ပြည်သူ့များ၏ ဆန္ဒအရ NLD လွှတ်တော်တက်မည်

မေလ ၂ ရက်တွင် NLD လွှတ်တော်တက်မည်

ပြည်သူများနှင့် ဒီမိုကရေစီ ပါတီ များ၏ လိုလားချက် အရ NLD ပါတီ အနေဖြင့် လွှတ်တော်သို့ မေလ ၂ ရက် တွင် ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်မည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ယနေ့ ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးအပြီးတွင် မီဒီယာများသို့ပြောကြားလိုက်ကြောင်း
Yangon Media Group အင်တာနက်စာမျက်နှာမှာ သတင်းရေးသားဖော်ပြထားပါသည်။
ပြည်သူ့များ၏ ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောဆိုလိုက်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ မေလ ၂ ရက်နေ့တွင် ကျမ်းသစ္စာကျိမ်ဆိုမည်ဖြစ်ကြောင်း သိရသည်ဟု Eleven Media Group - facebook  အင်တာနက်စာမျက်နှာလည်း ရေးသားထားပါသည်။

 
ပြည်သူ့များ၏ ဆန္ဒအရ NLD လွှတ်တော်တက်မည် ပြည်သူ့များ၏ ဆန္ဒအရ NLD လွှတ်တော်တက်မည် Reviewed by သစ်ထူးလွင် on 11:36 Rating: 5

60 comments:

ဝန်းသိုသားလေး said...

ကျမ်းသစ္စာဆိုတဲ့  စကားအသုံးအနုံး ကိစ္စက ဘယ်လို ပါလည်း ခင်ဗျာ

pheasant said...

တက်လိုက်ပါ အမေ၊ အမေတို့နဲ့ တစ်သားထဲပါ အမေတို့က တိုင်းပြည်မျက်နှာကြည့်ပြီး ဂုဏ်သိပ်ခါဆိုတာတွေ ဘေးချိတ်ပြီး တက်မယ်ဆိုရင် ကျွန်တော်တို့တွေ ၀ိုင်းရံပြီးလိုက်ပါမယ်၊ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်ရဲ့ ပြည်သူတွေပေါ်ထားတဲ့ သဘောထားကို ခုကောင်းကောင်းကြီးသိလိုက်ရပြီ သိလည်းသိပြီးသာါးပါ နိုင်ငံနဲ့ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတ်တ အကျိုးဘယ်ဟာ ရှေ့တန်းတင်တယ်ဆိုတာ၊ ခုတော့အဖြူမဲကွဲသွားပြီ၊ ပြည်ခိုင်ဖြိုး ကြံ့တွေ အမြန်ဆုံးကျဆုံးပါစေ၊ NLD ရဲ့သဘောထားကြီးမှုက နိုင်ငံရေး ဂုဏ်ကို ပိုမြင့်သွားစေမှာပါ

tapaungthi said...

ဝမ်းသာပါတယ်..။
ကိုယ့်ဖက်က တလှမ်းဆုတ်ပေးလိုက်ရခြင်းဟာ ရှေ့ကို အလှမ်းပေါင်းများစွာတိုးဖို့ဆိုတာ ...။
အလျော့ပေးတာမဟုတ်ဘူးနော် ပြည်သူအတွက်စဉ်းစားတာပါ..။
ဦးသိန်းစိန်ရေ သဘောပေါက်..။

tapaungthi said...

ကျမ်းသစ္စာဆိုခါနီးကျရင် ကိုယ့်ဖာသာ ပြောင်းဆိုလိုက်ကြနော် NLD သူတို့ကြားတာမှတ်လို့

Unknown said...

ရင်နှင့်အမျှဝမ်းသာကြည်နူးမိပါသည်။

Unknown said...

