မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)

(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်း
တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွတိမ်းမှောက်ခဲ့ပါသည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော
မျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B
ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။

ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံးပျက်စီးပြီး
တံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှ
ပြောကြားခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကို
ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။

Katha Town
ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း





မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ) မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ) Reviewed by သစ်ထူးလွင် on 23:36 Rating: 5

29 comments:

R Pe 2 said...

KIA အကြမ်းဖက် သမားတွေ..

nay naing kha said...

ဒါလားကွ KIA .. အဆင့်မရှိတဲ့လုပ်ရပ်တွေနဲ့ ကချင်ပြည်နယ်လူထုကို ဒုက္ခပေးနေတာ ဘယ်တော့မှရပ်တန့်တော့မှာလဲ... ဗမာစစ်သားတွေ မကောင်းဘူးဆိုတာ KIA တွေကောင်းသလောက်ရှိတယ်.. ကချင်ပြည်နယ်မှာ ဗမာစစ်သားတွေ မုဒိမ်းကျင့်တယ်... လူ့အခွင့်အရေးတွေချိုးဖောက်တယ်ဆိုတာ ဘယ်ပြည်သူလူထုမှ လက်တွေ့မမြင်ဖူးဘူး.. KIA က ဘာလုပ်တယ်ဆိုတာတော့.. အဲ့ဒါသာကြည့်တော့....
ဦးလနန်ကတော့ သူတို့လုပ်တာမဟုတ်ပါဘူးဆိုတာ ဖင်ပိတ်ငြင်းဦးမှာပဲ..
KIA က ကချင်ပြည်နယ်အတွက်လုပ်နေတာလား.. အဖျက်လုပ်ငန်းတွေ လုပ်နေတာလား... ဒါမှမဟုတ် KIA ကလူကြီးတွေက သူတို့ အာဏာတည်ဖို့ ကောင်းစားဖို့ လုပ်နေတာလားဆိုတာ ခွဲခြားသိမြင်ဖို့လိုနေပါပြီ.. အဖျက်လုပ်ငန်းတွေ ရပ်တန့်ကရပ်ပါတော့ KIA ....

Nyan Win Bo said...

ဘန်ကီမွန်းလာ မဲ့ အချိန်နားမှာ ရွေးဖောက်တာ ထူးဆန်းတယ်။ချက်ချင်း ရထားဝန်ကြီး ဦးအောင်မင်း သတင်းစာရှင်းတယ်။ဒီနေရာက စစ်တပ် နေ့ည လုံခြုံရေးယူထားတဲ့ နေရာဖြစ်နေတယ်။ဓါတ်မီးနဲ့ သွားယင်တောင် သေနပ်ပစ်မိန့်
ပေးထားတဲ့နေရာ။အသိဥာဏ်ရှိသူတိုင်းစဉ်းစားသင့်ပါတယ်။
ရထားသံလမ်းဟာ သစ်သားဇလီဖားတုံးပေါ်မှာ သံမှိုနဲ့ရိုက်ထားတာ။သံလမ်းလေး
ဲပြဲသွားတာနဲ့ ရထားစက်ခေါင်းဆွဲသွားတဲ့ အရှိန်နဲ့ အကုန်ကျသွားမှာ။ဟိုးယခင်က
ပေါက်ဘူးတဲ့မိုင်းတွေက ရထားတွဲ လွင့်စင်သွားတဲ့အထိဖြစ်ဘူးတယ်။
ဒီလိုဧရိယာကို ဖြတ်တဲ့ ရထားတိုင်း ခေါင်းတွဲရှေ့မှာ မိုင်းခံတွဲထားဖြတ်ရတယ်။
ခုရထားမှာ မိုင်းခံတွဲမထားဘူး။ရည်ရွယ်ချက်ရှိရှိ ဘယ်သူလုပ်သလဲ။

thomas said...

nay naing ငါတို့ ဒေသမှာဖြစ်ဒါငါတို့ပိုသိတယ်အဝေးကနေအော်မနေနဲ့
အစိုးရသတင်းစာဖတ်ပြိး

Hawk97 said...

မကျေနပ်ဘူးလား? မကျေနပ်သူဆီကို တိုက်ရိုက်သွား။ ဗုံးခွဲ။ ဒီလိုအပြစ်မဲ့တဲ့သူတွေပါတဲ့ ရထားကိုလုပ်တားမျိုး ရှုံ့ချတယ်။ အပြင်းအထန်ကို ရှုံ့ချတယ်။

မင်းရဲနန္ဒသူ said...

