မြစ်ဆုံ ကိစ္စ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် အင်တာဗျူး

လက်ရှိ မြစ်ဆုံဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော် သမ္မတက ရပ်နားထားသည် ဆိုသော်လည်း အဆိုပါ စီမံကိန်းတွင် အဓိကလုပ်ကိုင်နေသည့် တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ ၀န်ထမ်းများ ယင်းဒေသတွင် နေထိုင်လျှက်ရှိခြင်းနှင့် ဆက်စပ်ပြီး စီမံကိန်းဝင်ဒေသများ၌ နိုင်ငံခြားသားများအား မည်သည့် မူဝါဒ စည်းမျဉ်းစည်းကမ်းများဖြင့် လက်ခံစီစစ် နေထိုင်ခွင့်ပေးထားသည်ကို သိရှိလိုသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား ဧပြီလ (၆)ရက်နေ့၌ ရန်ကုန်မြို့တွင် Eleven Media Group မှ တွေ့ဆုံမေးမြန်းခဲ့သည့်များကို ပြန်လည် ဖေါ်ပြအပ်ပါသည်။

U-khin-yee1
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (Eleven Media Group)

မေး။    ။ မြန်မာနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ လာရောက်ကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေကို ဘယ်လိုမူဝါဒနဲ့ ဗီဇာချုထားပေးပါသလဲ။ နောက်ပြီး ပြည်ပခရီးသွားတွေကို ဗီဇာဘယ်လိုပေးနေသလဲဆိုတာ သိလိုပါတယ်။

ဖြေ။     ။ ဌာနမှာ ဗီဇာပေးတဲ့ စည်းကမ်းဆိုတာရှိတယ်။ ဥပမာအားဖြင့် လုပ်ငန်းရှင်တစ်ယောက် Business Visa နဲ့ဝင်လာမယ်ဆိုရင် ဒီမှာသူ့ကို အာမခံတဲ့ Focal Ministry ရှိဖို့လိုတယ်။ ဆိုပါစို့ သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့စက်ရုံမှာ လာပြီးလုပ်မယ့်သူ ဆိုလို့ရှိရင် ဒီကပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနကနေ အာမခံပေးမယ်။ အဲဒီလို Sponsor ပေးတဲ့သူကို ၀င်ခွင့်ပေးလိုက် တာပေါ့။ Business Visa သည် ၁၂ ပတ်ပေးတယ်။ ပြီးတော့မှ လုပ်ငန်း မပြတ်ဘူးဆိုလို့ရှိရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထပ်ပြီးတော့ extension တောင်းရတယ်။ တောင်းတဲ့အခါကျရင် သူက extension ပေးမှာ ပဲ။ အဲဒီတော့ သုံးလတို့၊ ခြောက်လ တို့၊ ကိုးလတို့ စသည်ဖြင့် အဲဒီလို ပေးသွားတယ်။ ဒါက နိုင်ငံခြားသား လုပ်ငန်းရှင်တွေ။ ခရီးသွားတွေက တော့ Tourist Visa ပေါ့။ Tourist Visa ကတော့ ဟိုတယ်/ခရီးကတာ ၀န်ယူတယ်။ ဟိုတယ်/ခရီးကို လျှောက်ရတယ်။ သူက package tour လာမလား၊ တစ်ဦးချင်းလာမ လား။ အဲဒီလူတွေကို ဒီအထဲကို ၀င် တဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သူ့ မှာ black list ရှိမလား၊ မရှိဘူးလား ကြည့်လိုက်တယ်။ မရှိရင် ၀င်ခွင့်ပေး လိုက်တယ်။ သူကတော့ လေးပတ်။ သူကတော့ extension မပေးတော့ဘူး။ ပြန်လာချင်ရင် ပြန်ပြီးတော့ ထွက်၊ ထွက်ပြီးတော့ ပြန်လာပေါ့။ အဲဒီစည်းမျဉ်းစည်းကမ်းနဲ့ လက်ခံတာပေါ့။ ဒီဘက်မှာနေတဲ့ စည်းမျဉ်းကတော့ တည်ဆဲဥပဒေအတိုင်းပါပဲ။ နိုင်ငံခြားသားတွေ လိုက်နာရတဲ့ ဥပဒေတွေ လိုက်နာရတာပေါ့။ ဒါက နံပါတ်(၁)။

