်တော့လုပ်ပိုင်ခွင့်တွေအာဏာတွေနဲ့တိုင်းပြည်ကိုထင်တိုင်း
ကြဲနေတဲ့စစ်အစိုးရတွေအနေနဲ့တိုင်းပြည်ကိုကောင်းအောင်ပြည်သူပေါ်
သစ္စာရှိကြမယ်ဆိုရင်....ထင်တိုင်းကြဲခဲ့တဲ့အရာတွေကို
ပြည်သူတွေအတွက်အကျိုးရှိအောင်လုပ်ဆောင်ပေးပါက
ဒီအချိန်မှာပြည်သူတွေရဲ့ထောက်ခံမှုယုံကြည်မှုကို
၇သင့်တဲ့အနေထားတခုပါ။
အမေစုကတော့ဘာကိုမှသူ့အတွက်ဆိုတာမရှိပဲ
ပြည်သူအတွက်သာအာရုံတခုတည်းကိုပဲတစိုက်မတ်မတ်
ဘ၀ရင်းပြီး..အသက်ရင်းပြီး...ကြိုးစားနေသူတယောက်မို့
ပြည်သူအတွက်ရည်မှန်းချက်ကခိုင်မာလွန်းနေတယ်။
တရားရည်ပြည့်ဝသူတဦးဆိုတာလည်းအကြွင်းမဲ့ပါပဲ...
တ၇ားမရှိသူတွေကတော့ကိုယ့်ကျိုးတခုတည်းကြည့်တက်ကြတယ်။
ဒီလိုနဲ့အမေစုကိုအကြွင်းမဲ့ယုံကြည်စွာနဲ့ထောက်ခံနေမှာထာဝရပါပဲ။
ကျမတို့အပေါ်စိတ်ရင်းစေတနာမှန်သူမို့ပြည်သူတွေအပါဝင်ကျမတို့
အမေစုလုပ်ဆောင်ချက်တိုင်းကိုမျက်စိမှိတ်ပြီးထောက်ခံလို့ရပါတယ်။
အမှားမဖြစ်စေရပါဘူး။အဲ့သလောက်ထိအမေကိုယုံကြည်တယ်။
လေးစားတယ်။အစမ်းသပ်ခံနိုင်သောနှလုံးသားပိုင်ရှင်ပါ။
ကျမတို့နိုင်ငံကိုကမ္ဘာတိုးအောင်အမေစုတယောက်ကအများကြီး
လုပ်ဆောင်နိုင်မယ်လို့ယုံကြည်တယ်။
အမေစုသည်လမ်းမှန်ပေါ်လမ်းလျှောက်နေသူမို့
ဘယ်နိုင်ငံကိုမှကြောက်စရာမလိုအညံ့ခံစရာလည်းမလိုဘူး။
နိုင်ငံတကာနဲ့လည်းရဲရဲတင်းတင်းဆက်ဆံလို့၇တယ်။
ဗမာကိုနှိပ်ကွပ်နေသောနိုင်ငံကိုလည်းမနှိမ်နိုင်အောင်
အမေစုကရှေ့ကနေမားမားမတ်မတ်လမ်းပြပေးနိုင်တယ်။
ဒီအတွက်အမေစုသည်..
တိုင်းပြည်မှာရှိသောခေါင်းဆောင်များမှလူတန်းစားပေါင်းစုံတို့ရဲ့
လိုအပ်ချက်တွေခံယူချက်တွေကိုပြုပြင်ရင်း
အကျိုးရှိမည့်ကိစ္စတိုင်းကိုမီးမောင်းထိုးထည့်မတ်ပေးသူဆိုသာ
ပြည်သူအပါဝင်ကျမတို့ယုံကြည်ရင်းထောက်ခံပေးပါလို့တင်ပြချင်ပါတယ်။
အမေအသက်ရှည်ပါစေ..အမေလုပ်ဆောင်ချက်တွေကို
လက်ရှိလွတ်တော်ထဲကလူကြီးတွေကန့်လန့်မတိုက်ပဲ
အမေ့အကြံဥာဏ်ကိုလက်ခံယုံကြည်နိုင်ပါစေ..
kyatkalay said...