အမေစု လွှတ်တော်ထဲကို တက်ပြီးဆိုတော့ဝမ်းသာပါတယ်...
အမေစု ဟာ ကျနော်အဖေပြောသလိုပဲ မြန်မာပြည်သူပြည်သားများရဲ့ အနာဂတ်ဖန်တီးရှင်ပါ...အခုလို လွှတ်တော်ထဲမှာပြည်သူအတွက်
ပြည်သူ့ဆန္ဒအရတက်ရတယ်ဆိုတာ ကျနော်တို့နားလည်ပါတယ်
အမေစုရှိရင် ကျနော်တို့အားရှိတယ်
အမှန်တရားကို ချစ်မြတ်နိုးတဲ့အမေစု ရှိမှ ကျနော်တို့လူမျိုးတွေ
ကမ္ဘာ့အလည်မှာ မျက်နှာမငယ်အောင် ကယ်နိုင်မယ့်သူက အမေစုပဲရှိတာပါ အမေစုရယ်...

ဒီမိုအောင် said...

ပြည်သူအတွက်အနစ်နာခံသောအမေတို့
အရာရာအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်

Anonymous said...

ဒါမှ ဗိုလ်ချုပ်သမီးစစ်စစ်ကွ..
ဗိုလ်ချုပ်က တိုင်းပြည်ကောင်းစားဖို့ ဆိုရင် ဘာပဲလုပ်ရ၊ လုပ်ရ..
တစ်လှမ်းဆုတ်လိုက်ရလို့ပဲဖြစ်ဖြစ်.. သိက္ခာကျတယ်ပဲပြောပြော..
ပြောချင်တာပြောကြပါစေ.. တစ်ဖက်က သဘောထားမကြီး တင်းမာနေမှတော့.. ဒီရွေးချယ်မှုဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါ..။
လွှတ်တော် တက်မယ့်ကစ္စကို လုံး......၀...... ကြိုဆိုပါတယ်..။

Aung said...

ပြည်သူလူထုကတော့အမေစုကိုထောက်ခံလျှက်ပါပဲ

wayratkhun said...

အထူးကြိုဆိုပါတယ် nld အပြန်အလှန်လေးစားကြတော့ တိုင်းပြည်ကောင်းစားရေးအတွက် သိပ်ကျေးဇူးကြီးပါတယ်။

မီးအိမ် said...

ဝမ်မြောက်ဝမ်းသာ ဖြစ်မိရပါတယ်၊

zawlintun said...

အ၇မ်းဝမ်းသာစရာသတင်းပဲ။ ပြည်သူတွေအတွက် အလျော့ပေးလိုက်တာ ဟိုကြံဖွတ်တွေနဲ့တော့ကွာပ။ ပြည်သူ့အတွက်လည်းမကြည့်တတ်။ သူတို့ အတွက်ပဲသူတို့ကြည့်တတ်တဲ့ လိပ်တွေ။ ၀မ်းသာပါတယ်ဗျာ

Anonymous said...

လေးစားဂုဏ်ယူပါတယ်။
ပြည်သူအတွက်၊တိုင်းပြည်အတွက်ဆောင်ရွက်ပေးနိုင်မှာမို့
ဝမ်းသာကြည်နူးမိပါတယ်။
မတူတာဘေးဖယ်ထားညှိညှိနှိန်းနှိန်းနဲ့ဆောင်ရွက်သွားကြမယ်
ဆိုရင်အားလုံးကောင်စေမှာပါ၊
မကျေနပ်မူတွေကိုလွတ်တော်ထဲဆက်ယူသွားမယ်ဆိုရင်စကား
များအချင်းများနေတာနဲ့ပဲအချိန်ကုန်သွားနိုင်တယ်၊
ပြည်သူအကျိုးအတွက်ဆိုရင်အားလုံးညီညွတ်စေခြင်ပါတယ်
အမေစုအောင်မြင်ပါစေ၊ NLD အောင်မြင်ပါစေ၊ကြံ့ဖွံ့အောင်မြင်
ပါစေ၊နိုင်ငံရေးပါတီအားလုံးအောင်မြင်ပါစေ၊မြန်မာပြည်သား
အားလုံးအောင်မြင်ကြပါစေ၊မြန်မာဟေ့ဆိုပြီးဂုဏ်ယူနိုင်ကြပါစေ

Anonymous said...

