မြစိမ်းတောင်တကြောရှိ တောရ ကျောင်း ၁၀ကျောင်း အား မ.ဟ.န အမိန့်စာဖြင့် အတင်းအကျပ် ဖယ်ရှား ခိုင်းခြင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အရှေ့ဘက်တောင်တန်း မြစိမ်းတောင်တကြောရှိ တောရ ကျောင်း ၁၀ကျောင်း အား မ.ဟ.န  အမိန့်စာဖြင့် အတင်းအကျပ် ဖယ်ရှား ခိုင်းခြင်း။

တိုင်းစစ်ဌာနချုပ် တပ်မြေဧရိယာ အတွင်း တည်ရှိနေသည်ဟူသောအကြောင်းပြချက်ဖြင့် မြစိမ်းတောင် ကြောအတွင်း လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တောရဆောက်တည်သီတင်းသုံးတရားအားထုတ်နေကြသော တောရကျောင်း(၁၀)ကျောင်းကို မ.ဟ.န ၏ အမိန့်စာအမှတ် ၀၀၂/၁၅-၁၃/၃/သာ မဟန ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့နေ့စွဲဖြင့်ထုတ်ပြန်ကြေငြာချက်ဖြင့် အဆိုပါတောရကျောင်းများအား ဘုန်းတော်ကြီးကျောင်းများအဖြစ်အသိအမှတ်မပြုရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်စာအရ တောရကျောင်းတွင်သီတင်းသုံးနေကြသောသံယာတော်များကို မြို့နယ် မဟန နှင့်သာသနာရေးဦးစီး မှမတ်လ ၂၇ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် တောရကျောင်းများအနေဖြင့် မဟန၏ အမိန့်စာအရ စစ်တပ်မြေအဖြင့်သိမ်းဆည်းထားသောနယ်မြေအတွင်းတည်ဆောက်ထားသောကြောင့် ဧပြီလ ၃၀ ရက် ၂၀၁၂ခုနှစ်နောက်ဆုံးထာြး့ပီးတောရကျောင်းများမှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ပြောပီး ထွက်ခွာပေးပါမည်ဟုလဲသံယာတော်များက ၀န်ခံလက်မှတ်ထိုးပေးခဲ့ရပါသည်။ ဧပြီလ (၃၀) ရက်နေ့ ကျောင်းများမှ မထွက်ခွာပါက ပုဒ်မ၇၅ ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမည်ဟုအမိန့်ထုတ်ပြန်ခဲ့ပါသည်။

ယခုဖယ်ရှားပေးရမည့်တောရကျောင်းများမှ သံယာတော်များ အတွက်ကျောင်းနေရာအစားပြန်ပေးရန်လဲစီစဉ်ပေးခြင်းမရှိပဲ မိမိတို့အစီအစဉ်ဖြင့် သာပြောင်းရွှေ့ပေးရမည်ဖြစ်သဖြင့် သံယာတော်များ စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေရပါသည်။

နှစ်များစွာကတည်းက တည်ရှိခဲ့ပီးအေးချမ်းစွာ တရားအားထုတ်နေကြသော သာသနာ့သားတော်များအား မတရားမောင်းထုတ်ခြင်းမှာ ဗုဒ္ဒဘာသာဝင်များအတွက် အင်မတန် မသင့်တော်သောလုပ်ရပ်ဖြစ်ပါသည်။ ယခုဖယ်ရှားပေးရမည့်တောရကျောင်းများ မှာ အခိုင်အမာ ကျောင်းများဖြစ်ပီး ဘုရားစေတီများလည်း တည်ထားကိုးကွယ်ထားသည့်ကျောင်းများဖြစ်ပါသည်။

ဘာသာ၊သာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားလိုစိတ်ရှိမည်ဆိုပါက ယခုလို သာသနိကအဆောက်အဦးများ၊ သာသနာပြုရဟန်းတော်များ ပိုမိုတိုးပွားအောင်သာ ပံ့ပိုးပေးကြရမည်မှာ ဗုဒ္ဒဘာသာဝင်များ၏ တာဝန်ဖြစ်ပါသည်။ ယခုကဲ့သို့ တောရဆောက်တည်သာသနာပြုနေသော ရဟန်းများကိုဟန့်တား ခြင်းသည် သာသနာတော်ကို ဖျက်ဆီးရာလည်းကျပါသည်။ဘုရားရှင်လက်ထက်ကတည်းက တောရဆောက်တည် တရားအားထုတ် သော တောရကျောင်းများ၊ ရဟန်းများ ရှိခဲ့ပါသည်။ မြင့်မားသောတောင်များပေါ်တွင် ဘုရားစေတီများတည်ထားရန်မှာငွေရှိတိုင်းလွယ်ကူသည်မဟုတ်ပါ။ တိုင်းရင်းသားရွာခံများက ခက်ခက်ခဲခဲ ဖြင့် စေတနာ၊သဒ္ဒါတရားထက်သန်စွာ ဖြင့်တည်ထားခဲ့ကြခြင်းဖြစ်ပါသည်။ မြိှု့နှင့်လည်းမနီးမဝေး ဆိတ်ငြိမ်အေးချမ်းပီး သစ်တောကြီးများရှိသဖြင့်တရားအားထုတ်ရန်အလွန်သင့်တော်သောနေရာများဖြစ်ပါသည်။ အခါကြီးရက်ကြီးများ ရောက်တိုင်း တောင်ကြောတစ်လျှောက်တည်ရှိနေသောအဆိုပါတောရကျောင်းများ၊စေတီများသို့ တစ်မြို့လုံးနီးပါး ကျောင်းတက်သွားကြသည်မှာ လည်း အားရစရာ ကောင်းလှပါသည်။ ယခုကဲ့သို့ တောရကျောင်းများကို နှုင်ထုတ်ခြင်း ကို နယ်မြေခံ ဗုဒ္ဒဘာသာဝင်မည်သူမျှမနှစ်မြို့ကြပါ။ မ.ဟ.န ဆရာတော်ကြီးများအနေဖြင့် တောရကျောင်းများဟု စာရွက်ပေါ်တွင်အဆင့်ဆင့်တင်ပြရုံမျှဖြင့် ဖယ်ရှားခိုင်းခြင်းမပြုသင့်ဟုထင်ပါသည်။ ယခုစာနှင့်အတူ တောရကျောင်းများ၏ ပုံများ ၊တည်ထားကိုးကွယ်ထားသောစေတီများကို အနယ်နယ်အရပ်ရပ်ရှိ ဗုဒ္ဒဘာသာဝင်များ၊ သိရှိနိုင်ရန်တင်ပြလိုက်ပါသည်။

အခိုင်အမာတည်ဆောက်ထားပီး နှစ်ပေါင်းများစွာစည်ပင်ဖွံ့ဖြိုးအောင် ပျိုးထောင်ထားခဲ့ရသော သာသနာ နယ်မြေများကို ဖယ်ရှား ပျောက်ကွယ်အောင် ကြံစည်ခြင်း ကို ဗုဒ္ဒဘာသာဝင်တိုင်းကာကွယ်စောင့်ရှောက်ပေးကြပါရန် အနုးအညွတ် နှိုးဆော်လိုပါသည်။

ဖယ်ရှားပေးရမည့်တောရကျောင်းများစာရင်းမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဓမ္မရတနာမေတ္တာရေကန်ကျောင်း  ---ကျောင်းနေရဟန်း (၂)ပါး--နှစ်ပေါင်း၃၀ကျော်သက်တမ်းရှိသော သဘာဝ ရေကန်ကြိးတည်ရှိရာ ကျောင်း။

၂။ ဗလတောင်ကုန်းကျောင်း--ကျောင်းနေရဟန်း(၅)ပါး- တည်ထားပီးစေတီ ၁၀၈ဆူ၊တည်ဆဲအပါအ၀င်စေတီပေါင်း၂၅၂ဆူတည်ရှိရာကျောင်း။

၃။နိဗာန်ရွှေဂူတောရကျောင်း- ကျောင်းနေရဟန်း(၃)ပါး-သဘာဝအလျောက်တည်ရှိနေသောတရားအားထုတ်ရာလှိုဏ်ဂူတည်ရှိရာကျောင်း။

၎။ နဂါးဂူကျောင်း-ကျောင်းနေရဟန်း၂ပါး- ၁၉၇၃ခုနှစ်ကတည်းက တည်ရှိခဲ့သောတောရကျောင်း။

၅။ဥာဏ်ပင်၊ရေဦးတောရကျောင်း-ကျောင်းနေရဟန်း ၅ပါး- ကမ္မဌာန်းကျောင်းအဖြစ်တည်ထောင်ရန်ရည်ရွယ်ချက်ဖြင့်ဒကာ/ဒကာမများက အုတ်ကျောင်းကြီးဆောက်လုပ်ပြီးစီးကာစ။

၆။ အောင်သိဒ္ဒိတောရကျောင်း-သတင်းအချက်အလက်အတိအကျစုံစမ်းမရသေး။

၇။ဝိမုတ္တိတောရကျောင်း-သတင်းအချက်အလက်အတိအကျမစုံစမ်းရသေး။

၈။စိတ္တသုခတောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။

၉။ဓမ္မရတနာတောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။

၁၀။ညောင်ပင်အောက်တောရကျောင်း-သတင်းအချက်အလက်တိတိကျကျမစုံစမ်းရသေး။

အထက်ပါကျောင်းအားလုံးမှာ မ.ဟ.န၏အမိန့်စာတွင်ပါသောတောရကျောင်းများဖြစ်ပါသည်။

တောင်ကြီးမြို့ အရှေ့ဘက်တောင်တန်းပေါ်ရှိ အထင်ကရတည်ရှိနေသော တောရကျောင်းများ ပျောက်ကွယ်ခြင်းသည် သာသနာတော်ကိုအဟန့်အတားဖြစ်စေသည့်အပြင်သဘာဝပတ်ဝန်းကျင်ကောင်းကြီးတစ်ခုကိုလဲ အမြန်ဆုံးပပျောက်ရန် အစပြုရာဖြစ်နေပါသဖြင့် တတ်အားသမျှ ၀ိုင်းဝန်း လက်ဆင့်ကမ်းဖြန့်ဝေ နှိုးဆော်ခြင်း တတ်နိုင်သူများက တတ်နိုင်မည့်နည်းလမ်းများရှာဖွေ တားဆီးပေးခြင်းများပြုပေးကြပါရန်အနုးအညွတ် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။



by Hla Yin Wine
မြစိမ်းတောင်တကြောရှိ တောရ ကျောင်း ၁၀ကျောင်း အား မ.ဟ.န အမိန့်စာဖြင့် အတင်းအကျပ် ဖယ်ရှား ခိုင်းခြင်း မြစိမ်းတောင်တကြောရှိ တောရ ကျောင်း ၁၀ကျောင်း အား မ.ဟ.န  အမိန့်စာဖြင့် အတင်းအကျပ် ဖယ်ရှား ခိုင်းခြင်း Reviewed by သစ်ထူးလွင် on 08:02 Rating: 5

39 comments:

Toe Gyi said...

