ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

''မြေနီကုန်းရောက်ပြီလို့ ယာဉ်နောက်လိုက်က ပြောလို့ ဆင်းလိုက်တာ မြေနီကုန်းမှတ်တိုင် မဟုတ်မှန်းသိလို့ ပြောလိုက်တော့ မြေနီကုန်းမှာ မှတ်တိုင်မရှိတော့ဘူး၊ ဒီမှာပဲဆင်းလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းတို့ကို တိုင်မယ်လို့ပြောတော့ တစ်ယောက်ကဆင်းပြီး ခင် ဗျားက တိုင်ရအောင် ခင်များက ဘာကောင်လဲဆိုပြီး ထိုးတယ်။ နောက်ထပ်နှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကိုချုပ်ပြီး ကျန်တစ်ယောက်က ထိုးတယ်။ ဘေးက ကောင်လေးနှစ်ယောက်ရောက်လာပြီး ၀င်တားမှ မင်းတို့ တိုင်ချင်ရာတိုင်၊ ပါရမီက ကောင်တွေကွလို့ပြောပြီး ကားပေါ် တက်ပြီး ထွက်သွားတယ်''ဟု ကာယကံရှင် ကြည့်မြင်တိုင်တွင် နေထိုင်သူ ဦးထွန်းလွင်က ပြောပါသည်။

ထိုသို့ ၀ိုင်းထိုးနှက်မှုကြောင့် ဦးထွန်းလွင်မှာ နားထင်ကွဲဒဏ်ရာ၊ မျက်နှာ၊လက်နှစ်ဖက်နှင့် ၀မ်းဗိုက်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းနှင့် စမ်းချောင်းရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့မှုကို မပြုလုပ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုပါသည်။

''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ''ဟု ဦးထွန်းလွင်က ပြောပါသည်။ ထို့အတူ ဧပြီလ ၄ ရက်နေ့ကလည်း ပါရမီ အဓိပတိယာဉ်လိုင်းမှ လူ ၃၀ ဦးကျော်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား Reviewed by သစ်ထူးလွင် on 15:24 Rating: 5

46 comments:

Unknown said...

သူတို့ကို မှီခိုတဲ့သူတွေအခက်တွေ့မှာကို မလိုလားဒါနဲ့ မတရားမှုတခုကို ဒီအတိုင်းထားတာ သိပ်ဘ၀င်မကျဘူးဗျာ .. နောက်ဒါမျိုးမဖြစ်အောင် တိုင်ကိုတိုင်သင့်ပါတယ် .. အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်လိုက်စမ်းပါ..

Unknown said...

အဲဒီကားကြီးတွေ မိုက်ရိုင်းယုံတင်မဟုတ်ပါဘူး စည်းကမ်းလဲအတော့်ကိုမရှိ
တာပါ။ မတရားစွတ်မောင်း လမ်းပိတ်ရပ် မလိုအပ်ပဲဟွန်းတီးနဲ့ တော်တော်
ကို စည်းကမ်းပျက်နေတာကြာပါပေါ့၊ ယဉ်ထိန်းကလဲ ပိုက်ဆံလေးပစ်ချပေး
ထားတော့အပေါက်ကိုပိတ်လို့ဗျား။ မှတ်တိုင်မဟုတ်ပဲ တားကြည့် taxi လို
ပဲရပ်ပေးသဗျ။ ရှေ့ကားနောက်ကား အသာထား လူရပြီးရောဆိုတဲ့ အစားတွေ
မှတ်သားလောက်အောင် အရေးယူကြမယ့်လူမရှိဘူးထင်ပါရဲ့နော်....

ice(myeik) said...

ဒီအတိုင်းပဲ ကြည့်နေတော့မလား ပိုပြီးရောင့်တက်လာနေပြီ

Jennifer Winnaing said...

ဦးလေးကြီးမို့ပေါ့...။ သမီးသာဆို အပြစ်မရှိတဲ့ သူတို့မိသားစုတွေကို အိမ်ပေါ်အကုန်လုံး ခေါ်ကျွှေးထားပြီးတော့ အပြစ်ရှိတဲ့ကောင်တွေကို တရားဥပဒေအရ အရေးယူခိုင်းမှာပဲ..ဟွန်း...:(

devil said...

မြေနီကုန်းမှတ်တိုင်က ပြောင်းသွားပြီ။

shweminthar said...

ဒီကောင်တွေက ဦးပိုင်က စစ်ပြုတ်တွေ အရှိန်နဲ့ ရိုင်းနေ လူပါးယနေတာကြာပါပြီ။
သူတို့ကားတွေမှာ ရေးထားတာနဲ့ တခြားစီ ကျင့်သုံးနေတာ။ရိုင်းပြမှုကတော့ ကမ်းကုန်ပဲ။ ဘယ်လိုမှ အရေးမယူကြတော့ဘူးလား။

myolwin said...

အဲလိုလိုင်းမျိုးကိုမစီးပဲဆန်ဒပြရင်ကောင်းမယ်

Anonymous said...

ပါရမီ ယာဉ်လိုင်းက ကောင်တွေ ထောင်ထွက်တွေလား . . ဘယ်သူ့ အားကိုးနဲ့ မိုက်နေတာလဲ . . ဒီလိုင်းပြုတ်အောင် ဖြုတ်ပေးပါ . . . ပြည်သူတွေ အတွက် အန္တာရယ်ရှိတယ် . . ပြည်သူဘ၀ လုံခြုံမှု ရအောင် ပါရမီကားလိုင်းကို အမြန်ဆုံးဖြုတ်ပေးပါ . .

Anonymous said...