လေးစားဂုဏ်ယူပါတယ်။
ပြည်သူအတွက်၊တိုင်းပြည်အတွက်ဆောင်ရွက်ပေးနိုင်မှာမို့
ဝမ်းသာကြည်နူးမိပါတယ်။
မတူတာဘေးဖယ်ထားညှိညှိနှိန်းနှိန်းနဲ့ဆောင်ရွက်သွားကြမယ်
ဆိုရင်အားလုံးကောင်စေမှာပါ၊
မကျေနပ်မူတွေကိုလွတ်တော်ထဲဆက်ယူသွားမယ်ဆိုရင်စကား
များအချင်းများနေတာနဲ့ပဲအချိန်ကုန်သွားနိုင်တယ်၊
ပြည်သူအကျိုးအတွက်ဆိုရင်အားလုံးညီညွတ်စေခြင်ပါတယ်
အမေစုအောင်မြင်ပါစေ၊ NLD အောင်မြင်ပါစေ၊ကြံ့ဖွံ့အောင်မြင်
ပါစေ၊နိုင်ငံရေးပါတီအားလုံးအောင်မြင်ပါစေ၊မြန်မာပြည်သား
အားလုံးအောင်မြင်ကြပါစေ၊မြန်မာဟေ့ဆိုပြီးဂုဏ်ယူနိုင်ကြပါစေ

zaw 1975 said...

ဝမ်းသာတယ်...ကျေးဇူးတင်တယ်...အရမ်းပျော်တယ်...NLD နဲ့ပြည်သူ
ထပ်တူကျပါပြီ...

tawtar said...

အမေ သားတို့ပြည်သူတွေအပေါ်ဘယ်လောက် ထိ စေတနာ မေတ္တာ၊ ကရုဏာထားတယ်ဆိုတာ သိနားလည်ပါတယ်။ ဘဗိုလ်ချုပ်မိန့်ကြားခဲ့ဘူးသော စကားလိုပဲ အခု လမ်းပေါ်မှာ စည်းမဲ့ ကမ်းမဲ့ စီးပွားရှာတာတွေ တစ်ချိန်မှာ စည်းကမ်းရှိလာပါစေလို့...........

hasi said...

ဝမ်းသာကြိုဆိုပါသည်၊ကောင်းမွန်သောလုပ်ရပ်ဖြစ်ပါသည်။

Mone Mone said...

ပြည်သူ့ဆန္ဒအရ၊တစ်ခြားသောနိုင်ငံများရဲ့တိုက်တွန်း ချက်အရ၊ မြန်မြန်ဝင်မြန်မြန်လုပ်၊ ပိတ်ဆို့မှုကြောင့်၊ မကျွမ်းကျင်မှု့ကြောင့်၊ ဆုတ်ယုတ်နေတာတွေပြန်ကောင်းအောင်လုပ်၊
အလုပ်အကိုင်အခွင့်အလမ်းများများကိုယ့်တိုင်းပြည်မှာရှိမှ၊ ကျွန်ဘ၀ရောက်နေတဲ့သူတွေ၊အနှိမ်ခံနေရတဲ့သူတွေ အမိမြေကိုပြန်လာနိုင်မှာ။ အဖေထားခဲ့တဲ့သခင်ဘ၀အခြေအနေပြန်ရောက်အောင် ဆွဲတင်နိုင်ပါစေလို့၊၊

Anonymous said...