စစ်တပ်၊က ဗုဒ္ဓဘာသာကိုးကွယ်တာ မဟုတ်ဘူးနဲ့တူတယ်။

Myanmar said...

ဒီသတင်းကိုကြားရတာစိတ်မကောင်းဖြစ်မိတာတော့အမှန်ပါပဲ..ကျွန်တော်တို့  BUDDHISM ကိုအခုလိုမတရားသဖြင့်လုပ်တာတော့မကောင်းပါဘူးဗျာ.... .နှစ်ပေါင်းများစွာတည်ဆောက်နေထိုင်ပြီးမှအခုမှတပ်မြေဆိုပြီးအရွှေ့ ခိုင်းတာကတော့မတရားဘုးဗျာ...အားလုံးဝိုင်းဝန်းပြီးတားဆီးပေးကြပါခင်ဗျာ....

Pho Phwa said...

ဘုရား..ဘုရား… တုန်လှုပ်မိပါတယ်၊ သာသနာစောင့်နတ်အပေါင်း ကယ်ယူစောင့်ရှောက်တော်မူကြပါ။
စေတီ၊ ပုထိုး၊ ကျောင်း ကန် ဘုရား များနဲ့ တင့်တယ်လှပ အေးချမ်းလှတဲ့ တို့တိုင်းပြည်ရဲ့ တောင်တန်း တောင်ကြောကြီးတွေရဲ့ ရှေ့ရေးရင်လေးလိုက်တာ….။

အရှိအတိုင်း said...

မိုင်ရိုင်းလိုက်ကြတာ...ဒီကျောင်းတွေက အခုမှထ တည်တာမှ မဟုတ်တာ...မတည်ခင်က တားပါလား...ဗုဒ္ဒဘာသာနိုင်ငံပါဟ...

Tri Asian Taste said...

ထေရ၀ါဒနှင့် လုံးဝမကိုက်ညီတဲ့ အဓိဌာန်ရေစဉ်နဲ့ ရောဂါကုတဲ့ ဆရာလေး ဒေါ်သုနန္ဒာ ကိုကြတော့ မဟန ဒီအတိုင်းကြည့်နေရုံတင်မဘူး အကာအကွယ်ပေး လက်ခံထားတယ်။ အားပေးအားမြှောက်တောင် လုပ်းပေးသေးတယ်။ တိုင်ပြည်ကောင်းအောင် တိုးတက်အောင် ပြုပြင်ရေး တရားတွေလိုက်ဟောတဲ့ ဆရာတော် တွေကြတော့ တရားဟောခွင့်တွေပိတ်တယ်။ အခုလည်း သာသနာ့ အဆောက်အဦးအထင်ကရ ရှိရဲ့သားနဲ့ အတင်းအကျပ်ဖယ်ခိုင်းတယ်။ မဟနရဲ့ လုပ်ရပ်တိုင်းဟာ ထေရ၀ါဒ ဘာသာရေးကို ဖျက်ဆီသလိုဖြစ်နေပြီး တိုင်ပြည်မှာ စစ်မီးတွေငြိမ်းဘို့ ကြိုးစာနေချိန်မှာ ဒီကိစ္စတွေက မဖြစ်သင့်တဲ့ ကိစ္စတွေမို့ လုပ်ရပ်တွေကို ပြန်သုံးသပ်ရင်ကောင်းမယ်လို့ထင်ပါတယ်၊

ရှမ်းလေး said...

သံဃာတော်များ၏ သဘောတူညီချက် စိုးစဉ်းမျှ မပါသော အဓမ္မ၀ါဒီ ဆရာတော်ကြီးများ နေထိုင်ရာကျောင်း ခြင်းများ ကားပါမစ်များဖြင့် ကိုးကွယ် ခံနေရသည့်အတွက် ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသည့် သင်္ကန်းဝတ် အာဏာရှင်များ စုဝေးရာ ကမ္ဘာအေး လှိုင်ဂူကသာလျှင် တောရကျောင်း ပရိယတ္တိများကို သင်ကြားသည့်ကျောင်း ....ဟု သတ်မှတ်ထားကြခြင်း ဖြစ်တန်ရာ သတည်း ...

Myo Myint said...

အားလုံးကူညီကြပါ၊ ဘာသာကိုဖြည်းဖြည်းချင်းစော်ကားနေကျပြီ၊

Violin Angle said...

ဒီနိုင်ငံဟာ ဗုဒ္ဒဘာသာတိုင်းပြည်ပါ တောရကျောင်းတွေဟာ မြတ်စွာဘုရားရှင်လက်ထက်ထဲကရှိတာပါ ဒါကိုစစ်မြေဆိုပြီးအတင်းသိမ်းတော့ ဆရာတော်ဘုရားတွေက ဘယ်မှာသီတင်းသုံးရမှာလဲ ဒီတောရကျောင်းတွေဟာ တိုင်းရင်းသားရွာခံတွေရဲ့ချွေးနည်းစာတွေနဲ့လှူထားတာပါ ဒါတွေကိုဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေရဲ့ လမ်းကတော့တစ်လမ်းပဲရှိတယ် ဗုဒ္ဒဘာသာအချင်းချင်းမညီညွတ်ရင် တစ်ခြားဘာသာတွေက၀င်လာနိုင်တယ်နော်

phyo said...

ဘယ်သူမှန်ပါတယ်..ဘယ်သူမှားပါတယ်လို့တော့မပြောချင်ပါဘူး...
သေချာတာကတော့...ဒီလိုလုပ်လိုက်တဲ့အကျိုးတွေကြောင့်...
သာသနာကွယ်ဖို့အကြောင်းတွေ...ရှိလာတာတော့အမှန်ပါဘဲ....

ppw said...

လွန်လွန်းတယ်။ ဘာသာ၊ သာသနာဆိုတဲ့ အသိသူတို့မှာ မရှိကြတော့ဘူးလား။
အခုတာဝန်ကျနေတဲ့ တိုင်းမှူးရဲ့ အစီအစဉ်ပဲနေမှာပေါ့။ သာသနာကို စော်ကားတဲ့သူတွေ မကြာမှီ ပြုတ်မည် မျှော်.........တစ်ချို့ ကျောင်းတွေဆို သူတို့ လူမွေးမပြောင်ခင်ကတည်းက ရှိနေတဲ့ ကျောင်းတွေ။

pyaponthu said...

မြန်မာ စစ်တပ် တွေ ဘာသာ မရှိဘူးနဲ့တူတယ်။ကိုယ်ခြင်းစာစိတ်လဲမရှိဘူး။သူတော်ကောင်းကိုပြစ်မှားရင် ဘယ်လို ဖြစ်မယ်ဆိုတာ မသိဘူးလား။

တဘိ said...

လူထုတွေဆီကလဲသိမ်း ဘုန်းကြီးတွေဆီကလဲသိမ်း နေစရာတော်တော်ရှားနေပုံပဲ ငရဲပဲ ကြားလိုက်ရရင်တော့

Anonymous said...