ဘယ်သူ ဘယ်ါလုပ်တယ်ဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိနိုင်ပါမယ်...။ ဒါပေမယ့် အဲဒီလိုလုပ်တာဟာ လူမဆန်တဲ့လုပ်ရပ်ဆိုတာ အဲဒီလိုလုပ်တဲ့သူတွေ သိထားသင့်တယ်...။ ခြုံစောင်ထဲက လက်သီးပုန်းပြနေတဲ့သူတွေပါ...။ တကယ်ရဲရင့်ရင် တကယ်ရင်ဆိုင်လိုက်ပေါ့..။ မဆိုင်တဲ့ ပြည်သူတွေကို ဆွဲမထည့်ပါနဲ့လား...။ လူဖြစ်ပြီး လူလိုနားမလည်တဲ့သူတွေနဲ့တူပါတယ်...။ အပြင်းအထန်ရှုပ်ချပါတယ်...။

myowinaung said...

ဥာဏ်ထက်ဆိုတဲ့ငတုံးမသိဘဲနဲ့လျောက်မပြောနဲ့ ဓါတ်မီးနဲ့သွားရင်သေနတ်နဲ့ပစ်မယ်ဆိုတဲ့နေရာက မြစ်ုကီးနားနဲ့မရမ်ုးကားမှာ စစ်ကိုင်းတိုင်နယ်စပ်မှာမဟုတ်ဖူး

Anonymous said...

စစ်အစိုးရဘက်က လုံခြုံရေးယူထားတဲ့ နေရာဖြစ်လို့ စစ်ဘက်ကလုပ်ကြံတယ်
လို့ ကျွန်တော်ယူဆပါတယ် သံဃာကိုတောင်သတ်တာပြည်သူကိုသတ်ဖို့ 
ဝန်လေးမှာမဟုတ်ပါဘူး

ဆုမွန် said...

ဟုတ်တယ်.. မကျေနပ်ရင် နေပြည်တော်ထိ သွားခွဲလေ.. ဘာလို့ ဒေသခံ အပြစ်မရှိ လက်နက်မဲ့ ပြည်သူတွေကို ထိခိုက်အောင်လုပ်တာ လုံးဝရှုံ့ချတယ်

konamazu said...

nay naing ရော thomas စိတ်ဆိုးမနေကြနဲ့။ပိုသိတဲ့သူက ပိုမှန်တဲ့ သတင်းတင်ပေးရင် ကိစ္စပြီးတာပဲမဟုတ်လား။nay naing ကတော့ အမြင်အတိုင်း ပြောမှာပဲလေ။ဥပမာ ပြောပြမယ် မင်းအိမ်ဘေးမှာ ဖြစ်တဲ့ကိစ္စကို မင်းဂဂနနမပြောပဲ မင်းလောက်ဘယ်သူသိမှာလဲ။ငါတို့ comment ရေးတယ်ဆိုတာရန်ဖြစ်ဖို့မဟုတ်ဘူး မကျေနပ်တာတွေ၊ဖြစ်ချင်တဲ့ဟာတွေ ရေးကြတာ။ငါတို့ဒီ comment ရေးတာတောင် ရန်ဖြစ်နေရင် ငါတို့နိုင်ငံရဲ့ အပေါ်မှာဖြစ်နေတာတွေ မြင်ကြည့်စမ်းပါကွာ...

ခင်မောင် said...

တရုတ်ကြီး လက်ကိုင်းဒုတ်တွေကို ညစ်ပတ်စွာ ထုပ်သုံးနေပြီ တရုတ်က ဘယ်သုံးကမှ ကောင်းကြိုးပေးခဲ့တဲ့ နိုင်ငံမဟုတ်ပါဘူး KIA KIO သက်ဆိုးရှည်အောင် လုပ်တယ် အာဏာရှင်ကို သက်ဆိုးရှည်စေတယ် အခုပြောင်ူလည်းနေပြီဆိုတဲ့ အချိန်မှာ တရုပ် ဘာဆက်လုပ်ဦးမလဲ စောင့်ကြည့်ပါ

NewGနတ်ရှင်နောင် said...

