ဖိုးလပြည့် စောင့်နေရလို့ လေယာဉ်ထွက်ချိန်နောက်ကျ


နေပြည်တော်ရောက်တော့ ဖိုးလပြည့်ကို လေတပ်အရာရှိက လာကြိုစဉ်

ဧပြီလ-၆၊ ၂၀၁၂- မနက် ၇နာရီထွက်မယ့် ရန်ကုန်-နေပြည်တော် မြန်မာ့
လေကြောင်းလိုင်း အတွက် ခရီးသည် ၈၀ကျော်မှာ သာမာန်ပြည်သူတွေ
အပြင် အစိုးရ အရာရှိကြီးများ၊ ကိုရီးယား NGO အရာရှိများ နှင့် သံအမတ်
တဦးပါဝင်ပါတယ်။

ကွင်းချိန်း မနက်၅နာရီတည်းက ရောက်ရှိနေကြပြီး လေယာဉ်ပေါ်ကို မနက် ၆နာရီကျော်တည်းက ရောက်နေကြပါတယ်။ ဒါပေမယ့် လေယာဉ်ထွက်ချိန်
ကျော်ပြီး ၇း၃၀ ထိမထွက်တာကြောင့် ခရီးသည်တွေမှာ လေယာဉ်ထဲမှာ
ချွေးတရွှဲရွှဲနဲ ဒုက္ခရောက်ကြရပြီး နောက်ဆုံး လေယာဉ်ဝန်ထမ်းတွေနဲ့ စကားများပြီး လေယာဉ်ပေါ်ကဆင်းကာ ကွင်းထဲဆင်းနေကြပါတယ်။

ကြာလာတော့ ခရီးသည်တွေကို ထွက်ခွာအဆောက်အအုံထဲ ကားနဲ့ပြန်ခေါ်
လာရပါတယ်။ ခရီးသည်တွေကို အရေးကြီးသံတမန်တဦး ကိုစောင့်နေတာ
ကြောင့် ပါလို့ပြောပါတယ်။ ၈း၃၀လောက်မှာ လေယာဉ်ပေါ်ပြန်တက်ခွင့်ရခဲ့
ပါတယ်။

ခရီးသည်တွေ လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာ ဗိုလ်ချုပ်သန်းရွှေရဲ့မြေး ဖိုးလပြည့်တက်လာပါတယ်။

သူတက်လာပြီးမကြာခင်မှာ လေယာဉ်ထွက်ခွာပါတယ်။ လေယာဉ်ဝန်ထမ်း
ပြောတဲ့ သံတမန်ကတော့ ခရီးသည်တွေနဲ့အတူ ရှိနေခဲ့ပြီး သူ့ကို ရာသီဥတု မကောင်းလို့ပါလို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

ဖိုးလပြည့်က ရှေ့ဆုံးထိုင်ခုံမှာထိုင်လိုက်ချိန်မှာတော့ အနောက်ဘက်က လူငယ်
တဖွဲ့ "ဟေး" အော်လိုက်ကြကြောင်း သိရပါတယ်။ နေပြည်တော်ရောက်တော့ ဖိုးလပြည့်ကို လေတပ်အရာရှိက လာကြိုတာ ဓါတ်ပုံမှာ တွေ့ရတဲ့ အတိုင်းပါဘဲ။

မေးခွန်း- လက်ရှိ ဒီမိုကရေစီအစိုးရကို သင်ဘယ်လိုမြင်ပါလဲ??
 

By: အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်