တစ်ချို့အရာတွေဟာ မှားတယ်လို့ထင်ရပေမယ့် မှန်နေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အနော်ရထာမင်းလက်ထက်နောက်ပိုင်းတွင် စေတီပုထိုးများစွာကို တည်ထားကိုးကွယ်ကြတယ်။ ကျောင်းတွေဆောက်တယ်။ စေတီတည်ရင်၊ ဘုန်းကြီးကျောင်းဆောက်ရင် ကုသိုလ်ရတယ်လို့ အမွှန်းတင်ကြလို့ဘဲ။ ခေတ်အဆက်ဆက် ဘုရင်တွေကလည်း မကြပ်မတ်နိုင်ခဲ့ဘူး။ လူတွေကလည်း အချိန်တိုင်း အလှူခံမယ်၊ ဘုရားတယ်မယ်၊ ဘုန်ကြီးကျောင်းဆောက်မယ်ဘဲ အမြဲကြိုးစားနေကြတယ်။ တကယ်တန်းကျတော့ ဒီလိုမဖြစ်သင့်ဘူး။ နိုင်ငံတော်ကလည်း ကြပ်မတ်ရမယ်။ မြန်မာတစ်နိုင်ငံလုံးရှိ ဘုကြီးကျောင်း၊ ဘုရားစေတီများတွင် အလှူကို ပုံစံမျိုးစုံနဲ့ ခံနေကြတယ်။ ဒါဟာလည်း ရှက်တက်ရင်တော့ ရှက်စရာပါ။ ကန်ထရိုက်စနစ်ကတစ်မျိုး၊ ဂေါပကအမျိုးက တစ်မျိုး။ ဒီလိုပြီးစလွယ်အလှူခံတွေကို ဓါတ်စက်ကြီးတွေသုံးပြီး ရန်ကုန်မြို့မှာရောဘဲ၊ မြို့လယ်ခေါင်တွေမှာတောင် တွေ့နေရာတယ်။ ဒါဟာ နိုင်ငံတကာ က တစ်ခြားဘာသာဝင်တွေလာရင်လည်း အမြင်မတော်စရာတွေဖြစ်လာတယ်။ တစ်ချို့အရာတွေ့ဟာ မှန်ပေမယ့် တစ်ချို့အရာတွေဟာမှားတယ်။ ဗုဒ္ဓဂါယာလိုနေရာမျိုးမှာတောင် ဘုန်းကြီးကျောင်း ဒီလောက်များမည်မဟုတ်၊ မြန်မာနိုင်ငံရန်ကုန်မြို့ရှိ မြို့နယ်အားလုံးလိုလိုတွင် ဘုန်းကြီးကျောင်းဧရိယာက ပိုများနေခဲ့တယ်။ ယခုဆိုလျှင် လူငယ်များဘုန်းကြီးတော့ ၀တ်ကျတယ်၊ လ္ဘက်ရည်ဆိုင်၊ အင်တာနက်ဆိုင်၊ ဂိမ်းဆိုင်များတွင် ဘုန်းကြီးများကို အများအပြားတွေ့လာရတယ်။ ဒါဟာ သိပ်ပြီးတော့ ကျွန်တော်တို့ဘာသာအတွက် ရှက်စရာတွေဖြစ်တယ်။ ရှေးလူကြီးများ၏ တချို့အရာတွေဟာ အတွေးအခေါ်နည်းပါးမှုများကလည်း တချက်ဖြစ်တယ်။ နောက်တစ်ချက်က ဟောပြောမှုကတစ်ချက်ဖြစ်တယ်။ ဘုရားရွှေချရင်ကုသိုလ်ရတယ်၊ ဘုရားတည်ရင်ကုသိုလ်ရတယ်၊ ကျောင်းဆောက်ရင်ကုသိုလ်ရတယ်လို့ ဘုရားမပြောခဲ့ပါဘူး။ ဆင်းရဲတဲ့လူလာတောင်းရင်တော့ မောင်းထုတ်တယ်၊ သူကတော့ ဘုရားတကာကြီးဖြစ်ဖို့တော့ ကြိုးစားနေကြတယ်။ ကိုးကွယ်သည့် ဘာသာတိုင်းမှာ မှန်ကန်မှုတွေရှိတယ်၊ မှားယွင်းမှုတွေရှိတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အရှေ့ဘက်မုဒ်မှာရှိတဲ့ကျောင်းတိုက်တွေထဲမှာတော့ ချဲဒိုင်တွေ နှစ်လုံးထီဒိုင်တွေ ဘောလုံးဒိုင်တွေ ဘုန်းကြီးတွေကိုယ်တိုင်ရောင်းပြီးတော့ စီးပွားရေးတွေလုပ်နေကြတယ်။ လူတွေကတော့ သူတို့ကိုရှစ်ခိုးကိုးကွယ်နေကြတယ်။ တချို့ဘုန်းကြီးတွေက ရှစ်ခိုးမှုကိုလည်းသာယာတယ်။ ဒါပေမယ့် သူတို့လုပ်ရပ်ကတော့ နားမလည်နိုင်စရာဘဲ။ ဘုရားကတော့ ပြောခဲ့ပါတယ် မိမိကိုယ်သာကိုးကွယ်ရာလို့ ကျွန်တော်တို့မြန်မာလူမျိုးတွေကတော့ အကုန်ကိုးကွယ်ပါတယ်။ ဘုရား၊ ဘုန်းကြီး၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ ဘိုးဘိုးအောင်၊ သုရသတိမယ်တော်၊ ဗေဒင်ဆရာ ထူးခြားလုပ်ပြရင် အကုန်ကိုးကွယ်လာကုန်ကြတယ်၊ အမှားအမှန်ကို ဝေဖန်မပိုင်းခြားဘူး၊ မဆန်းစစ်ဘူး၊ မိရိုးဖလာ၊ မျိုးရိုးစင်ဆက် အကုန်လိုက်လုပ်တယ်။ ဒါတွေဟာ ပြုပြင်ပြောင်းလည်းသင့်ပြီ၊ နိုင်ငံလည်းတော်တော်ကြေမွနေပြီ၊ လူတိုင်းလူတိုင်း ပြုပြင်ရာမှာ။ ယခုဆိုလျှင် လူငယ်အတော်များများ ဘုန်းကြီးဝတ်တွေနဲ့ဘဲ ဂိမ်းဆိုင် နက်ဆိုင် လက်ဖက်ရည်ဆိုင်မှာတွေ့ရတော့ သြော် နိုင်ငံအတွက် အလားအလာရှိတဲ့လူငယ်တွေဟာ ဘုန်းကြီးဝတ်ကုန်ရင် နိုင်ငံမှာ ဘယ်လိုဖြစ်ကုန်ကြမလည်း။ ဒါဟာလည်း တိုးတက်မှုနည်းပါးမှု၊ အလုပ်အကိုင်နည်းပါးမှု၊ လုပ်ခလစာနည်းမှုကြောင့် လူတွေဟာ ဒီအပေါ်မှာ ပိုပြိးမှီခိုလာကြတယ်။ ကြိုးစားမှုက ရပ်တန့်သွားကြတယ်။ တစ်ခါတစ်ရံမှာ လူငယ်တွေဟာ အတွေးအခေါ်အတွက်အမြဲတမ်းစဉ်းစားတွေခေါ်နေရမယ်၊ မရပ်တန့်သင့်ဘူး၊ နိုင်ငံအတွက် တိုးတက်မှုအတွက် အစဉ်တစ်စိုက် တွေးခေါ်နေသင့်တယ်၊ ဒါမှလူငယ်ပီသမှာပေါ့၊ ဦးနေ၀င်းလက်ထက်တုန်းက ခရစ်ယာန်အဆောက်အဦးများ၊ မူဆင်လင်အဆောက်အဦးများကိုသာ ပြည်သူပိုင်သိမ်းနိုင်ခဲ့ပေမယ့် ဗုဒ္ဓဘာသာအဆောက်အဦးများကိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။ သူကိုယ်တိုင်လည်း ဒီအပေါ်ကို မကြီးကြပ်ရဲခဲ့ပါဘူး။ အဲဒီအတွက်တော့ ဆက်ဆက်ထိမခံကြပါဘူး။ ဒါလည်းမှန်ပါတယ်။ အခုအချိန်အထိလည်း ဂေါပကများက ကော်မရှင်စားကတစ်မျိုး၊ ပွဲစားနဲ့တစ်ဖုံ ဘုရားတည်ရန်၊ ကျောင်းဆောက်ရန် အလှူခံထွက်မြဲပါဘဲ။ တစ်မြို့နယ်(သို့)တစ်ရပ်ကွက်လျှင် လူရာချီဆန့်သည့် ကျောင်းတိုက်(သို့)စေတီ တစ်ခု၊ နှစ်ခုရှိလျှင် တော်လောက်ပါပြီ၊ လူအားလုံးဒီမှာလာစုဝေးရှစ်ခိုးကြ၊ ပူဇော်ကြ၊ အခုတော့ မြေရှိသမျှ အကုန် အဆောက်အဦးဆောက်ဖို့ချည်းဘဲ ကြိုးစားနေကြတာဟာ ဘုရားအတွက်လုပ်နေတာလား၊ ကိုယ်လုပ်ချင်တာလုပ်နေတာလား စဉ်းစားဆင်ခြင်သင့်ပြီ

Unknown said...

စစ်တပ်နေမြေတွေ မြန်မာနိုင်ငံ မလုံလောက်သေးဘူးလား???

မြန်မာ့မြေ said...

မဟန ကတော့ ထဖောက်ပြန်ပြီ သာသနာ့နယ်မြေတွေက ရဟန်းတွေက တရားအားထုတ်တယ် မဟန ကကော တရားအားထုတ်ရဲ့လား
အမိန့်တွေကို ခဏခဏထုတ်နေရအောင် မဟန ကကော ဘယ်သူတွေ ကပ်နေတဲ့ဆွမ်းစားနေရတာလဲ နေရာတကာ အစိုးရဘက်ကပါနေတာ သာသနာကို အရောင်ဆိုးနေတာပဲ
အခု တရားဟောရင် ဓမ်မာစရိယဖြစ်မှတို့ ၊ အခုလဲ ဘုန်းကြီးကျောင်းတွေကို ဖယ်ခိုင်းပြန်ပြီ ၊ ရွှေဝါရောင်အရေးအခင်းတုန်းက ဘယ်ချောင်ကပ်နေထာလဲ
ငရဲကြီးမှာစိုးလို့ ငြိမ်နေတာ
သစ်ထူးလွင်ရေ မဟန ကို အိတ်ဖွင့်ပေးစားပို့မလို့ ကြုံရင် လိပ်စာလေးထည့်ပေးပါဦး
ပြောမှသိမဲ့ အဖွဲ့ တွေကို ပြောရအောင်လို့
သာသနာ့လွတ်လပ်စွာ ပြန့်ပွားပါစေ . . .

saw 00 said...

လူမိုက်တွေ ရမ်းကားနေတာ ၊ သက်တန်းကုန်ခါ နီး ဖယောင်းတိုင် က မီး ပိုလင်း လာတတ်တာမျိုးမို့ သတိ ထားပါ ။

Unknown said...

မဟနဆရာတော်ကြီးများဘုရား
အာဏာရှင်လက်ထက်ကရထားတဲ့ဘွဲ့ထူးဂုဏ်ထူးများအပေါ်တွင် သာယာမိန်းမူးနေကြပါသလားဘုရား....
သာသနာတော်ကိုမည်သည့်ဘာသာခြားကမှမဖျက်... ကိုယ့်ဘာသာဝင်များဖျက်မှသာပျက်သည်ဟုဆိုကြရာဝယ်
သာသနာပိုင်ကဲ့သို့ရာထူးမျိုးယူပြီးစိတ်ကြီးဝင်နေတော်မူကြသော
ဆရာတော်ကြီးများက ထိပ်ဆုံးမှဦးဆောင်နေကြပါသလားဘုရား
တပည့်တော်တို့အားငရဲမပေးကြပါနှင့်ဘုရား...
အရှင်ဘုရားတို့အားစိတ်ထင်တိုင်းသာဝေဖန်စာရေးရလျှင် တပည့်တော်တို့ ငရဲကြီးပါလိမ့်မည်ဘုရား....ရုံးနှင့်ကနားနှင့်အမိန့်စာများထုတ်ပြန်ခြင်း
အာဏာရှင်ဆန်ဆန်ညွှန်ကြားစာများထုတ်ပြန်ခြင်းမျိုးကိုဝါသနာပါတော်မူကြသည် ဆိုလျှင်ဖြင့်လူဝတ်လဲပြီး အာဏာပိုင်ဌာနများတွင်အလုပ်ဝင်တော်မူကြပါဘုရား..
ဟိုဘုန်းကြီးကျောင်းကဘယ်နေ့ထွက်...ဟိုကျောင်းကကိုယ်တော်တွေ ဘာတရားမဟောရ...ညာတရားမဟောရ...ဘယ်ကျောင်းကကိုယ်တော်
တွေ ဘယ်နေ့နောက်ဆုံးကျောင်းကဖယ်ပေး...ဖယ်မပေးရင်ဘာလုပ်မယ်
ညာလုပ်မယ်ဆိုတာ ဘုန်းကြီးအလုပ်မဟုတ်ပါဘုရား....
တပည့်တော်မှာဥာဏ်နုံနည်းလို့ အမှားများပြောမိလျှင်တောင်းပန်ပါသည်
အရှင်မြတ်တို့ဘုရား...

