ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။
ကျောက်တံတား ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ သေမှုသေခင်း အခြေအနေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်လိုက်သည်။
မျက်မြင် သက်သေတစ်ဦး၏​  ပြောကြားချက်အရ​  သေဆုံးသူမှာ မနက် ၇ နာရီ ခွဲခန့်က ၃၉ လမ်း(အပေါ်) တွင်လဲကျနေပြီး ကားအသွားအလာခက်ခဲမှုကြောင့် အနီးရှိအိမ်တစ်အိမ်ရှေ့သို့ အနီးနားမှ ဈေးသည်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရ ကြောင်း၊ မနက် ၁၁ နာရီ ခန့်တွင် ၎င်းမှာမျက်ဖြူလန်ပြီး သေဆုံးသွားကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ဥက္ကဋ္ဌ ဦးမောင်မောင်လှထံသို့ ဖုန်းဖြင့်​ ဆက်သွယ် အကြောင်းကြားရာ ၁ နာရီ ၅ဝ လောက်မှာ​  ရောက်လာတာ​  တွေ့ရကြောင်း MIJ သို့​ ပြောကြားသည်။
သေဆုံးသူ၏ အခြေအနေနှင့်သူ့မိသားစုအကြောင်း ကို MIJ မှ စုံစမ်းရာ သေဆုံးသူ အမည်မှာ ဦးကျော်ကြီး (ခ) ဦးကျော်ကျော် (၃၈)နှစ်ဖြစ်သည်။ ၃၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ် တွင် ရေခဲရေရောင်း၍ အသက်မွေး ဝမ်းကြောင်းနေသူ တစ်ယောက်​ ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ ဦးကျော်ကြီးနှင့် ရင်းနှီးသူ ဘဝတူဈေး သည်တစ်ဦးက ၎င်းင်း၏မိတ် ဆွေနှင့်ပတ်သက်၍ပြောကြား ရာတွင် “ကိုကျော်ကြီးဘဝ က အရမ်းသနားဖို့ကောင်းပါတယ်။ ဒီမနက်စောစောကတောင် သူနဲ့တွေ့သေးတယ်။ အကောင်းကြီးပါဗျာ။ ဒါပေမဲ့ သူတော်တော်လေး မူးနေပြီ။သူ့ဇနီးနဲ့ကွဲနေတာ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ ကလေး တစ်ယောက်ရှိတယ်။ သူ့ဇနီး မချိုချိုက အဲဒီကလေးနဲ့ ဒလ မှာနေတယ်။ အရင်ကတော့ အမဲအူသုပ်ရောင်းတယ်။  ကိုကျော်ကြီးက သာကေတ မာန်ပြေရပ်ကွက်မှာ အရင်က သူ့အမေအိုကြီးနဲ့နေတယ်။ နောက်စားရေးခက်ခဲလာတော့ သူ့အမေအိုကြီးကို ဘိုးဘွား ရိပ်သာကို ပို့လိုက်ရတယ်။ အဲဒီနောက်ပိုင်းတော့ အရက် ကို အဖော်လုပ်ပြီး ရေခဲရေ ရောင်းလိုက်၊ ရတာသောက် လိုက်ပေါ့။ အခုတော့ သူ့ဘဝ ကို အရက်ကပဲ ဇာတ်သိမ်း လိုက်ပြီပေါ့ဗျာ”ဟု ဘဝတူ သူငယ်ချင်း၏ ကြေကွဲဇာတ် သိမ်းကို ပြောပြပါသည်။