ကချင်ဒေသမှာ မိုင်းကွဲရင် KIA , ကရင်ပြည်နယ်မှာ မိုင်းကွဲ ရင် KNU လို့ ပြောလို့ မရပါဘူး။ သေသေချာချာ ဘယ်သူမှမသိဘူး။ လုပ်တဲ့သူက အသိဆုံးနေမှာပါ။ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာကို ရမ်းပြောပြီး သွေးကွဲနေလို့ မရပါဘူး။ အဖြစ်မှန်ကို သေချာဆုံးစမ်း ပြီးမှ ပြောကြရင်ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပြည်သူတွေကို လုပ်တာတော့ မကောင်းပါဘူး။ KIA ပဲဖြစ်ဖြစ် စစ်တပ်ပဲ ဖြစ်ဖြစ်ပြည်သူတွေနဲ့ ပဲ ဖွဲ့စည်းထားတာပါ။ ပြည်သူတွေ အချင်းချင်း လက်နက်အားကိုနဲ့ အနိုင်မကျင့်သင့်ပါဘူး။

NewGနတ်ရှင်နောင် said...

ကချင်ဒေသမှာ မိုင်းကွဲရင် KIA , ကရင်ပြည်နယ်မှာ မိုင်းကွဲ ရင် KNU လို့ ပြောလို့ မရပါဘူး။ သေသေချာချာ ဘယ်သူမှမသိဘူး။ လုပ်တဲ့သူက အသိဆုံးနေမှာပါ။ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာကို ရမ်းပြောပြီး သွေးကွဲနေလို့ မရပါဘူး။ အဖြစ်မှန်ကို သေချာဆုံးစမ်း ပြီးမှ ပြောကြရင်ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပြည်သူတွေကို လုပ်တာတော့ မကောင်းပါဘူး။ KIA ပဲဖြစ်ဖြစ် စစ်တပ်ပဲ ဖြစ်ဖြစ်ပြည်သူတွေနဲ့ ပဲ ဖွဲ့စည်းထားတာပါ။ ပြည်သူတွေ အချင်းချင်း လက်နက်အားကိုနဲ့ အနိုင်မကျင့်သင့်ပါဘူး။

Boni said...

KIA လည်းမကြာခင်မျိုးပြုတ်တော့မှာပါ ဒီကောင်တွေကိုဝိုင်ဆော်တော့မှာ

Jacker said...

ဘာလို့အော်နေကြမှာလဲ...လူမှန်ရင်စဉ်းစားညာဏ်ရှိပါတယ်...ဘယ်သူကအဖျက်လုပ်ငန်းတွေလုပ်နေလဲဆိုတာမြန်မာနိုင်ငံကပြည်သူအားလုံးသိပါတယ်...
ဘာလို့လဲဆိုတော့...ဗုံးခွဲတယ်ဆိုတာခွဲချင်တိုင်းခွဲလို့မရဘူးလေ...အထူးသဖြင့်လုံခြုံရေးတင်းကျပ်ထားတဲ့နေရာမှာဖြစ်တာဆိုတော့ကာ..တစ်ခုပဲရှိပါတယ်အဖြေက...

အဘ said...

R Pe 2 နှင့် nay naing kha တို့နှစ်ယောက်စလုံးကစစ်အစိုးရရဲ့မယားငယ်သားသမီးတွေတဲ့ဗျို့...သစ်ထူးလွင်နဲ့လဲဆွေမကင်းမျိုးမကင်းဆိုဘဲ....

koyin said...

ဒီဗုန်းခွဲမှု့ကို၊ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ်၊ပြင်းထန်စွာရှုတ်ချပါတယ်။အပစ်မဲ့တဲ့ပြည်သူတွေပါ။စစ်တပ်ကလုပ်တယ်ဆိုရင်လဲသတ္တိရှိရှိကေအိုင်အေနဲ့သွားချလေ။ကေအိုင်အေကလုပ်တယ်ဆိုရင်လဲစစ်တပ်ကိုသွားတိုက်ပါလား၊ဘာလို့အပစ်မဲ့တဲ့ပြည်သူကိုဒုက္ခပေးချင်ရတာလဲ။သွေးမရှိဘူးလား၊ဒီလိုမျိုးနဲ့ကတော့ငြိမ်းချမ်းရေးရမှာမဟုတ်ဖူး။ကျည်ဆံပဲရကြလိမ့်မယ်။လုပ်တဲ့ကောင်တွေကိုပြောတာ။ကျက်သရေတုန်းလွန်းလို့ဗျာ။

koyin said...