ဝမ်းသာပါတယ်၊ကျေးဇူးလည်းတင်ပါတယ်၊
တိုင်းပြည်အတွက်၊ပြည်သူအတွက်ဆောင်ရွက်ပေးနိုင်ပါစေ၊
အားလုံးညှိုနှိန်းဆောင်ရွက်မယ်ဆို၊အောင်မြင်မှာပါ၊
မတူတာဘေးဖယ်ထား၊နာကျည်းမူတွေမေ့လိုက်ကြပြီး၊
တိုင်းပြည်အတွက်ပြည်သူအတွက်ဆောင်ရွက်ပေးကြပါလို့၊
အမေစုအောင်မြင်ပါစေ၊ NLD အောင်မြင်ပါစေ၊
ကြံ့ဖွံ့အောင်မြင်ပါစေ၊နိုင်ငံရေးပါတီအားလုံးအောင်မြင်ပါစေ၊
မြန်မာပြည်သားအားလုံးအောင်ကြပါစေ၊မြန်မာလူမျိုးပါဆိုပြီး
ဝမ်းသာဂုဏ်ယူနိုင်ကြပါစေ

Ni Ni said...

ပြည်သူ တွေ မျက်နှာညိုးနေတာ စိတ်မပျော်တာ ကို ကြာကြာ မကြည့်ရက်တဲ့ အမေရယ် ။

MgNyiChit said...

အကောင်ဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို မလုပ်ဘဲ တင်းခံထားရင် လက်ရှိအစိုးရနဲ့ အာဏာရပါတီက ၀မ်းသာတာထက် တတိယအုပ်စုဆိုသူတွေက လက်ခမောင်းခတ်ဖို့ရာ မြင်ယောင်နေမိတယ်။ အခုတော့ အဲဒီ အန္တရာယ်က လွတ်နေနိုင်တာပေါ့။

TTMY said...

ပြည်သူ့ဆန္ဒကိုလိုက်လျောတဲ့ NLD ကိုလေးစားပါတယ်

ThetOo said...

တစ်နေ့တာဥပုဒ် စောင့်သလိုဘဲ တစ်ရက်တာ ကျမ်းကျမ်းသစ္စာ ဆိုလို့ရပါတယ် အခက်ခက်ကိုကျော်လွားဖို့အတွက်နည်းလမ်း
အများများသုံးမှအဆင်ပြေမှာပါ။

ဒီလူ said...

ပြည်သူကို ရှေ့တန်းတင်ပြီး NLD ရဲ့ သဘောထားကြီးမြတ်မှုကို ပြသလိုက်တာပါပဲ...

hello said...

အန်တီရေမှားသွားတယ်လို့မပြောပါနဲ့တော့
အန်တီကအမြဲမှားနေကျပဲဟာ

Anonymous said...

ဝမ်းသာတယ်ဗျာ..
ကျေနပ်တယ်ဗျာ..
ပျော်လို့ ထပ်မန့်တာ..

hhy said...

very good news

myosanoo said...

အမေစု နဲ့ပြည်သူ့တွေရဲ့ဆန္ဒတထပ်ထဲပါ. အမေစုကကေါင်းမယ်ထင်တို့လုပ်တဲ့ကိစ္စတွေကိုပြည်သူတွေကထောက်ခံဝန်းရပြီးသားပါ. ၂၀၁၅မှာပြတ်ပြတ်သားသားအဖြေထွက်မှာမို့ကြိုတင်ပြင်ဆင်ထားကြဖို့လိုမယ်အမေစု

serrano said...

ဒီလိုကောင်းသတင်းမျိုးကြားချင်နေတာ...ဒါဟာပြည်သူတွေအတွက်အထူးသတင်းပါ...

The Nature Myanmar said...

အမေ သဘောထားကြီးခြင်းဟာ မြင့်မြတ်သူတွေရဲ့ နှလုံးသားမှာဘဲ ရှိတာပါ...
ပြည်သူတွေရဲ့ မျက်နှာကို ပြန်ကြည့်ကြဖို့ နည်းမျိုးမျိုးနဲ့ တောင်းပန်နေ ကြချိန်မှာ တကယ်တမ်း ပြည်သူကို တန်ဖိုးထားတာဆိုလို့ ပြည်သူ့ ပါတီတွေဖြစ်တဲ့ ဒီမိုကရေစီ အင်းအားစုတွေဘဲ...