မနက် ၁၁ နာရီခန့်က တည်းက သေဆုံးသူ၏ အလောင်းအား ပုဆိုးဟောင်း တစ်ထည်ဖြင့် ဖုံးအုပ်၍ထားရပြီး၊နေ့လယ် ၂နာရီဝန်းကျင်အထိ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ပေ။ အလောင်းအား ကားငှား၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့မည်ဆိုလျှင် ကားခ မှာ ကျပ် ၃ဝဝဝဝိ/-ဖြစ်၍ ငွေကြေးစိုတ်ထုတ်ပေးမည့် သူမှာပေါ်ထွက်မလာခဲ့ပါ။ ယင်းအခက်အခဲနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်“ခက်တယ်ဗျာ၊ လူတစ်ယောက်သေပြီဆိုရင် ဒီငွေဘယ်သူစိုက်ပေးမလဲဆိုတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ရဲတွေကလည်း လခက သောင်းဂဏန်းပဲ။ ဒီလခနဲ့ ကားခ ၃ဝဝဝဝိ/-ကျပ်ဆိုတာကို ဘယ်လိုစိုက်နိုင်မှာလဲ စိုက်ပြီထားဦး။ ဘယ်ပုဂ္ဂိုလ်တွေကမှ ပြန်ပေးတာမရှိဘူး။ ဒါထုံးစံပဲ။ အမှုတစ်ခုဖြစ်ပြီ ဆိုရင် ကားခ၊တည်းခိုစရိတ်၊ စားစရိတ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ ဒါကိုပြည်သူတွေက မသိတော့ စည်ပင်သာယာ ပဲဖြစ်ဖြစ်၊ မော်တော်ပီကယ်ပဲ ဖြစ်ဖြစ်၊ ဘာလုပ်လုပ် ကျွန်တော်တို့ ရဲတွေ လုပ်တာပဲ မြင်နေကြတယ်။ အခုလည်း ဒီအလောင်းကို ဒီအတိုင်းကြီး အကြာကြီးထားရတာကျွန်တော်တို့အတွက်လည်း မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူးပေါ့။ ကဲ ဘယ်လိုလုပ်မလဲဗျာ။ ကားခ ၃ဝဝဝဝိ/-ကျပ် စိုက်ပေးမယ့်သူပဲ မျှော်ရတော့မှာပေါ့” ဟု ရဲလုပ်ငန်းတွင် ငွေကြေး အခက်အခဲကြောင့် အမှုအခင်းကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာရကြောင်းနှင့် ပြည်သူများ ရဲတပ်ဖွဲ့ဝင်များအပေါ် အမြင်တစ်မျိုး ရှိနေကြောင်းကို MIJ သို့ ပြောကြားသည်။
နေ့လယ် ၃ နာရီခန့်တွင် သေဆုံးသူ ဦးကျော်ကြီး(ခ) ဦးကျော်ကျော်၏ ယောက်ဖဖြစ်သူကိုသက် ဆိုသူ ရောက်ရှိလာပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာတင်ကားကို ငွေကျပ် ၃ သောင်းဖြင့် ဈေးဆစ်၍ ဆေးရုံကြီးသို့ ပို့ဆောင်ရာ ကျောက်တံတား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့ လိုက်ပါကြောင်း တွေ့ရသည်။
 မြန်မာအင်ဒီပဲန်ဒင့်
ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား Reviewed by သစ်ထူးလွင် on 10:44 Rating: 5

