ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု သမ္မတဦးသိန်းစိန် မပြောခဲ့ကြောင်း

ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များသို့မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသော တာဝန်ရှိသူတစ်ဦးကပြောသည်။

ဂျပန်နိုင်ငံသို့ ငါးရက်တာခရီးသွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုကျိုတွင်သတင်းထောက်များ၏ ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်တွင် လွှတ်တော် တက်နိုင်မည်လဲဟု မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်မလာတာ သူ့ရဲ့သဘောဆန္ဒပဲဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန်မှတစ်ဆင့် ဖြေကြားခဲ့သည်။ ထိုအဖြေမှာ အပြည့်အစုံဖြစ်ပြီး ကတိပြုချက်စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု မဖြေခဲ့ကြောင်း၊ သတင်းဌာနများက မှားယွင်းဖော်ပြမှုသာဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

7Day News Journal
ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု သမ္မတဦးသိန်းစိန် မပြောခဲ့ကြောင်း ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု သမ္မတဦးသိန်းစိန် မပြောခဲ့ကြောင်း Reviewed by သစ်ထူးလွင် on 16:59 Rating: 5

10 comments:

Ar Ga said...

ဘာတွေလဲကွာ ၊ ညစ်တီး ညစ်ပတ်တွေ လုပ်လာကြပြန်ပြီထင်တယ် ....

Anonymous said...

ဘာပဲဖြစ်ဖြစ်သမ္မတကြီးပေါ်မူတည်နေပါတယ်။
လွတ်တော်တက်ေ၇းသမ္မတကြီးပေးမူတည်နေတာပါ။
ပြည်သူအတါက်တောင်းဆိုထားသော
ကိစ္စကိုအမြန်ဆုံးလိုက်လျောပေးပါလို့..
ထပ်ကာထပ်ကတောင်းပန်ပါတယ်။

pyaponthu said...

နိုင်ငံခြားသတင်းတွေ ကချဲ့ကားပြီးပြည်သူအထင်မှားအောင်းရေးတတ်ကြတယ်။သထိထားဖွယ်။ဘန်ကောက်ပိုစ့်တုံးကလည်းဒီလိုဘဲ။

a said...

သိန်းစိန်..လွှတ်တော်ကြီးကဘယ်လိုကြိုဆိုတာလဲ၊ထောင်ချောက်ကြီးနဲ့လားကြိုးကွင်းကြီးနဲ့လား၊မင်းတို့အကျင့်မင်းတို့အသိဆုံးပဲနေမှာပေါ့၊အခုထိမင်းတို့တိုင်းပြည်အပေါ်မရိုးသားကြသေးဘူး။ညစ်လို့ရသမျှညစ်ကြတုံး။

naughty girl said...

အော်.. အခုတော့ဒီလိုလား.. အမေ၇ိကန် က လွှတ်တော်တက်ရအောင် ညှိနှိုင်းကြပါဆိုတော့ သူမပြောပါဘူး ဖြစ်သွားပြန်ရေ.. တတ်လဲ တတ်နိုင်ပါပေတယ်.. :P

naughty girl said...

အော်.. အခုတော့ဒီလိုလား.. အမေ၇ိကန် က လွှတ်တော်တက်ရအောင် ညှိနှိုင်းကြပါဆိုတော့ သူမပြောပါဘူး ဖြစ်သွားပြန်ရေ.. တတ်လဲ တတ်နိုင်ပါပေတယ်.. :P

Shin Myochit said...

မူလတနိးတုံးကသငိခဲ့ဘူးတဲ့မြေခွေးနဲ့ငှကိကျားပုံပြငိ ကိုသွားသတိယတယိ။ဒါဟာညှိနိုငိးဆွေးနွေးမှု၏ခြေလှမိးအစဘဲဖြစိသေးတယိ။ဒါမှမအောငိမြငိဘူးဆိုတော့NLDအနေနဲ့လွှတိတေိာထဲဘာသွားလုပိမလဲ။သွား ထိုငိပြီးပြောသမျှခေါငိးညိမိ့နေမှာလား။အမေစုမှနိတယိအစကောငိးမှအနှောငိးသေချာ။အမေစုကိုယုံကြညိလို့မဲပေးခဲ့တာ။ဆကိလုပိ။

Unknown said...

ဦးသိန်းစိန် ယောက်ျားမဟုတ်ဘူးလား ။ မရှက်ဘူးလား ။ တာဝန်ယူတတ်တဲ့ စိတ် မရှိဘူးလား ။ ရှက်တတ်ရင် အဲ့ဒီလိုမေးခွန်းမျိုးအမေးခံရကတဲကကို သေသင့်နေပြီ။

minsayarpar said...

ဘုရားမှတ်လို့ ရှိခိုးကိုးကွယ် ဖွတ်ထွက်လာမှ လွတ်တော်မှန်း သိပါတယ်ကွယ်။အဟဲ ပုတ်သင်ညိုလို အစိမ်းကောင်တွေကလည်း များလှသကိုး

minsayarpar said...

ဘုရားမှတ်လို့ ရှိခိုးကိုးကွယ် ဖွတ်ထွက်လာမှ မြန်မာပြည် လွတ်တော်မှန်းသိပါတယ်ကွယ်။ ပုတ်သင်ညိုတွေပါ အစိမ်းရောင်နှင့်ပါလာသေးတယ် များလှတယ် ပုတ်သင်ညိုတွေ လေးခွစာမိမယ်။

Powered by Blogger.