ဘမ်ကီမွန်း နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု (ရုပ်/သံ)


နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု ..မြန်မာ့ပြောင်းလဲရေးအတွက် ဆုတောင်းပေးနေတဲ့ ဘမ်ကီမွန်း ။
 ရိုက်တာသတင်းဌာန မှ တင်ဆက်ထားတာပါ။
"His ( U Thant) concept of one world at the height of the cold war is exactly what we are now trying to achieve. This world has become so interdependent." BAN KI-MOON


ဘမ်ကီမွန်း နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု (ရုပ်/သံ) ဘမ်ကီမွန်း နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 00:32 Rating: 5

11 comments:

The Nature Myanmar said...

တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသား ဦးသန့် ရဲ့ အုတ်ဂူကို ယခုလက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးဘန်ကီမွန်း လာရောက် ဂါရ၀ပြုတာတွေ့လိုက်ရတော့...
မြန်မာဆိုတာ အာဇာနည်မျိုးတွေ ထွန်းကါးတဲ့နိုင်ငံပါလား ဆိုပြီး ဂုဏ်ယူမိတယ်...
ဖခင်ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ဖခင်ရဲ့ခြေရာနင်းနေပြီ...
အခုခရီးစဉ်မှာ တွေ့ လိုက်ရတဲ့သူကတော့ တိုက်ပုံ၊ ပုဆိုးနဲ့ အသက် ၄၅ နှစ်အရွယ် မြန်မာအမျိုးသား တစ်ယောက်ပါ...
သူလည်း သူ့ အဖေ ခြေရာကိုနင်းနိုင်ပါစေလို့ ဆုတောင်းပါတယ်...
သူကတော့ ကမ္ဘာကျော် ထိပ်သီး Cambridge နှင့် Harvard တက္ကသိုလ်များမှ ကျောင်းဆင်း မြန်မာသမိုင်းပညာရှင် ဒေါက်တာ သန့် မြင့်ဦး (ဦးသန့် ရဲ့သား)ပဲဖြစ်ပါတယ်...
ဒီအချိန် ဒီအခါကနေ မြန်မာ့နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကြီးပွါးရေးတွေ
နောက်ကြောင်း ပြန်မလှည့်နိုင်အောင် မြန်မာနိုင်ငံသားတိုင်း...
ပါဝင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်...

မြေလတ်မောင်မြင့်မိုရ် said...

ဦးသန့်မြင့်ဦးက..ဦးသန့်ရဲ့မြေးပါခင်ဗျ။

ရာရာ said...

ဒါ့ကြောင့် ဦးသန့် ရဲ့ အုတ်ဂူကို ခါတော်မှီ သန့်ရှင်းရေးလုပ်နေတာကိုး....

ဒီမိုအောင် said...

အရေးပေါ်သန့်ရှင်းရေးလုပ်ရလို့ အုတ်ဂူဆေးမှခြောက်ပါ့မလား
ပစ်ထားတာကြာခဲ့ပြီလေ. မဆလ လက်ထက်ကတည်းကပေါ့

Anonymous said...

ကမ္ဘာကတောင် လေးစား အသိအမှတ်ပြုခံရသူတွေ မြန်မာပြည်မှာ အထင်ကရ ရှိတယ်။
တန်ဖိုးသိသူတွေ လာရောက် လေးစားအသိအမှတ်ပြု ကြတယ်။ မသိသူတွေ.. မသိချင်ယောင်ဆောင်သူတွေက ချောင်ထိုးထားတယ်။

Anonymous said...

ကုလအတွင်းရေးမှူး ရာထူးကို ၂ ကြိမ် (၁၀ နှစ်) ဆက်တိုက် တာဝန်ယူခဲ့ ရတာ ဦးသန့် ရဲ့ သမိုင်းအစစ်ပါပဲ . . ဒါ မြန်မာပါလားလို့  သိလိုက်တိုင်း ဂုဏ်ယူခဲ့ရပါတယ် . . အစဉ်လေးစားထိုက်သူများ အဖြစ် ကမ္ဘာမှာ မြန်မာရယ်လို့ ဂုဏ်သတင်းတက်စေခဲ့သူများကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် ၊ ဒေါ်အောင်ဆန်းစုကြည် တို့ ပါပဲ . .

saw said...

ဒီလို တကယ်ထူးချွန်တဲ့ မြန်မာနိင်ငံသားဖြစ်တဲ့ဦးသန့်ကိုလေးစားပါတယ်.ဦးသန့် ဗိုလ်ချူပ်အောင်ဆန်း အမေစု တို့ဟာဆိုရင် မြန်မာ့ဂုဏ်ဆောင်တွေပါ သူတို့ကို အတုယူအားကျပြီး သူတို့လိုထူးချွန်သူတွေဖြစ်အောင် ကြိုးစားရင် မြန်မာနိင်ငံမှာ လူတော်တွေများလာမယ်.ပြီးတော့ ထူးချွန်တဲ့ ဦးသန်.ရဲ့အုတ်ဂူကို သန့်သန့် ရှင်းရှင်းထားသင့်တယ်လို့ထင်ပါတယ်.

Thitsar said...

ဒီခလေး တော်တယ်။ ဘန်ကီမွန်း . . .
ဒီလူတွေ ညံ့တယ်၊ ကိုယ့်လူကိုယ် ဂုဏ်မတင်ဘူး။ မြန်မာလူကြီးများ . . .

aristhteinwin said...

သတင်းရေးချင်လဲ ဗဟုသုတ လေးတွေ လေ့လားထားဦးနော်- သန်းမြင့်ဦး-က သားမဟုတ်ဘူး- မြေးဗျ-မြေး-

Thanlwin said...

ဗမာ့ဂုဏ်ဆောင် ဦးသန့် ဒီနေရာမှာ ထိုက်တန်စွာ ရအောင် ဗမာပြည်သူ၊ကျောင်းသား၊ရဟန်းတွေရဲ့ အသက်သွေးတွေနဲ့ တိုက်ပွဲ ဝင်ခဲ့ ကြလို့ ရခဲ့တာပါ။အာဏာရှင် စစ်အစိုးရတွေရဲ့ မေတ္တာစေတနာတွေနဲ့ ရလာတာမဟုတ်ဘူးဆိုတာ သမိုင်းရှိပါတယ်။စစ်အာဏာရှင်တွေအပေါ် စိတ်ကူးယဉ်လို့မရဘူးဆိုတာ ၁၉၇၄ ဒီဇင်ဘာ ဦးသန့် အရေးအခင်းက သက်သေဘဲ။

aungaung said...

ဘန်ကီးမွန်ကဂါရ၀တရားကိုနားလည်တယ်ဆိုတော့  တို့ ရဲ့ စစ်အစိုးရ
လက်ထက်ကတော့ သွားကြတယ်လို့ ကြားဘူးပေါင်

Powered by Blogger.