သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး

မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင် ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅ ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။

မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့ မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ် မြင့်တက်လျက်ရှိလာနေကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။
 CJMyanmar
သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး Reviewed by သစ်ထူးလွင် on 14:01 Rating: 5

15 comments:

saw kt oo said...

ကေအိုင်အေစစ်ရှုံးလာတော့
ရထားမိုင်းထောင်ပီးပြည်နယ်သားတွေသေ
ကုန်ပီ ကဲကေအိုင်အေဆိုတာဘာလဲရှင်းတယ်နော်

Soe said...

အပြစ်မဲ့တဲ့ ပြည်သူတွေ ကို သတ်တာ ဘယ်သူလဲ
ဒါဟာတိုင်းပြည်ကို တမင်မငြိမ်မသက်ဖြစ်အောင်လုပ်နေတာပါ
ပြည်သူတွေစစ်တပ်ကို အားကိုးချင်လာအောင် တစ်ဖက်လှည့်
နည်းနဲ့ စစ်တပ်က အမြဲလုပ်တတ်ပါတယ် အဲဒီလိုလုပ်တိုင်းလဲ
တ၇ားခံ မပေါ်ပါဘူး ပေါ်လည်း အမြင်ကပ်တဲ့ လူကိုဖမ်းပြီး နှိုပ်စက်
အတင်းဝန်ခံခိုင်း ထောင်ချခဲ့တာပဲလေ ပြည်သူတွေမှာလက်နက်ဆိုလို့
လောက်လေးခွ တောင် ကိုင်လို့မ၇တာ ဗုံးတွေ နေ၇ာတိုင်းမှာ
ပေါက်ခဲ့တာ ဘယ်သူ့လက်ချက်ဆိုတာတော့ ပြည်သူတွေ အသိပဲလေ

ko ko said...

လွတ်လပ်ရေးရဘို.အရေးတိုင်းရင်းသားပေါင်းစုံအသက်သွေးပေါင်းများစွာပေး
ဆပ်ခဲ့ရတယ်..ရပြီးတော့တိုင်းရင်သားတွေကိုခွဲခြားဆက်ဆံတယ်...ကိုယ်အ
သွေးလည်းမဟုတ်။ကိုယ်အသားလည်းမဟုတ်တဲ့ ဝတွေတော့ကြောက်လိုက်တာ

Unknown said...

သတ္တိရှိရင် တပ်ချင်းသာတည်ပြီးတိုက်ကြပါလား၊ ဘာလက်နက်မှမရှိတဲ့ပြည်သူ
တွေကို ဒုက္ခရောက်အောင်မလုပ်ကြပါနဲ့လား....

kyaw kyaw said...

ဒို့နိုင်ငံက ယခင်အီရတ်တို့၊အာဖကန်နစ္စတန်တို့နိုင်ငံတွေလိုဖြစ်နေပြီ ဟိုနားကဗုံးကွဲဒီနားကဗုံးကွဲ ဘာတွေဖြစ်နေကြတာလဲ၊နိုင်ငံကအခုမှ ဖွံ့ဖြိုးစအပင်ပေါက်စဘဲရှိသေးတယ် ၊အားလုံးငြိမ်းချမ်းရေးအတွက်ဝိုင်းဝန်းဆောင်ရွက်ကြပါလို့တိုက်တွန်းချင်ပါတယ်

suhaili said...

အထင်တွေနဲ့ ပြောလို့တော့ မရသေးဘူး

yanlay said...

ကျွှန်တော် မြစ်ကြီးနား ကပါ သေဆုံးသူက သုံးဦးပါ ကိုရင် တစ်ပါး ကလေးတစ်ယောက်နဲ့ မိန်းကတစ်ဦးပါ မိုင်းကွဲတာကလဲ နေရာမှားနေပါတယ်

Shwe Phyoe said...

ခက်တာပဲဗျာ။ ကေအိုင်အိုလဲ အာဏာရှင်၊ အစိုးရစစ်တပ်ဆိုတာလဲ အာဏာရှင်ဆန်ဆန်ပါပဲ။ နောက်ဆုံးဒါဏ်ခံရတာက ပြည်သူ။ မနိုင်၊နိုင်ရာ လုပ်တာလားပြောကြစမ်းပါ။ ကိုယ့်ပြည်သူ ပြန်သတ်၊ ပြန်ဒုက္ခပေးတဲ့ မည်သူမဆို နောက်ဆုံးကျဆုံးမှာပဲ။ ဗုံးထောင်တာလောက် သတ္တိကြောင်တာ၊ အဆင့်အတန်းမဲ့တာမရှိဘူး။ အဲဒီလိုသာလုပ်နေမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောမနေကြနဲ့၊ ထမိန်သာပတ်နေကြ။

Aye Mu said...

