ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည်


နေပြည်တော် ၊ ဧပြီ ၂၉
 
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်ဖွဲ့ဖြင့်သာ ဆွေးနွေးသွားနိုင်ရန် ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်ချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကို ပြန်လည် ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁ နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းရာတွင် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ဖြင့် ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အရပ်သား အစိုးရလက်ထက်၌ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့သည် လက်နက်ကိုင် အဖွဲ့အစည်း ဆယ်ဖွဲ့နှင့် အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး KIA လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုတည်းသာ ကျန်တော့ကြောင်း အဆိုပါ ပွဲတွင် ပြောကြားခဲ့သည်။


By: The Voice Weekly
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည် Reviewed by သစ်ထူးလွင် on 14:33 Rating: 5

7 comments:

The Nature Myanmar said...

မြန်မာပြေ ငြိမ်းချမ်းပါစေ...နှလုံးသားတွေ ဆုတောင်းနေ...
မြန်မာပြေ စိမ်းလမ်းပါစေ...ကျေးငှက်တွေ တေးဆိုနေ...

Numega said...

အဖွဲ့သစ်မှာ အောင်သောင်း မပါမှဖြစ်မယ်။ အောင်သောင်း မပါမှ အောင်မြင်မယ်။

Myo Thaw said...

အစကိုက လွဲနေတယ်ထင်တယ်နော် ... ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖော်ဆောင်မှုလုပ်ငန်းမှာ .... ရထားပို့ဆောင်ရေးဝန်ကြီးက ဘယ်လိုပါလာတာလဲ .....

Anonymous said...

အဓိက အောင်သောင်း ဇော်မင်း ကျော်ဆန်း တင့်ဆန်း
သူတို့မပါဖို့လိုတယ်ဗျာ ဘယ်သူမှ အယုံအကြည်မရှိဘူး
တိုင်းပြည်အတွက် ဆန်ကုန်မြေလေး အာဝါဒါးတွေ

Anonymous said...

မြန်မာပြည်အေးချမ်းပါစေ။

minsoeaung said...

သိပ်ခက်တာဘဲ
ကိုမင်း တပ်မကြီးတွေနဲ့သာ သမလိုက်ပါ။ရက်စက်သင့်ပါဘီ။
ဒီကောင်တွေချော့နေတာကိုအဟုတ်မှတ်နေတယ်။
ျကြမ်းသင့်ဘီနော်။

koyin said...

ကိုမင်းစိုးအောင်ပြောတာလက်ခံတယ်။သိပ်ပဲများနေလို့ကတော့လိုချင်တာတော့ရမှာမဟုတ်ဖူး။ကျည်ဆံပဲရလိမ့်မယ်။

Powered by Blogger.