ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို

မြစ်ကြီးနား၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂- (YPI)

အစိုးရစစ်တပ်မှ ရဟတ်ယာဉ်များဖြင့် လူလက်နက် ရိက္ခာ အကူအညီများ ပန်ဝါဘက်သို့ သယ်ပို့လျှက်ရှိပြီး ယမန်နေ့မှစတင်၍ ပန်ဝါဒေသရှိ ကေအိုင်အေ တပ်ဖွဲ့များကို တိုက်ခိုက်လျှက်ရှိသည်ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ဦးလနန်က ပြောရာတွင် “ကျွန်တော်တို့ ရှေ့တန်းသတင်းတွေအရတော့ စစ်ရဟတ်ယာဉ် တစီးမှာ လက်နက်ကြီး၊ ရိက္ခာ၊ စစ်သား ၃၀ ပါတယ်လို့သိရတယ်” ဟုဆိုသည်။

ယမန်နေ့မှစတင်၍ မြစ်ကြီးနားမြို့ပေါ်မှ ဖြတ်သန်း၍ စစ်ရဟတ်ယာဉ်အနည်းဆုံး ၆ စီး ပျံသန်းသွားသည်ကို တွေ့ရသည်ဟုလည်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

“ရဟတ်ယာဉ်တွေက ဘေးနှစ်ဘက်နှစ်ချက်မှာ ပစ်တဲ့ လက်နက်တွေပါတယ်။ မနေ့က ၆ စီး ၊ ၇ စီးလောက် ဖြတ်ပျံသွားတယ်။ ဒီနေ့တော့ ၂ စီး ၃ စီးပြန်လာတာတွေ့တယ်” ဟု မျက်မြင်တွေ့မြင်လိုက်သူ မြစ်ကြီးနားမြို့ခံတဦးက YPI သို့ပြောသည်။

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ကေအိုင်အို ဋ္ဌာနချုပ်နှင့် နီးစပ်သည့် နေရာများအထိ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသဖြင့် မြန်မာ အစိုးရစစ်တပ်မှ ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းရန်ရည်ရွယ်ထားသည်ဟု ကေအိုင်အို ဘက်က ပြောဆိုမှုများလည်း ထွက်ပေါ်လျှက်ရှိသည်။
သို့ရာတွင် ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာကို သိမ်းယူရန် အစီအစဉ်မရှိဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များ၏ မေးခွန်းကိုဖြေကြားပြောဆိုသွားသည်။

ကေအိုင်အို အဖွဲ့နှင့် နအဖ အစိုးရအကြား ၁၉၉၄ ခုနှစ်တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာမှ ပျက်ပြယ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် နှင့် တရုတ်နိုင်ငံနယ်စပ်ဘက်များဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဦးသိန်းစိန် အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့များ ဖွဲ့စည်းကာ ယမန်နှစ်မှစတင်၍ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသကဲ့သို့ ကေအိုင်အိုနှင့်လည်း ယမန်နှစ် နှောင်းပိုင်းမှ စတင်ကာ ဆွေးနွေးခဲ့သော်လည်း ယခုအချိန်ထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပေ။ ။
 Yangon Press International
ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို Reviewed by သစ်ထူးလွင် on 00:14 Rating: 5

23 comments:

သံစဉ်မဲ့ချစ်သူ said...

ဖတ်နေရတာတွေက တခါတလေ အရမ်းရီချင်စရာကောင်းတယ်။ ယူထားတဲ့ source တွေကလည်း ဘယ်လိုတွေမှန်းကို မသိဘူး။ ဦးလနန်ကလည်း ရွှီးလွန်းနေပြီထင်တယ်။ ဗမာပြည်က ရဟတ်ယဉ်က လက်နက်ကြီးလည်းသယ်နိုင်၊ စစ်သား ၃၀ လောက်လည်း တပြိုင်တည်း၊ ဒီကြားထဲ ရိက္ခာပါ ပါသေးတယ်။ မကြားဖူးပါဘူး။ တရုတ်လား၊ ရုရှားကလား ပေးထားတာ အဲလို ရဟတ်ယာဉ်မျိုး။ နောက်ပြီး ၁၀၅ နဲ့ ထုနေတာတဲ့။ အဲဒီ ကျည်ခွံ ဓါတ်ပုံရိုက်ပြီး တင်ပြစမ်းပါ။ အပြောကလည်း ကြီးကျယ်သေးတယ်။ နည်းနည်း ထိရင် များများအော်တဲ့ လူစားမျိုးတွေ၊ မသိဘူး မှတ်နေလား။ ဘန်ကီမွန်းလာမယ်မှန်းသိလို့ လူတွေ ကိုယ့်ကို သိအောင် လုပ်နေတဲ့ ပုံစံများ။ ကိုယ်ကလည်း အရင် လုပ်သေး၊ ကိုယ်အရင် စအော်နေတဲ့ ကလေးကလား အကွက်တွေနဲ့။ ကြားရတာ စိတ်ပျက်စရာ။