ဘယ်လိုတဇွတ်ထိုး တဇောက်ကန်းတွေမှန်းကို မသိဘူး...

မင်းတို့က အဲလိုလုပ်ပြလေ...မင်းတို့တစ်တွေ ပြည်သူနဲ့ ဝေးလေပေါ့...

အနိုင်အရှုံးပြိုင်တဲ့ပွဲ မဟုတ်ဘူး...ပြည်သူကို တကယ်ချစ် မချစ်ပြိုင်တာ...

မွေးနေ့ [May 02] မှာ အမေတို့ပါတီ လွှတ်တော်တက်တော့မယ်...

Myo1 said...

လူထုခေါင်းဆောင် အစစ်အမှန်ဖြစ်သည်...

မင်းလွင်ဦး said...

လွှတ်တော်ထဲ ၀င်လို့ ရအောင် ရွေးကောက်ပွဲဝင်တာ မဟုတ်ဘူးလား ... မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ သူတွေက လွှတ်တော်မတက်ပဲ ဘာအဆိုတွေကို ဘယ်လို တင်သွင်းမှာလဲ .. ဘယ်လိုကန့်ကွက်မှာလဲ ပြောင်းလဲမှာလဲ .. လွှတ်တော်တက်တာကိုပဲ အလျှော့ပေးလိုက်ရသလို ပြောတာကတော့လွန်တယ်ထင်တာပေါ့ဗျာ ...

kaungkin said...

ခုတော့ ပြည်သူ့ဆန္ဒလုပ်ရပြီပေါ့။ အစကတည်းက၀င်ပြီး
လွှတ်တော်ထဲဝင်လို့ ကိုယ်စားလှယ်တွေကိုစည်းရုံး၊ အဆိုတင်ပြီးပြင်လိုက်
မယ်ဆိုရင် ပြည်သူတွေဒီလောက် ရင်မောခဲ့ရမှာမဟုတ်ဘူး။ NLD ရဲ့လုပ်ဆောင်ချက်လည်း ပီပြင်လာမှာ။

yarzar said...

နောက်ဆုံးတော့လည်းဝင်ရတာပါပဲ.အစထဲကရှုံးမယ်မှန်းသိနေရဲ့သား
နဲ့ကြံ့ဖွတ်အစိုးရအကျိုးရှိအောင်မဖြစ်စလောက်နေရာလေးနဲ့ရွေး
ကောက်ပွဲဝင်တာအတော်အံ့သြတယ်.၀င်ထဲကတောင်ရှုံးနေတာအထဲ
ရောက်လို့စစ်ဗိုလ်တမတ်သားနဲ့ဒီဖွဲ့စည်းပုံကြီ့းပြင်လို့ရပါ့မလား.ဒီတ
သက်..ဝေးပါ့ဒီမိုကရေစီရေ..

thant said...

ခောတ်ကာလနှင့်မသင့်လျော်တော့သော ဥပဒေကို ပယ်ဖျက်ပြီး ယခုကာလနှင့် သင့်လျော်သောဥပဒေကို ပြင်ဆင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ခြင်းပါပဲ...

wi wi said...

လုံးဝကြိုဆိုပါသည် အမေစု၏သဘောထားကြီးမားမြင့်မြက်တယ်ဆိုတာသက်သေတခုပါပဲပြည်သူ့.ခေါင်းဆောင်ကောင်းဆီုတာယုံကြည်ပြီးသားပါအမေ

နဂါးမျက်လုံး said...