မင်းမြတ် said...

လက်ညှိုးညွှန်ရာ တပ်မတော်ပိုင်တဲ့မြေဆိုလို့ဘယ်ဖြစ်ပါ့မလဲ။ ဆရာ၊ဒကာတွေ ဘုန်းကြီးကိုယ်စားတတ်နိုင်သလောက် ဘုန်းကြီးကျောင်းကို ကာကွယ်ပေးဖို့လိုတယ်။ ရွေးချယ်တင်မြှောက်ထားတဲ့ ကြံ့ဖွတ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကဘာမှအကူအညီမပေး ပဲနေသလား။ တဖြေးဖြေးလက်ရဲလာတော့မယ်။

kmo said...

၎င်းသတင်းကြောင့် စိတ်မကောင်းခြင်းများစွာဖြစ်ရပါသည်။ တောင်ကြီးမြို့အရှေ့ တောင်စောင်းတစ်လျှောက် စေတီများကို ညအခါ မီးထိန်ထိန်လင်းစွာဖြင့်မြင်ရသည်မှာ ရှုမငြီးဖွယ်မြင်တွေ့ရပါသဖြင့် မြို့၏အနောက်ဘက်တောင်ကုန်းပေါ်တွင် နေသော ကျွန်မတို့မိသားစု နေ့တိုင်း ကြည့်ဖြစ်သောအရာဖြစ်သည်မှာ မွေးကတည်းကဖြစ်ပါသည်။ တောင်ကြီးမြို့နေ ပြည်သူလူထုများအတွက်လည်း ထိုစေတီများကို မြို့နေရာအနှံ့မှနေပြီး မြင်နေရသည့် မြို့၏ကျက်သရေအဖြစ်လည်းမှတ်ယူထားပါသည်။ ၀ါဝင် ၀ါထွက် နှစ်သစ်ကူးအချိန်အခါသမယများတွင် မိသားစုလိုက် ဘုန်းကြီးကျောင်းတက် သွားရောက်လှူဒါန်းကြသည်မှာ တောင်ကြီးသူ/သားတို့၏ ဓလေ့တစ်ခုလိုပင်ဖြစ်နေပါသည်။ တောင်ကြီးမြို့သူမြို့သားများနည်းတူ ကျွန်မတို့ ရွေးချယ်တင်မြောက်ထားသော ရှမ်းပြည်သူ/သား တောင်ကြီးသားလွတ်တော်ကိုယ်စားလှယ်များလည်း ခံစားမိမည်ထင်ပါသည်။ သာမန်ပြည်သူများမတတ်နိုင်သည်ကို တတ်နိုင်သူများ ကူညီပေးကြပါရန်အကူအညီတောင်းအပ်ပါသည်။

nyar ye said...

ဒေ၀ဒတ်တပည်တွေနေမှာပေါ့

nyar ye said...

ဒေ၀ဒတ်တပည့်တွေနေမှာပေါ့ ဘုရားမရှိ တရားမရှိ သံဃာမရှိ ရတနာသုံးပါး
မသိတဲ့တပည်တွေဆိုတော့ သာသနာအဆောက်အအုံတွေကိုဖျက်ဆီးနေတာ

မန်းလေးသား said...

မိုက်ရိုင်းလိုက်တာကွာ...... နိုင်ငံက ပြောတော့ ဗုဒ္ဒဘာသာနိုင်ငံတဲ့ ... လုပ်နေတာက စောက်တစ်လွဲ.... တပ်ရဲ့နယ်မြေ အတွင်းမှာ မို့တဲ့ ...... အဲဒီအမိန့်ကို ပေးတဲ့ကောင်က ဘယ်သူလဲ.... သူတို့ပဲ အဲဒီအမိန့်ထုတ်ရဲတယ်... သာသနာကိုစောင့်ရှောက်ရမှာ အခုတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အဖွဲ့ကိုကသာသနာကို ဖျက်စီးနေတယ်.... မေစုရေ သားတို့ကိစ္စတွေကို ခဏထားပြီး ဆရာတော်တွေရဲ့အရေး သာသနာရဲ့အရေးကို အရင်ဆုံးလုပ်ပေးပါဦး.... သမ္မတကြီးရေ ဒီအမိန့်ကို ထုတ်တဲ့သူကို အရေးယူပေးပါ... သာသနာပိုင်ဆိုတဲ့ဆရာတော်ကြီးများ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဘုရား.. တပည့်တော်တို့အား မိန့်တော်မူပါဘုရား... တောရကျောင်းမှာသီတင်းသုံးနေတဲ့ ဆရာတော်များ စိတ်သောကဗျာပါဒ မရောက်ရအောင် သာသနာကိုလည်းစောင့်ရှောက်ရာ ဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို သိသောသူများလမ်းညွှန်ပေးကြပါ.....

soekoko said...

ကိုသူရအောင် ပြောတာ ထောက်ခံပါတယ် ဗျာ...။ ဗုဒ္ဓဘာသာ ဆိုတာ တကယ်တော့ ဝိဘဇ္ဇ ဝါဒ ပါ ဝေဖန် ပိုင်းခြား သုံးသပ်ပြီး ယုံကြည်ရ တဲ့ ဝါဒ ပါ...။

aggawan said...

မြန်မာနိုင်ငံတွင် အရင်ဦးဆုံး ဖြုတ်ပစ်ရမည့် ဌာနများမှာ ၁ သာသနာရေးကို ဦးစီးထားသည့် သာသနာရေး ဦးစီးဌာန၊ ၂ ဘာဆိုဘာမှ သံဃာတော်တွေ အတွက် ရပ်တည် မပေးတဲ့ မ ဟ န ကမ္ဘာအေးဌာန တို့ဖြစ်ပါသည်၊ သာသနာရေးဦးစီးဌာနက ပုဂ္ဂိုလ်များ၏ သံဃာတော်တွေ အပေါ် ဆက်ဆံရေးသည် တော်တော်ကို ဆိုးဝါးသည်ကို စာရေးသူကိုယ်တိုင်ရော ရောက်ရှိဖူးသည့် သံဃာတော်များပါ သိကြပါသည်၊ တကယ်တန်း စဉ်းစားကြည့်လျှင် ၄င်းဌာနသည် ဘာဆို ဘာမှကို လုပ်စရာ မလိုအပ်ပါ၊ အစစ အရာရာ သံဃာတော်များကို ဦးစားပေးရမည် ဟု မဆိုလိုပါ၊ နိုင်ငံခြားသားများ သို့မဟုတ် ရတနာ သုံးပါးကို ကြည်ညိုသည့် လူများအနေဖြင့် ၄င်းဌာနမှ ၀န်ထမ်းများ ကြီးငယ်မဟူ သံဃာတော်တွေကို ဆက်ဆံသည်မှာ အလွန်မှ အရုပ်ဆိုးအကြီးတန်သည်ကို မြင်လိုက်ရပါက အတော်ပင် မယုံကြည်နိုင်အောင် ဖြစ်ကြရပါသည်၊

Khin Maung said...

ဗုဒ္ဒဘာသာဝင်များကိုကိုယ်ချင်းစာပါတယ်။ thura aung commant အရမ်းကောင်ပါတယ်

မြန်မာ့မြေ said...

သူရအောင်ခင်ဗျား comment ကကောင်းပါတယ် သို့သော် အနည်းနဲ့အများ အနေအထား အခြေအနေကို သတိရှိရှိ စဉ်စားပြီးမှ တွေးတောစေခြင်ပါတယ်

ခင်ဗျာပြောသလိုဆိုရင် အစိုးရတပ်တွေဟာလည်း ဟိုနားငါ့နေရာ ၊ ဒီနားငါ့နေရာနဲ့ တပ်ထဲကို ၀င်ကြည့်စမ်းပါ လူမနေပဲ ဆောက်ထားတဲ့ အဆောက်အဦးတွေ ရာထူးပေးမယ်ဆိုပြီး တပ်ထဲဝင်ခိုင်းတဲ့ တပ်သားတွေ ခင်ဗျားပြောသလို လူငယ်တွေဘုန်းကြီးဝတ်တာ စဉ်စားစေချင်ရင် လူငယ်တွေကို ချော့တစ်ခါ ခြောက်တစ်လှည့် တပ်ထဲဝင်ခိုင်းနေတာ တစ်နှစ်တစ်နှစ်ကို DSA တို့ DSTA တို့မှာ ၀င်နေတဲ့ လူငယ်တွေကိုကော ဘယ်နဲ့လုပ်မလည်း စဉ်စားစေချင်ပါတယ် ခင်ဗျားပြောသလို သံဃာတော်တွေထဲမှာ ကောင်းတဲ့ကိုယ်တော် ရှိသလို မကောင်းတဲ့ကိုယ်တော်တွေလဲရှိတယ် မဟန ကို ကောင်းတယ် မကောင်းဘူးမပြောလိုပါ သာသနာတော်ကို ထိအမျိုးမျိုးလုပ်နေတဲ့အတွက် ပြောတာပါ ခင်ဗျား တစ်ဘက်တည်းမစဉ်းစားပါနဲ့ ၊ ကျွန်တော်တို့က သံဃာတော် တွေကိုကာကွယ်ကြရမယ့်တာဝန်ရှိပါတယ် ၊ သံဃာတော်များမရှိရင် တရားဟောမည့်ပုဂ်ဂိုလ် မရှိတော့ဘူ ၊ မရှိရင် ဘုရားသာသနာ မတည်နိုင်တော့ပါဘူး ၊ ခင်ဗျားဟာက သာသနာကွယ်ကြောင်းတရားဖြစ်နေတယ် ပြန်လည်စဉ်းစားပြီး Comment ကိုရေးပါ

Thurein said...

Thura Aung is right!

Anonymous said...