တဒင်္ဂဒေါသကြောင့် ပြဿနာဖြစ်ခဲ့ပေမယ့် ရင့်ကျက်တဲ့ စိတ်စေတနာကောင်းက ဦးဆောင်လိုက်နိုင်တာဟာ သူတော်ကောင်းတို့ရဲ့ အမူအကျင့်ပါ။ ဦးထွန်းလွင်ရဲ့ သဘောထားကြီးမှု စိတ်ကောင်းရှိမှုကို လေးစားမိပါတယ်။ အနိုင်ကျင့်သူတွေကို စက်ဆုပ်မိတယ်။

villager said...

ဒီ လို ဥပဒေမဲ့ပြုမူတာကိုတော့ လုံးဝ ခွင့်မလွှတ်နိုင်ပါဘူး။ တိုင်းပြည်တစ်ခုမှာ
ဥပဒေဟာ အသက်သွေးကြောပါ။ ကာယကံရှင်အနေနဲ့လည်း ''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ'' ဆိုတာလည်း သဘာဝမကျပါဘူး။ ဒီလိုမျိုး ခွင့်လွှတ်လိုက်ရင် နောက်ဆို ဒီထက်ပို ပြီးအတင့်ရဲလာမှာပေါ့။ ရန်ကုန်စပါယ်ယာအတော်တော်များများ ခရီးသည်တွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ လိုင်းကားနဲ့မကင်းကြသူတိုင်း သိပါတယ်။
ဒါကြောင့် ထိုက်သင့်တဲ့ဥပဒေနဲ့အညီပြစ်ဒဏ် စီရင်သင့်ပါတယ်။
မည်သူ့ကိုမျှမမုန်းပါ။ သို့သော် ဥပဒေကို အားလုံးထက်ပို၍ ချစ်သည်။

chitko said...

ယာဉ်နောက်လိုက်တွေကိုလဲ ကိုယ်ချင်းစာတတ်အောင်နှိပ်ကွပ်ပေးရမယ်၊

minsoeaung said...

ဒီလောက်ပြောဒါကိုထိုးကြတာကလွန်ပါတယ်။
ပြောသူကသက်ကြီးသူဖြီ်နေတယ်။
စဝိုငိးထိုးတာကမဖြစ်သင့်ဘူး။ပညာပေးအနေနဲ့လက်
ရောက်မှုထောင် ၆ လလောက်အပြစ်ပေးဘို့လိုပါတယ်။
ဒီမိုကရေစီဆိုတာဥပဒေကိုတိကျစွာလိုက်နာရတယ်။ဒို့သမ္မတြီကီးလက်ထက်မှာဘယ်သူ့မျက်နှာမှမကြည့်ဘဲ
ဥပဒေအတိုင်းဆောင်ရွက်သည် ဆိုတာအားလုံးသိစေ
ရမည်။

myo kyaw said...

သူတောင်းစားများ ရမ်းကားနေပါသည်။ သတိထားပါ။

a said...

ဒီလောက်ရမ်းကားနေတာတောင်အရေးမယူတာ၊အသုံးလိုတဲ့အခါသုံးဖို့မွေးထားပုံရတယ်၊အဲ့ဒီယာဉ်လိုင်းတွေကစစ်တပ်ပိုင်လိုင်းတွေ၊သန့်ရှင်းတဲ့အစိုးရကိုဂရုမစိုက်တဲ့သူတွေအုပ်ချုပ်တာ။ဒီလိုအဆင့်ကကောင်တွေတောင်ပြည်သူကိုလူမထင်ဘူး။

ပုဂံစစ်သည် said...

အဲ့ဒီလိုင်းကားကကောင်းတွေက လူရိုင်းတွေများတယ်။ ပြောမယ်ဆိုရင် အဆင့်အတန်းလုံးဝကိုမရှိတဲ့ကောင်တွေ၊ ဒီလိုကောင်းတွေ အလုပ်ပြုတ်တော့ကောသနားစရာလား၊ တိုင်သာတိုင် ဒီလောက်မိုက်ရိုင်းတဲ့ကောင်တွေကို၊ ဒီလိုလူတွေမရှိမှ ခရီးသည်တွေ သွားလာရတာအစဉ်ပြေမှာ။ တိုင်ရင်တော့ သက်ဆိုင်ရာက တာဝန်ယူပေးတာများပါတယ်။

ကိုချစ် said...

လိုင်းကားသမားတွေ မောက်မာ၊ မိုက်ရိုင်းနေတာတွေ တော်တော်များနေပီ
မှတ်လောက်သားလောက်အောင် ပညာပေးသင့်တယ်
တာဝန်ရှိတဲ့လူတွေကလည်း ဘာတွေလုပ်နေလည်းမသိဘူး

Nyo said...

ကြည့်ရတာ အဲဒီယာဉ်လိုင်းက ကောင်တွေက အရင်ကြံ့ဖွတ်စွမ်းအားရှင်ကကောင်တွေ ပုံစံအတိုင်းပဲ။ ဦးနှောက်မရှိဘူး။ နောက်ခံအားကိုးတစ်ခုခုရှိလို့ မိုက်ရဲတဲ့လက်ရုံးအားကိုးတွေ။

Unknown said...

ဒီသူတောင်းစားတွေရမ်းကားနေတာကြာပြီ...တာဝန်ရှိသူတွေဒီလိုပဲ..နှာစေးနေ ကြလား...?

Anonymous said...