23 comments:

Anonymous said...

နာရေးကူညီမှုအသင်းကကားတွေခေါ်လို့ရပါတယ် အဲဒီလိုအခက်အခဲဖြစ်ရင်သုံးနိုင်ဖို့ ဖွဲ့စည်းထားတဲ့လူမှုရေးအသင်းကြီးပါ အစိုးရကတော့ ရိတ်ဖို့လောက်ချောင်းနေတာ ဆေးရုံကြီးကကားကို ၃၀၀၀၀ကျပ်ပေးရတယ်ဆိုတော့ ဟုတ်မှာပါ တစ်ခါရန်ကုန်ဆေးရုံအုပ်ကြီးပြောသွားတဲ့စကား အစိုးရကိုဝင်ငွေရှာပေးနေတာတဲ့.. ပြောတော့ပြည်သူ့ဆေးရုံးကြီးတဲ့..နာမည်ပြောင်းလိုက်ပါတော့ဗျာ ရန်ကုန်ပြည်သူ့လည်ပင်းညှစ်ဆေးရုံကြီးလို့..

linnzawhtike said...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့မည်ဆိုလျှင် ကားခ မှာ ကျပ် ၃ဝဝဝဝိ/-ဖြစ်၍ ဆိုပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာတင်ကားကို ငွေကျပ် ၃ သောင်းဖြင့် ဈေးဆစ်၍ ဆိုတော့ တမျိုးကြီးပဲ ဘာပဲဖြစ်ဖြစ် သေဆုံးသွားသူအတွက်စိတ်မကောင်းစရာပဲ တာဝန်မူးကျတဲ့ ရဲရယ် ကိုယ့်အိတ်ထဲက ၃သောင်းကျ မြင်တယ်နော်

Anonymous said...

ရန်ကုန် ပြည့်သူ့ ဆေးရုံက ကားခကလဲ ၃ သောင်းတဲ့ မြို့ ထဲ ၃၈လမ်း ကနေ ရန်ကုန်ဆေးရုံကြီးကိုသည်တာ နီးနီးလေးကို လွန်လှချည်လား . . ဟူး စိတ်ပျက်တယ်

kogyikyaw said...

လက်နှစ်ဖက်ရဲ့ တံတောင်ဆစ်တွေ ညိုမည်းနေတာတွေက
ဘာဖြစ်တာလဲမသိဘူး..။ လက်ပြန်ကြိုး အချိန်တော်တော်ကြာကြာ
တုပ်ချည်ခံထားရတဲ့ လက္ခဏာနဲ့တူနေတယ်နော်.......။

lwinmin said...

ဟုတ်ပါသည်.တချို့ရဲဘော်တွေ လစားနဲ့ဘဲ စားနေရပါတယ်.ဘေးဝင်ငွေအရနည်းပါးတဲ့ ရဲတွေရှိပါတယ်...ဒါကြောင့်သူတို့ ၃၀၀၀၀ မတတ်နိုင်တာပါဗျာ...အကုန်လုံးကိုးတော့ မထင်လိုက်ပါနဲ့...စခန်းမူး...မြို့နယ်မူး ကလည်းစိုက်ပေးမည် မဟုတ်ပါ....

Thiha said...

၇ဲစခန်းကကားတွေကနင့်ကြီးတော်တင်ဖို.လား ၇ဲကိုကိုတို.ရယ်

Myo Thaw said...

နာရေးအသင်းတွေဖွဲ့ထားတာ .... ရှိတာဘဲ ... နာရေးအသင်းတွေကိုကူညီတောင်းလို့ရသလို ... ပြည့်သူ့ဆေးရုံကြီးကကော ... ဘာဖြစ်လို့ ၃၀၀၀၀တောင် တောင်းရတာလဲ ... တကယ်လို့ .. အဲဒီလူနာရှင်ရဲ့ယောက်ဖဆိုသူမရောက်လာခဲ့ရင်ရော .. ဘယ်လိုလုပ်မှာလဲ .. ဒီအတိုင်းဘဲ ထားထားမှာလား ... ဘယ်သူမှအသုံးမကျဘူး .. ပြည်သူတွေက အမြင်မတော်လို့ လဲကျတဲ့သူတစ်ယောက်ကို ဆေးရုံကိုအချိန်မှီတင်ပေးပြန်တော့လည်း ... စစ်လာဆေးလားလုပ်လွန်းလို့ .. နောက်ပြီးဆေးရုံးကလဲ မေးအုံးမှာ ဘယ်သူတာဝန်ယူမလဲ စသဖြင့် နောက်ဆက်တွဲတွေများလွန်တော့ ... ဘယ်သူကမှ မထိရဲ မကိုင်ရဲကြပြန်ရော ...လူ့အသက်တစ်ချောင်းတန်းဖိုးကို ဒီလိုအသုံးမကျတဲ့ အပြုမူတွေကြောင့်ဆုံးရှုံးရတာ ....