မေး။    ။ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာ လာရောက်လုပ်ကိုင်ကြမယ့် ပြည်ပပညာရှင်တွေနဲ့ အလုပ်သမားတွေကို ဗီဇာ ချထားပေးတဲ့နေရာမှာ ဘယ်လောက်နေခွင့် ပေးပါသလဲ။

ဖြေ။     ။ ဒါကတော့ ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ ၀င်ချင်တယ်ဆိုရင် ပတ်သက်ရာ ၀န်ကြီး ဌာန၊ ဥပမာ ရေအားလျှပ်စစ်နဲ့ဝင်မယ်။ လျှပ်စစ်ဝန်ကြီးဌာနက approve offer ပေးရတယ်။ ၀င်တဲ့သူ ကို green card ဆိုတာပေးတယ်။ ကာလကရက်ပေါင်း ၉၀။ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ အစိုးရအဖွဲ့ကိုတင်၊ အစိုးရအဖွဲ့ကနေမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အကြောင်းကြားလိုက်။ ၀င်ခွင့်ပေးလိုက်တာပေါ့။ green card ဆိုတာပေးလိုက်တယ်။ အဲဒီမှာ အလုပ်တွေသွားလုပ်တာ ပေါ့။ extension ရှိပါတယ်။

မေး။    ။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်တာ ရှိပါတယ်။ အခု စီမံကိန်းရပ်တန့်ထားတယ် ဆိုပေမယ့် အဲ့ဒီတရုတ်နိုင်ငံသားတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။ သူတို့ကို ဘယ်လိုမူဝါဒနဲ့ နေထိုင်ခွင့် ပြုထားတာပါလဲ။

ဖြေ။     ။ အဲဒါကတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စသိပ်မဟုတ်ဘူးလေ။ ဒါကို လျှပ်စစ်ဝန်ကြီးဌာနက လုပ်တယ်ဆိုတော့ ရှိနေသလား၊ မရှိနေသလား သေသေချာချာ ဂဃနဏ ကျွန်တော်တို့ မသိပါဘူး။ ဒီဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ပြီးတော့ ကျွန်တော်တို့ကို အကြောင်း ကြားတာပဲရှိပါတယ်။

Eleven Media Group 
မြစ်ဆုံ ကိစ္စ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် အင်တာဗျူး မြစ်ဆုံ ကိစ္စ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် အင်တာဗျူး Reviewed by သစ်ထူးလွင် on 20:43 Rating: 5

27 comments:

humanhankoko said...

အော် နိုင်ငံတစ်နိုင်ငံကို ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို လ.၀.က လို ၀န်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ယောက်က မသိဘူးဆိုတာ မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်မြင်ပါတယ်။ တကယ်ဆိုရင် ပြည်ထောင်စုအဆင့်မှာရှိနေတဲ့ ၀န်ကြီးတစ်ယောက်အနေနှင့် အခုလို တာဝန်ယူမှုကင်းတဲ့ စကားမျိုး မဖြစ်သင့်ပါဘူး။ လူဝင်မှုကြီးကြပ်ရေး ဆိုတဲ့စားလုံးမှာကိုက နိုင်ငံတော်တစ်ခုထဲကို ၀င်ရောက် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေရဲ့ စရင်းကို တိကျတဲ့ စာရင်းဇယားတွေ ရှိနေရမှာဖြစ်သလို သိလည်း သိနေရမှာဖြစ်ပါတယ်။ ဒီလို နိုင်ငံခြားသားတွေကို Visa ထုတ်ပေးကတည်းက ပြန်ထွက်သွားသည်အထိ တိကျတဲ့ စာရင်းဇယားများနှင့် ရှိသင့်ပါတယ်။ အနာဂတ်မှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပြနေတာဘဲလို့ ယူဆမိပါရဲ့

ဖိုးသား said...

ဘယ်လိုကြီးလဲဟ နောက်ဆုံးအဖြေကြီးက ......

face said...

မြစ်ဆုံကိစ္စ ဆိုတာ ပြည်တွင်းထဲမှာဖြစ်နေတာလေ..ပြည်တွင်းမှာ ရှိတာကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က (အဲဒါတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စ မဟုတ်ဘူးလေ) လို့ပြောတော့....

mae ei said...