ဒီဗုန်းခွဲမှု့ကို၊ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ်၊ပြင်းထန်စွာရှုတ်ချပါတယ်။အပစ်မဲ့တဲ့ပြည်သူတွေပါ။စစ်တပ်ကလုပ်တယ်ဆိုရင်လဲသတ္တိရှိရှိကေအိုင်အေနဲ့သွားချလေ။ကေအိုင်အေကလုပ်တယ်ဆိုရင်လဲစစ်တပ်ကိုသွားတိုက်ပါလား၊ဘာလို့အပစ်မဲ့တဲ့ပြည်သူကိုဒုက္ခပေးချင်ရတာလဲ။သွေးမရှိဘူးလား၊ဒီလိုမျိုးနဲ့ကတော့ငြိမ်းချမ်းရေးရမှာမဟုတ်ဖူး။ကျည်ဆံပဲရကြလိမ့်မယ်။လုပ်တဲ့ကောင်တွေကိုပြောတာ။ကျက်သရေတုန်းလွန်းလို့ဗျာ။

Ngawde said...

KIA ကဗုံးခွဲမယ်ဆိုရင်စစ်သားတွေပါတဲ့ရထားကိုခွဲမှာပေါ့ ပြည်သူတွေပါတဲ့ရထားကိုခွဲရင်သူတို့ဘဲနာမည်ပျက်မှာပေါ့ KIA တွေလဲအဲ့လောက်တော့စဉ်စားတတ်ပါတယ်..ကလေးတွေမှမဟုတ်တာ ၂၀၀၇ တုံးက ရဟန်းတွေကို တောင်လုပ်ရဲ့တဲ့သတ္တိက သည်လောက်တော့ရှိပါတယ်....

mad dog said...

ကဲကဲ တော်ကြတော့ ၇ထားလမ်း လဲ မှိုင်းကွဲ ပြီးသွား ပြီ။ comment မှိုင်းတွေ ထပ် ခွဲ မနေကြ နဲ့ တော့။ ။ ။

Unknown said...

အစိုးရ (၀ါ) စစ်တပ်လက်ချက်လို့ ယူဆပါတယ်။ မှားသွားရင် ခွင့်လွှတ်ပါ။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ ရပ်သင့်ပြီလို့ထင်ပါတယ်။

Unknown said...

ဒီလို စိတ်ဓါတ်မျိုး၊ အကျင့်ဆိုးမျိုးနဲ့ဆိုရင် မြန်မာပြည်ရဲ့ညဟာ ရှည်လျားနေဦးမှာပဲ။ (မှတ်ချက်။ ။အကျင့်ဆိုးရှိသော မြန်မာပြည်သူ/သား အားလုံးကို ဆိုလိုပါသည်။ အကျင့်ဆိုး မရှိသူများ မပါပါ။) ဘယ်ကိစ္စမဆို အထင်နဲ့ ရမ်းမတုတ်ပါနဲ့၊ အကုန် ဒုက္ခရောက်သွားမယ်၊ မြန်မာပြည်ဟာ နှစ်ပေါင်းများစွာ နစ်နာလာခဲ့ပြီးပြီ။ မင်းတို့တွေ ကိုယ့်တစ်ကိုယ်စာကိုပဲ မကြည့်ပါနဲ့။ မြန်မာ တိုင်းရင်းသားတွေရဲ့ မျက်နှာကို မြင်ယောင်ကြည့်လိုက်ကြပါဦး။ ဘယ်သူ့ ဘယ်သူကိုမှ ဆော်ဖို့/ ဖြုတ်ချဖို့/ ရှုတ်ချဖို့ ကြိုးစားနေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ သတိထားစေချင်တယ်။ အားလုံး မေတ္တာထားကြပါ။

မရဏမင်း said...

လေးလေးဝါးကတင်ဇာမော်ကိုရှာပြီးဖြူဖြူကျော်သိန်းလုပ်သလိုဖြစ်နေပြီ.....အဟတ်ဟတ်ဟား

Unknown said...

မြစ်ကြီးနားမှာဖြစ်လို KIO လိုပြောရမှာလား
ဒါဆို ရန်ကုန်မှာ အရင်ကကွဲတာရော KIO လို့ပြောလို့၇လား သူငယ်ချင်းတွေ၇ယ် ဝေးပြီင်္းထက်မဝေးကြပါနဲ့တော့

that said...

