KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း

KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ကြောင်း Eleven Media Group သတင်းအရသိရသည်။

ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် မီဒီယာများမှ KIA ဌာနချုပ်အား သိမ်းရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဆိုပါ မေးမြန်းမှုအပေါ် ''KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။ ဒါ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြောထားတာကို ကျွန်တော်ပြန်ပြောပြတာပါ''ဟု ပြောကြားခဲ့သည်။

ယင်းအပြင် နယ်စပ်များရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၊ နယ်မြေမလုံခြုံ၍ နေရပ်ကို စွန့်ခွာသွားသူများ၊ လက်နက်ကိုင် အဖွဲ့များမှ ငြိမ်းချမ်းရေးယူခဲ့သူများအားလုံး၏ စားဝတ်နေရေး၊ အလုပ်အကိုင်၊ စာသင်ကျောင်း၊ ဆေးရုံ စသည်ဖြင့် လိုအပ်ချက်များအား ဖြည့် ဆည်းပေးရန်အတွက် Donar Support Group ဖွဲ့ကာ ကူညီပေးသွားရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု
Eleven Media Group အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
 ------------------------------------------------------------------------------
Popular Myanmar News Journal အင်တာနက်စာမျက်နှာမှာတော့ မန္တလေး-မြစ်ကြီးနား အဆန်ရထားတိမ်းမှောက်မှုဟာ ကေအိုင်အေထောင်သည့်ဗုံးကြောင့်ဟု ဦးအောင်မင်းဆိုသည်။ 

မန္တလေးဘူတာကြီးမှ မြစ်ကြီးနားသို့ ဧပြီလ ၂၈ ရက် နေ့လယ် ၁ နာရီ အချိန်ကထွက်ခွာလာသည့် အမှတ် ၃၃ အဆန်အထူးအမြန်ရထားသည် နမ့်စီအောင်နှင့်မှော်အောင်ဘူတာကြား မိုင်တိုင်အမှတ် ၆၁၆ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းမှာကေအိုင်အေအဖွဲ့မှထောင်ထားသည့် ဗုံးကြောင့်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဌာ နပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ယနေ့ ဧပြီလ ၂၉ ရက် နေ့လယ် ၁း၂၀ နာရီ က နေပြည်တော် စက်မှုဝန်ကြီးဌာန ၌ ပေါက်ကွဲမှုနှင့်ပက်သပ်ပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ Popular Myanmar News Journal အင်တာနက်စာမျက်နှာ မှာရေးသားဖော်ပြထားပါသည်။


 KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း  KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း Reviewed by သစ်ထူးလွင် on 12:21 Rating: 5

12 comments:

pyaponthu said...

ကချင်ကောင်းစားရေးလုပ်တယ်ဆိုပြီးကချင်ပြည်သူတွေကိုဒုက္ခပေးတာKIAဘဲ

Myutsaw said...

အင်း.. သမ္မတ ညွှန်ကြားတိုင်း တပ်မတော်က လိုက်နာမယ်လို့ထင်နေဒါလား အောင်မင်းရေ...

shantun said...

နန်.စီးအောင် နှင်. မော်ဟန်ဘူတာကြား လုပ်ပါ ဆရာ မော်အောင်ဘူတာတော. ကြား ကြားဖူးပါဘူး ။ အကြမ်းဖက်လုပ်ရပ်တွေကြောင်.
ထိထိုက်ခံရတဲ. ပြည်သူတွေ အတွက်တော. လုံးဝစိတ်မကောင်းတာ အမှန်ဘဲ ၊ ပြောင်းလာတိုးတက်လာတယ် ဆိုတဲ. 2012 ထဲမှာ ကချင်ပြည်နယ် သူသားတွေရဲ. ဒုက္ခက တနေ.ထက်တနေ. ပိုဆိုးရွားလာတာကို နံပါတ်တစ် ၀ိုင်းဝန်းဖြေရှင်းပေးစေချင်တယ် ။ လူမှုရေးနဲ.မရရင်လည်း စစ်ရေးနဲ. ဆုံးခန်းတိုင်အောင် လုပ်သင်.နေတာကြာပါပြီ။

lwannaymie said...