ကေအိုင်အေလက်ချက်လို့ဘာလို့အတိအကျပြောနိုင်တာလဲ။သက်သေရှိလို့လား။

Unknown said...

saw kt oo မင်းကလဲ ရမ်းတုတ်တာဘဲ၊ တစ်ဖက်စွန်းရောက်သွားပြီ၊ မင်းဘယ်လိုသိလဲ ကေအိုင်အေ ဆိုပြီး၊ မင်းသိထားရမှာက သေစေတတ်တဲ့ လက်နက်ကိုင်တဲ့ သူတွေ အကုန် ဒါမျိုးလုပ်နိုင်တယ် ဆိုတာဘဲ၊ မင်းကိုပြောလိုက်မယ် မှတ်ထား ဘယ်သူဘဲ ထောင်ထောင် စစ်တပ်မှာ တာဝန်ရှိတယ်၊ လက်နက်ကိုင်တာသူတို့ဘဲ၊ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပါမယ်လို့ ပြောပြီး အခွန်တောင်းတာလဲ သူတို့ဘဲ။ အလကားရတိုင်း လျှောက်ရေးမနေနဲ့

minsoeaung said...

ခွေးမသားတွေ
အပြစ်မဲ့ပြည်သူတွေကိုဒုက္ခမပေးပါနဲ့
သတ္တိရှိရင်ဒီလိုမလုပ်ဘူး
မင်းကိုယ်မှာဗုံးသီပြှီးရထားထဲဝင်ပါလား
ခွေးမသား KIA

နွေမင်းလွင် said...

မတွေ့လို မမြင်လို မကြားလို ပါ။

Unknown said...

CJ MYANMAR သတင်းမှားနေတယ်။ရထားဗုံးခွဲခံ၇တဲ့နေ၇ာက
နန်စီးအောင်နဲံ့ ကာဒူကြားမှာ၊ အိပ်စင်တွေကြီးပါတဲ့ အထူးအမြန်ရထားပါ။
၈ တွဲမှောက်သွားတယ်။စားသောက်တွဲအောက်မှာ အပေါက်ကြီး ၃ ပေါက် ပေါက်သွားတယ်။
အနီးဆုံး နဘားမှာ ရထားအားလုံး ရပ်ထားတယ်။ခရီးသည်အားလုံးမှာ ရှမ်းတ၀က်လောက်ပါတယ်။
ရထားမိုင်းခွဲတာတော့ တော်တော်စက်ဆုပ်ရွံရှာဖို့ကောင်းပါတယ်။သတ္တိရှိတယ်ဆိုရင်
လက်နက်ကိုင်ခြင်းတိုက်ကြပေါ့။ပြည်သူလူထု တိုင်းရင်းသားတွေကို နှိပ်စက်တာမကောင်းပါဘူး။
ကချင်ပြည်နယ်မှာ တိုင်းရင်းသားပေါင်းစုံ နေပါတယ်။ကချင်တွေတစ်မျိုးတည်းနေတာ မဟုတ်ပါဘူး။
ပြည်သူလူထု နှိပ်စက်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို အချိန်တန်ရင် ကျဆုံးသွားမှာပါ။

Myutsaw said...

ပြည်တောင်ဘူတာ နဲ့ နဘားဘူတာ က ဝေးကြီးပါ ငါ့လူရာ..
ဖါလဲကြည့် ဖေါပေါ့ကွာ..:D

hunter said...

အားလု့းကိုပြောချင်တာဘယ်သူလုပ်တယ်ဆိုတာမသိခင်အပြစ်မတင်ာကပါနဲ့ နောက်တော့ သိလာမှာပါ မသိပဲပြောနေမဲ့ အစားဒုက်ခရောက်နေတဲ့ လူတွေကိုဘယ်လိုကူညီရမလည်းစဉ်းစားတာပိုအကျိုးရှိမယ်ထင်တယ်

Powered by Blogger.