ပြည်သူ့ ဆန္ဒ အရ ဆိုတာ တော့ သိပ်လက်မခံချင်ဘူးဗျ....
ပြည်သူ့ ဆန္ဒ က DASSK ရဲ့ ဆန္ဒနဲ့ များသောအားဖြင့် တူပါတယ်....
ဘာမှ မဟုတ်တာလေးနဲ့ ကတ်သတ် ပြီး သဘေားထား သေးသိမ်တဲ့ သူတွေ ကို မကြိုက်လှသော်လည်း
တိုင်ပြည် အရေး အတွက် စကာလုံး နှစ်လုံးကို ခေတ္တ လစ်လျှူရှု့ ထားလိုက်ပြီး အလျောပေးလိုက် တာမျိုး လို့ယူဆပါတယ်....
ဘာပဲဖြစ်ဖြစ်လေ.... ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ဆုံးဖြတ်ချက် နောက်မှာ မတွေဝေစတမ်း တတ်အားသရွေ့ ကျိုးစား အကောင် အထည် ဖော်ကြပါစို့ဟု သာ ဆန္ဒပြုရင်း....

aye said...

မဟော်သဓဇာတ်တော်ထဲကလို မိခင်ေ၇ွးချယ်ပွဲမှာမိခင်အရင်းကလျော့ပေးသလိုပေါ့

aung myat said...

ဒါအကောင်းဆုံး ဆုံးဖြတ်ချက်ပါ၊သူတို့ကတော့ဘယ်လျှော့မပေး
ချင်ဘူး၊တိုင်းပြည်ချစ်လို့လုပ်နေတဲ့သူတွေမှမဟုတ်ဘဲ၊လူတိုင်း
ပြည်သူတိုင်းသိပြီးသားပါ၊ဦးသိန်းစိန်ရေ၊ဦးအောင်သောင်းတို့၊ဦး
သောင်းတို့၊ဦးကျော်ဆန်း၊အောင်သိန်းလင်းတို့လိုတိုင်းပြည်အရှက်
ကွဲမဲ့သူတွေဒီအုပ်စုထဲမှာရှိသေသမျှတော့ဦးသိန်းစိန်ဒုက္ခ လှလှ
ကြီးတွေ့တော့မယ်နော်၊အမြန်သာအရေးယူပြီးထောင်ထဲနှစ်
၁၀၀လောက်ချထားလိုက်၊တိုင်းပြည်ဖျက်နေတဲ့အမျိုးယုတ်တွေ၊
ကြံဖွံ့ဘာလဲ၊ကတမ္ဘာလုံးသိပါတယ်၊သူတို့မို့လိုမရှက်တာ

minsoeaung said...

NLD လွှတ်တော်တက်တာကြိုဆိုပါတယ်။
တစည အနေနဲ့လည်းဝမ်းသာကြမှာပါ။
ဒီလို သဘောထားကြီးကြတာကို တွေ့ရတောာ့
ကျေနပ်မိပါတယ်။
အားလုံးပါဝင်ရေးဆိုတာအခုမှမှန်သွားတယ်။ပြင်သင့်
တာဆွေပြင်။လဲသင့်တာလဲခန့်သင့်တာခန့်ပေးသင့်တာပေးယူသင့်တာယူ လုပ်သင့်တာလုပ်ငြကပါ ။နိုင်ငံတော်ကြီးတိးတက်
ချမ်းသာပြီခေတ်မီနေစေချင်ပါသည်။

ye ye said...

အမေစုနဲ့NLDရေ...
thapaungthiပြောသလိုပဲပြင်ရမယ့်စာသားနေရာရောက်ရင်ကိုယ့်ဟာကိုပြောင်းဆိုလိုက်ရင်ရတာပဲ။
ဘယ်သူသိတာမှတ်လို့...

klmoe said...

ဝမ်းသာတယ်ဟေ့

la min said...

ဘာပဲ ဖြစ်ဖြစ် လွှတ်တော်ထဲ ရောက်သွားရင်ကို အဆင့်တစ်ခု ကျော်ပီလို့ပဲ မှတ်ယူရမှာပဲ...