ဘာတွေလဲကွာ၊ တစ်ယောက်ကမသိမ်းဘူးပြော။ တစ်ယောက်က အသေတိုက်နေတယ်။ ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ကြားကပြည်သူ အချောင်သေနေရတယ်။ဘဝပျက်ကုန်ကြတယ်။ တခုဘဲပြောမယ်--မြန်မာစစ်တပ် သေတာတောင် KNU KIA ကိုတိုက်မကုန်ဘူး။ (နောက်မှာ တရုတ်နဲ့ထိုင်းလိုကောင်မျိုးက အိမ်နီးချင်းဖြစ်နေလို့။) ဘာကြောင့်ဆိုတာ နားလည်တဲ့သူတိုင်းသိတယ်။

ရာရာ said...

ကေအိုင်အေ ဌာနချုပ်ကိုသိမ်းရန် အစီအစဉ်လုံးဝမရှိပါကြောင်း။ ဘာကြောင့်လည်းဆိုတော့ ကိုယ်လက်ထဲရောက်လာတဲ့အချိန်မှာ စုတ်ပြတ်သတ်ပြီး လိုချင်စရာ တစ်ခုမှ ကျန်မှာမဟုတ်တဲ့အတွက်ဖြစ်ကြောင်း..။

အရှိအတိုင်း said...

ချခြင်ရင် လဲအပြတ်ချ...ခုဆီထမင်း၊ခုစာကလေးကြော် မလုပ်နဲ့...အသက်တွေ နှမြောဖို့ကောင်းတယ်...

Unknown said...

ပေါ်တင်ကြီးလိမ်နေဒါ၊
ကျွန်တော်ကချင်ပြည်နယ်သားတစ်ယောက်ပါ။လိုင်ဇာစခန်းသိမ်းစစ်ဆင်ရေးကျရှုံးပေါင်းများနေပြီး၊အခုလဲသက်ြန်အပြီးလိုင်ဇာစခန်းသိမ်းတိုက်ပွဲအစမှာ ဗမာတပ်က ရာဂဏန်းကျသွားပြီးပြီ၊BGF ဖြစ်သွားတဲ့NDAK ပန်ဝါနဲဆဒုံးတပ်ဖွဲတွေမိခင်KIO နဲပူးပေါင်းသွားလို့ နောက်တစ်ကြိမ်လိုင်ဇာနဲလိုင်စင်ဘွမ်စခန်းသိမ်းမဟာဗျူဟာအစီအစဉ်ပျက်သွားဒါပါ။ ဗမာတပ်မတွေရဲ့မဟာဗျူဟာလမ်းကြောင်းတွေကို KIA တွေနေရာယူလိုက်ပါပြီ။ကချင်လူမျိုးတွေကိုအပြတ် ရှင်းဘိုရည်ရွယ်ချက်နဲ (အပါချီ) စစ်လေယာဉ်တွေနဲနေ့တိုင်းတိုက်စစ်ဆင်နေပေမဲ့ ကချင်လူမျိုးတွေရဲမျိုးခြင်စိတ်ကိုဘာနဲမှမတိုက်နိုင်ပါ။ လတ်တလောမြစ်ကြီးနာမှာပေါက်ကွဲတဲ့ဗုံးတွေက ကချင်ပြည်နယ်ကိုစစ်မာရှယ်လောအမိန်းထုတ်ခြင်တဲ့ဗစစ်တပ်ရဲအကြံအစီဖြစ်ပါသည်။ ဘာလို့အမှန်တရားကိုမဖော်ရဲကြဒါလဲ။

ရာရာ said...

ကေအိုင်အေ ဌာနချုပ်ရှိတဲ့လိုင်ဇာကိုသိမ်းစရာမလိုပါဘူး...ကေအိုင်အေဌာနချုပ်ကိုပဲသိမ်းမှာပါ။

maungmin said...

လိုင်ဇာကို သိမ်းစရာမလိုပါဘူး...လိုင်ဇာနားကို မြန်မာစစ်တပ်ရောက်လာတာနဲ့ ဂွမ်မော်က သေနတ်ခေါင်းပေါ်တင်ပီး လက်နက်နဲ့ငြိမ်းချမ်းရေးလဲဖို့ တောင်းဆိုမှာမို့ပါ...

lulay said...