MasterMyanmar said...

ပုံထဲက လူ၏ လက်၂ဖက်လုံးကို ကြည့်ရတာ မသေခင်မှာ လက်ကိုနောက်ပြန် ကြိုးတုတ်ထားတာ ခံခဲ့ရပုံရပါတယ်။ သေသေချာချာ ကြည့်ကြပါ။ မျက်နှာမဲ၊ လူဆင်းရဲ၊ အသိုင်းအဝိုင်း မရှိ၊ အရက်သမားဆိုပီး လှစ်လှူမရှုသင့်ပါ။ စိတ်ထဲထင်နေတာက ဒီလူကို တစ်ခုခု သိလိုသိညား ဖမ်းပီး မေးမြန်းရင်း လက်လွန်ပီးမှ လာပစ်သွားတာ ဖြစ်နိုင်ပါတယ်။ ပုံတစ်ပုံထဲ ကြည့်ပီး မှန်းပြောရတော့ သေတော့ မသေချာပါ။ တာဝန်ရှသူများ စီစစ်သင့်ပါတယ်။

Anonymous said...

ဆေးရုံကြီးမှာရှိတဲကားတွေကဘာလုပ်ဖိုထားတာလဲ ဆေးရုံကဆရာဝန်တွေ
ဝန်ထမ်းမိသားစုတွေစီးဖိုထားတာလား။

nyinge said...

နိမ့်ကျနေတဲ့ မြန်မာလူမျိုးတွေရဲ့စိတ်ဓါတ်တခုကို ပြလိုက်တာပါပဲ..အဲ့ပတ်ဝန်းကျင်မှာ ၃သောင်းတောင် တတ်နိုင်တဲ့လူ မရှိကြတော့ဘူးလား.. ဘုရားတန်ဆောင်းတွေမှာ လှူမှ အလှူလို့ထင်နေကြတဲ့ စိတ်ဓါတ်တွေ...တောက် !

Anonymous said...

ပြည်သူဆေးရုံမှဟုတ်ရဲလား

Anonymous said...

မိတ်ဆွေများအားလုံး မိမိပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်အပျက်မျိုးတွေတွေ့ရရင်... မိမိကိုယ်တိုင် ပရဟိတစိတ်အပြည့် ထားနိုင်အောင် ကြိုးစားကြပါစို့.. အများအကျိုးအတွက် ဆိုတဲ့စိတ်က သူတောင်ကောင်းစိတ်ပါ.. ဒီစိတ်ကလေး လူတိုင်းမှာ ရင့်သန်နေမှ လှပတဲ့ လူ့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖန်တီး နိုင်မှာပါ...

zzmyoe said...

ဆေးရုံကြီး က ကားငှားခ=၃၀၀၀၀ကျပ် ဆိုတော့စရိတ်မျှပေးကျန်းမာရေးလား။ ဒါကြောင့်ဆေးရုံအုပ်ကြီး ကနိုင်ငံတော်ကိုပိုက်ဆံတွေ ရှာပေးနတာဒီလိုလား။ အားလုံးလည်းဝိုင်းဝန်းအဖြေရှာကြပါ၊နေရာမြဲဖို့အဖေမရှာကြဖို့ဆင်ခြင်ကြစို့။

Shwe Mg said...

အဲ့ဒါပြောတာပေါ့ဗျ...ပြည်သူလည်းငတ်....၀န်ထမ်းလည်းငတ်...ရဲဘော်လည်းငတ်..စစ်သားလည်းငတ်...ဒီအဆိုးသံသရာထဲက ရုန်းထွက်ဖို့...အားလုံးမှာတာဝန်ရှိတယ်...ပြည်သူအပေါ်ပြည်သူလို ဆက်ဆံတက်မယ့် ၀န်ထမ်းများများပေါ်ထွက်လာဖို့လည်းလိုတယ်ဗျာ...