သူရအောင် ရေးတဲ့ကွန်မန်ထဲက အများစုထောက်ခံတယ်။ ဒါပေမယ့်... ((သြော် နိုင်ငံအတွက် အလားအလာရှိတဲ့လူငယ်တွေဟာ ဘုန်းကြီးဝတ်ကုန်ရင် နိုင်ငံမှာ ဘယ်လိုဖြစ်ကုန်ကြမလည်း။ ဒါဟာလည်း တိုးတက်မှုနည်းပါးမှု၊ အလုပ်အကိုင်နည်းပါးမှု၊ လုပ်ခလစာနည်းမှုကြောင့် လူတွေဟာ ဒီအပေါ်မှာ ပိုပြိးမှီခိုလာကြတယ်။ ကြိုးစားမှုက ရပ်တန့်သွားကြတယ်။))..ဆိုတာကိုတော့ လုံးဝကန့်ကွက်တယ်။ ဘုန်းကြီးဖြစ်ရင်ပဲ အချောင်သမား၊ ခပ်တုံးတုံးတွေ ဖြစ်ကုန်တော့မယ့် ပုံစံဖြစ်နေတယ်။ သံဃာစစ်စစ် ဘုန်းကြီးဖြစ်ဖို့၊ ၀တ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ မြတ်ဘုရားဟောထားတဲ့ တရားတော်တွေကို နှစ်ပေါင်း၂၆၀၀ တိုင်မပျောက်မပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းရတဲ့တာဝန်၊ ဘုရားဟောထားတဲ့ တရားအဆုံးအမတွေကို လူသားတွေ လိုက်နာကျင့်ကြံနိုင်အောင် ဟောပြော၊ ပြသ၊ ဆုံးမသင်ယူနိုင်ဖို့၊ လူကြည်ညိုအောင် သာသနာအဒွန့်ရှည်အောင် နေထိုင်၊ ပြုမူကြရတာတွေဟာ သာမန်လူတွေ မလုပ်နိုင်ဘူး။ ဒါဟာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်သလို။ အခုဆိုရင် သာသနာကို အသက်ဆက်မယ့် ရဟန်းသံဃာတော်တွေ အရည်အတွက်နဲ့ အရည်အချင်း လျှော့နည်းလာတာဟာ သာသနာအသက်ဆက်ဖို့ အားနည်းလာခြင်းပဲ။ သူရအောင် ထင်သလို အရေအတွက် မတိုးလာပါဘူး။ လျှော့နည်းလာတာပါ။ ဒါဟာ ကောင်းတဲ့အနေအထားမဟုတ်ဘူး။ သာသနာကွယ်ဖို့ဆိုတာ နှစ်တွေအများကြီးကြာမှရယ်လို့ မဟုတ်ဘူး။ မျိုးဆက်နှစ်ဆက်လောက်အတွင်းမှာ မြန်မာပြည်ဟာ သံဃာတွေလျှော့နည်း ပပျောက်ပြီး သာသနာမကွယ်သွားဘူးလို့ မပြောနိုင်ပါဘူး။ ရင်ထဲမှာ ဘုရားအဆုံးအမတွေ တည်ရှိမနေရင် လတ်တလောကို သာသနာကွယ်နေတာပါ။ မဟနဘုန်းကြီးတွေနဲ့ သာသနာရေးဝန်ကြီးဌာနမှာ လတ်တလော သာသနာကွယ်နေပါပြီ။

Anonymous said...

ဘုန်းကြီးဝတ်လိုက်တာနဲ့ လူတွေ ခပ်ညံ့ညံ့ခပ်တုံးတုံးတွေ ဖြစ်ကုန်မယ်ဆိုတဲ့ အယူအဆဟာ အလွန်ကို လွဲမှားနေသလို၊ အန္တရာယ်ကြီးလွန်းတဲ့ အယူအဆပဲ။ ဗုဒရဲ့ တရားအဆုံးအမတွေဟာ နိဗာန်ရောက်ကြောင်းတစ်ခုတည်းမဟုတ်ပါဘူး။ လူမှုပါတ်ဝန်းကျင်တစ်ခုလုံးရဲ့ ကဏ္ဍတိုင်းမှာ မြတ်ဘုရားရဲ့ အဆုံးအမတွေကို သူ့နေရာနဲ့သူ နေရာတကျ သုံးတတ်ရင်၊ အရာရာတိုင်းဟာ အကောင်းကိုဦးတည် အောင်မြင်ကြရမှာ သေချာလွန်းလှပါတယ်။ အခု အောင်မြင်နေတဲ့ ထိပ်တန်းရောက်နေတဲ့ လူတွေ၊ နိုင်ငံတွေဟာ ဗုဒ္ဒရဲ့ လမ်းစဉ်တွေအတိုင်း လူရောစိတ်ပါ ကျင့်ကြံပြုမူကြသူတွေ ဖြစ်တယ်။ ခရစ်ယာန်၊ အစ္စလာမ်စတဲ့ ဘာသာတွေ ကွဲပြားကောင်းကွဲပြားမယ်။ ကြိုးစားမှု၊ စိတ်နေစိတ်ထား၊ ဥာဏ်ရည်၊ လူမှုပတ်ဝန်းကျင်၊ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ စတဲ့ တိုးတက်ရာတိုးတက်ကြောင်း အပြုအမူ လုပ်ရပ်တိုင်းကို ဗုဒ္ဒလမ်းညွှန်ထားတာကို သိ၍ဖြစ်စေ၊ မသိပဲဖြစ်စေ လိုက်နာပြုကျင်မိလို့သာ အောင်မြင်၊ ချမ်းသာကြရတာဖြစ်တယ်။ ဗုဒ္ဒဘာသာဝင် နိုင်ငံဖြစ်ပြီး ဆင်းရဲတာကတော့ အမည်ခံမိရိုးဖလာ ဘာသာဝင်တွေသာများပြီး ဗုဒ္ဒလမ်းညွှန်ဆုံးမမှုတွေကို အမှန်တကယ် မလိုက်နာ ကြလို့ဖြစ်တယ်။ အခုပဲ မဟန နဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဒအဆုံးအမနဲ့ လုံးဝ တခြားစီဖြစ်နေတာပဲ မဟုတ်လား၊ ဒီလို နိုင်ငံမျိုးဆင်းရဲတာ၊ လူတွေ စိတ်ရောကိုယ်ပါ အောက်တန်းကျနေတာဟာ လူအများစုဟာ ဘာသာဝင် အမည်ခံထားတာသက်သက်ပဲရှိတယ်။ တကယ်တန်းမှာ ဗုဒ အဆုံးအမ၊ လမ်းညွှန်မှု တွေကို လုံးဝ သိရှိ လိုက်နာမှုမရှိလို့ပဲဖြစ်တယ်။ သေသေချာချာ မသိတော့ တန်ဖိုးရှိမှန်း၊ တန်ဖိုးထားရကောင်းမှန်းလည်း မသိကြတော့ဘူး။ အခုအခါ အောင်မြင်တဲ့ နိုင်ငံတွေမှာ ရောင်းအားအကောင်းဆုံးဖြစ်နေကြတဲ့လုပ်ငန်းခွင်ဆက်ဆံရေး၊ စီမံခန့်ခွဲမှုပညာ၊ သိပံနည်းကျ အုပ်ချုပ်ရေး၊ ဒီမိုကရေစီကျင့်စဉ်၊ ကျန်းမားရေးနှင့် စိတ်ပညာ၊ လုပ်ငန်းခွင်ကျင့်ဝတ်... စတဲ့..စတဲ့ စာအုပ်တွေအားလုံးဟာ သူ့ဟာနဲ့သူ ကောင်းကြပေမယ့်.. ဗုဒရဲ့ အဆုံးအမတွေကို စနစ်တကျ အသေအချာလေ့လာ ကျင့်ကြံနေထိုင်ကြသူတွေအတွက်တော့ အဲဒီစာအုပ်တွေဟာ သူငယ်တန်းအဆင့်ပဲ ရှိတော့တယ်လို့ ပြောချင်တယ်။ ဒီစာအုပ်တွေက လူ့ဘ၀ သက်တမ်းတစ်ခုအတွက် ကြီးပွားခြင်းတစ်ခုကိုပဲ ပေးကောင်း ပေးနိုင်ပေမယ့် ဗုဒရဲ့ လမ်းညွှန်မှုတွေက ကြီးပွားတိုးတက်မှုအပြင် စိတ်ချမ်းသာမှု၊ လူ့ဘ၀အနှစ်သာရရှိစေမှု၊ ပတ်ဝန်းကျင် ပြန်လည် အကျိုးပြုမှုတွေနဲ့ အဓိပါယ်ပြည့်ဝစေမှုတွေအထိ ပေးစွမ်းနိုင်ပါတယ်။ အဲဒီစာအုပ်တွေဟာ မြတ်ဘုရားအဆုံးအမတွေရဲ့ အစွန်းထွက်လောက်ပဲ ရှိပါတယ်။ ဒါဟာ ကိုယ့်ဘာသာကို အသားယူ ပြောနေတာမဟုတ်ဘူး၊ တကယ်အသေအချာ လေ့လာ ကြည့်မှ တန်ဖိုးသိနိုင်တာပါ။ အရောင်းဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်လောက်ပဲ လမ်းညွှန်မှုတွေ သင်တမ်းတွေပေးပေး အဓိက အရေးကြီးဆုံး ရိုးသားဖြူစင်မှု၊ ကြိုးစားအားထုတ်မှုနဲ့ စေတနာ၊ မေတ္တာတွေမပါရင် အရောင်းဝန်ထမ်းကောင်း မဖြစ်နိုင်ဘူး။ မြတ်ဘုရားက ဒီလို အဓိကကျတဲ့အရာတွေကို စနစ်တကျ လမ်းညွှန်ထားတယ်။ မြင်တတ်ဖို့ပဲလိုတယ်။ လူအများစုက ဘာအလုပ်မှမလုပ်ပဲ ရောင့်ရဲတာလိုလို၊ လောဘမရှိတာလိုလို၊ သံဝေဂရတာလိုလို၊ အနိစ္စမြင်တာလိုလို အဲဒါတွေကိုပဲ ဗုဒ္ဒဘာသာရဲ့ အနှစ်သာရလို့ထင်ပြီး လွဲမှားစွာ သိနားလည်နေကြတယ်။
သူရအောင် ဟာ ဗုဒဘာသာရဲ့တန်ဖိုးနဲ့ ရဟန်းသံဃာတော်တွေရဲ့ အခန်းကဏ္ဍကို လွဲမှားစွာ နားလည်နေတယ်၊ ဒါမှမဟုတ် သိသလိုလို မသိသလိုလို ဖြစ်နေတယ်လို့ ပြောချင်တယ်။ တစ်ခုတော့ရှိတယ်.. သူရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်ကလည်း ဒီလိုအတွေးအမြင်ကို ထင်မြင်စေနိုင်တဲ့ အနေအထားမှာ ကြီးပြင်းခဲ့ရလို့လဲ ဖြစ်နိုင်တယ်။
အသေအချာ ထပ်ပြောချင်တာက နေရာတိုင်းမှာ အောင်မြင်မှုရနေသူတွေဟာ ဗုဒ္ဒရဲ့ အဆုံးအမတွေအတိုင်း သိရှိလို့ဖြစ်စေ၊ မသိရှိပဲဖြစ်စေ၊ ဘာသာတူလို့ဖြစ်စေ၊ ဘာသာမတူပဲဖြစ်စေ လိုက်နာကျင့်ကြံနေသူတွေပဲဖြစ်တယ်။
ရဟန်းသံဃာတွေရဲ့ အခန်းကဏ္ဍ၊ တာဝန်ဝတ္တရားနဲ့ အကျင့်သီလ စောင့်ထိန်းအားထုတ်ရမူတွေကို အသိအမှတ်မပြုခြင်းဟာ ဗုဒ္ဒရဲ့ အနှစ်သာရများကို အမှန်တကယ် မသိရှိသေးလို့၊ ဒါမှမဟုတ် သိရှိနားလည် နိုင်လောက်အောင် ဥာဏ်ရည်မမီသေးလို့သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ စဉ်းစားတတ်ရင် ကမ္ဘာ့အရှေခြမ်းရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်းကျင် ရှင်သန်လှုရှားမှု နေရာတိုင်းမှာ ရဟန်းသံဃာတော်တွေရှိနေခြင်းရဲ့ အကျိုးသက်ရောက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်ပတ်သက်နေတယ်ဆိုတာ အထင်အရှား တွေ့မြင်နိုင်တယ်။ ရဟန်းဆိုတာ ဗုဒရဲ့ အဆုံးအမ၊ တန်ဖိုးကြီးလှတဲ လမ်းညွှန်မှုတွေကို လက်ဆင့်ကမ်းနေတဲ့ မျိုးဆက်တွေပါ။ အဲဒီမျိုးဆက်ကို အသိအမှတ်မပြုရင် ဗုဒ္ဒကိုပစ်ပယ်တာနဲ့ အတူတူပါပဲ။
ရဟန်းမှာလည်း ကိုယ့်တာဝန်ကိုယ်မကျေသူတွေ.. အချောင်ခိုသူတွေ ရှိနေနိုင်ပေမယ့် ထေရ၀ါဒဗုဒသာသနာ ထွန်းကားတဲ့ မြန်မာပြည်မှာ ရဟန်းသံဃာစစ်စစ်တွေ အများကြီးရှိနေသေးတယ်ဆိုတာ မမေ့မလျော့ သိရှိလေ့လာစေချင်တယ်။ ဘုန်းကြီးဖြစ်သွားတာနဲ့ တုံးသွားတယ်လို့ မမြင်စေချင်ဘူး။
စကားလုံးအသုံးအနှုန်း လိမ္မာစွာ မသုံးတတ်တဲ့အတွက် ရင်သီး ဆော်ကားသလိုဖြစ်နေရင် ခွင့်လွှတ်ဖို့ ကြိုတင်တောင်းပန်တယ်။ စေတနာကို မြင်စေချင်ပါတယ်။