ကျွန်တော်တို့ အားနည်းချက်ကအဲဒါပဲ။ တစ်ယောက်က NLD က စကားလေးတစ်လုံးကို ကပ်ဖဲ့ ပြောနေတယ် လို့ စပြောလိုက်ရင် လိုက်ပြိး ပြောတော့တာပဲ။ ဒါအစတောင် မစရသေးဘူးနော်။ကွဲချင်နေပြိ။အမှားအမှန်ကို သေချာစဉ်းစားပြိးမှာဝေဖန်သင့်ပါတယ်။ အမေ့ကို ယုံတယ်ဆိုရင် ????
NLD ကို ခွဲ ဖို့  စနေပြိနော်။
အားလုံးသတိ ရှိ
ရှေ့ မှာ ဒိ့ထက် နက်နဲတာတွေ အများ အပြားရှိသေး
plan A, B, C, ....
Anonymous said...
ဒီကိစ္စနဲ့ ပတ်သက်ပြီး EMG အပေါ် အမြင် မကြည် ဖြစ်ရပါသည်။
စစ်တမ်း ကောက်ယူတုံးကလည်း ရှင်းလင်း ပြတ်သားမှု မရှိအောင် ရွေးခိုင် သလို မိမိက အပေါ်က တစ်ခု ကို ရွေးလိုက်ပြီး vote result ကိုကြည့်တော့ အောက်မှာ ဖော်ပြထား တာကို တွေ့ရတော့ စပြီး သံသယ ဖြစ်သွားတယ်....
"WUNTHO" ရေးတာကို ဖတ်ပြီးတော့လည်း EMG က "သူက သူဒီလိုမြင် ရင် ဒီလိုမြင်မဲ့ ပညာရှင်ပဲ ဗျူးတော့တာ" ကိုပိုပြီး သတိထား မိလာပါတယ်....
အမြဲအားပေးလာခဲ့တဲ့ EMG က ဘာဖြစ်လို့ ဒီလို လုပ်တာလည်း ဆိုတာလည်း စဉ်းစားမရဘူးဗျာ....
lwannaymie said...
သစ်ထူးလွင်ကို အဲဒါတွေကြောင့်ကြိုက်တာ၊ အားပေးနေတယ်။
စဖြစ်ထဲက ငါသိပြီးသားပါ။ ဖွတ်တွေက NLDဒီလောက်နိုင်လိမ့်မယ်လို့ လုံးဝ မထင်ထားတာပါ၊ NLDလဲနိုင်ရော ညစ်ပတ်တာ စတာပါဘဲ။ ဖွတ်တွေက အမေစုကို ကြိုခြင်တာမဟုတ်ဘူး၊ နိုင်ငံတကာအကူညီတွေပြန်ဝင်အောင် အမေစုကိုအသုံးချခြင်တာပါ၊ ဒါကိုအမေစု ကလဲကြိုသိပြီးသားပါ။ဖွတ်လုပ်ပုံ ကမပြောင်းပေးဘဲ၊အမေစုကိုလွှတ်တော်ထဲဝင်ခိုင်း၊ပြီးရင်အမေစုက အဲဒါပြင်လို့ရအောင်အရင်ကြိုးစား၊(၂၅%ကစစ်တပ်အမတ်၊ကျန်တာအများများဆုံးကဖွတ်အမတ်--မလွယ်ပါ)။ အချိန်တွေကြာပြီး၊ နောက်မှပြည်သူကိစ္စတောင်းဆို၊လုပ်ကိုင်။ အဲဒီကြာကာလမှာလက်ရှိဖွတ် တွေက ပြည်တွင်းရော၊ဝင်လာမဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပါ၊ နှစ်မျိုးလုံးရိပ်မှာပါ။
shwe thoungwa said...
အမေစုလုပ်သမျှကပြည်သူတွေအတွက်ဘဆြိုတာသမီးတို့သိနေပါတယ်။အမေစုကျန်းမာပါစေ။အောင်မြင်ပါစေ
Toe Gyi said...