Anonymous said...

အမေဒေါ်စုရဲ့ အသံကိုကြားလိုက်ရတာနဲ့.... စိတ်ထဲမှာရှင်းသွားပါတယ်...
ပြည်သူများရဲ့ဆန္ဒအရ က အဓိက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလကိုယ်စားလှယ်များ၊ ရဲ့ လှိုက်လှိုက်လှဲလှဲ တောင်းဆိုမေတ္တာရပ်ခံခဲ့တာ
ကြောင့်... လို့ ပြောသွားတာကိုကြားလိုက်ရတာ...ကျွန်တော်တို့ညီအစ်ကို
တွေ ကြားစေချင်တယ်... သေသေချာချာ အဲဒါကိုနားထောင်ပေးပါ....

A Dr. of MOST said...

လွှတ်တော်သို့ အမြန်ဆုံးဝင်ခြင်းသာလျှင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက် လို့ထင်ပါတယ် အမှန်အတိုင်းပြောရရင် လွှတ်တော်ထဲဝင်ဖို့ ကျမ်းကျိန်မယ့် စကားလုံးကို အထအနကောက်နေတာဟာ လွှတ်တော်သို့ အမြန်ဆုံးဝင်ဖို့ နောက်ကျစေခဲ့ပါတယ်လို့ ထင်ပါတယ် ဘာပဲဖြစ်ဖြစ် အများကြီးရင့်ကျက်နေကြတာ တွေ့ရပါတယ် ကျေးဇူးတင်ပါတယ်

pkaokye said...

ကောင်းသောသတင်းပါပဲ အောင်မြင်ပါစေကြောင်း တောင်းဆုပြုလျှက်

myomin said...

၈၈ ခုနှစ်တုံးကဒေါ်စု လို့ခေါ်ပေမယ့် အခုအမေစုလို့ခေါ်နေတာ အမေတစ်ယောက်ကဲ့သို့ခေါင်းဆောင်ခြင်း အနှစ်နာခံပေးဆပ်ခြင်းတို့ကြောင့်အမေဆိုတဲ့နေရာတစ်ခုဖြစ်ပေါ်လာရတာပါ။ပြည်သူတွေအတွက်ဆက်လုပ်ပါ အမေ အမေစု့ 

ရွှေစင် said...

ဝမ်းသာပါတယ်ရှင်

aungaung said...

အမေဟာထာဝရလူထုခေါင်းဆောင်ပါအမေ

ခေတ်လူငယ် said...

ရန်မဖြစ်ခြင်း ဟာ အနိင်ရခြင်း ရဲ့ အဓိက အရေးပါ တဲ့ သော့ချက် ပါ အမေစု ရယ် ။

ခေတ်လူငယ် said...

အမေစု လွှတ်တော် ထဲကို သွားရင် ကြိမ်လုံး တစ်ချောင်း ယူသွားသင့် ပါတယ်။ ဘုရား၊တရား၊သံဃာ မိဘ၊ဆရာ၊ပြည်သူ ကို လိမ်လည်း စော်ကား တဲ့ သူတွေကို ကြိမ်လုံးလေးနဲ့ တစ်ယောက် ခြောက်ချက်စီ စပ်စပ် ကလေး ရိုက်ပြီး ယဉ်ကျေးမှု အဘိဓမာ သင်တန်း ရယ် နီတိ ရယ် သင်ကြားရပါမယ်။ ကျွန်တော် ခေတ်လူငယ် က အကြံပြု ပါရစေ......။

minsoeaung said...

အားလုံးပါဝင်ရေးမို့ဒီဆုံးဖြတ်ချက်ကအမှန်ဖြစ်ပါသည်။
စိတ်လိုက်မာန်ပါအရင်စလိုပြောတတ်တာကိုနည်းနည်ေ
လျော့ပါ။ခေါင်းဆောင်သတ်ရင်အားလုံးသေပါသည်။
လွတ်တော်တက်မယ်ဆိုတော့ဝမ်းသာမိပါတယ်။
အပြင်ကနေအော်နေလို့ဂရူစိုက်မှာမဟုတ်ဘူး
အထဲကနေအော်မှတရားဝင်မယ် အမေ

တရားရှင် said...