တို့ခေတ် said...

ဟိုင်း ကို သူရအောင် ခင်ဗျား ဆိုလိုချင်တာ ဘာလဲ။ အခု တင်ထားတဲ့ သတင်း နဲ့ သိပ်တော့ မဆိုင်ဘူးဗျာ။ အခု ဆွေးနွေးရမယ့် အကြောင်းအရာက တခြား ခင်ဗျား ပြောနေတာ က တခြားလို့ထင်တယ်။ ဘုရား စေတီ တည်တာ မှားနေတယ် လို့ဆိုလိုချင်တာလား အနော်ရထာ လက်ထက် ဘုရား စေတီ တွေ တည် တာ ဘာဖြစ်လို့လဲ။ ဓါတ်စက်တွေ နဲ့ အလှူ ခံတာ ၊ အင်တာနက် ဂိမ်းဆိုင်မှာ ဘုန်းကြီးတွေ ရှိနေတာကို ထောက်ပြတာ ကောင်းပါတယ်။ ဒါပေမယ့် - ( ဘုရားရွှေချရင်ကုသိုလ်ရတယ်၊ ဘုရားတည်ရင်ကုသိုလ်ရတယ်၊ ကျောင်းဆောက်ရင်ကုသိုလ်ရတယ်လို့ ဘုရားမပြောခဲ့ပါဘူး။ ) ကျောင်းဆောက်ရင် ကုသိုလ်ရတယ်လို့ ဘုရား မပြောခဲ့ဘူး လို့ပြောကတည်းက ခင်ဗျား နည်းနည်း ထပ်လေ့လာလိုက်ပါအုံး ။ ကျွန်တော် တို့ အခု ဆွေးနွေးချင်တာက အဲ့တာ မဟုတ်ပါဘူး ။ မြစိမ်း တောင် မှာ တောရ ဆောက်တည်နေကြတဲ့ ရဟန်း တွေရဲ့ တောရကျောင်းတွေ အတွက်ပါ။ မဟန မှ ဆရာတော် များ ဘုရား တပြည့်တော် အရင် က မဟန နဲ့ ပတ်သက်ပြီး သတင်းတွေ အများကြီး ဖတ်တုန်းက ကွန်မင့် မပေးခဲ့ပါဘုရား ။ ယခု ကိစ ကိုတော့ ပြန်လည် သုံးသပ်စေလိုပါတယ် ဘုရား။ အခုမှ တပ်မြေ မှာ လာပြီးတောရ ဆောက်တည်တယ် ဆိုရင်တော့ တမျိုးပေါ့ ဘုရား။ နေရာတိုင်း စာရွက်တိုင်းပေါ်မှာ အလွယ်တကူ လက်မှတ် မထိုးမိပါစေနဲ့ဘုရား။

မန်းလေးသား said...

ဟုတ်တယ်ဗျို့ ကိုငါ့ဘ ၊ ကိုဓမ္မဝါဒီ နဲ့ ကိုမဟာမော်ကွန်း တို့ပြောတာကိုထောက်ခံတယ်ဗျို့ .... ကိုငါဘစာကို နဲနဲထပ်ဖြည့်ပေးချင်တယ် ပုဂံခေတ်က ဘုရား စေတီ ပုထိုး တွေတည်ခဲ့တာ လှည်းဝန်ရိုးသံတညံညံ ပုဂံဘုရားပေါင်း ဆိုပြီးစာဆိုတောင်ရှိသေးတယ် ကိုသူရအောင်ရေ... ပုဂံမြို့တစ်မြို့လုံး စေတီ ပုထိုး တွေအပြည့်ပဲ..ကိုသူရအောင်ကို တစ်ခေါက်လောက် ပုဂံကိုသွားကြည့်စေချင်တယ် အဲဒီရောက်ရင် ရှေးကကျွန်တော်တို့ ဘိုး ဘွား ဘီ ဘင်တွေရဲ့ သဒ္ဒါတရား ၊ ဘာသာရေးကိုအလေးထားမူ့ တွေရလိမ့်မယ်.. ကိုသူရအောင်ပြောသလိုသာ ဘုန်းတော်ကြီးကျောင်းတွေ ဘုရားစေတီတွေကို ရပ်ကွက်တစ်ခု ၊ မြို့နယ်တစ်မြို့နယ်မှာ တစ်ကျောင်းလောက် စေတီတစ်ဆူလောက်သာဆိုရင် မတွေးဝံ့စရာပါ... နောက်ပြီးအကိုတို့ ကျွန်တော်တို့အခု အဆင့်တန်းနဲနဲရှိတယ် ခေတ်မှီတယ်ဆိုတာ ဆရာတော် သံဃာတော်တွေရဲ့ကျေးဇူးကြောင့်ဆိုရင် မမှားဘူးဗျ ဘယ်သူမှလည်းမငြင်းနိုင်ဘူး ... အစိုးရစာသင်ကျောင်းဆိုတာ မပေါ်ခင် ဘုန်းကြီးကျောင်းတွေမှာ ဆရာတော် သံဃာတော်တွေက လောကီစာတွေ လူ့ကျင့်ဝတ်တွေ လောကုတ္တရာစာပေတွေသင်ပေးခဲ့တာဗျ..ဆရာတော်တွေရဲ့ သွန်သင်ဆုံးမမူ့ကြောင့် ကမ္ဘာမှာမြန်မာလူမျိုး တွေဟာယဉ်ကျေးတယ် ဖေါ်ရွှေတယ် ဆိုပြီးလက်မထောင်ခဲ့ကြတာ... ကိုသူရအောင်ပြောသလိုသာ ကျောင်းတိုက်တွေ စေတီတွေဟာ နဲနဲရှိရင်ရပြီဆိုရင်တော့ သေချာပြီ ကျွန်တော်တို့တွေ အခုချိန်မှာအရိုင်းစိုင်းတွေ ဖြစ်ရင်ဖြစ် မဖြစ်ရင်တခြားဘာသာဝင်တွေဖြစ်နေပြီ... ကိုသူရအောင်က ဘာသာတိုင်းမှာ အားသာချက် အားနဲချက်ရှိတယ်လို့ ပြောခဲ့တယ်နော်.. အဲဒါဆိုရင် အကိုက ကိုယ့်ရဲ့ဘာသာကို သေသေချာချာမလေ့လာဘူး မဆန်းစစ်ဖူးဘူး.. အကို့ရဲ့ဘာသာရေး အဆင့်တန်းက နံပါတ် ၅ အဆင့်တန်းဘဲဗျ..နံပါတ် ၅အဆင့်တန်းက ဘာလဲဆိုတာသိချင်ရင် ကမ္ဘာ့ဘာသာကြီးလေးခု ဆိုတဲ့စာအုပ်ကိုဖတ်ကြည့်ဗျာ.. အကို့ကို ကျွန်တော် ဖတ်ခဲ့ဘူးတဲ့ စာအုပ်တစ်အုပ်ထဲ မှာရေးထားတာကိုအတိုချုံးပြီး ပြန်ပြောပြမယ်.. ကျွန်တော်တို့ရဲ့မန္တလေးမှာ မစိုးရိမ်စာသင်တိုက်ဆိုတာရှိတယ်.. အဲဒီစာသင်တိုက်မှာ ဒကာတစ်ယောက်က ကျောင်းဆောက်ပြီးလှူထားတယ်..အဲဒါတစ်နေ့ သူ့ရဲ့သူငယ်ချင်းက လမ်းကြုံလို့(သူ့ သူငယ်ချင်း လှူထားတဲ့ကျောင်းရှိတယ်ဆိုပြီး ) မစိုးရိမ်ကျောင်းတိုက်ကို ဝင်ကြည့်တယ် ကျောင်းမှာကိုယ်တော်တွေ ခြင်းလုံးခတ်နေတာ ၊ ဘောလုံးကန်နေတာ ကိုမြင်သွားပြီး သူ့ သူငယ်ချင်းကိုပြန်ပြောတယ်..မင်းကတော့ ငွေတွေပင်ပင်ပန်းပန်းရှာပြီး ဘုန်းကြီးတွေအတွက် ကျောင်းဆောက်ပြီးလှူထားတယ်..အခုမင်းဘုန်းကြီးတွေက ရဟန်းအလုပ်မလုပ်ဘဲနဲ့ ရှောက်ပြီးဆော့နေတယ်ကွတဲ့ .. သူ့ သူငယ်ချင်းက အေးအေး ဒါဆိုရင်ကျောင်းသွားပြီး ကြည့်ရအောင်ကွာလို့ပြောပြီး သူ့ကိုခေါ်သွားတယ်... ကျောင်းရောက်တော့ ကဲသူငယ်ချင်း မင်းပြောတဲ့ဆော့နေတယ်ဆိုတဲ့ ဘုန်းကြီးတွေကိုရေ( ရီ )ကွာ နောက်ပြီးလာလိုက်ခဲ့ ဝိပသနာတရားအားထုတ်နေတဲ့ကိုယ်တော်တွေ စာအံနေတဲ့ကိုယ်တော်တွေကို ပြတယ်.. ပြီးတော့ကဲသူငယ်ချင်း ဘယ်အရေအတွက်က များလဲတဲ့... အဲဒီအခါမှအေးကွာ ငါမှားပါတယ်သူငယ်ချင်း ငါအပြင်ပန်းလောက်ကြည့်ပြီး အပြစ်ပြောမိတယ်..ခွင့်လွှတ်ပါကွာတဲ့ ... ကိုသူရ မြင်တဲ့ ကိုယ်တော်တွေကနဲနဲပါ ရဟန်းတရား ရဟန်းအလုပ် လုပ်နေကြတဲ့ကိုယ်တော်တွေကများပါတယ်... ဗုဒ္ဒရဲ့တရားတော်တွေကို စောင့်ရှောက်တဲ့ လက်ဆင့်ကမ်း သယ်လာခဲ့တဲ့ အဲဒီကျေးဇူးတွေ ဂုဏ်တွေကြောင့် ရဟန်းတွေ ကိုကျွန်တော်တို့က ပြန်ပြီးစောင့်ရှောက်ရမှာဗျ.... အခုတောင်ကြီးက သံဃာတော်တွေ အတွက် ကျွန်တော်တို့တွေဘာလုပ်ပေးနိုင်မလဲ... ဆိုတာစဉ်းစားပါ... လုပ်ပေးနိုင်တဲ့သူများ ပြောပြကြပါ ညွှန်ကြားကြပါ မိန့်တော်မူကြပါ... ။ ( ဗုဒကိုရေးချင်တာ ဓ ကိုနှစ်လုံးမဆင့်တတ်လို့ ဒ ကိုသာနှစ်လုံးဆင့်ရေရပါတယ် ရေးတတ်သူများသင်ပေးပါခင်ဗျာ )