အခုတော့ တော်တော်လေးကို ရှင်းသွားပါပြီ၊ ကျနော်ထင်တော့ ထင်တယ် အမေစု ဟာ စကားလုံးကွဲလွဲမှုလောက်နဲ့တော့ မကတ် တတ်လောက်ဘူးလို့ ၊ Thinks a lost NLD.
ခင်မျိုးချစ် said...
တလောက နိုင်ငံတကာ Policy Forum တစ်ခုသွားနားထောင်လိုက်တာ ပညာရှင်တွေ သုံးသပ်သူတွေက (အကယ်၍ ဦးသိန်းစိန်အစိုးရဟာ နောက်ကြောင်းပြန်မလှည့်ပဲ ပြုပြင်ပြောင်းလဲရေးတွေအတွက် NLD နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင်) အမေစုကြောင့် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို ခနလေး အမှီလိုက်နိုင်ပြီး နောက် သုံးနှစ်လောက်မှာ အာဆီယံ-အမေရိကန်ဆက်ဆံရေးမှာ မြန်မာနိုင်ငံက Coordinator သဖွယ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီစကားတွေ နားထောင်လိုက်ရတဲ့အချိန် ကြားလိုက်ရတဲ့အချိန်မှာ ဖြစ်သွားတဲ့ ခံစားမှုကို ဘယ်လိုပြန်ပြောရမှန်းကို မသိပါဘူး။ ဂုဏ်ယူမိတယ်ဆိုတာ ထက်လည်းပိုပါတယ်။ မြန်မာဟာ ကမ္ဘာမှာ လုံးဝမျက်နှာမငယ်တော့ပါ။ အမေစုကျေးဇူးတွေပါ။ တကယ့် ကမ္ဘာ့အဆင့် မှီခေါင်းဆောင်တစ်ယောက်ကို ကံကောင်းစွာ ရှားရှားပါးပါးရထားတာကို ၀ိုင်းဝန်းထောက်ခံကြပြီး လက်တွဲကြဖို့ကောင်းပါတယ်။ ခုထိ ရစ်လို့ ရသမျှရစ်နေကြတာကို စိတ်တိုမိ အံ့သြမိပါတယ်။
နောင်နောင် said...
အခုလို ရှင်းပြပေးထားတာကောင်းပါတယ်။ ကျနော်တော့ အမေစုကိုယုံကြည်တယ်။
nunu said...
အမေစုကိုကျမတို့ပြည်သူတွေ လေးစားချစ်ခင်ပြီးသားပါ. အမေစုလုပ်ရပ်ဆုံးဖြတ်ချက်တိုင်းဟာတိုင်းသူပြည်သားတွေရဲ့အရေးကိုရှေးရူပြီးခုပ်ဆောင်နေတာ. ထမင်းစာပြီးအသက်ရှင်နေထိုင်နေတဲ့လူသားတိုင်းသိပြီးသားပါ. အမေစုလုပ်ရပ်တိုင်းကိုလေးစားထောက်ခံပါတယ်. အမေစုကျမ်းမာပါစေ.
nandar said...
ထို့ကြောင့် မြန်မာပြည်သူတစ်ရပ်လုံးက အမေစုကိုထော်ခံအားပေး နေကြဖို့ပြည်သူတစ်ယောက်နေနဲ့ တိုက်တွန်လိုက်ရပါတယ်။
Anonymous said...
ကျော်အောင်ပြောတဲ့ ၂၀-၄-၁၂ မှသိတာဆိုတာ မဟုတ်ဘူး။ ၁၁-၄-၂၀၁၂ ကတည်းက သက်ဆိုင်ရာကို တရားဝင်စာတင်ထားတာ... အဲဒီမတိုင်ခင် ကတည်းက လှုပ်ရှားမှုတွေ ရှိနေပါပြီ။
သေချာတာတစ်ခုက nld ကို လွှတ်တော်ထဲရောက်အောင် လုပ်နိုင်ရင်.. ၂၀၁၅ မှာ ကြံခိုင်ရေးအမတ် တစ်ချို့တစ်ဝက် ထောက်ခံမဲရဖို့ ဗျူဟာကျတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်လာနိုင်တယ်။ ဒီကိစ္စမှာ ပူးပေါင်းမှု မလုပ်နိုင်ရင်တော့ ၂၀၁၅ ဟာ သူတို့အတွက် အများကြီး အားနည်းသွားပြီ...