ကြိုဆိုပါတယ်အန်တီ

Unknown said...

ဝမ်းသာလိုက်တာအမေရယ် .....ပြည်သူလူထုရဲ့ဆန္ဒအရတက်ေ၇ာက်လိုက်တာပါတဲ့ အမေ့ရဲ့စိတ်ဓါတ် အမေ့ရဲ့ ပြည်သူတွေအပေါ်မှာ ထားတဲ့မေတ္တာတရားကတော့ ရာဇ၀င်မှာစာတင်ထားလိုက်ပါ့မယ်အမေရယ်......အစစ အရာရာ အောင်မြင်စွမ်းဆောင်နိုင်ပါစေ......ဘေးမသီ ရန်မခပဲ ထာဝရအေးချမ်းသာယာဝမ်းမြောက်နိုင်ပြီးသက်တော်ရာကျော်ရှည်ပါစေ............

Thurein said...

Thank you NLD

aung naing said...

အဖွဲ့ချူပ်ကတော့ပါတီအကျိုးထက်ပြည်သူအကျိုးကိုဦးစားပေးလိုက်တာပါ၊ကြံဖွတ်တွေကတော့ငါချမ်းသာဘို့အဓိကသမားတွေပါ၊ဒါကြောင့်ကြည့်လေကြံဖွတ်ဗိုလ်ချူပ်တွေဆိုဘာချမ်းသာလဲမမေးနဲ့၊၀န်ကြီးတွေတိုက်ဆောက်ပြည်သူတွေတဲပျောက်

popmyitta said...

အမေစုတို့ NLD လွှတ်တော်ထဲရောက်ရေးအတွက် ကျွန်တော်တို့
တစ်အိမ်သားလုံးထောက်ခံမဲတွေပေးခဲ့ကြတာပါ။
အမေတို့ လွှတ်တော်ထဲရောက်မှ ပြည်သူတွေအတွက် ပြောနိုင်၊ ဆိုနိုင်၊
ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်လား....
ဒါကြောင့် လွှတ်တော်ကို တက်ပါ..လို့ အလေးအနက် တိုက်တွန်း
အပ်ပါတယ်။

clementzaw said...

ပြည်သူ့ဆန္ဒအရတက်ရတယ်ဆိုတာ ကျနော်တို့နားလည်ပါတယ်
အမေစုရှိရင် ကျနော်တို့အားရှိတယ်
အမှန်တရားကို ချစ်မြတ်နိုးတဲ့အမေစု ရှိမှ ကျနော်တို့လူမျိုးတွေ
ကမ္ဘာ့အလည်မှာ မျက်နှာမငယ်အောင် ကယ်နိုင်မယ့်သူက အမေစုပဲရှိတာပါ အမေစုရယ်...

Wunna Ko Ko said...

အမေ လုပ်သမျှလုံးဝ ယုံကြည်ပါတယ်။
ဘာလို့လဲဆိုတော့ အဖိုး သမီး ပီသလို့ဘဲ။
ကြံ့ဖွံ့ လို လူထုမကြိုက်ဘဲ ခေါင်းဆောင်တက်မလုပ်ဘူး။
ဒီအချက်ကပဲ လေးစားစရာ ကောင်းနေတာ။

mying thar yar said...

မြန်မာပြည်မှာ လူဖြစ်ရကြိုး
အမေစွမ်းဆောင်မှ ကျွန်တော်တို့တွေ
နပ်ရမှာပါ အမေ....
(အမေ့ရဲ့နောက်မှာ တတ်နိုင်တဲ့ဘက်က အမြဲရှိနေမှာပါ)

Powered by Blogger.