shingyi said...

စစ်တိုက်တာလူနည်းစု၊ခံစာနေ၇တာလူများစု၊မငြိမ်းချမ်းတာကို၊ငြိမ်းချမ်းမှ
ပိုသိလာမယ်။တော်ကြတော့။

la woon said...

သူတိုကတမျိုး...
စစ်တပ်ကလဲ ရှင်းမှာဖြင့်အကုန်သာအမြန်ရှင်းပြီး
ဆော်ပြစ်လိုက်တာမဟုတ်ဘူး
တစခမ်း ထနေတယ်

Unknown said...

K .I .A ကျရူံးခန်းနီးလာပီ...မကြာမှီကချင်ပြည်နယ်အေးချမ်းတော့မည့်...

My Craziest Thoughts said...

KNU တို့တောင်မှအစိုးရနဲ့ညှိုလို့ရနေသေးတာပဲ..KIA/KIO က
ဘာလို့ဒီလောက်တောင်ခေါင်းမာနေရတာလဲ? Cease Fire လုပ်ပြီးမှ နိုင်ငံရေးကိစ္စ ဆွေးနွေးကြပါလား..အခုတော့ KIA/KIO က နိုင်ငံရေးကိစ္စ ပြီးမှ Cease Fire လုပ်မယ်တဲ့..ဒုက္ခရောက်တော့
လည်း ကချင်လူမျိုးတွေပဲ/ကိုယ့်တိုင်းရင်းသားတွေပဲဟာ...နောက်
ဆုံးတော့အတ္တသမား တွေချည်းပဲ။ KIA/KIO ကကိုယ့်လူမျိုးတွေ
အတွက်ဆိုလည်းသူတို့ဖက်က ဒီလောက်အထိခေါင်းမာစရာမလို
ဘူးလို့ပဲမြင်တယ်..ကျွန်တော်တောင် KIA/KIO ကိုသနားချင်
စိတ်ကကုန်လာပြီ...

ရာရာ said...

ဆော်သာဆော်ပစ်...။ ကားလမ်းတွေမိုင်းထောင်၊ ရထားတွေမိုင်းထောင်၊ လူထုကို ဆက်ကြေးကောက်၊ လူငယ်တွေစုဆောင်ရေးဆွဲ ကချင်ပြည်နယ်အတွက်၊ ကချင်လူမျိုးစုအတွက် နဲ့ တိုင်းပြည်အတွက် ဘာတစ်ခုမှ ကောင်းတာမလုပ်ခဲ့တဲ့ကောင်တွေ...အမြှစ်ပါလှန်ပစ်။

wisher said...

ကိုယ့်လူမျိုး ကိုယ့်လက်အောက်ငယ်သားတွေ ဒုက္ခရောက်ပြီး သူကဘာမှမဖြစ်တာ အာဏာရှင်၊ ကိုယ့်လူမျိုး ကိုယ်လက်အောက်ငယ်သားတွေနဲ့ အတူဒုက္ခခံတာခေါင်းဆောင်ကောင်း၊
ကိုယ့်လူမျိုး ကိုယ်လက်အောက်ငယ်သားတွေအတွက် သူပဲဒုက္ခခံတာ
အာဇာနည်သာဖြစ်လေတော့သည်။ ဘယ်သူဘယ်မှာပါသာ သိကြ။

nancherry said...