စစ်တပ်လို.ပဲထင်ပါတယ်(ကရင်လေး)ဘာလို.လဲဆိုတော.တို.ဘားအံ.မှာတုန်းကဒီစစ်တပ်ကပဲမိုင်းတွေမြုပ်နေတာလေ မသိရင်ခက်မယ်

Anonymous said...

သူများမကောင်းကြောင်းသိပ်မပြောနဲ့ ၊ သိပ်လဲမဝေးနဲ့၊ စစ်တပ်အုပ်ချူပ်ရေး မဟာဗျူဟာဆိုတာဒီလိုပဲ ၊ သူတို့နာမည်ရဖို့ နည်းမျိုးစုံနဲ့တော့ လုပ်နေမှာပဲ၊ နိုင်ငံမှာ ပြည်သူတွေ ဒီလောက်များတာ၊ ဒီလိုနည်းလမ်းတွေကို ဘယ်လို နည်ပယ်မှာ ပဲ ဖြစ်ဖြစ်သူတို့သုံးတယ်၊ အဲဒါ စစ်အုပ်ချုပ်ရေး မဟာဗျူဟာပဲ၊ အောက်ကနေတို့အရေးသာအော် လိုက်တော့ လင်းတတွေရေ.....

ကျော်ထူး (စောဌက်) said...

ဥာဏ်ထက် said...
"ဘန်ကီမွန်းလာမဲ့ အချိန်နားမှာ ရွေးဖောက်တာ ထူးဆန်းတယ်။ ချက်ချင်း ရထားဝန်ကြီး ဦးအောင်မင်း သတင်းစာရှင်းတယ်။ ဒီနေရာက စစ်တပ် နေ့ည လုံခြုံရေးယူထားတဲ့ နေရာဖြစ်နေတယ်။
ရထားသံလမ်းဟာ သစ်သားဇလီဖားတုံးပေါ်မှာ သံမှိုနဲ့ရိုက်ထားတာ။ သံလမ်းလေး
ဲပြဲသွားတာနဲ့ ရထားစက်ခေါင်း ဆွဲသွားတဲ့အရှိန်နဲ့ အကုန်ကျသွားမှာ။ ဟိုးယခင်က
ပေါက်ဘူးတဲ့မိုင်းတွေက ရထားတွဲ လွင့်စင်သွားတဲ့အထိ ဖြစ်ဘူးတယ်။
ဒီလိုဧရိယာကို ဖြတ်တဲ့ ရထားတိုင်း ခေါင်းတွဲရှေ့မှာ မိုင်းခံတွဲထားဖြတ်ရတယ်။
ခုရထားမှာ မိုင်းခံတွဲမထားဘူး။ ရည်ရွယ်ချက်ရှိရှိ ဘယ်သူလုပ်သလဲ။"

ကချင်သား said..
"KIA ကဗုံးခွဲမယ်ဆိုရင် စစ်သားတွေပါတဲ့ ရထားကိုခွဲမှာပေါ့ ပြည်သူတွေပါတဲ့ ရထားကိုခွဲရင် သူတို့ဘဲ နာမည်ပျက်မှာပေါ့ KIA တွေလဲ အဲ့လောက်တော့ စဉ်စားတတ်ပါတယ်.. ကလေးတွေမှ မဟုတ်တာ ၂၀၀၇ တုံးက ရဟန်းတွေကိုတောင် လုပ်ရဲ့တဲ့သတ္တိက သည်လောက်တော့ ရှိပါတယ်...."

that said...
"စစ်တပ်လို.ပဲ ထင်ပါတယ်(ကရင်လေး) ဘာလို.လဲဆိုတော. တို.ဘားအံ.မှာတုန်းက ဒီစစ်တပ်ကပဲ မိုင်းတွေမြုပ်နေတာလေ မသိရင်ခက်မယ်"


အင်း ... ခက်ပြီ ... ခက်ပြီ ...
လူတွေကို အရင်ကလောက် ဆက်လိမ်လို့ မလွယ်တော့ ပါကလား ပြည်သူ့နှပ်မတော်ကြီးရေ ... :)

maungmin said...
This comment has been removed by the author.
maungmin said...
This comment has been removed by the author.
Powered by Blogger.