ဦးခင်ရီ စကားတွေကလည်း အခြေအမြစ်မရှိလိုက်တာ. ပေါ့ပျက်၂နဲ့ဘာလို ၀န်ကြီးလုပ်နေတာလည်း။

ကိုဝိုင်း ဒိုင်ယာရီ said...

စီမံကိန်းကြီးတွေကို ကိုင်တွယ်နေတာက ရှစ်လုံးကြီးလို့တော့ ပြောနေကြတယ် ... လဝက ရဲ့ တာဝန်က ဒီအမှုမျိုးတွေကိုမှ မကိုင်ရင် ဘာလုပ်နေဦးမှာလဲ .. လိုအပ်ဦးမလား ...
ရှေ့ကိုဆက်သွားကြမယ်ဆိုရင် အတွင်းစည်းထဲမှာ ကန့်လန့်ခံနေသူတွေကို တွန်းလှန်နိုင်ဦးမှ ဖြစ်မှာပဲ ...

kiddykid said...

အဲတာတွေက သိချင်ရင်သိနေတာပဲ.. မျက်လုံးတွေမှိတ်ထားချင်ရင်လည်းမှိတ်ထားတာပဲ..ကြည့်ရသလောက်..လူ
မျိုးရွေးပုံ ရတယ်။တရုတ်ဆိုတာနဲ့ကိုပဲ..ကဲမေးလိုက်တော့မယ်..အခုအချိန်ထိ ဒီတရုတ်တွေရဲ့ ပစ္စည်းxxxxကိုနမ်းလို့ပဲ မ၀ကြသေးဘူးလား။တာဝန်မဲ့လွန်းအားကြီးလိုက်တာ..၀န်ကြီးဖြစ်ပြီးပြောလိုက်တဲ့ပုံစံက...

အာကာထက် said...

ဟ-- လုပ်ပြန်ပြီမောင်ခင်ရီ---ကိုယ့်တိုင်ြး့ပည်ကိုရောက်လာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင်လက်ခံထားတယ်ဆိုရင် လ၀က မှာ စာရင်းရှိရမယ်လေကွာ---ဘယ်သူရဲ့နေထိုင်ခွင့်ကဒ်ကတောဖြင့် သက်တမ်းလွန်နေပြီ---ဘယ်သူကတော့ကုန်ဘို့နီးနေပြီ ပြန်စစ်လေကွာ မင်းအဲဒီလောက်တောသိပါတယ်--ကြောက်နေလို့မဟုတ်လား အဲဒါဆိုလဲ ၀န်ကြီးမလုပ်ပါနဲ့တော့--ကိုယ်လူမျိုးတွေ ကိုယ်တိုင်းပြည်ထဲမှာနေတာသွားတာတော့စစ်လိုက်တဲ့မှတ်ပုံတင် ဧည့်စာရင်း အဲဒီတယုတ်တွေကိုလဲ မင်းတို့စစ်ပိုင်ခွင့်ရှိတယ် ပြတ်ပြတ်သားသားလုပ်ပါ မင်းတို့အစိုးရကိုပြည်သူထောက်ခံပါလိမ့်မယ်ကွာ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ အလကားလာပြီးနောက်သလိုမလုပ်ပါနဲ့ တာဝန်သိရင် တာဝန်ရှိတယ်ဆိုတာမမေ့နဲ့

chusinmye said...

ဒီဟာကျွန်တော်တို့နဲ့မဆိုင်ဘူးတဲ့ မှတ်သားလောက်တဲ့အဖြေပဲနော်....
အဲလိုတွေရှိလို့ မြန်မာပြည်ကြီးက ခုလိုတွေဖြစ်နေတာပေါ့
မလုပ်နိုင်ရင် လဲလုပ်နိုင်တဲ့သူတွေအတွက်နေရာဘယ်ပေးလိုက်ပါဗျာ..
တကယ်ကိုစိတ်လေစရာကောင်းတယ်ဗျာ....

Han Nyi said...