မဟုတ်ကဟုတ်ကကောင်တွေ ကြီးစိုးချယ်လှယ်တော့
ဒီလို မင်းမဲ့စရိုက်တွေဖြစ်တာပေါ့ဗျာ
လုပ်ချင်ရာလုပ်ခဲ့ကြ ဖြစ်လာသမျှ ငါရှင်းမယ်ဆိုတဲ့
အရိုင်းအစိုင်း လူ့တိရိစ္ဆာန်တွေ ခေတ်ထနေတာကြာပြီ

Anonymous said...

ခရီးသည် နောက်မှာဘယ်သူမှမရှိ ၊ ပါရမီယာဉ် အဖွဲ.သားတွေ နောက်မှာ ..... BOSS .. ရှိ ၊ BOSS ... နောက်မှာ .... VIP တွေ ..ဗိုလ်ချုပ်ကြီး တွေ ရှိတယ်၊ .... ဘက် မမျှပါ ၊ အစိုး၇ဆိုတာကလည်း ..........။

The Nature Myanmar said...

ယာဉ်လိုင်းနာမည်တွေကတော့ အပြန်စားတွေဘဲ...
ရွှေဧည့်သည်...
အဓိပတိ...
ပါရမီ...
ဆောင်ပုဒ်တွေကလည်း ကားအတွင်းနံရံ လေးဘက်လေးတန်ဘဲ...
တကယ်လည်း မကျင့်နိုင်ဘဲနဲ့ ဘာလို့ ရေးထားတာလဲ...
ထမင်းရှင်ကို မစော်ကားရ...ဘာညာနဲ့...
နေ့ တဓူဝ ပြည်သူကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာ...
အခြားယာဉ်လိုင်းတွေကို ဂရုမစိုက်တာ...
မီးပွိုင့်မှာ ယာဉ်ငယ်ကိုအလယ်မှာထား ဘယ်ညာနှစ်ဖက်ခွပြီး အပြိုင်အဆိုင်မောင်းနှင်တာ(သိမ်ဖြူလမ်းပေါ်မှာ ဖေဖော်ဝါရီလ ၂၀၁၂)...
မှတ်တိုင်မှာ ယာဉ်စစ်ဆေးအဖွဲ့ ရှိရင် ရပ်တယ်...
မရှိရင်ကြုံသလိုရပ်တယ်...လမ်းကြောင်းပြောင်ပြန်မောင်းတယ်...
ယာဉ်ကြောကြပ်တဲ့ ဘုရင့်နောင်လမ်းဆုံမှာ အမြဲတမ်းတွေ့နေရတဲ့ မြင်ကွင်း...
စည်းကမ်းရှိတယ်လို့ ယူဆတဲ့ အဲဒီ ပါရမီယာဉ်လိုင်းက အဆိုးဆုံးဘဲ...
ယာဉ်ထိန်းရဲက ဥပဒေကြောင်းအရ ပြောရင်...ဗိုလ်မှူးနဲ့ လာတွေ့ ပါ...
စတဲ့ တရားဥပဒေစိုးမိုးရေးကို မထေမဲ့မြင်ပြုတာတွေ တော်တော်များတယ်...
ပါရမီကားဝင်းမှာတော့ စည်းကမ်းလိုက်နာဖို့ သင်တန်းပေးလောက်တယ်...တချို့လည်း တော်ပါတယ်...တော်တဲ့သူက နည်းနေတော့ အုပ်စုဖွဲ့ထားတဲ့ဂိုဏ်းလို ပြည်သူက မြင်လာပြီ...
ပြုပြင်ဖို့နည်းလမ်း သုံးခုဘဲရှိတယ်...
၁)အုပ်ချုပ်သူ လူကြီးမင်းများက အချိန်မှီ ထိန်းကြောင်းမလား...
၂)တရားဥပဒေကို လေးစားလိုက်နာမလား...
၃)ပြည်သူရဲ့ သပိတ်မှောက်တာကို ခံယူမလား...

Pyae Phyo said...

မိုက်ရိုင်းတယ်။ နောက်ဆိုရင် စပယ်ယာတောင်မထားသင့်တောဘူး။ အဘွားကြီးတွေ၊ အဘိုးကြီးတွေဆိုရင်နှင်ချတယ်။ ကလေးတွေဆိုရင်လည်းနှင်ချတယ်။ အထီးအချင်းချင်းနှင်ချတယ်။ I pay card တောင်စပယ်ယာနဲ့ဆိုတော့မကောင်းတော့ဘူး။ စပယ်ယာကိုဖြုတ်ပါ။ သူများကို ဘွတ်အဲလို ဒုက်ခပေးဖို့ထားတာလား၊ ဦးသိန်းစိန်ရေ။ ယောက်ျားလေးသီးသန့်ယာဉ်တောင်ထားရမလိုဖြစ်ကုန်ပြီဗျ။

honey said...

စပယ်ယာတွေမိုက်ရိုင်းနေတာပါ၇မီယာဉ်လိုင်းက
လူကြီးတွေအရှိန်နဲ့လူပါးဝနေတယ်။
ကားပေါ်တက်ချိန်အတင်းတွန်းကားကိုတက်တုန်း
အတင်းမောင်းထွက်လူကနေရာမယူနိုင်ခင်
ဟက်ထိုးလဲကျမလိုဖြစ်ရတယ်။
ခြေထောက်နာနေလို့ဖြေးဖြေးတက်လို့မရ။
တွန်းတင်တွန်းချလုပ်လို့ကားပေါ်ကပြုတ်ကျတယ်။
ဒီဒဏ်ရာနဲ့လိုင်းကားစီးပြန်တော့လည်း
အနာထပ်ရတယ်။

Soe Moe Aung said...