ကချင် တွေ လဲ မကောင်းဘူး မြန်မာ အစိုးရလဲ မကောင်းဘူး ကြားက ပြည်သူတွေ အသက်တွေ အများကြီး ဆုံးရှုံး နေတယ် ကချင်က ဗုံးခွဲ မြန်မာ စစ်တပ် လိုက် တိုက် အားလုံးကိုယ် ရှူပ်နေတာ ဘဲ သေတော့ ပြည်သူတွေ စိတ်ထဲ လုံးဝ မကောင်းတာ တော့ အမှန် ဘဲ ကချင်စစ်တပ်ကလဲ တောက်သုံးမကျဘူး တကယ် သတ္တိရှိရင် စစ်တပ်ကိုဘဲ တိုက်လေ ပြည်သူတွေ သွားလာနေတဲ့  ရထားကို ဘာကိစ္စ ဗုံးခွဲ တိုက်ရတာ လဲ လူ မှ မဟုတ်တာ မင်းတို့  က ဒါတောင် တောက်ကြီးတောက် ကျယ် နဲ့  ယုံကြည့် ချက်တွေ လျှောက်ပြောနေတယ် မင်းတို့  ကချင်ပြည်သူတွေ ဒုက္ခရောက်နေတာ လဲ မင်းတို့ လို့  တောက်လေကျယ်နေတဲ့ ကောင်တွေ ကြောင့် ငါတို့ ပြည်သူတွေ ဒုက္ခရောက်နေရတာ တကယ် သတ္တိရှိတယ် ဆိုရင် စစ်တပ်နဲ့  ချ ကြ လေ နှစ်ဘက် စလုံးအကုန်သေတော့ အေးရော ငါတို့  ပြည်သူတွေ စိတ်ချမ်းသာစွာ နေထိုင် ခွင့် ရတာ ပေါ့  ကွာ

MI 35 said...

@kachin (ID ကိုဆိုလိုသည်) KIA ခေါင်းဆောင်ပိုင်းမှာ ကချင်အမည်ခံ တရုတ်ဘယ် နကောင်ပါလဲ စုံစမ်းလိုက်အုန်း..ကချင်လူမျိုး မျိုးချစ်စိတ်ဆိုပြီး စောက်ရှက်မရှိရှောက်အော်မနေနဲ့။။။။ Apache နဲ့ အဆော်ခံချင်ရင်တော့ ခဏစောင့်လိုက်အုံး၊ အမေစု တို့ အစိုးရအဖွဲ့ ထဲရောက်မှ Apache ကို အမေရိကန်ကရောင်းမှာ။ အခုတော့ MI 35 အရသာလေး ယူထားအုန်း ဟုတ်ပီနော် .. ;)

ကျော်ထူး (စောဌက်) said...

ပြည်မစစ်တပ်ရဲ့ ခေတ်မရှိတော့တဲ့ ရဟတ်ယာဉ်တွေကို မှုစရာတစ်ကွက်မှ မတွေ့ပါဘူး။ မဟာအင်အားကြီး အမေရိကန် ရဟတ်ယာဉ်တွေတောင် အာဖဂန်နစ္စတန်မှာ ကြွေသွားတာ နည်းသလား။ ဒါတောင် သူတို့ရဟတ်ယာဉ် အောက်ခြေမှာ ပေါင် ၁၀၀၀ လေးတဲ့ သံပြားတွေနဲ့ ခံထားသေးတာ။ ဒါလည်း .၅ လက္မကျည်ကို မခံနိုင်ပါဘူး။ ရဟတ်ယာဉ်ဆိုတာမျိုးက အားနည်းချက်တွေ အများကြီးပါ။

ကချင်တွေ ကိုယ့်မြေ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြတာ ထောက်ခံတယ်။ တရားမဲ့ ပြောနေကြသူတွေ သူတို့နဲ့ တန်ရာတန်ရာ ရကြမှာပါ။

Powered by Blogger.