ဘာလဲဟ..နောက်ဆုံးအဖြေကြီးက လူဝင်မှုကြီးကြပ်ရေးကပြည်ထောင်စုဝန်ကြီးတဲ့ ဖြေတဲ့အဖြေက တာဝန်မကျေဘူး.....လစာစားပြီးဘာလုပ်နေလဲ တစ်ခြားနိုင်ငံသားဘာကြောင့်နေနေတာလဲကိုမစီစစ်နိုင်ပဲနဲ့များဗျာ...ပြည်ထောင်စုဝန်ကြီးလုပ်နေသေးတယ်.....သေလိုက်....

Ebonie said...

လာမဲ့ နိုင်ငံတကား ဘောလီဘောပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ လက်ရွေးစင်များကိုယ်စား ဌာန ဆိုင်ရာ ၀န်ကြီးများသွားရောက် ၀င်ပြိုင်ပါက ရွှေတံဆိပ်ရရှိနိုင်ပါမည်၊တော်လိုက်တဲ့ အပင့်၊အရိုက်တွေ သတိထား ပြည်သူများ ပင့်ပြီးရိုက်တာ ၀န်ကြီးများ ကောင်းစားသူမှာနိုင်ငံခြားသားများ

ကျော်ထိုက် said...

ပထမ ဟုတ်သလိုလိုနဲ့ စာအုပ်ကြီးထဲကအတိုင်းပြောသွားတယ်..ကလေးတောင် သိတယ်....နောက်ဆုံး ကျ မှ ဘာမှမသိဘူး ဆိုတာ
သိသွားတော့တယ်..ခင်ရီ ...ခင်ဗျား ဒီရာထူးနဲ့ တန်တဲ့ သူ တယောက်မဟုတ်ဘူး......လောကမှာ အကြောက်ဆုံး အရာ က လူလိမ် တွေပဲ တဲ့ လိမ် တတ်ရင် မကောင်းတဲ့ အရာရာ ကို မလုပ်ရဲဘူး ဆိုတာ မရှိတော့ဘူး.....ခင်ဗျား လည်း လူလိမ်ပဲ..

Anonymous said...

ကိုယ့်နိုင်ငံအတွင်း ၀င်ရောက်နေတဲ့ လူတွေကို ရှိနေသေးလား မရှိတော့ဘူးလားတောင် မသိရအောင် လူဝင်မှု ကြီးကြပ်ကကောင်တွေ ဘာလုပ်နေလဲ အိမ်တံခါး အ၀င်အထွက် ကို သေချာစိစစ်မှု့ မရှိရင် အဲဒီ့ အိမ်ရဲ့ လုံခြုံရေးက စိတ်ချရပါ့မလား ကိုတင်ရီ ရယ် . . လူဝင်တာကို မကြီးကြပ်ပဲ ဘာဝင်တာကို ကြီးကြပ်နေလဲ သိချင်လိုက်တာ . . နိုင်ငံတော် ထမင်းစားပြီး တာဝန်မကျေတဲ့ လူတွေ . . စကားကို မျက်နှာလွဲ ခဲပြစ် မပြောသင့်ပါဘူး . . ဖအေတူ မအေကွဲ တွေမို့ တယုတ်ကို တံခါးမရှိ ဓါးမရှိ ၀င်ခွင့်ပေးထားတာလား . . .

kk said...

မရေးပဲမနေနိုင်တော့ဘူးဗျာ..လ၀က ဆိုတာတစ်တိုင်းပြည်လုံးနဲ့
မသက်ဆိုင်ဘူးလား..ခင်ရီရဲချုပ်လုပ်ခဲ့ပြီး ပြောရဲဆိုရဲတဲ့
သတ္တိမရှိဘူးလား. ပြည်ထောင်စုဝန်ကြီးတဲ့လား အလကား ပြည်သူ့ ပိုက်ဆံ ညှာယူနေတာ မသိဘဲတော့မနေဘူး. ဒီအတိုင်းဆို အစိုးရဆီမှာ
အကြံတစ်ခုခုတော့ရှိရမယ်.ပြည်သူမသိအောင် နောက်ကွယ်က
ဘာတွေလုပ်နေကြလဲမသိဘူး.လွှတ်တော်မှာ ဒီကိစ္စရဲရဲတင်းတင်းမေးကြပါ....
လွှတ်တော်အမတ်များခင်ဗျား..လွှတ်တော်အမတ်များလဲ
ပြည်သူအသံတွေကို နားထောင်ပြီးတာဝန်ကျေကျေ လုပ်နိုင်ပါစေ.ပြည်သူပြည်သားတွေကတော့ မြစ်ဆုံနဲ့ပတ်သက်
ပြီး ငြိမ်နေကြမှာမဟုတ်ပါ..