လွှတ်တော်ထဲက ကြံခိုင်ရေးအမတ်တွေကလည်း အင်အယ်ဒီလွှတ်တော်ထဲ မဖြစ်မနေ လာရမှာပဲဆိုတဲ့ ယူဆချက်ကို နင်းပြီး ညစ်ပတ်နေတာမျိုးက မကောင်းပါဘူး။ သဘောထား သေးသိမ်တင်းမာတဲ့ အပြောအဆိုတွေက လူကြီးလူကောင်း မဆန်ပါဘူး..လုပြိန်းကြိုက်တွေပါ။ သူတို့မှန်တယ် ထင်နေရင်တောင် ဒီကိစ္စမှာ သဘောထား ကြီးပြခြင်းအားဖြင့် နိုင်ငံရေးသိက္ခာတက်အောင် လုပ်ပြသင့်တယ်...။ သူတို့ပြောသလို ဘာမှ အရေးမကြီးဘူးဆိုရင် နိုင်ငံတော်အတွက် နစ်နာသွားမယ့် ကိစ္စမှမဟုတ်ပဲ.. အမြန်ဆုံး လုပ်ပြသင့်တယ်။ တကယ်တမ်း နိုင်ငံရေးအသိဥာဏ်ရှိရင် အမှတ်ယူဘို့ အခွင့်အခါကောင်းပါ..။
nandar said...
ုkothantun အမေစုကိုချစ်ရင် အမေစုပြောထားတာတွေကိုမမေ့သင့်ပါဘူး။ အမေစုက ရွေးကောက်ပွဲမဲစည်းရုံးရေးမိန့်ခွန်းတစ်ခုမှာပြောခဲ့ဘူးပါတယ်။ နိုင်ရင်လည်းဂုဏ်သိက်ခါရှိတဲ့ နိုင်ခြင်းမျိုးကိုဘဲလိုလားတယ်တဲ့။ အမေစုဟာသူမဘာသာဘဲကြိုးစားပြီးပြဒ်သနာတိုင်းကိုဖြေရှင်းပါလိမ့်မယ်။ ဘယ်သူကဘယ်တုန်းကပြောပြီး အခုမှမသိခြင်အောင်ဆောင်နေပါတယ်လို့ပြောပြီးပြဒ်သနာဖြေရှင်းမှာမဟုတ်ပါဘူး။ ဒါဟာပညာတတ်တစ်ယောက် အသိပညာရှိတဲ့သူတစ်ယောက်ဆိုတာသိသာထင်ရှားနေပါတယ်။ အခုမြန်မာပြည်နိုင်ငံရေးဟာ ရိုးရှင်းတဲ့နိုင်ငံရေးမဟုတ်ပါဘူး။ လူကောက်ကျစ်တွေကိုယှဉ်ပြိုင်နေရတာမို့ NLD နဲ့ ပြည်သူသွေးကွဲအောင် မလုပ်ကြပါနဲ့လို့တောင်းပန်ပါတယ်။ NLD နဲ့ အမေစုကိုမကြိုက်ရင်လဲ ကိုယ်ကြိုက်တဲ့လမ်းကိုရွေးပြီးလျှောက်ပါ။ အမေစုနဲ့ပြည်သူကိုတော့သွေးခွဲစကားလာမပြောပါနဲ့။ တောင်းပန်ပါတယ်။ ဒါဟာကျွန်မတို့တိုင်းပြည်လွတ်မြောက်ရာလမ်းမို့ပါ။ ကြိုးစားလုပ်နေတဲ့သူကိုအာပြတ်အောင်မလုပ်ပါနဲ့။ ကျမတို့က ဦးဆောင်မဖြေရှင်းနိုင်လို့ဖြေရှင်းတတ်တဲ့အမေစုကိုအားကိုးနေရတာပါ။ မကူညီချင်နေပါမနှောက်ယှက်ကျပါနဲ့
ရွှေ said...