Soe said...

လူတစ်ယောက် သေနေတာကို မြန်မာလူမျိုးတွေ ဖြစ်ပီး ဘာလို့ ကူညီ
ဖို့ ဝန်လေးနေကြ၇တာလဲ ဆိုတာ စီးပွားေ၇းအ၇ ပိုက်ဆံ ကုန်ကြမှာမို့ပါ ပွင့်ပွင့်လင်းလင်းပြော၇ယင် နေ၇ာ တစ်ကာမှာ
ဘာပဲလုပ်လုပ် ပိုက်ဆံ ပေး၇တော့မယ်လေ အခုပြသနာက
ဆေး၇ုံ ကားခေါ်ယင် ပိုက်ဆံ ၃ဝဝဝဝ ပေး၇တော့မယ် ဒါကို
လက်လုပ်လက်စားပြည်သူတွေ အနေနဲ့ တစ်နေ့လုပ်မှတစ်နေ့စား
နေ၇တာတောင်မှ မဝကြပါဘူး နောက်တစ်ခုက ဦးဆောင်ပီးတော့
လုပ်မယ့်လူ ၇ှိတယ်ထားဦး မြန်မာပြည် ၇ဲ့ အကြောင်း သိကြတဲ့အတိုင်း
အဲဒီလူကို စစ်လားဆေးလားလုပ်ကြဦးမှာ ဆိုတော့ ဘယ်သူကမှ
ကိုယ့်ထမင်းကိုယ်စားပီးတော့ ပြသနာအတက်ခံ အစစ်အဆေး အမေး
အမြန်းခံချင်မှာ မဟုတ် ဘူးလေ အဲဒါ တိုင်းပြည်မှာ လက်၇ှိဖြစ်နေတဲ့ စနစ်ဆိုးကြောင့်ပါ မြန်မာလူမျိုးစိတ်ဓါတ်အ၇ ကူညီချင်ပေမယ့်
မကူညီ၇ဲတဲ့ ဘဝတွေပါ တစ်ခုခုအမြင်မတော်တာတွေ့လို့ ဆေး၇ုံတို့ ၇ဲစခန်းတို့နဲ့ ပါတ်သက်၇မယ်ဆိုယင် ကိုယ့်အိတ်ထဲမှာ ပိုက်ဆံ မပါယင်
ကူညီချင်ပေမယ့် ဝေးဝေးကေ၇ှာင်နေ၇မယ့် မျိုး ဖြစ်နေပီ ဆိုတာ အခု အဖြစ်အပျက်လေးက နမူနာပေးလိုက်တာပါ
တိုင်းပြည်မှာ ဆင်း၇ဲတဲ့ ပြည်သူလူထုတွေ၇ဲ့ ဘဝတွေ ကတော့
ဒီအတိုင်းပဲ ဆက်သွားနေဦးမှာပဲ တိုင်းပြည်ကို အုပ်ချုပ်နေကြတဲ့
ဗိုလ်ချုပ်တွေ ကတော့ သန်းကြွယ်သူဋ္ဌေးတွေလေ အောက်ခြေမှာ
၇ှိတဲ့ ပြည်သူတွေဘာတွေဖြစ်နေကြသလဲဆိုတာ သူတို့ စိတ်မဝင်စားဘူး သူတို့စိတ်ဝင်စားတာက အာဏာလေး၇ှိတုန်း ပိုက်ဆံ၇မယ့် ဂွင်တွေသူတို့မိသားစု ဆွေမျိုးတွေ သန်းကြွယ်သူဋ္ဌေး
ဖြစ်ေ၇း တိုင်းပြည်က ထွက်တဲ့ သယံဇာတတွေ ကို ဘယ်လိုနည်းနဲ့
ယူ၇မယ်ဆိုတာပဲ ချောင်းနေကြတာ

tkm said...