Bravo said...

ညံ့ကုန်ကြပြီဆရာတို့ရေ......
ဘာမှမသိတဲ့သူမှ ဝန်ကြီးဖြစ်မှာလေ။ တတ်သိနေရင်ဘယ်မှာ ဝန်ကြီးဖြစ်ပါ့မလဲ။ ခင်ရီပြောတာ သူ့ရာထူးနဲ့ သူ့စကားကိုက်ညီပါတယ်။
Bravo ပါဦးခင်ရီရေ...

နိုင်နိုင်စနေ။ said...

ဖြေ။ ။ အဲဒါကတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စသိပ်မဟုတ်ဘူးလေ။ ဒါကို လျှပ်စစ်ဝန်ကြီးဌာနက လုပ်တယ်ဆိုတော့ ရှိနေသလား၊ မရှိနေသလား သေသေချာချာ ဂဃနဏ ကျွန်တော်တို့ မသိပါဘူး။ ဒီဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ပြီးတော့ ကျွန်တော်တို့ကို အကြောင်း ကြားတာပဲရှိပါတယ်။

ဲဟဲ့...ကိုခင်ရီအဲလိုမလုပ်ပါနဲ့...
ကိုခင်ရီက၀န်ကြီးတယောက်ပါပြည်ထောင်စုဝန်ကြီးပါ
ကိုမြေပေါ်မှာလာနေတဲ့နိုင်ငံခြားသားတယောက်ကိုတော့ကိုခင်ရီတို့သိရမှာပေါ့
ကိုခင်ရီမသိတာထားကိုခင်ရီအောက်ကကိုခင်ရီဝန်ထမ်းတွေသိရှိနေပြီး
အထက်ကိုတင်ပြရင်တော့သိမှာပေါ့
ဘာလို့အဲလိုဖြေကြားရတာလည်း
ဝိနည်းလွတ်ဖြေလိုက်တာလား
ရဲရဲနဲ့ပွင့်ပွင့်လင်းလင်းပြောစမ်းပါ
လုပ်ရင်လုပ်တယ်၊မလုပ်ရင်မလုပ်ဘူး
ဆိုပီးဝန်ခံစမ်းပါ
ြ့ပည်သူတွေကိုညာဖို့မကျိုးစားပါနဲ့..
လုပ်စမ်းပါ။

Ko Cupid said...

မြန်မာနိုင်ငံသားတွေ တခြားရပ်ကွက်ပြောင်းအိပ်ရင်တော့
ဧည့်စာရင်းတိုင် ဘာညာနဲ့ မတိုင်ရင် ဖမ်းတယ်
နိုင်ငံခြားကကောင်တွေ လာတာကြတော့.... ဟင်းးးး
လ၀က ၀န်ကြီးက နိုင်ငံခြားက ၀င်လာတဲ့သူစာရင်းမသိဘူး...
ဟုတ်ကဲ့ခင်ဗျာ ဒါဆို ခင်ဗျားက ဘာစာရင်းများသိပါလည်းဗျ....

Free Thinker said...

သူလည်း မသေချာတာမပြောရဲတော့ဘူးလေ
X2O case တုံးက concrete documents တွေ ရထားတယ်ဆိုပြီး အခုအချိန်ထိ တရားခံ မမိသေးဘူးလေ
ဦးခင်ညွန့်ကတော့တစ်ခုစဖော်နေပြီ။

Numega said...

မောင်ခင်ရီက ၀န်ကြီးကပြုတ်ရင် လူရွှင်တော်လုပ်စားမှာနော်။

အမွှေစိန် said...