ဖြစ်ရမယ် ပါရမီရယ်..ကျွန်တော် အတွေ့အကြုံလေးပြောပြဦးမယ်။ရွှေဂုံတိုင် ကနေ ညဘက် ပါရမိ ၁၇၄ စောင့်ပြီး စီးတယ်ဗျာ။ညဘက်ဆိုတော့လူကနည်းတယ် ကျွန်တော်စတက်တုန်းကလူသုံးလေးယောက်လောက်ပဲရှိဦးမယ် ထုံစံအတိုင်း ကားခလိုက်ကောက်တာပေါ့ဗျာ။ကျွန်တော်က တစ်ထောက်တန်ပေးလိုက်တယ် ။ကျွန်တော့မှာလည်း အဲဒါတစ်ရွက်ပဲပါတာပါဗျာ။အဲဒါသူက အကြွေမရှိလို့တဲ့ချက်ခြင်း ပြန်မအမ်းဘူးဗျာ။အေးပေါ့ သမိုင်းလမ်းဆုံမှဆင်းမှာဆိုတော့ အချိန်ရှိပါသေးတယ်ပေါ့လူလည်းသိပ်မှမရှိတာ ဆိုပြီးအေးဆေးနေလိုက်တာပေါ့ဗျာ။လမ်းမှာ လူလည်းသိပ်မတင်ပါဘူး အဲဒါ သမိုင်းရောက်ခါနီး ၂ မှတ်တိုင်လောက်အလိုကြတော့ ကျွန်တော်လည်း ကဲပိုက်ဆံအမ်းတော့ဆိုတော့ တစ်ချက်လှည့်ကြည့်ပြီးမသိချင်ယောက်ဆောင်နေတယ် ။ဘာလဲဟ ဆိုပြီး ဟေ့လူ ၁၀၀၀ တန်ပြန်အမ်းရဦးမယ် ဆိုတော့ စပါယ်ယာ က "'ဒါမျိုးတွေရိုးနေပါပြီကွာ မင်း ၂၀၀ တန်ပေးထားတာ ၁၀၀၀ တန်ပေးတဲ့လူတစ်ယောက်ပဲရှိတာ လှည်းတန်းမှာပြန်အမ်းလိုက်ပြီး လာလုပ်မနေနဲ့ကွာတဲ့။မှတ်မှတ်ရရ အဲဒီအချိန်ကားပေါ်မှာ ကျွန်တော်တစ်ယောက်ပဲကျန်တော့တယ်။ပိုက်ဆံအပိုပါခဲ့ရင် အကုသိုလ် အများမခံဘူး ဒီတိုင်းထားခဲ့တယ်။ခုက ကျွန်တော် ဆက်သွားရဦးမှာ ကားခကအဲဒီကအမ်းမှ ဖြစ်မှာဆိုတော့ သေချာရှင်းပြတယ်။ကျွန်တော် ရွေဂုန်တိုင်ကတက်တာပါ ဟောဟိုက ခုံမှာထိုင်တယ် ခင်ဗျား ကားခကောင်တုန်းက ကျွန်တော် တစ်ယောက်ပဲအဲဒီမှတ်တိုင်ကတတ်တာပါ အဲလိုမလုပ်ပါနဲ့ဗျာ ကျွန်တောကားဆက်စီး ရဦးမှာမလို့ဘာဆိုတော့။ဒရိုင်ဘာ က "_ီးပဲ ကွာ စောက်ဇယားရုပ်တယ် ပေးလိုက် ဘာကောင်တွေမှန်းကိုမသိဘူး"ဆိုပြီးလှမ်းအောင်တယ်။စိတ်ရှော့လိုက်ပါတယ် ကျွန်တောကလည်း ဒါရမှ ဆက်သွားလို့ရမှာဆိုတော့ ။အဲဒါ စပါယ်ယာ ကဆောင့်အောင့်ပြီး ၈၀၀ ပြန်အမ်းတယ်။တကယ်ဆောင့်အောင့်တာနော် ကြမ်းပေါ်ပစ်မချရုံတမယ်ပဲ။သည်းခံပါတယ် သည်းခံတယ် ။ပိုက်ဆံအပိုမပါတဲ့ကိုယ့်အပြစ်ပဲထားလိုက်ပါတယ်။အဲဒါကားပေါ်ကဆင်းတော ကိုရွေစပါယ်ယာ ကကားပေါ်ကအော်ပြောသွားတယ် "ဟေးကောင်နောက်ဒီကား ရောင်လို့တောက်မစီးမိစေနဲ့ စောက်ခွက်ဆုတ်သွားမယ်တဲ့" နောက် စပါယ်ယာတစ်ယောက်ကလည်း ပြူတင်းပေါက်ကထွက်ပြီး "-ီး ပဲ" ဆိုပြီးဆဲသွားသေးတယ်ဗျာ။သမိုင်းလမ်းဆုံဆိုတော့လူတွေက လည်းဝိုင်းကြည့်ပေါ့ဗျာ။ဒေါသထွက်လိုက်များခုပြောခုထွက်တုန်း။စဉ်းစားသာကြည့်တော့အရပ်ကတို့ရေ....

နွေမင်းလွင် said...

ရွှေဧည့်သည်လိုင်က တေဇ စီးပွားရေး...အဓိပတိ နဲ့ ပါရမီက ကြံ့ဖွတ် စီးပွားရေး

kyaw said...