သူမျာနိုင်ငံတွေနဲ့တော့ကွာတယ်ဗျ..
မလေးရှားဆို....လူသေရင် ရဲစခန်းမှာ
လူသေတင်တဲ့ကားရှိတယ်..သူတို့လာတယ်ပြီးသဂြိုလ်လိုက်တယ်
အရေးပေါ်...လုနာရှိရင်လဲ...ဆေးရုံကို လှန်းဖုန်းဆက်လိုက်
တမ်းရောက်လာတယ်....တကယ်လို့လမ်းမှာသေသွားတောင်
ကားခကို..စေသနာရှိသ၍ပေးလိုက်..ဘာမှမပြောဘူး....

Pyae Phyo said...

ငွေတော့မက်လိုက်တာ။ ငွေရရင်ကြိုးစားတတ်တဲ့မြန်မာတွေပဲ။ အလုပ်တောမကြိုးစားဘူး။ ဒါကြောင့်နိုင်ငံခြားမထီမဲ့မြင်လုပ်တာ။

Naw Khan said...

နေပါအမောင်ရဲကြီးရယ်.... မသိဘူးမှတ်နေလား... အမောင်ရဲကြီးတို့ရဲ့ ကြားပေါက်ဝင်ငွေကို....
မငိုပါနဲ့မောင်ရဲ ... မသနားဘူး...

Naw Khan said...

နေပါအမောင်ရဲကြီးရယ်.... မသိဘူးမှတ်နေလား... အမောင်ရဲကြီးတို့ရဲ့ ကြားပေါက်ဝင်ငွေကို....
မငိုပါနဲ့မောင်ရဲ ... မသနားဘူး...

ဒီမိုအောင် said...

ဲပြည့်သူ့ဆေးရုံကြီးကကားခ 30000 ကျပ်ယူတယ်ဆိုတာ
ဟုတ်ပါ့မလားဗျာ. ကျွန်တော်တို့ပြည့်သူ့ဆေးရုံကြီးက၀န်ထမ်းတွေ ကပြည်သူတွေအပေါ် အရမ်းဂရုစိုက်ပါတယ်ဗျာ
(မှတ်ချက်။ ရွဲ့ပြောတာ)

firstchitthulay said...

လူမှုကူညီရေးအသင်းများရှိပါတယ်....အဲဒီကိုဖုန်းဆက်ရင်ရပါသလား...ရခဲ့ရင်လိပ်စာနှင့်ဖုံးနံပါတ်ရဲစခန်းများကိုဝေပေးပါ...ရပ်ကွပ်ရုံးများကိုလဲဝေပေးပါလား...

ဘဝ အမှတ်တရများ said...

..ပြည်သုလုထုရဲ့ သာေ၇း နာရေး တွေမှာ နိုင်ငံတော်ပိုင်တဲ့ ရဲတပ်ဖွဲ့က ကားတွေကို အရေးကြုံလာရင် 'မသာ'တင်ခွင့်မရှိဘုးလို့ ဘယ်ဥပဒေမှာ ဖော်ပြထားလို့လဲ...ဒင်းတို့ သေရင် ဒီ့ထက်ပိုမဆိုးပါစေနဲ့လို့ ဆုတောင်းပေးပါတယ်....လူသားချင်းစာနာကြပါ..

ငဖြိုး said...

မဆုံးရှုံးသင့်တဲ့ အသက်တစ်ချောင်းဆုံးရှုံးသွားပြီပေါ့
တကယ်ဆို လမ်း(39)မှာ ပိုက်ဆံပေါတဲ့သူများပါတယ်
အဓီကကျွန်တော်တို့ဆုံးရှုံးသွားတာ ကိုယ်ချင်းစာတရားနဲ့ရိုင်းပင်းကူညီတဲ့စိတ် ၊ကိုယ်ကျိုးစွန့်အနစ်နာ
ခံစိတ်

Powered by Blogger.