ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်

ရန်ကုန်မြို့ တွင် လတ်တလောဖြစ်ပေါ်နေသော  လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲကို
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။

ထိုကဲ့သို့ ရန်ကုန်မြို့တွင်  လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန် အတွက် သာကတေ တွင်
 တည်ရှိသည့် ယိုယွင်းပျက်စီးနေသော လျှပ်စစ် မဂ္ဂါဝပ် ၉၀ ထုတ်လုပ်နိုင်သည့်
လျှပ်စစ်တာဘိုင်စက် ၂ လုံးကို ပြင်ဆင်ရန် GE ကုမ္ပဏီက အခမဲ့ ကူညီ 
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘နောက်တစ်ပတ်နှစ်ပတ်လောက်အတွင်း လျှပ်စစ်မီးကိစ္စပြေလည်သွားလိမ့်မယ် ထင်ပါတယ်။
 ဒါပေမယ့် ကတိတော့မပေးဘူးပေါ့ဗျာ ’’ ဟု ဦးစိုးသိန်းကပြောကြားသည်။

အထက်ပါကဲ့သို့ သာကေတရှိ လျှပ်စစ်တာ ဘိုင်များကို ပြုပြင်သည့် အပြင် လျှပ်စစ်ဓာတ်အား
 ၂၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်သော မိုဘိုင်းလျှပ်စစ်တာဘိုင် ၄ လုံးအား အမေရိကန် GE
ကုမ္ပဏီမှ ဌားရမ်းထားကြောင်းနှင့် ယင်းတို့ဖြင့် လတ်တလော ရန်ကုန်မြို့တွင် ကြုံ့တွေ့နေရ
သော လျှပ်စစ်မီး အခက်အခဲကို ဖြေရှင်းသွား မည် ဖြစ်ကြောင်းပြောကြားသည်။

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာ
 ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ် အတွင်း လျှပ်စစ်မဂ္ဂဝပ် ၉၀၀
ထုတ်လုပ်နိုင်သော ကျောက်မီးသွေးဓာတ်အားပေးရုံကိုလည်း သွားရောက်လေ့လာခဲ့
ကြောင်း သိရသည်။

ဦးစိုးသိန်းက ‘‘ မီးခိုးလုံးဝမထွက်ပါဘူး ၊ ဒါကြောင့် ဂျပန်စက်နဲ့ဆိုရင် တော့ကျောက်မီးသွေးနဲ့
 လုပ်ပေမယ့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဘူးလို့ ပြောလို့ရပါတယ်’’ ဟုပြောကြားသည်။

Yangon Media Group
ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည် ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည် Reviewed by သစ်ထူးလွင် on 23:53 Rating: 5

34 comments:

အာကာထက် said...

လုပ်စမ်းပါ အဲဒါမျိုးတွေ အစောကြီးကတည်းက ပြုပြင်ပြောင်းလဲလုပ်ပါလို့ပြောနေတာနားမထောင်ဘူး တရုပ်နောက်ကိုပဲလိုက်ချင်နေတယ် ကဲ မင်းတို့တရုပ်က ဘာများမြန်မာပြည်သူကိုအလကားပေးလဲကွ အကုန်ရသလောက်ယူတာကုန်တော့မယ် တိုင်းပြည်အတွက်ဘာမှကို အကျိုးမရှိ နည်းပညာလည်းမပေးနိုင်
အားနေရင် အနောက်အုပ်စုကိုဆဲ ဒါပဲတတ်တဲ့ကောင်တွေ လူဆိုကိုယ်မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူဆီကို ချည်းကပ်ရမှာပဲ

micromyo said...

အာကာထက်ပြောတာမှန်တယ်

လွတ်လပ်ရေးကောင်းကင် said...