ကျွန်တော့်အဖြစ်ကလဲ ထူးမခြားနားပါပဲဗျာ။ ကားခပေးပြီးတာကို ထပ်တောင်းတယ်ဗျာ။ ပေးပြီးပါပြီလို့ပြောတော့ မပေးရသေးဘူးဆိုပြီး ဇွတ်ငြင်းတယ်။ကျွန်တော်ကလည်း ပေးပြီးပြီဗျလို့အားလုံးကြားအောင် အော်ပြောတော့ စပယ်ယာနှစ်ယောက်က ထိုးမယ့်ပုံစံနဲ့ဝိုင်းလာတော့ ကျွန်တော်လဲ အင်အားခြင်းမမျှတာနဲ့ နောက်
ထပ်နှစ်ရာထပ်ပေးခဲ့ရတယ်ဗျာ။ သူတို့ကပြောသေးတယ်။
ပြောစီးရင်အလကားစီးလို့ရတယ်တဲ့။ ကျွန်တော့်မှာ ပိုက်ဆံနှစ်ရာလဲထပ်ပေးခဲ့ရသေး ၊ လူပုံအလယ်မှာလဲ အရှက်ခွဲခံရသေးတယ်ဗျာ။ အများကဝိုင်းကန့်ကွက်ဖို့
ဆော်သြတာမျိုးတော့မလုပ်နိုင်ဘူးဗျာ။ ကိုယ့်တစ်နိုင်တစ်ပိုင်
ဆန့်ကျင်တဲ့အနေနဲ့တော့ ဒီကနေ့အထိ အဓိပတိဆို လုံးဝမစီးဘူးဗျာ။ ပြတ်ကရော။

su said...

ရန်ကုန်က စပယ်ယာ တော်တော်များများက ပညာမတတ် အဆင့်မရှိ ယဉ်ကျေးမှုမဲ့တဲ့ လူ့ဗာလ အရိုင်းအစိုင်းတွေက များတယ်။ သူ့တို့ကားပေါ် တက်လာတဲ့ ခရီးသည်တွေကို ယဉ်ကျေးပျူငှါစွာ ၀န်ဆောင်မှု ပေးရမယ့်အစား သူ့အိမ်မှာ ခိုင်းနေတဲ့ အိမ်ဖော်လိုပဲ မောက်မောက်မာမာ ဆက်ဆံတယ်။ ခရီးသည်တွေက အဆင့်ခြင်းမတူလို့ ပါးစပ်သန လို့ ပြန်မပြောတာကိုလည်း နားမလည်ဘူး။ သူတို့ကိုယ် သူတို့် ဟုတ်လှပြီ မှန်လှပြီထင်ပြီး သွေးနားထင်ရောက်နေကြတာ။ သက်ဆိုင်ရာ ဋ္ဌာနတွေကလည်း သင်တန်းတွေ ဘာတွေ ပေးပြီးမှ ခန့်တာ မဟုတ်ဘူး။ နီးစပ်ရာ ခန့်လိုက်ကြတာပါ။ တာဝန်ယူထားတဲ့ သူတွေ ကြည့်လိုက်ပြန်တော့လည်း လူ့အရိုင်းအစိုင်း စစ်သားလူထွက်တွေက များတယ်။ ယဉ်ကျေးမှုဆိုတာကို ဘယ်နားလည်မှာလဲ။ အမျိုးသမီးငယ်လေးတွေ အပေါ်မှာလည်း ဘာမှ မောင်နှမချင်း ကိုယ်ချင်းစာစိတ်မထားဘူး။ မဖြစ်သာလို့ စီးနေကြရပေမယ့် ငရဲပြည်ရောက်နေသလိုပဲ။ စပယ်ယာပါးစပ်းကလည်း ရိုင်းစိုင်းတဲ့ စကားတွေချည်းပဲ ကြားရတတ်တယ်။ ဗုဒ္ဓဘာသာနိုင်ငံ ၊ ယဉ်ကျေးတဲ့လူမျိုးပါလို့ ပြောဘို့တောင် ခပ်ခက်ခက်ပဲ။ ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ အများပြည်သူအပေါ် ဒီလိုရိုင်းစိုင်း မောက်မာတဲ့ ၀န်ထမ်းတွေကို ပြင်းပြင်းထန်ထန် အရေးယူ နှိပ်ကွပ်သင့်တယ်။ ဒီကောင်တွေ ရှိနေသရွေ့တော့ ခုနှစ်ရက် သား သမီးများ စိတ် မချမ်းသာနိုင်ပါ။ မှတ်ချက်။ ။ဤစာသည် ယဉ်ကျေးသော စပယ်ယာကောင်းများနှင့် လုံးဝ မသက်ဆိုင်ပါ။

မိုးသောက် said...

ဟုတ်တယ် ။ အရင်ကနဲ့တောင်မတူတော့ဘူး ။ အဓိပတိလိုင်းကလူတွေမိုက်ရိုင်းနေတယ် ။

phyoe said...

မြန်မာစီးပွားရေးဦးပိုင်လီမိတက် တဲ့ မြန်မာတနိုင်ငံလုံးဒီကောင်တွေအလုပ်တွေပဲ ကြီးစိုးနေတယ်
ပြီးရင် ဗိုလ်ကျတယ်ပြည်သူတွေကို ဘယ်သူမှမပြောရဲကြဘူးလား
စစ်တပ်က အငြိမ်းစား ဆိုပြီးမပြောရဲကြတာလား မသိပါဘူး အဲဒီ
ပါရမီ အဓိပတိ ယာဉ်လိုင်းတွေမစီးသင့်တော့ပါဘူးဗျာ

N2N said...