အဲဒီတော့ kothantun က ကျိုးကြောင်းဆီလျှော်မှု ရှိအောင် ရှင်းပြလို့ရမလား။ သိရင် ရှင်းပြပါအုန်း။ ဖတ်ကြည့်ရတာပေါ့။
ရွှေ said...
ကျိုးကြောင်းဆီလျှော်မှုရှိအောင် ရှင်းပြပေးတဲ့ ကိုသစ်ထူးလွင်ကို ကျေးဇူးတင်ပါတယ်။
ko kyaw said...
စကာလုံးကပေးတဲ့အား ၊အဆင့်အတန်းသတ်မှတ်ချက် ၊ အာဏာဆိုတာရှိပါတယ်။ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် ဥပဒေပြုခွင့်ရှိသူ (legislators, law makers)များဖြစ်လို့ "အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်" ပေးထားတာပါ။ဘယ်သူမှဒီအခွင့်အရေးမရပါဘူး။ပြည်သူ့လွှတ်တော်ကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်အထိ ကျမ်းကျိန်ရင် ဒါကိုဆိုရပါတယ်။သာမာန်ပြည်သူကတော့"လေးစားလိုက်နာ"၊ပြည် နယ်နှင့်တိုင်းက အခြားအဆင့်တွေက "စောင့်သိလိုက်နာ"၊ သမ္မတနဲ့ဒုသမ္မတများက " ထိန်းသိမ်းစောင့်သိလိုက်နာရိုသေ"၊လို့ဆိုရပါတယ်။စကားလုံးကို ကြည့်တာနဲ့ ဘယ်သူက ဘယ်က ဘာလုပ်လို့ရသလဲဆိုတာတန်းသိနိုင်အောင် စနစ်တကျရွေးချယ်ထားတာပါ။သေသေချာချာလေ့လာရင်သိနိုင်ပါတယ်။ဥပဒေအရလည်း ပြည်သူ့ကိုယ်စားလှယ်တွေကိုပြည်ထောင်စုလွှတ်တော်မှာ ဥပဒေပြင်ခွင့်ပေးထားပါတယ်။အခြေခံဥပဒေပြင်ခွင့်မရမှာစိုးလို့ဆိုတာမရှိတဲ့သရဲကိုကြောက်နေသလိုပါပဲ။အခြေခံဥပဒေထဲကစားသားကိုပြင်ပေးရမယ်ဆိုတဲ့တောင်းဆိုချက်ရှိခဲ့ဘူးရင် ပြပါ။အသက်နဲ့လောင်းကြေးထပ်ရဲပါတယ်။Transparency လည်းမရှိခဲ့ပါဘူး။ပြည်သူ့ကိုလည်းချမပြခဲ့ဖူးပါဘူး။ဦးသိန်းညွန့်ပြောသလိုဆို ရင်နိုင်ငံရေးအမြော်အမြင်နည်းတာပါ။
pyisoe said...
ဂိတ်အဝင်မှာ ထစ်ချင်တာက အကျင့်ဖြစ်နေပြီ။ ဒီလိုထစ်ထစ်ပြီးလုပ်စားလာတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ဥပဒေဆိုတာပြည်သူတွေဘဝကောင်းစားဘို့လား၊ အာဏာဆုပ်ကိုင်တဲ့သူတွေ လုပ်စားဘို့လားဆိုတာ ကောင်းကောင်းသိထားရင် ဘာနဲ့မှ အပေးအယူလုပ်စရာမလိုဘူး။ ပြည်သူလူထုအကျိုးစီးပွားအတွက် တကယ်အလုပ်လုပ်မယ့်သူက အကျင့်ယုတ်တွေကို ဒူးထောက်စရာမလိုပါ။ အကျင့်ယုတ်တာကို ပြည်သူတွေအတွက် အမှန်အတိုင်း ဖော်ထုတ်ဖို့ပဲလိုပါတယ်။ ဒါကို စစ်မှန်တဲ့ဒီမိုကရေစီကိုဖော်ဆောင်မဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ယူဆရင်လည်းရပါတယ်။ မျက်နှာဖုံးစွပ်တွေကို ဆွဲခွာချတာလို့ ဆိုရင်လည်း မမှားပါဘူး။ ဘယ်သူက သူတော်ကောင်းလဲ၊ ဘယ်သူကကြောင်သူတော်လဲ - ပြည်သူတွေမြင်အောင်ကြည့်ကြပါ။
Kyiminhtay said...
ဒီမိုကရေစီခောတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမှာ
မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတါ အမြဲ အပြောင်းအလဲ
ရှိနိုင်ပါတယ်။ နိုင်ငံတိုင်းမှာလဲ ဒီလိုပဲ အဆင့်ဆင့်ပြောင်းလဲ လာခဲ့ကြတာပါ။ ဒါကြောင့် ဖွဲ့စည်းပုံ ခြေခံဥပဒေကို လေးစားလိုက်နာခြင်း
သည်သာ မှန်ကန်ပါကြောင်းနှင့် အမေစု၏ လုပ်ရပ်သည်လည်း
မှန်ကန်ပါကြောင်း ထောက်ခံတင်ပြအပ်ပါသည်။
နဂါးမျက်လုံး said...
အသက်တွေဘာတွေနဲ့ ဒီစကား အပေါ် လောင်းကြေးထပ်မယ် ဆိုပါ့လား .....
ဘာတွေလဲတော့ သေခြာမသိဘူးဗျို့.....
ဒါပေမယ့် ဘယ်သူတွေက ယုံကြည်ရတယ် ဘယ်သူတွေက မယုံကြည်ရဘူး ဆိုတာကတော့ ပြောသာ မပြတတ်တယ်....
စိတ်ထဲမှာတော့ ရှင်းနေအောင် သိတယ်ဗျ....
သာမန်ပြည်သူ said...
သာမာန်ပြည်သူတွေကတော့လေ့လာမှူအားနည်းပါတယ်။ကိုသစ်ထူးလွင်ရှင်းမှသဘောပေါက်ရပါတော့တယ်။အမှန်ပြောရရင်၂၃။၂၄။ ဧပြီလောက်ကတည်းကဒီစာကိုဖေါ်ပြပေးသင့်ပါတယ်။၂၈ဧပြီ ကျခါမှ ဖေါး်ပြတော့ အားမလိုအားမရ ဖြစ်ရပါတယ်။
မည်သို့ဆိုစေ သစ်ထူးလွင် ကို အထူးကျေးဇူးတင်ပါကြောင်း မပြောရမနေနိုင်လောက်အောင် ကျေးဇူးတင်မိပါတယ်။
သာမာန်ပြည်သြူ
mad dog said...
နိုင်ငံေ၇း လေ့လာမှူအားနည်းတဲ့ သူတွေ အတွက် အကောင်းဆုံးပါ။ nld ၇ဲ့ ၇ပ်တည်မှုကို ၇ှင်း၇ှင်း လင်းလင်း သိသွားကြတာ ပေါ့ ။လေးစားပါတယ် ကိုသစ်ေ၇
honey said...
နာမည်ကြီးဖို့
ချမ်းသာဖို့
မော်ကြွားဖို့
ယုံကြည်မှုရရင်အလွဲသုံးစားလုပ်ဖို့
နိုင်ငံရေးကိုလုပ်ခြင်းထက်
မှန်မှန်ကန်ကန်နဲ့သမိုင်းကြောင်းကောင်းအောင်
လျှောက်လှမ်းဖို့ကအဓိကပဲ....