ဒီမိုကရေစီ စံနစ်ကို ပြောင်းလဲရင် ကျွေးမြီတွေလည်း အများကြီး လျှော်ပေးကြလိမ့်မယ် ၊ နည်းပညာအကူအညီတွေလည်း အများကြီးပေးကြလိမ့်မယ် ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း လာကြလိမ့်မယ် ၊ အမေစုလို ကမ္ဘာက လေးစားချစ်ခင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ရှေ့တင်ပြီး ကြိုးစားရင် အမြန်ဆုံး တိုးတက်လာမှာ အသေအချာပါပဲ ၊ ငြိမ်းချမ်းစွာ ပြောင်းလဲသွားတဲ့နိုင်ငံဖြစ်စေချင်လို့ အားလုံးက ကူညီဖို့ အသင့်ရှိနေကြတယ် ၊ အာဏာရှိနေကြတဲ့ အဖွဲ့အစည်းများ အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကိုကြည့်ပြီး ပြောင်းလဲမှုအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ၊ အဲဒီလို ကူညီလိုက်လို့ အာဏာနဲ့လုပ်ပိုင်ခွင့် ရှိနေသူများကလည်း ဆင်းရဲသွားမှာမျိုးမဟုတ်ပဲ နာမည်ကောင်းနဲ့ ဂုဏ်သိက္ခာ တက်သွားမှာဖြစ်သလို ပြည်သူတွေရဲ့ ချစ်ခင်မှုကိုလည်း ရစေမှာဖြစ်ပါတယ် ၊ ဥပမာ.. အခုဆိုရင် သမတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတို့ဟာ လေးစားချစ်ခင်ဖွယ်ရာ ပုဂ္ဂုလ်တွေအဖြစ် မြင်နေကြပါပြီ ။

ကေခိုင် said...

အမေစု ကိုယ်တိုင် ပြောထားတာဘဲ .. ပြည်သူကောင်းစားရေးအတွက် သူ့အပေါ် အမြတ်ထုတ်မယ်... သူ့ကို့အသုံးချမယ်ဆို လည်း အသုံးချခံသွားမှာပါဆိုတာ....

zay said...

သမ္မတကြီကို ပထမဆုံးအကြိမ် ကြိတ်ပြီးကျေးဇူးတင်ပါ၏ ။

Lee GYI said...

အာကာထက်ပြောတာမှန်တယ်

Taw Thar Gyi said...

သမတကြီးနဲ့လွှတ်တော်ဥက္ကဌကြီးတယောက်(နောက်တယောက်မပါ)တင်ပဲလားဗျာ၊ခုကိစ္စကဦးစိုးသိန်းကစီစဉ်တာလေ။ဦးစိုးသိန်းတို့ဦးအောင်မင်းတို့လည်းတိုင်းပြည်ကိုအမြန်ပြုပြင်ပြောင်းလဲပေးချင်တဲ့သူတွေပါ။ဦးအောင်သောင်းတို့၊ဦးသိန်းဇော်၊ဦးထေးဦး၊ဦးကျော်ဆန်းတို့ကတော့မရှိလေကောင်းလေဆိုတဲ့လူတွေပဲ။တိုင်းပြည်ကိုချောက်
ထဲဆွဲချချင်နေကြတာလေ။(သူတို့မှာကရိန်းကားအကြီးကြီးတွေရှိတယ်)တိုင်းပြည်ချောက်ထဲကျမှသူတို့ကရိန်းကားတွေလုပ်စားလို့ရမှာ...........

ဖိုးသား said...

ဒါမျိုးလုပ်ရမှာ တရုပ်ရောင်းပြီး လျှက်စစ်ပြန်ဝယ်ရမယ်လို့ အဓိပ်ပါယ်မဲ့လုက်တာ

mon lay said...

အာကာထက်ပြောချက်က သွေးထွက်ရလောက်အောင်မှန်တယ်
ထောက်ခံတယ်ဗျာ..

konamazu said...

မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ အုပ်ချုပ်တုန်းက ကျွန်တော့် အဘိုးတို့ ခေတ်တုန်းကဆိုရင် ညအိပ်နေရင် ရေမြောင်းထဲက ရေစီးသံတောင်ကြားရတယ်။အဲဒီခေတ်တုန်းက အဘိုးတို့ အင်္ဂလိပ် 4 skill ကလန်ထွက်နေအောင်ကောင်းတယ်။အခုကျွန်တော်တို့ခေတ်ရောက်တော့ ရေစီးသံလဲမကြားရတော့ဘူး။အင်္ဂလိပ်စာ 4 skill မပြောနဲ့ နိုင်ငံခြားသားတွေကိုယ့်ကို စကားလာပြောမှာတောင်ကြောက်နေကြရပြီဗျာ...မည်သူ့ကိုမှ ရည်ရွယ်ခြင်းမရှိပါ...သမိုင်းကြောင်းလေးမို့ အားမနာတမ်းပြောရတာပါ။သမိုင်းကြောင်းကို အားနာပြီးရေးလိုက်ရင် အနာဂတ်ကို သစ္စာဖောက်ရာကျမှာစိုးလို့ပါ...

Shwe Mg said...

Taw Thar Gyi ပြောတာမှန်တယ်

Unknown said...

ကျက်သရေတုန်းတဲ့ကောင်တွေ ရှိတာကိုရောင်းစား တိုင်းပြည်မွဲအောင်လုပ်နေတဲ့ကောင်တွေ

ဆုမွန် said...

အမေစုကြောင့် ဒီလိုတွေ ရတာလို့ပဲမြင်တယ် အမေစုကို ပိုပြီး ကျေးဇူးတင် ပိုပြီး လေးစားမိပါတယ် ပြည်သူ့အတွက်ဆို အသုံးချလည်းခံမယ်တဲ့လား အမေရယ်

koko said...

မြန်မာပြည်မှာ ဒီကောင်တွေရဲ့ခေတ်က မကုန်သေးဘူးလား
ဝဋ်လည်တဲ့အချိန်က မကျသေးဘူးလားဗျာ
မြန်မာပြည်သူပြည်သားတွေမွဲနေရတာ ဒီကောင်တွေကြောင့်ဗျ

Shwe Mg said...

သမ္မတကြီးနှင့်တကွ လွှတ်တော်ဥက္ကဌကြီး၊ ဦးစိုးသိန်း နှင့် ဦးအောင်မင်းတို့ကို လည်းကျေးဇူးတင်ပါတယ်ဗျာ..နိုင်ငံမှာ ပြည်သူအပေါ် စေတနာထားတက်တဲ့ ခေါင်းဆောင်တွေ၊ ပညာတက်တွေ ရှိပါသေးလားဆိုတာတွေ့ရတဲ့အတွက် ဒီမိုကရေစီပန်းတိုင်ရောက်ဖို့မဝေးတော့ပါဘူးဗျာ...ဦးစိုးသိန်းပြောတဲ့ မီးခိုးမထွက်တဲ့ကျောက်မီးသွေးစက်ရုံဆို...အရမ်းကောင်းပေါ့....ဘာပဲဖြစ်ဖြစ် အရင်ကလို...တယုတ်တစ်နိုင်ငံတည်း...ကောင်းလည်းပေါင်း၊ မကောင်းလည်းပေါင်း...တာထက်စာရင် နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရတာ..မြန်မာနိုင်ငံအတွက် အခွင့်ရေးကောင်းတွေအများကြီး ပေါ်လာတယ်ဆိုတာ....အခုမျက်မြင် တွေ့နေရပြီပဲလေ....

Jacker said...

တစ်ပတ်နှစ်ပါတ်အတွင်းပြေလည်မယ်ဆိုတာကိုတောင်...ကတိမပေးရဲဘူးတဲ့....အဓိပ္ပါယ်မရှိတာ..သေချာရင်ပေးနိုင်ရမယ်...အခုဟာက....လူများနည်းပညာယူတာတောင်မသေချာမရေရာ...အဲဒါနဲ့များဝန်ကြီးတက်လုပ်နေသေးတယ်....

tkm said...

ကဲနိုင်ငံတကာကအကူညီတွေပေးနေပြီနော်
မင်းတို့ကောင်တွေတာပြည်သူတွေပေါ်နည်းလမ်းမှန်အောင်လုပ်
မကြာခင် မြန်မာတိုးတက်တော့မှာ...သေချာတယ်ကွ

pyaponthu said...