ဒီလို ရမ်းကားမူမျိုးကို တရားဥဗဒေစိုးမိုးရေးအတွက် မည်သူကိုမဆို ထိရောက်စွာအရေးယူသင့်ပါတယ် ပါရမီယာဉ်လိုင်းအနေဖြင့် မိမိယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ ဆက်ဆံရေးပိုင်းတွင်၎င်း စည်းကမ်းပိုင်းတွင်၎င်း သေ၀ပ်အောင်ပြုပြင်သင့်ပါသည် အစစယှဉ်ပြိုင်ရသောခောတ်တွင် အခွင့်ထူးများရရှိထားပြီး ပြည်သူကောင်းကျိုးအတွက်- ၁၇၄-နှင့် အဓိပတယာဉ်လိုင်းတွင် အမြဲပျက်နေသော ယာဉ်အစုတ်များကို BUS ယာဉ်စီးသူများကို စေတနာထားကာ ကောင်းမွန်သောယာဉ်အကောင်းများဖြင့် အမြန်ဆုံးပြုပြင်သင့်ပါသည်

Amhan said...

ဦးပိုင်ဆိုတာ စစ်တပ်ကဘဲ..အလကားလောက်ရထားတဲ့ကားတွေနဲ့ ပြည်သူကိုအနိုင်ကျင့်နေတယ်..ရွှေမန်းသူဆိုလည်း ဒီအတိုင်းဘဲ..ကားရဲ့ ၀မ်းဗိုက်အောက်မှာ ခရီးသည်အိတ်ထားရင် တစ်ပိသာဖိုးကစပြီး ပိုက်ဆံတောင်းတယ်..အပေါ်မှာလည်းတင်လို့မရအောင် ကျဉ်းနေတယ်..တခြားလိုင်းတွေကပိက်ဆံမယူဘူး..မန်းသူကတောင်းတုန်းဘဲ..

Thannyunt Aye said...

စပယ်ယာတော်တော်များများဆိုးတာတော့ အားလုံးသိပီးသားမို့ ထပ်မပြောလိုတော့ပါ။ မြေနီကုန်းက မှတ်တိုင်နှစ်တိုင်ကိစ္စကို ပြောချင်တာပါ။ တစ်တိုင်က ပြည်သူ့ရင်ပြင်ရှေ့ကို ရွှေ့လိုက်ပြီး အင်းစိန်ဘက်အသွားတိုင်က မြေနီကုန်းမီးပွိုင့်ကနေ အတော်လှမ်းလှမ်းကို ရွှေ့လိုက်ပါတယ်၊ တော်တော့ကို လမ်းလျှောက်နေရလို့ သက်ကြီးရွယ်အိုများဆိုရင် အခက်အခဲဖြစ်စေပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ ဘတ်စ်ကားစီးပြီး မှတ်တိုင်ကနေ မြေနီကုန်းမီးပွိုင့်ဝန်းကျင်ကို လက်တွေ့ လမ်းလျှောက်ကြည့်စေချင်ပါတယ်။

joseph said...

ကားပေါ်ကလူတွေဘာလုပ်နေလဲ????
ပါရမီကကောင်တွေသတိထားမင်းတို.ကို ဓါးနဲ့ ထိုးသတ်မှာ။
မင်းတို.တွေမက်ရိုင်းတာများနေပြီ။
အပြောမဟုတ်ဘူး။မင်းတို.စောင့်ကြည်.လိုက်။

Jacker said...

အားလုံးပြောထားတာအမှန်ပါပဲ...ဘာလို့လဲဆိုတော့...ပြန်တမ်းဝင်အရာရှိအားကိုးနဲ့မိုက်နေကြတာလေ....အခုဆိုရင်...ဟိုတစ်နေ့ကကျွန်တော်အဓိပတိအနီစီးသွားတယ်လေ....ကားကတစ်ခြမ်းနေပူနေပါတယ်....အဲဒါကိုဗျာ....တာမွေဈေးမှာအကြာကြီးပဲရပ်ထားတယ်...လူလဲမတက်ပါဘူးဗျာ...တစ်ခြမ်းမှာရှိတဲ့ခရီးသယ်တွေပူတာပေါ့ဗျာ...စပါယ်ယာရော...ဒရိုက်ဘာရော..မသိချင်ရောင်ဆောင်နေတယ်..ဗျာ...ပြောလဲပြောတာပဲရှိမှာပဲ....တော်တော်မိုက်ရိုင်းတဲ့သူတွေ...ကျွန်တော်ဆိုပိုက်ဆံကုန်ချင်ကုန်ပါစေ..ကားပဲဌားသွားတယ်...အဲဒီ့လူတွေကိုပြောမယ့်သူတွေမရှိတော့ဘူးလား....အရင်အဓိပတိစပေါ်ကတည်းကကျွန်တော်စီးလာတာပါ...တစ်ချိုစပါယ်ယာတွေဆိုရင်..ကျွန်တော်ဘယ်လောက်စီးသလဲဆို..ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေတောင်ရှိပါတယ်...ဒါပေမယ့်လို့...အခုစပါယ်ယာတွေကအရင်နဲ့မတူတော့ဘူးဗျ...အရင်ကစပါယ်ယာတွေကသိပ်မဆိုးဘူး..အခုစပါယ်ယာတွေကတော်တော်ရိုင်းလာတယ်ဗျာ...တစ်ခုခုလုပ်ပေးနိုင်ရင်သိပ်ကောင်းမှာပဲ....ဆုတောင်းပါတယ်ဗျာ...အဲလိုလူမျိုးတွေမရှိပါစေနဲ့လို့...

Unknown said...

ကဲကဲ အပြောတွေ လျှော.ပြီး ...ဒီလို စပယ်ရာ ကောင်တွေအတွက် ဦးပိုင် Campaign စကြပါစို.လား

အရှိအတိုင်း said...

ပါရမီမှ မဟုတ်ပါဘူး...ယာဉ်လိုင်းတိုင်းလိုလိုဖြစ်နေတာပဲ...လူလိုနားမလည်တဲ့ စပယ်ယာဆိုတဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သင့်နေပြီ..

demo said...