khun zero said...

ကိုသူရအောင် ခင်ဗျား စကားနဲ့တင် ခင်ဗျားဟာလည်း မိရိုးဖလာ ဗုဒ္ဓဘာသာ ဆိုတာ သိပ်သိသာပါတယ်။ ဝန်ခံလိုက် ဟုတ်တယ်မလား ? ကိုယ့်ကိုယ်ကို ဘာမှန်း မသိသေးရင်လည်း ဦးဂိုအင်ဂါလေး ဝင်ကြည့်ဖို့ အကြံပေးချင်တယ်။

အေးမြသီတာ said...

ကိုသူရအောင်ရှင့် ရှင်ကိုယ်တိုင်
သာသနာ့ဘောင် ၀င်ပြီး ရဟန်း
ဝတ်ကြည့်ပါဦး ပြီးမှရေးချင်တာရေးပါ
အနည်းဆုံး ၀ါ ၂၀ ရအောင်ဝတ်ကြည့်ပါဦး..၊
ရဟန်း ဆိုတာဘာလဲလို့ ရှင်သိလာရင်
ဒီလိုရေးရဲပါ့မလား........ဆိုတာ......................
သံဃာ့အကြောင်း မသိကောင်းပဲ ကြောင်းကျိုးမခိုင်
အရေးမပိုင်ချင်ပါနဲ့ သူရအောင်ရှင့်။

su said...

သူရအောင် ဆိုတဲ့ သူငယ်က ပုံစံကြည့်ရတာ ဘာသာရေးလည်း ထဲထဲဝင်ဝင် မသိ၊ နိုင်ငံရေးလည်း ထဲထဲ ၀င်ဝင် မသိဘူးဆိုတာ သိသာတယ်။ မင်းက လဘက်ရည်ဆိုင် ဂိမ်းဆိုင်မှာတွေ့ရတဲ့ လူငယ် ကိုယ်တော်လေးတွေကို ကြည့်ပြီး လျှောက်ပြောနေတယ်၊ အဲလို အရေအတွက်က နည်းနည်းလေးရယ်ကွ။ ကိုယ့်ကျောင်းထဲမှာ ကိုယ့်စာကို ကျက်နေပြီး ပရိယတ္တိသာသနာအတွက် အားထုတ်နေတဲ့ ကိုရင် ဦးဇင်းတွေ၊ ကိုယ်နေရာလေးမှာကိုယ် တရားအားထုတ်နေတဲ့ ကိုရင် ဦးဇင်းတွေ အများကြီးရှိတယ်။ မင်း အဲလို စာသင်တိုက်တွေ ရိပ်သာတွေကို ဘယ်နှစ်ခေါက် ရောက်ဘူးလဲ။ ဘယ်နှစ်ခါ သွားဖူးဘူးလဲ မေးချင်တယ်။ မင်းသွားချင်စိတ်လေးတောင် ဖြစ်ဘူးရဲ့လား။ မင်းက စစ်အစိုးရ လက်ကျန် အလေအလွင့်အတုအယောင် တွေကိုသာ ကြည့်ပြီး မဝေဘန်စေချင်ဘူး။ နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဆိုတာတော့ ရှိတတ်တာပဲ။ မင်း အမျိုးတွေတောင်မှ အကုန် လူကောင်းတွေချည်းပါလို့ အာမခံချက်ပေးနိုင်လို့လား။ တိုင်းပြည်ထူထောင်ရာမှာ သံဃာတော်တွေလည်း သူတို့ကဏ္ဍကနေ အရေးပါတယ်ကွ။ ဒီနေ့ လူတွေ ယဉ်ကျေးလိမ္မာနေတာ သံဃာတော်တွေ တာဝန်ကျေခဲ့လို့ကွ။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု လုပ်ပေးနိုင်မှ တိုင်းပြည်အပေါ် တာဝန်ကျေတယ် ထင်နေတာလား။ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးအောင် လုပ်ပေးနိုင်တာက ပိုအရေးကြီးတယ်ကွ။ ဒီနေ့ အသက်အရွယ် ကြီးလာတဲ့ မိဘတွေ သားသမီးတွေရဲ့ အထောက်အပံ့အပြုအစု ရနေတာ၊ သား သမီးတွေ မိဘတွေရဲ့ သွန်သင်စောင့်ရှောက်မှု ရနေတာဟာ ဘုရားဟောထားတဲ့ ကျေးဇူးတရား မေတ္တာ စေတနာ ကုသိုလ် စတဲ့ တရားဓမ္မတွေကြောင့်ဆိုတာ မင်းငြင်းမလား၊ ဒီလို စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတွေကို ဘယ်သူတွေက တဆင့်လက်ဆင့်ကမ်းခဲ့တာလဲ။ ဒါတွေကို မင်း ဘာနဲ့ တန်ဘိုးဖြတ်မလဲ။ အနည်းဆုံး မင်း ၃၈ ဖြာ မင်္ဂလာတရားတော်လောက်တင် သေချာလေ့လာကြည့်ပါအုံး။ သံဃာတော်တွေဘက်က ဘယ်လောက် တာဝန်ကျေတယ် ဆိုတာ။ မကောင်းတဲ့ ဘုန်းကြီးတွေ မရှိဘူးလို့ မဆိုလိုဘူး။ အဲဒါတွေဟာ ဘုန်းကြီးအတုတွေပဲ။ ပရိယတ္တိစာပေကို တကယ်သင်ထားတယ်ဆိုရင် လူငယ်သဘာဝ အနေအထိုင် မတတ်တာလေးတွေ ရှိတောင်မှ ပညာရေးအခြခံနဲ့ အသက်ရွယ်အရ ပြုပြင်ထိန်းသိမ်းသွားရင် သာသနာပြုသူရဲကောင်းတွေ ဖြစ်လာတာပဲ။ ဒီလို အကြမ်းလေးတွေကနေ သာသနာအတွက် အချောလေးတွေ ထွက်လာရတာပါပဲ။ အဓိက ကတော့ ကိုယ်မကြည်ညိုရင် မကိုးကွယ်ရုံပါပဲ။မင်းကို မကိုးကွယ်လို့ ဘယ်ဘုန်းကြီးကမှ လက်သီးနဲ့ ဆွဲထိုးမယ် မထင်ပါဘူး။ ဘုန်းကြီးအတုပင် ဖြစ်စေအုံးတော့ လှူမှ ယူတာပါ။ ဓားမိုး သေနတ်ထောက်ပြီး အနိုင်မကျင့်ပါဘူး။ ဒါတွေကို ပျောက်စေချင်ရင် မင်းတို့ကိုယ်တိုင် ဘာသာရေးအခြခံတွေကို ကျကျနန သိအောင်ကြိုးစားပြီး အတုအယောင်လား အစစ်လား သေချာခွဲ။ အတုအယောင်ကို အားမပေးနဲ့။ အစစ်မှန်ဆိုရင် အားပေးရုံပါပဲ။

Anonymous said...

အားလုံးဝိုင်းစဉ်းစားပါ... တယောက်နဲ့ တယောက်တိုက်ခိုက်နေလို့ အလကားပဲလေ

Anonymous said...

Pls တယောက်နဲ့တယောက် အငြင်းမပွားပဲ ဘာဆက်လုပ်ချင်တယ်ညှိကြပါလာ... ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှမဖြစ်တာကောင်းတယ်လေ..

Anonymous said...