မင်းတို့  မှားနေပြီကချင်အဖွဲ့ ဟာဘယ်တော့ ကမှမဟူတ်တာမပြောဘူးငြီမ်ခံ
ခဲ့ ရတာလည်းကြာပြီ စစ်အစိုးရကလိမ်ကကျစ်ဘယ်လောက်ကြတယ်ဆိုတာမင်းတို့ အသိဆုံးပါ

pyaponthu said...

ကချင်လူထုကိုတကယ်သနားရင်ငြိမ်းချမ်းရေးယူနိုင်ရမှာပေါ့သူတို့ခေါင်းဆောင်တွေက တရုတ်အပေးအကမ်းနဲ့တရုတ်ပြည်မှာ ဇိမ်ကျနေတယ်။အောက်က လူတွေကဦးဏှောက်မရှိဘူး။အာဏာရူးတွေပြောတိုင်းလျှောက်လုပ်နေတယ်။ကချင်ပြည်သူအတွက်ဆောက်ထားတဲ့ပစ္စည်းတွေကိုဖျက်ဆီးတာကချင်ပြည်သူားအကျိုးပြုလား။စဉ်းစားကြပါ KIA/KIOတို့ရေ။ကချင်ပြည်သူတွေကိုတကယ်ချစ်ရင် ငြိမ်းချမ်းရေးယူကြပါ။အမေကျော်ပြီးတရုတ်ဖထွေးကို အဖေမခေါ်ပါနဲ့

hasi said...

ဝိုင်းမော်ကိုဝင်ချတာတော့INTERNET သတင်းထုတ်ပြန်တာမတွေ့ဘူးဦးလန်နန်
မြစ်ကြီးနားအနီးတ၀ှိုက်ဗုံးခွဲတာတွေလဲမတွေ့ရဘူး၊အစိုးရပုံမှားရိုက်နေတယ်နဲ့တူတယ်...

Myutsaw said...

အစိုးရ သတင်းလောက်ဖတ်ပြီး လျောက်အော်မနေနဲ့.. မျက်စိဖွင့်ထားပြီးအမြင်ကန်းနေကြတယ်။

မောင်မောင် said...

နန်းချယ်ရီ..ခုပြောနေတာက ကချင်အဖွဲ.ကိုပြောနေတာမဟုတ်ဘူး..ကေအိုင်အေခေါင်းဆောင်တွေကိုပြောနေတာ..ကေအိုင်အေခေါင်းဆောင်းတွေက တရုတ်ပြည်ဘက်မှာပဲနေတာ..မယားငယ်ပေါင်းထောင်သောင်းနဲ.နှပ်နေကြတာ..ပြီးတော့ သေကြေတာက အောက်ကလက်အောက်ငယ်သားတွေသေကြေနေကြတာ..

htay said...

တိုက်ပွဲဖြစ်နေတယ်ဆိုတာဖြစ်နိုင်ပါတယ် - ၂၇ ရက်နေ့က စစ်ကား (၁၀)စီလောက်နဲ့ ရိက္ခာတင်ကားတွေ မူဆယ်ကိုဖြစ်တ်ပြီး နမ့်ခမ်းဘက်ကိုသွားတာတွေ့လိုက်တယ်

hasi said...

KIA ကဆဒုံးမှာအခရမှူးရုံးကိုဝင်ပြစ်တာKIA ကသတင်းမထုတ်ပြန်ဘူးလား
ချီဖွေမှာတံတားချိုးတာ လုပိမှာ နယ်ခြားစောင့်တပ်ကိုဝင်တိုက်တာတွေကောသတင်းမထုတ်ဘူးလား KIA ပြောခွင့်ရဦးလနုန် ရေ

ရဲဝင်း said...

အေးချမ်းမှု့ကို စစ်တိုက်ပြီး လူပေါင်းများစွာ ( တမြေတည်းနေ တရေတည်းသောက်နေကြတဲ့) ဘာလူမျိုးပဲဖြစ်ဖြစ် အားလုံးက ဗမာပြည်သူ ပြည်သားတွေပါ ... သွေးချောင်းဆီး ပြီးမှ အေးချမ်းတယ်ဆိုတာ မရှိပါဘူး .. အဲဒီ အတွက် အေးကိုယ်လူမျိုးကို တကယ် ချစ်တာမှန်ခဲ့ ရင် အေးချမ်းမှု့ အသွင်(အပြု) သဘောဆောင်တဲ့ လုပ်ရပ်ကို လက်ခံရမှာပေါ့

မရဏမင်း said...