အဲဒါတော့အမှန်ဗျ။ တစ်ခါ လှိုင်သံလမ်းမှတ်တိုင်မှာလဲ အဲဒီလိုဘဲ။ ကောင်လေးကကုမဏီဝန်ထမ်းနဲ့တူတယ်။25နှစ်27လောက်တော့ရှိပြီ။ ပိုက်ဆံပြန်အမ်းဖို့တောင်းတာ ဘာတစ်ထောင်တန်မှ မရှိဘူးဆိုပြီး စကားများကြတယ်။ ကောင်လေးကတိုင်မယ်လုပ်တော့ ၀ိုင်းထိုးကြတယ်။ ထမင်းချိုင့်ထဲက ထမင်းတွေတောင်မှောက်ကုန်တာ။ ခရီသည်တွေက ၀ိုင်းပြီးပြောတော့မှ အဲဒီကောင်ကိုဒရိုင်ဘာကခေါ်ထားလိုက်တယ်။ ပါရမီကားပါဘဲဗျ။ စစ်သားလူထွက်တွေလေ လူပါးဝကြတယ်ဗျာ။

Nay Nwaye said...

ဒီပြသနာကို သက်ဆိုင်ရာယဉ်လိုင်းမှတာဝန်ရှိသူများ အရေးယူပေးစေချင်ပါသည် မိမိ၏ယဉ်လိုင်းလမ်းပေါ်တွင် ဘာတွေလုပ်နေလဲဆိုတာကို ထိုင်ခုံတွင်အခန့်သားထိုင်ပြီး ပြည်သူတွေပေးတဲ့လစာကိုညာမယူပဲ တိတိကျကျစီစစ်စေလိုပါသည်။ ရန်ကုန်မြို့ပေါ်ရှိ ယဉ်လိုင်းများတွင် ထိုယဉ်လိုင်းများသည် စည်းကမ်းအမဲ့ဆုံးဖြစ်သည်။ မယုံလျှင်လမ်းပေါ်ထွက်ကြည့်ပါ တွေ့ပါလိမ့်မည်။

Richard said...

အင်း ဘတ်စကာစီးတဲ့နေရာမှာတော့ လူ့အခွင့်အရေး human right
မပြောနဲ့ သက်ရှိအခွင့်အရေး animal right တောင် မရပါဘူး
ခရီးသည်တွေကို လူလို့သဘောမထားတာတင်မဟုတ်ဘူး သက်ရှိသတ္တ၀ါလို့ကို
သဘောမထားတာ-
ဒါကတစ်ချက် နောက်တစ်ချက်က မြေနီကုန်းက မှတ်တိုင်ကိစ္စ
ပြည်သူတွေကို လေးစားတယ်ဆိုရင် ဘာကြောင့်ရွှေ့ရပါတယ်ဆိုတာ
ကြေငြာသင့်ပါတယ် ငါတို့လုပ်ချင်ရာလုပ်တယ်ကွာ ဆိုရင်တော့
Good governance မဟုတ်ပါဘူး
အခုဟာက လူတွေ အတော်ကို အဆင်မပြေတာပါ
တမင်သက်သက်ကို အဆင်မပြေအောင်လုပ်နေတာလားလို့ ထင်စရာဖြစ်နေတယ်

myatnoe said...

ပါရမီ အဓိပတိ
ရွှေမန်းသူ ရှမ်းမလေး ပုသိမ်သူ
တော်ဝင် ဒီကားအားလုံးက ဦးပိုင်လီမီတက်ကကားတွေပါ။
အရမ်းကိုမိုက်ရိုင်းတဲ့ကားတွေပါ ။ရန်ကုန်မြို့တွင်း နေပြည်တော်နဲ့
မြန်မာနိုင်ငံမြို့တော်တော်များများကိုဆွဲပါတယ်။ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေက ခွေးလောက်မှအဆင့်အတန်းမရှိပဲ
ဦးပိုင်အားကိုးနဲ့မိုက်ရိုင်းနေကြတာပါ။ ဒီလိုလုပ်ရပ်မျိုးကို သက်ဆိုင်ရာကထိထိရောက်ရောက်အရေးယူဆောင်ရွက်ပါ။။ သက်ဆိုင်ရာလူကြီးမင်းများလဲ ပြည်သူတွေဖက်ကရပ်တည်ကြပါ။

zmt said...

ဒီကနေ ပြောလို့ အကျိုးသက်ရောက်မှုရှိရင်ပြောချင် ပါတယ်ဗျာ ၊ သူတို့ကိုသိစေချင်လို့ ဂျာနယ်ပေါ်ရောက်ရင်ကောင်းမှာပဲဗျာ ပြောချင်တာကများလွန်းတယ် အကျိုးမဖြစ်မှာကြောက်တယ် ...

black said...

ဒီနိုင်ငံမှာ ဥပဒေအတိုင်းအရေးယူဖို့ စောင့်နေရင်တော့ အိုပြီးသာသေသွားလိမ့်မယ်... အဲဒီလိုမလုပ်ဘဲ နောက်ထပ် မလုပ်ရဲအောင် ၀ိုင်းပြီးရိုက်ပစ်လိုက်ရမှာ... ခရီးသည်တစ်ယောက်ကို ၀ိုင်းပြီးထိုးကြိတ်နေကြတာကို ဘေးနားက လူတွေက ဘာလုပ်နေကြလဲ... ဘာမှမလုပ်ဘဲ လွတ်ထားပေးလို့ အဲဒီခွေးမသားတွေ ရောင့်တက်နေတာ.. မှတ်လောက်သားလောက်အောင်ခြေထောက်တွေ ရိုက်ချိုးပစ်ရမှာ...မတရားတာမြင်နေတာဘဲ.. ဘာလုပ်ဖို့ငြိမ်နေကြတာလဲ..

ayeminoo said...