ကျွန်တော်ကို အားလုံးဝေဖန်မည်ဟုလည်းသိထားပြီးဖြစ်ပါတယ်။ ဘယ်လိုဝေဖန်ကြမယ်ဆိုတာလည်း ကြိုတင်သိပြီးသားပါ။ မှန်ပါတယ် ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ညအိပ်ရာဝင်ရင် ဘုရားစင်ရှေ့ဝင်ပြီးတော့ အပြစ်ပြေရန် ဘုရားဆီမှ ခွင့်တောင်းနေသူတစ်ဦးဖြစ်ပါတယ်။ မှန်ပါတယ်။ ဒါဟာအမှန်တရားတစ်ခုပါ။ ကျွန်တော်တို့တွေက လေ့လာတယ်ဆိုတာ တစ်ခုတည်းလေ့လာလို့မရဘူး။ ဒါတွေကလည်း အတ္တတစ်ခုတည်းနဲ့ဘဲ ပြောနေကြတယ်။ ဘုရားလို့ ကိုးကွယ်ကြတဲ့အထဲမှာ ဘာသာထဲမှာ ရှေးအကျဆုံးက ဟိန္ဒူဘာသာ၊ ပြီးတော့ ဂျိန်းဘာသာ၊ ပြီးတော့ ဗုဒ္ဓ၊ ပြီးတော့ ခရစ်တော်၊ ပြီးတော့ မိုဟာမတ်(မွတ်စလင်ဘာသာ) ကိုးကွယ်မှုထဲမှာ ဂျိန်းကတော့ ဗမာပြည်ကို ရောက်မလာဘူး၊ အန္ဒိယမှာဘဲ ကိုးကွယ်ကြတယ်။ အ၀တ်အစားလုံးဝမ၀တ်ပါဘူး။ ကိုလုံးတည်းပါ။ ဗုဒ္ဓဘာသာများ ရှစ်ခိုးတဲ့အတိုင်း ရှစ်ခိုးကြပါတယ်။ ဗုဒ္ဓကတော့ သူနဲ့အတူ ခေတ်ပြိုင်ပေါ်ပါတယ်။ အိန္ဒိယမှာ ကိုးကွယ်ကြတဲ့ အယူဝါတွေထဲက နှစ်ခုသာ မြန်မာပြည်ထဲကိုရောက်လာတာပါ။ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာပါ။ ဟိန္ဒူဘာသာဟာ ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ သူတို့က ဗြမ္ဘာကြီးကို ကိုးကွယ်ပါတယ်။ နောက် ဗိသနိုးကို ကိုးကွယ်ကြပါတယ်။ ဒါကလည်း အိန္ဒိယရဲ့ ရှေးကျတဲ့ အယူဝါတစ်ခုပါ။ ကိုးကွယ်မှုသည် တစ်ခုတစ်ရံမှာ မှန်ကန်မှုရှိပေမယ့် လွန်ကဲရင် အစွန်းရောက်တတ်ပါတယ်။ ကမ္ဘာပေါ်မှာကိုးကွယ်နေကြသည့် ဘာသာတရားတိုင်းတွင် အမှားရှိကြသည်မဟုတ်ပါ။ ခရစ်ယာန်ဘာသာလည်း သူဟောကြားချက်နဲ့သူ တိုးတက်အောင်မြင်နေတာပါ။ မွတ်စလင်လည်း ဒီအတိုင်းပါဘဲ သူလည်း အားလုံးမဟုတ်တာချည်းဘဲ ပြောနေကြတာကလည်း ထိုးနှက်ချက်တစ်ခုပါ။ သူတို့လည်း တုံးတုံးအအတွေမဟုတ်ပါဘူး။ မဟုတ်ဘဲတာတွေတော့ မကိုးကွယ်ကြပါဘူး။ ဒါပေမယ့် ကိုးကွယ်မှုတွေဟာ လူတွေကို တစ်ခါတစ်ရံမှာ အမှားကိုလည်း ဖြစ်စေတတ်ပါတယ်။ ကျွန်တော်ပြောချင်တာက နိုင်ငံကို စနစ်တကျရှိစေချင်ပါတယ်။ ပြီးတော့ ဘာသာတရားအကြောင်းပြမှုတွေကလည်း မြန်မာပြည်မှာ အရမ်းများပြားနေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပြောတာပါ။ ကျွန်တော်ကိုးကွယ်ယုံကြည်မှုတွေကိုတော့ မပြောတော့ပါဘူး။ ဗုဒ္ဓဘာသာအကြောင်းပြုပြီးတော့ ဘိုးတော်တွေ၊ မယ်တော်တွေ၊ နှစ်လုံးပေးတဲ့ဘုန်းကြီးတွေ၊ ကျွန်တော်က လေ့လာမှုတစ်ခုကိုဘဲ ဆန်းစစ်ကြည့်နေတာပါ။ အနော်ရထာမင်းနောက်ပိုင်းရောက်လာတဲ့သာသနာဟာ ဗုဒ္ဓသာသနာလည်း ပြောလို့မရပါဘူး။ နှစ်ပေါင်း(၁၃၀၀၀)၀န်ကျင်းလောက်သာရှိသေးတဲ့ ရှင်အရဟံရဲ့သာသနာလို့လည်းပြောလို့ရပါတယ်။ ဒါလည်း ယဉ်ကျေးမှုတစ်ခုလို့ပြောရင်လည်းရပါတယ်။ ဒါကိုတော့ လက်ခံပါတယ်။ ဗုဒ္ဓက မိမိကိုသာကိုးကွယ်ရာလို့ပြောပေမယ့်လည်း လူတွေက ဗုဒ္ဓက စေတီတည်ပြီးကိုးကွယ်ပါလို့မပြောပေမယ့် သူကိုရွှေချပါလို့မပြောပေမယ့် လူတွေက အဲဒါတွေကိုဘဲ တန်ဘိုးထားလာကြတယ်။ ရွှေချရင်ကိုသိုလ်ရတယ်၊ ဘုရားတည်ရင်ကိုသိုလ်ရတယ်ဆိုတယ် အဆိုတွေကို ပိုပြီးလက်ခံလာကြတယ်။ ဒါကြောင့် တစ်ခုခုကို ဝေဖန်ဆန်းစစ်မိရင် ၀ိုင်းဆော်ကြတယ်။ အဲဒါဟာ အမှန်တရားတစ်ခုလို့ ခင်ဗျားတစ် တစ်ထစ်ချယုံကြည်ထားရင် ကျွန်တော်ဆက်မရှင်းချင်တော့ပါဘူး။

Anonymous said...

ကျွန်တော်ကတော့ အမြဲတမ်းကိုယ်တွေ့ကြုံတာလေးတွေများလို့ ပြောနေတာပါ။ အလှူခံတဲ့ အမှတ်အသားပါရင် ဗုဒ္ဓဘာသာလို့ ပြောရမလိုဖြစ်လာတယ်။ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲတတ်တဲ့ ပညာတတတ်လာရင် လူဟာ ကိုယ့်ကိုကိုယ် ဆင်ခြင်ရမှာ၊ ဘုန်းကြီးပြောမှ သိရမယ်ဆိုရင် တရားပွဲလုပ်မှ အသိတရားရမှာလား စာအုပ်တွေ၊ စာပေတွေ၊ လူအသိုင်းအ၀ိုင်း၊ လူ့ယာဉ်ကျေးမှုတွေရှိရင် အသိတရားတစ်ခုရှိရင် လောက ကြီးအဆင်ပြေပါတယ်။ ဘာသာတရား အစွန်းရောက်မှုတွေမရှိရင်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ ဗမာတစ်ပြည်ဆုံး ကိုယ့်ကိုကိုယ်လည်း အသိတရားလေးတစ်ခုလက်ကိုင်ထားကြပါဦး။ ဟိုတစ်နေ့က ဘာသာရေး ဘုန်းကြီးစာမေးပွဲရှိတယ်။ သွားတဲ့လူကပြောတယ်။ ဘုန်းကြီးတွေက စာမေးပွဲမဖြေနိုင်တော့ ဘောလုံးကန်တဲ့သူကကန်၊ ချင်းခတ်သူက ခတ်နဲ့ ပြောလို့လည်းမရဘူးတဲ့။ ဒါတွေကို ဘယ်လိုတားဆီးကြမလည်း။ တားဆီးလို့မရဘူး။ နားလည်တယ်။ ဒါတွေကို တိုင်းပြည်အုပ်ချုပ်သည့်အဖွဲ့အစည်းကဘဲ တာဝန်ယူဖြေရှင်းရမယ်။ ခင်ဗျားတို့ပြောသလိုဆိုရင် ဒီအရာတွေကို အုပ်ချုပ်သတွေက မစီမံရင် အလှူခံချင်သလိုခံ၊ မျိုးစုံသော ကားကြီးတွေ ဓါတ်စက်ကြီးတွေနဲ့ ခံနေတာတွေကို ဘယ်သူက စီမံကြမလဲ။ လွှတ်ထားကြမှာလာ။ ဘုရားတွေမှာ ကန်ထရိုက်တွေယူပြီး မထည့်ထည့်အောင် အလှူခံနေတာတွေကို ဘယ်သူတွေ စီမံကြမလည်း၊ ဂေါပကတွေပဲ စီမံမှာလား သူတို့ဘဲ ချမ်းသာသွားမယ်။ မဟာနဆိုတာ အုပ်ချုပ်သူတွေက လိုအပ်မယ်ထင်လို့ ဖွဲ့ပေးရတာ။ ဒါမှ မဟုတ်ရင် ဗဟာပြည်မှာရှိတဲ့ လူသန်း(၅၀)ကျော်က အာလုံး ဘုရားတကာ ဖြစ်ချင်ကြတယ်။ ဘုရားတွေချည်းဘဲတည် ကျောင်းတွေချည်းဘဲ ဆောက်ကုန်ရင် လူတောင်နေစရာရှိမှာမဟုတ်ဘူး။ အရာရာမှာ ဘာသာတရားဘဲဖြစ်ဖြစ် အုပ်ချုပ်ရေးဘဲဖြစ်ဖြစ် စီမံဖို့လိုတယ်။ စီမံခွင့်မရှိရင် အကုန်လုံး ဗမာပြည် ဒီထက်ဆိုးကုန်မယ်။ ပြောချင်တာနဲ့ ပြောမိတာတွေက တစ်ခြားစီပါ။ အားလုံးကို တောင်းပန်ပါတယ်။ စဉ်းစားကြဖို့ ဆင်ခြင်ကြဖို့ပါ။

zerokobo said...

မမြဲခြင်း တရား အနိစ္စ ပါတကား.....................

Powered by Blogger.