မှန်ပါ့ဗျာ။ ထောက်ခံပါတယ် Pyaponthu

တန`င်္လာကိုကို said...

ကချင်ခေါင်းဆောင်နှင်.ကချင်လူထုကြီးခင်ဗျား ကျွန်တော်စေတနာစစ်စစ်နဲ.ပြောပါရစေ၊ပညာရေးစီးပွားရေးလူမှုရေး
နောက်မကျအောင်ပါးနပ်ကြစမ်းပါ။ လက်နက်နဲ.မတိုက်နဲ.ပညာနဲ.တိုက်
စမ်းပါဗျာ၊ လူကြီးမင်းတို.မျိုးဆက်တွေနောက်ကောက်မကျအောင်လုပ်ကြပါ။
ဒီလိုသာဆိုမတိုးတက်ဘဲကျန်နေလိမ်.မယ်။ လူကြီးမင်းတို.လျင်လျှင်
တော်တော်တိုးတက်သွားမှာပါ။ အခွင်းအရေးကိုရအောင်ယူပါ။ ယခုက
အပြောင်းအလဲကာလလေးပါ။ ကျွန်တော.ညီအကိုမိဘတိုင်းရင်းသား
တွေအေးချမ်းပြည်.စုံတိုးတက်စေခြင်တယ်ဗျာ။ ကျွန်တော်ကသာမန်
နိုင်ငံသားပါ။ ပါတီနိုင်ငံရေးပရောဂမပါပဲတိုင်းရင်းသားတွေသူများထက်
သာစေချင်တဲ.ချစ်တဲ.စိတ်တစ်ခုတည်းနဲ.ပါခင်ဗျာ။

တန`င်္လာကိုကို said...

ကျွန်တော်နားမလည်လို.မေးမယ်ဗျာ၊ အဲဒီ ရထားပို.ဆောင်ရေးဝန်ကြီးက
စစ်ရေးမှာလည်းတာဝန်ယူနေရတာလား။ သူ.ကိုခိုင်းထားတာလား။
တလောကရန်မြို.ကြီး ၂၄ နာရီမီးပေးမယ်လို.ပြောလိုက်တာလဲသူလားလို.။
ပိန်းတယ်လို.ပြောလဲခံရမှာပဲ။

shingyi said...

ဖျာပုံသူပြောတာမှန်ပါတယ်။သစ်၊သံ၊ကျောက်၊ေ၇ွှအားလုံးကုန်နေပြီ၊ခေါင်းဆောင်တွေ၇ဲ့သားသမီးတွေကပြည်ပမှာအောက်လူနာတယ်တော်ကြပါတော့။

ziwasoe144 said...

KIA/KIO တွေဘယ်လောက်ယုတ်သလဲဆို
ကချင်ပြည်နယ်မှာနေဘူးတဲ့သူတိုင်းသိပါတယ်၊
ဒါ့အပြင်လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်အားလုံး
လဲသိပါတယ်၊မြန်မာစစ်သားတွေဘယ်လောက်သည်းခံခဲ့ရသလဲ
ကိုယ့်ဆွေမျိုးသားချင်းတွေဆိုတဲ့အသိနဲ့အနစ်နာခံပြီးအသက်
သွေးတွေအများကြီးပေးဆပ်ခဲ့ရပါတယ်၊ကမ္ဘာ့ခေါင်းဆောင်တွေ
ကချင်ကိစ္စဘာကြောင့်နှုတ်ဆိတ်နေလဲဆိုတာသဘောပေါက်ပါ၊
မြန်မာစစ်သားဆိုတာတိုင်းရင်းသားတွေအားလုံးနဲ့ဖွဲ့စည်းထားတာ
ဗမာစစ်သား၊ဗမာစစ်သားတွေလို့မပြောပါနဲ့၊ကိုယ့်ညီအကိုချင်းမို့
ညှာနေတာ၊ဟောင်ဝစ်ဇာနဲ့ပစ်တယ်၊ဒုံးကျည်နဲ့ထုတယ်ဆိုပီး
ကိုယ့်ကိုကိုယ်အမွှန်းတင်နေသေးတယ်၊တစ်ကယ်ဆို
လက်နက်ကြီးတွေလက်နက်ငယ်တွေမလိုပါဘူး၊ဒုတ်နဲ့ရိုက်တာနဲ့
ပီးတယ်။

MI 35 said...