လျှပ်စစ်ပိုလို့ရောင်းစားတယ်ပြောတဲ့ဝန်ကြီးမြန်မာပြည်သူားတွေဟာမှောင်ထဲမှာနေရတာကြာခဲ့ပြီအဲ့ဒါမသိလို့လား။တရုတ်ကိုပိုလို့ရောင်းထားတဲ့လျှပ်စစ်တဲ့အဲ့လိုလူမျိုးတွေအုပ်ချူပ်လို့မြန်မာပြည်အောက်ဆုံးရောက်နေတာ။တရုတ်ကိုရှောင် အိုတောင်မဆင်းရဲဘူးမှတ်။တရုတ်တွေ ရေနံ၊ဓာတ်ငွေ့ပိုက်လိုင်းတွေအကြီးအကျယ်ဆောက်နေတာတွေ့တော့အဲ့ဒါမြန်မာပြည်ကပစ္စည်းတွေနဲ့သူတို့တွေအလုပ်ဖြစ်နေတာသက်ဆိုင်ရာလူကြီများစဉ်းစားစေချင်တယ်။တရုတ်ပြည်တိုးတက်ရေးလား။မြန်မာပြည်ဆင်းရဲေ၇းလား

ThanNaingLin said...

မင်းတို့အခုမှသိတာလား ...ဒါမှမဟုတ် တရုတ်ဆီကmodify လုပ်မှာမို့လို့ အဟောင်းကို သိသိကြီနဲ့ ဘာရလို့ ၀ယ်တာလဲ

အောင်သာယာ said...

ဖယောင်းတိုင်စက်ရုံကြီးတွေ မပိတ်ကြနဲ့အုန်းနော် နယ်သူနယ်သါး တောသူတောင်သား နယ်စွန်နယ်ဖျား တိုင်းရင်းသားတွေ အတွက် ဆက်ထုတ်ပေးကြပါ လို့နော် ကျေးဇူးတင်ပါတယ်

DhammaWeb said...

ဂုဏ်သိက္ခာရှိစွာနှင့်သင့်လျှော်အမြတ်ယူပြီး professional ဆန်ဆန်လုပ်ကိုင်စားတဲ့ company နှင့် သူများတွေ နိုင်ငံရေးအဆင်မပြေတုန်း အောက်တန်းစားဆန်ဆန် ဒမြတိုက်တဲ့ တရုပ် company ကို ယှဉ်ကြည့်နိုင်ပါတယ်။
သမ္မတကြီးကိုကျေးဇူးတင်ပါတယ်။ လျှပ်စစ်ဝန်ကြီးလည်းသိဘို့ကောင်းနေပါပြီ။

HMA said...

အမေစုကို ကျေးဇူးအများကြီးတင်တယ်။ ဒီကိစ္စကို အမြန်ဆုံးအကောင်အထည်ဖေါ်နိုင်ပါစေ။

mon lay said...

ကျေးဇူးပါကူညီပေးမယ့် (GE) အားကိုးပါတယ်
ကိုယ့်လူတွေသောက်သုံးမကျတော့အဝေးကလာတဲ့
ဘော်ဒါတွေပဲအားကိုးရတာပေါ့..

Dragon said...

မြန်မာလူမျိုးများဟာကျေးဇူးသိတတ်ကြပါတယ်...နည်းနည်းလုပ် ပေးရင်အများကြီးကျေးဇူးတင်တတ်ကြတာပါ...ပြည်သူတွေကိုရင်ဘတ်ကြီးနဲ.နည်းနည်းချစ်ကြည်.ပါ...နွေးထွေးသော၊ချစ်ကြည်စည်း လုံးသောမိသားစုနှင့်တူသောနိုင်ငံတော်ကြီးဖြစ်လာမှာပါ....

Dragon said...