ရဲဘော်တို့...
င့ါလိုဝန်ကြီးဖြစ်ချင်ရင် ခေါင်းညိမ့်တတ်ရမယ်။ဝန်ကြီးဖြစ်ရင် မိသားစုနဲ့တစ်ခွ ပတ်သတ်ရာပတ်သတ်ကြောင်းတွေကြီးပွားချမ်းသာမယ်..။ဒါပေမယ့်တစ်ခုတော့လုပ်တတ်ရမယ်..ခေါင်းညိမ့်တဲ့အချိန်မှာ လက်ကဖြန့်ထားရမယ်..ဒါမှအထက်က မုန့်ဖိုးပဲဖိုးပြန်လာမယ်လေ..။ငါပြောတာကိုနားလည်ရဲ့လား ရဲဘော်တို့

စိုးမင်းဦး said...

ဘာမှ မသိပဲ နဲ့ ဝန်ကြီး လုပ် နေတာ ရှက်ဖို့ ကောင်းပါတယ် ဦးခင်ရီ ခင်ဗျာ.. ဦးမင်း မလုပ်နိုင် မလုပ်တတ် မလုပ်ရဲရင် လဲ အခြား လုပ်တတ် ကိုင်တတ် လုပ်ဝံ့သူ ကို နေရာ ဖယ်ပေးသင့်ပါတယ်... အဲ.. ဦးမင်း မှာ အရှက် ရှိမယ် ဆိုရင်ပေါ့ ဗျာ...။

darkangel said...

အော် ဗမာလူမျိုးအစစ် ရွှေ့ပြောင်းလုပ်သားတွေ ဧည့်စာရင်းရက်လွန်ရင်တော့ ရှောင်တခင်ည ၁ နာရီကြီးဝင်စစ်ပြီး အချုပ်ထဲတစ်ညထည့် အလုပ်ရှင်ကိုငွေသိန်းနဲ့ချီပြီးဒဏ်ရိုက် ခုတော့အပြောကောင်းလိုက်တာ အနော်နဲ့မဆိုင်ဘူးတဲ့

hein gyi said...

အရုးကိုဝန်ကြီး ခန်.မှပြောအုံးမယ်။တော်တော်ကောင်းတဲ.၀န်ကြီးအခုလိုပြောတာကျေးဇူးပါ။အရူးကြီရေ..အဲ..၀န်ကြီး

ဥုံဖွ said...

အပေါ်ကအဖြေတွေက စာအုပ်ထဲမှာပါလို.ကျက်ထားတာ
နောက်ဆုံးအဖြေက မပါတော.ရမ်းတွတ်လိုက်တာ ဟဲဟဲ..... လွဲသွားတယ်

su said...

သူများနိုင်ငံသားတွေ ကိုယ့်နိုင်ငံထဲေ၇ာက်နေတဲ့ ကိစ္စ ကို 'အဲဒါကတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စသိပ်မဟုတ်ဘူးလေ။' ဆိုတော့ နားမလည်အောင် ဖြစ်ရတယ်။ တရုတ်လူမျိုးတွေ ဖြစ်နေလို့ မဆိုင်တာလား လို့ပဲ ဦးခင်ရီ ကို မေးချင်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးဌာန၀န်ကြီး တဲ့။ ဘာတွေ ကြပ်နေလဲ?

nagarman said...

မြေမျို၍လူမျိုးမတုံး လူမျိုမှလူမျိုးပြွုန်းမည် ဆိုလား ဘာဆိုလား
သူတို့ သေသေချာချာဆောင်၇ွှက်နေပါတယ် ၇ုံးတွေမှာအသေအချာေ၇းထားတာပါ.. မနောက်ပါခင်ဗျာ
မယုံ၇င် ကိုခင်၇ီကိုမေးပါ
ဘာမှမသိဘူးဖြေပါလိမ့်မယ်

သံဝေက said...

အော်....၀န်ကြီးတဲ............မှတ်သားလောက်ပါပေတယ်...........ငါတို.နိုင်ငံလည်းဒီလို ၀န်ကြီး၇ှိတော.တိုးတက်ဖို.တော.လမ်းမမြင်ပါဘူးကွာ....

thihathuya said...

ဝန်ကြီးက..နှာစီးနေတာလေ..ပုတ်သင်ဥတွေပေါ်ကုန်မှာစိုးတာကိုးရုပ်ကိုကဘယ်အရာမှပြတ်ပြတ်သားသားလုပ်တဲ့ရုပ်ကိုမပေါက်ဘူး

Powered by Blogger.