ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းက ဦးနှောက်ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်

ပူပြင်းသော ရာသီတွင် အရက်၊ ဘီယာများသောက်သုံးခြင်းသည် ဦးနှောက်ပိုင်းဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင်သည့်အတွက်  အရက်၊ဘီယာများ သောက်သုံးခြင်းကို ရှောင်သင့်ကြောင်း ကျမ်းမာရေးဝန်ထမ်းများက ဆိုသည်။   
 
“ အရက်တွေ ဘီယာတွေက ခန္ဒာကိုယ်တွင်းကို ပူစေပါတယ်။ အရက်သေစာသောက်စားထားတဲ့အထဲ ရာသီအပူချိန်တွေမြင့်တက်လာပြီး  ဦးနှောက်သွေးကြောပြတ်တာတွေ၊ ဦးနှောက်ရောင် ရမ်းတာတွေ ဖြစ်နိုင်ပါတယ် ဒါ့ကြောင့် တတ်နိုင်ရင်  ပူပြင်းတဲ့နေ့လည်ပိုင်းအချိန်မှာအရက်သေစာ တွေကို သောက်စားပြီး ရေပက်ခံမထွက်သင့်ပါဘူး” ဟုဒဂုံမြို့သစ်မြောက်ပိုင်းမှအထွေထွေရောဂါကုဆရာဝန် ဒေါ်စန်းသီတာအောင်က ပြောသည်။     
 
သင်္ကြန်ကာလတွင် အရက်၊ ဘီယာများသောက်သုံးမှုသည် ဦးနှောက်နှင့်ဆိုင်သော ရောဂါများဖြစ်ပေါ် စေနိုင်သောကြောင့် အရက်၊ဘီယာ ရောင်းချမှုများအား တားမြစ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ထားသည်။  
 
အရက်၊ ဘီယာများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချခြင်း၊ ရေကစားမဏ္ဍပ်များအနီးနှင့် အခြားနေရာများတွင် တရားမ၀င်ရောင်းချမှုများမပြုလုပ်ရန် တားမြစ်ကြောင်းကို ဧပြီလ (၁၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။  
 
“ဒါက ဥပဒေရှိပြီးသားတော့ မဟုတ်ပါဘူး ။ သင်္ကြန်ကာလမှာ  ဒေသန္တာရနဲ့ အာဏာပိုင်အဖွဲ့ရဲ့  ထုတ်ပြန်ထား တဲ့ စည်းကမ်းချက်ပါ။ အရက်၊ဘီယာတွေ တရားမ၀င်ရောင်းချတာတွေကို လိုက်လံတားမြစ်ပြီးတော့ အဲ့ဒီ အရက်၊ဘီယာတွေအပြင် မူးယစ်ဆေးဝါးတွေပါ ပါလာရင်တော့ ထိရောက်စွာ အရေးယူသွားမှာပါ။ပြီးတော့ သင်္ကြန်ရက်မှာ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်အောင် မူးယစ်ရမ်းကားမှုတွေကိုတော့  ထိန်းချုပ်မှုတွေ ပြုလုပ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးဌာနမှ ဦးစောသိန်းဝင်းက ပြောသည်။  
 
အရက်နှင့် ဘီယာများမှာ သင်္ကြန်ကာလတွင် အမျိုးသားများသာမက အမျိုးသမီး ၊လူငယ်လူရွယ်များပါ သောက်သုံးလာကြကြောင်းသိရှိရသည်။   

ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 10 Apr, 2012

ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းက ဦးနှောက်ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင် ပူပြင်းသော ရာသီအတွင်း အရက်၊ ဘီယာ သောက်သုံးခြင်းက ဦးနှောက်ဆိုင်ရာရောဂါများကို ဖြစ်ပွားစေနိုင် Reviewed by သစ်ထူးလွင် on 17:02 Rating: 5

4 comments:

လင်းနေခ said...

ဘာ အရက်၊ဘီယာတွေ တရားမ၀င်ရောင်းချတာတွေကို လိုက်လံတားမြစ်မယ် ဟုတ်လား မင်းတို ရဲတွေတော့ လားကွာ
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ပိုက်ဆံ လိုက်တောင်းနေမှာတော့ မင်း မယုံရင် လာကြည့်လိုက်ဦး လုကြီးမင်းရေ..မင်းတိုက အပေါ်ကနေ သာ ကြီးကြီးကျယ်ကျယ်တွေပြောနေတာ အောင်က မင်း ၀န်ထမ်းတွေက ရတဲ့ အခွင့်အရေးကို အသုံးချ အပေါ်က ရောင်းခိုင်းတာ မဟုတ်ဘူး ကျွန်တော်တိုက နားလည်မှုနဲ့ လုပ်ပေးတာ လတ်ဘတ်ရည်ဖိုးတော့ ပေးပါဆိုပြီး ဆက်ကြေး လိုက်တောင်းဦးမှာ မြင်ယောင်နေသေးတယ်..

ကျော်ထိုက် said...

သေချာသွားပြီး သူငယ်ချင်းတို့ ရေ...ရဲတွေလုပ်စားဖို့ ဂွင် ဖန်တီး ပေးလိုက်တာ.....ဆိုင်ကသာ ကြိုဝယ်သွားတော့ မဟုတ်ရင် ဈေးကြီးသာပေးလိုက်တော့.........အရင် နှစ်တွေလည်း ဒီလိုပဲ....

National said...

မကောင်းမှန်းတော့သိတယ်၊ အစိုးရ ကိုဝ်တိုင်က လိုင်စင်ချထားပေးနေမှတော့ အလုပ်အကိုင်မရှိ-အရက်ရောင်း၊ အလုပ်မရှိ အရက်သောက်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက နိုင်ငံနဲ့သင့်လျော်မဲ့ ဥပဒေတွေပြဋ္ဌာန်းပေးပါလား။
ဂျာနယ်တွေမှာကြော်ငြာထားတာကလည်း အရက်ဆိုတဲ့ စကားလုံးလေးမပါတာတစ်ခုပဲ၊ ကားတောင်မဲဖောက်ပေးဦးမယ် အရက်တပုလင်းသောက်ရုံနဲ့ ကားရမယ်ဆိုတော့ သေပျော်ပါပြီ

laylay lu said...

တရားမ၀င်ရောင်းချမူ.တွေကိုတားမြစ်တယ်ပေါ.၊စတိုးဆိုင်တွေလဲရောင်းတယ် လမ်းဘေးသည်တွေလဲရောင်းတယ်
အရက်ဘီယာကို ဖမ်းတာလား တရားဝင်၊မ၀င်ကိုဖမ်းတာလား
စဉ်းစားစရာကြီးနော်...........
ဂွင်တည်.သွားတာတော.ရဲတွေပဲနေမှာပါ

Powered by Blogger.