Md- ဗိုလ်ချုပ်
ိDirector- ဗိုလ်မှု;
Manager-ဗိုလ်ကြီး
staff- တပ်ကြပ်
ဂိတ်မှုး-စစ်သား
ယာဉ်မောင်း-ထောင်ထွက်
စပယ်ယာ-၀ရမ်းပြေး
ထိုကဲ.သို.ဖွဲ.စည်းထားသောအရာကို ပါရမီဟုခေါ်ပါသည်။

kyitharoo said...

အပေါ်မှာ ပြောသလောက်ဆို သူများ ကို ဝိုင်းထိုးနေတာ ခင်ဗျားတို့မြင်ကြတယ်ဗျာ။ အပြစ်မရှိဘူးဆိုတာလည်းသိကြတယ်။ အဲ့တာမျိုးမြင်ရင် ၀င်ထိုးပလိုက်ပေါ့ ဘာကြောက်စရာရှိလဲ။ တရားဥပဒေတွေဘာတွေလုပ်မနေနဲ့ ။ မလိုဘူး ။ သူရိုက်ရင် ကိုယ်ရိုက်ပေါ့။ အခုထိတော့ စပါယ်ယာထိုးတာ မခံဖူးဘူး။ ကိုယ်ကဘဲ ကန်ချတယ် တွန်းချတယ်။ နှစ်ယောက်လည်းပေးရဲပါတယ်။ ဒီကောင်တွေ ဇ မှ မရှိတာ။ အဓိက က ကိုယ့်ဘေးမှာ ဝိုင်းထိုးခံနေရရင် ဘေးက လူတွေက မပါရဲတာဘဲ။ အပြစ်မဲ့တဲ့လူကို ဝိုင်းထိုးနေတာ သိနေတာဘဲ။ ၀င်ပြီး ဝိုင်းကူထိုးပေးပေါ့။ အဲ့လိုမလုပ်ရဲမှတော့ ဟိုကောင်တွေက ပိုရောင့်တက်တာပေါ့ ။ ပြီးမှ လေဖမ်း ဒန်းစီး လုပ်နေကြတာ။ ဖေ့ဘုတ်မှာ တက်ပြောရတာနဲ့ဘာနဲ့။ အဲ့ကတည်းက အမှုန့်ကြိတ်ပလိုက်လို့ရတယ်။ အဲ့လို ပြသာနာဖြစ်ရအောင်လို့ကို အဓိပဓိ ၊ ပါရမီ ကြည့်စီးတာ ဘာမှကိုမဖြစ်သေးဘူး။ ဖြစ်ရင်တွေ့ချင်သေးတယ်။

ကောင်းကောင်း said...

ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်က ပြည်သူတွေအတွက် ရေးထားတာမှ မဟုတ်တာ (အကြီးအကဲတွေနဲ့ သူ့ရဲ့ FAMILY တွေ့ နောက်လိုက်ခွေးတွေအတွက် ရေးထားတာလေ၊ ငါတို့နဲ့မှ မဆိုင်တာ၊ ကိုယ်အားကိုယ်ကိုးမှပဲရမှာ

the track keeper said...

၃ကြိမ်ထက်ပိုပြီး မရိုက်ရပါဘူး။ အဲသလို သတ္တဝါအမျိုးအစားတွေက ဒီလိုဆက်ဆံမှု ဘာသာဗေဒကိုမှသာ နားလည်နိုင်ပါတယ်။ တန်ရာတန်ရာ ဘာသာဗေဒကိုသုံးကြပါ။ အထူးသဖြင့် ဘတ်စ်ကားယာဉ်မောင်း လက်မှတ်ရောင်း နောက်လိုက်ဆိုတဲ့ကောင်တွေကို အလုပ်ရဖို့ အတတ်ပညာအဆင့်အတန်းနဲ့ စစ်ထုတ်လိုက်မှ ကလေကဝကောင်တွေ မိုက်ကန်းကန်းကောင်တွေ စင်သွားလိမ့်မယ်။ အတတ်ပညာဆိုတာ စာအတန်းအောင်တာသက်သက်ကိုမဆိုလို..။ အတတ်ပညာသည်အဆင့်လေ့ကျင့်ပြီးသားဖြစ်ဖို့ သတ်မှတ်ချက်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ယာဉ်မောင်း ယာဉ်အကူ လက်မှတ်ရောင်းသူတွေ သတ်မှတ်ချက်ပညာရေးအခြေခံရှိရပြီး သက်ဆိုင်ရာအလုပ်အတွက် ဆက်ဆံရေး၊လုံခြုံမှုနားလည်ရေး၊အတတ်ပညာကောင်းစွာလေ့ကျင့်ထားမှုရှိရေးတွေ မပြည့်စုံဘဲ အလုပ်လုပ်ခွင့်မရှိပါ။ မြန်မာပြည်က ဘတ်စ်ကားလုပ်ငန်းအလုပ်သမားတွေကျတော့ မိုက်မိုက်ကန်းကန်းလူပါးဝနိုင်ရင် အလုပ်ဖြစ်ပြီလို့ ယူဆထားပုံရပါတယ်။ ဒါကြောင့် သူတို့နဲ့တန်တဲ့ ဘာသာဗေဒကိုသာ ရက်ရက်ရောရော သုံးကြပါကုန်။ .. ရိုက်ပစ်လိုက်ကြပါ။

Powered by Blogger.