MI 35 (၁၀) စီး လောက်ဖြတ်ပျံသွားတာနဲ့ KIA ကြောက်ချီးပန်းနေတယ် (ကချင်လူမျိုးပြည်သူလူထုကိုမဆိုလို) ... အနောက်နိုင်ငံတွေနဲ့ အဆင်ပြေနေလို့ တရုတ်ကြီးက KIA ကို မြောက်ထိုးပင့် ကော်လုပ်တာဖြစ်မယ်..NLD ပါတီဆက်နိုင်လို့ အစိုးရအဖွဲ့ ပြောင်းသွားလဲ .. တရုတ်က ဒီအတိုင်းနေမှာမဟုတ်ဘူး .. KIA က KNU ထက်တောင်အင်အားကြီးလာမှာ.. ဒါမျိုးကို မျှော်လင့်ထားပြီးသား..ကူမင်တန် တောင်မောင်းထုတ်ပြီးပြီ KIA လည်းအချင်ပဲ တိုက်စရာရှိတဲ့ရန်သူဆက်တိုက်မှာပဲ.. နောက်ဆိုရင်တော့ MI 35 တင်မကဘူး၊ အမေရိကန်လုပ် Apache နဲ့ ဆက်တွေ့ တာပေါ့.. ;)

luck said...

ကချင်လူထူအတွက်ဆိုပြီး ဗုံးထောင် လူသတ်အဲဒါတွေလုပ်မှာလား... သတင်းဌာန တွေနဲ့အော်နေတဲ့ ဦးလနန်ရေ.. ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်ကြပါ ဦး... ခင်ဗျားတို့ကိုတကယ်တိုက်မယ်ဆိုရင်ခဏလေးပါ...

ကျော်ထူး (စောဌက်) said...

အပေါ်က ကွန်မန့်ပေးသွားတဲ့ လူအများစုမှာ မအေ၊ နှမ၊ ပစ္စည်းဥစ္စာနဲ့ အသက်တွေ ရှိကြပုံ မရဘူး။

စပြောကတည်းက ကချင်ပြည်နယ်အကြောင်း ပြောနေတာကို သတိမထားကြပဲ ပြည်မ အာဏာပိုင်တွေလွင့်တဲ့ သတင်းတွေလောက်နားထောင်ပြီး ပြောချင်တာ ပြောသွားတာတွေဟာ မြန်မာပြည်သားတွေမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။

တကယ့်အခြေနေမှန်ကို သိချင်စိတ်လေး နည်းနည်းလောက်ဝင်မိရင် ကချင်ပြည်နယ် တောရွာဖက်မှာ မိသားစုလိုက် သွားနေကြည့်ပါလား။ ပြည်မစစ်တပ်က မုဒိမ်းကျင့်၊ အိမ်မီးရှို့ပြီး ယောင်္ကျားတွေ အားလုံးသတ်သွားမှ ယုံမှာလား။ သေတာတောင် ပြည်မက မီဒီယာတွေရဲ့ အသုံးချတာကို ခံရဦးမှာ။ စစ်တပ်လုပ်တာကို ကေအိုင်အိုခေါင်းပေါ် တင်ကြဦးမှာ။

မြန်မာပြည်သူပြည်သား စစ်မှန်တယ်ဆိုရင် အနိုင်ကျင့်ချင်တဲ့စိတ်၊ နယ်ချဲ့စိတ်တွေဖျောက်ပြီး ကိုယ်ချင်းစာစိတ်တွေ မွေးကြမှ ဒီမိုကရေစီနဲ့ တန်ကြတော့မပေါ့။

ဘုရားစင်ရှေ့၊ မှန်ရှေ့တွေရောက်ရင် ရှက်တတ်ကြပါ။

Powered by Blogger.