ကိုယ့်ခံယူချက်ကိုမယိုင်းယိုင်စေပဲ
တေ၇းနိုးထလည်းပြည်သူ
ဘယ်တော့တွေးတွေးအတွေးထဲ
အသားထဲပြည်သူဆိုတာ
နှလုံးသွင်းထား၇င်
မဝေးတော့ပါဘူး...ရည်မှန်းချက်တွေအောင်မြင်လာမှာပါ။
တိုင်းပြည်တိုးတက်ေ၇းကိုချည်းမကြည့်ပဲတိုးတက်မှု
နဲ့ယှဉ်ပြီးသဘာဝတရားတွေကို
ထိန်းသိမ်းရင်းတိုးတက်အောင်လုပ်ဆောင်နိုင်အောင်
သေချာလေ့လာစမ်းစစ်လုပ်ဆောင်ကြပါလို့
နားလည်သလောက်အကြံပေးပါတယ်။
အမစုရဲ့အသွေးအသားထဲမှာပြည်သူတွေစီးဝင်နေသလို
လွတ်တော်ထဲကလူကြီးများအသွေးအသားတွေ
သန့်စင်အောင်ပြည်သူတွေစီးဝင်နိုင်အောင်
အမေစုကိုစံနမူနာယူပြီး
ပြုပြင်ကြပါလိုပြည်သူတွေကမေတ္တာရပ်ခံပါတယ်။
အချိန်တွေမဖြုန်းပဲအမေစုလိုစိတ်ရှင်းရှင်းရိုးသားစွာနဲ့
အလုပ်လုပ်ကြပါတော့လို့...တောင်းဆိုပါတယ်။
မျိုးချစ်လူငယ် said...
အမေစုက နိုင်ငံကော၊ကမ္ဘာကပါ အသိအမှတ်ပြုခံထားရသူပါ။ တကယ့် ကမ္ဘာ့အဆင့် မှီခေါင်းဆောင်တစ်ယောက်ကို ကံကောင်းစွာ ရှားရှားပါးပါးရထားတာကို ၀ိုင်းဝန်းထောက်ခံကြပြီး လက်တွဲကြဖို့ကောင်းပါတယ်။
ဘာလို့ ကြံ့ဖွံ့ပါတီက အတွင်းရေးမှူးဖြစ်တဲ့ ဦးဌေးဦး ၊ ဦးအောင်သောင်း တို့နဲ့ ကိုယ်ကျိုးအတွက် ကပျက်ရပျက်၊ဖျက်လိုဖျက်ဆီး မြန်မာတွေထဲမှာပါနေရတာလဲဆိုတဲ့ ခံစားချက်နဲ့ ၀မ်းနည်းခဲ့ရတာတွေလည်းများပါပြီ။ စစ်အာဏာနဲ့ ထင်တိုင်းကြဲခဲ့တဲ့နိုင်ငံတစ်ခုကို ဘယ်လိုဘ၀နဲ့ ရင်းပြီး၊ ဘယ်သူတွေ ကျိုးစားခဲ့ရတာလဲဆိုတာ တစ်မျိုးသားလုံးသိစေချင်တယ်။
Ni Min said...
ခင်ဗျားတို့ပြောပြောနေတဲ့ NLD ရဲ့ရပ်တည်ချက်က အခုတမျိုးတော်ကြာတမျိုးတာ ခင်ဗျားတို့အမေအခုလက်တွေ့ပြလိုက်ပါပြီး၊ ကျနော်တို့က ဒေါက်တာလွမ်းဆွေပြောသလိုမျိုး ဒါမျိုးဖြစ်လာမယ်လို့ကြိုမျော်လင့်ထားလို့ မအံ့သြံမိပါဘူး၊ လွှတ်တော်ထဲရောက်သွားရင်လည်း ဒီလိုပဲဆင်ခြေတွေပေးပြီး သွားနေမှာကိုမြင်ယောင်မိပါတယ်။ တိုင်းရင်းသားလွတ်တော်အမတ်တွေကတောင်ထောက်ခံအားပေးလိုက်သေးတယ် စကားလုံးတလုံးရဲ့တန်ဖိုးကိုအလေးထားတယ်တဲ့၊ အခုတောဘယ်မှာလဲ အဲဒီအလေးထားတယ်ဆိုတာ၊ စစချင်းတော့အသားကုန်တင်းတယ် နောက်ဆုံးတော ပြန်လျှော့ပေးလိုက်ရတာ ဘယ်နှစ်ကြိမ်ရှိပြီးလဲ.......စကားကိုအကုန်ပြောပြီးနောက်ဆုံးတော လုပ်ချင်တာလုပ်တာ လူကြီးလူကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး........ ဒါ့ကြောင့် စကားကိုအကုန်မပြောနဲ့ အစားကိုသာကုန်အောင်စားလို့ ရှေ့လူကြီးတွေပြောပြောနေကြတာပါ.။
Powered by Blogger.