မြန်မာလူမျိုးများဟာကျေးဇူးသိတတ်ကြပါတယ်...နည်းနည်းလုပ် ပေးရင်အများကြီးကျေးဇူးတင်တတ်ကြတာပါ...ပြည်သူတွေကိုရင်ဘတ်ကြီးနဲ.နည်းနည်းချစ်ကြည်.ပါ...နွေးထွေးသော၊ချစ်ကြည်စည်း လုံးသောမိသားစုနှင့်တူသောနိုင်ငံတော်ကြီးဖြစ်လာမှာပါ....

genius said...

ထိုင်း ကိုရောင်းတဲ.ဓါတ်ငွေ.စီမံကိန်း .. ရပ်ဆိုင်းသင်. .... အချိန်တန်.... တော. ကြွေး ဒေါ်လာ ဘီလီယံ နဲ.ချီတင်တာဘဲ ၊.......သန်းရွှေ ကလည်း ဆပ်မသွားဘူး .... တောက် ၊

linlatt said...

ဟီးးးးးးးးးးးးးးးးးးးမင်းတို့ ဇော်မင်း အကြောင်းထည့်မပြောကြစမ်းပါနဲ့ကွာ..နာမည်ကြားတာနဲ့ငါ့သူငယ်ချင်းဇော်မင်းကို တောင်ခင်ချင်စိတ်မရှိတော့ဘူး

linlatt said...

ဇော်မင်းခင်ဗျားပြောတော့မဂါဝပ်တွေပိုလို့တရုတ်ပြည်ကိုရောင်းစားနေရတယ်ဆိုအခုရန်ကုန်မှာလျှက်စစ်ကအလှည့်ကျနဲ့ပေးနေရတယ်ပိုနေတဲ့မဂါဝပ်တွေဘယ်ရောက်နေလဲ...

linlatt said...

လျှက်စစ်ဝန်ကြီးဇော်မင်းပြောတော့မဂါဝပ်တွေပိုလို့ရောင်းစားနေရတယ်ဆိုအခုရန်ကုန်မှာလျှက်စစ်မီးကိုအလှည့်ကျနဲ့ပေးနရတာတယ်ပိုနေတဲ့မဂါဝပ်တွေဘယ်ရောက်နေလဲအိမ်ထဲကထွက်မကြည့်ဘူးအပြင်မှာဘာဖြစ်နေလဲမသိဘူးရောင်းစားဖို့ပဲသိတယ်မင်းတို့တက်နေတဲ့ပညာကရောင်းဖို့လားဆိုတာမမေ့ကျနဲ့...ထွီ...

ziwasoe144 said...

၁၈ လမ်းနဲ့ မဟာဗန္ဓုလလမ်း ထိပ်မှာ
ပြည်ထောင်စုတရုပ်အမျိုးသမီးများအဖွဲ့ချုပ်ဆိုဘဲ
( ဘယ်ပြည်ထောင်စုကိုပြောတာလဲမသိဘူး )
( စားသောက်ကုန်၊လူသုံးကုန်၊အလှကုန်များနှင့်
အိမ်သုံးဆေးဝါးများအားဓါတုဆိုးဆေးနှင့်မယ်လမင်းရော
သောအဓ္ဓမသိဂီင်္အဖဲ့ချုပ် )ခု GE က free ပေးမယ်
ဆိုတော့စဉ့်အိုးတန်းထိပ်မှာထမိန်စွန်တောင်ဆွဲပီး
ကဆုန်ပေါက်နေလေရဲ့။

Anneissa said...

ဖျာပုံသူပြောတာလဲမမှားပါဘူး။

Anneissa said...

ဖိုးသားပြောတာမှန်တယ်။

Anonymous said...

ရှေးလူကြီးတွေ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်းရှိတယ်
"မဟုတ် တယုတ်" တဲ့ မဟုတ်တာမှန်သမျှ
အကုန်လုပ်တဲ့ကောင်တွေမို့ ဒီစကားတွင်ခဲ့တာ

may mg said...

အမေစုရဲ.ကျေးဇူးပါ။ ပြည်သူ့အကျိုးအတွက် ထာဝရ
အောင်ပန်း ဆွတ်လှမ်းနိုင်ပါစေ။

Powered by Blogger.