မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို

ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။

ဒီ​နေ့​ ​နေပြည်​တော် ပြည်သူ့​လွှတ်​တော်မှာ မြန်မာလွှတ်​တော်အမတ်​တွေကို နိုင်ငံတကာ ဧည့်​သည်တဦး​အဖြစ် ပထမဆုံး​အကြိမ် မိန့်​ခွန်း​ပြောကြား​ရာမှာ ထည့်​သွင်း​ ​ပြောကြား​ခဲ့​တာပါ။

အတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန်ကီမွန်း​က “သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”လို့​ ​ပြောပါတယ်။

ဒါ့​အပြင် မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​မှု​တွေကို ရုပ်သိမ်း​ပေး​ဖို့​လည်း​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ်က ​တောင်း​ဆိုလိုက်ပါတယ်။

“ကုန်သွယ်​ရေး​ အကန့်​အသတ်​တွေနဲ့​ တခြား​ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ပိုမိုပြီး​ ရုပ်သိမ်း​ဖို့​၊​ ဆိုင်း​ငံ့​ထား​ပေး​ဖို့​ ဒါမှမဟုတ် ဖျက်သိမ်း​ပစ်ဖို့​ နိုင်ငံတကာ အသိုင်း​အဝန်း​ကို ကျ​နော် ​တောင်း​ဆိုပါတယ်။ ဒုတိယအချက်အ​နေနဲ့​ မြန်မာမှာ နိုင်ငံတကာရဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေနဲ့​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှု​တွေလည်း​ စဉ်ဆက်မပြတ် တိုး​လာဖို့​ လိုအပ်​နေပါတယ်။”

မစ္စတာဘန်ကီမွန်း​ဟာ ဧပြီ ၂၉ ရက်​နေ့​ကတည်း​က မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး​ ​ရောက်ရှိ​နေတာဖြစ်ပြီး​ ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်အပါအဝင် လွှတ်​တော် အကြီး​အကဲ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၃၀ ​ကျော်အတွင်း​ ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ ပြန်​ကောက်မယ့်​ အစီအစဉ်မှာ ကုလသမဂ္ဂက ​ငွေ​ကြေး​နဲ့​နည်း​ပညာပိုင်း​ဆိုင်ရာ အကူအညီ​ပေး​မယ့်​ သ​ဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်း​နဲ့​ ဒု-သမ္မတ စိုင်း​မောက်ခမ်း​တို့​ ​ရှေ့​မှောက်မှာ သ​ဘောတူ လက်မှတ်​ရေး​ထိုး​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

မစ္စတာဘန်ကီမွန်း​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိပြီး​ ရန်ကုန်မှာ ကျင်း​ပမယ့်​ စီး​ပွား​ရေး​ ဆိုင်ရာ အစည်း​အ​ဝေး​ကိုလည်း​ တက်​ရောက်ဖို့​ ရှိ​နေပါတယ်။

by ပီတာအောင် - ဒီဗွီဘီ
မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို Reviewed by သစ်ထူးလွင် on 18:11 Rating: 5

7 comments:

ko phyo said...

သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”

ko phyo said...

"သိသာထင်ရှား​တဲ့​ အ​ပြောင်း​အလဲ​တွေနဲ့​ မြန်မာဟာ ကမ္ဘာရဲ့​ စိတ်ဝင်စား​မှုကို သိမ်း​ကျုံး​ရယူ​နေပါတယ်။ တိုင်း​ပြည်ရဲ့​ အနာဂတ်မြင့်​မား​စေဖို့​ ရည်မှန်း​ချက်ဆန္ဒ အရမ်း​ကို ပြင်း​ပြ​နေတယ်ဆိုတာ ကျ​နော်တို့​ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်း​အဝန်း​က ​လေး​စား​ရမယ့်​၊​ တာဝန်ယူတတ်တဲ့​ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်​ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး​”

မရဏမင်း said...

ပြည်လုံး​ကျွတ် သန်း​ခေါင်စာရင်း​ကမကောက်တာဆယ်စုနှစ်ကျော်နေပြီ တခြားနိုင်ငံကမေးလာရင် ရမ်းရွှီးနေရတာကြာပေါ့

COBRA said...

ပိတ်ဆို.မှုယာယီရပ်ဆိုင်းတာတို. ၊ ရုတ်သိမ်းတာတို. ကို ၅၀၀၀/ တန် ဆင်းကဒ် စတင်ရောင်းတာ ၊ စစ်အာဏာရှင် တွေနဲ. တေဇ ၊ ဇော်ဇော် ၊ ခင်ရွှေ စသည် လက်ဝါးကြီးအုပ် စီးပွားေ၇း ပပျောက်မှု ၊ ဆင်း၇ဲ သားတွေအေ၇းဆောင်၇ွက်ပေးမှု ၊ တ၇ားစီ၇င်ေ၇း စံချိန်မီ မှု ၊.........စသည်တို. အပေါ်မူတည် ပြီး ပြုလုပ်၇မှာပါ ၊ အဓိက ကတော. .... ဘယ်တော.ရုတ်သိမ်း၇မလဲမသိ၇င် .. အောက်ခြေလူတမ်းစားတွေ ... အဆင်ပြေ၇ဲ.လား ...အ၇င်မေးပါ ၊ အခုတော. စောလွန်းပါတယ် ၊

Anonymous said...

အတွင်းရေးမှုးချုပ်ခင်ဗျား .... အခြေနေမှန်သိအောင် .. မြန်မာပြည်သူတွေကြား-- ကွင်းဆင်းမေးမြန်းသင်.ပါတယ် ၊ လွှတ်တော်ထဲ ..... သွားပြီး Air-Con; လေ သွားခံနေလို. တိုင်းပြည်အခြေအနေ ဘယ်လိုလုပ်သိမှာလဲ ၊ မသိဘဲ ဖါးရားပြီး ပြောဖို.တော.မသင်.ပါ ။ ... ပြည်သူတွေ ပိုကောင်းလာရဲ.လား ၊ ပိုဆိုးရွား သွားလား ........သိအောင်တော. လုပ်သွားသင်.ပါတယ် ။

a said...

ပြည်သူတွေနေရာတကာမှာမတရားလုပ်ခံနေရတာ၊ဘယ်ကိုတိုင်တိုင်အရေးမယူပဲတိုင်တဲ့သူကိုအရေးယူတာတွေကိုဌာနေကိုယ်စားလှယ်တွေပြောပြသင့်ပါတယ်၊ရုပ်သေးအစိုးရပြောသလောက်ပြသလောက်သာတွေ့ပြီးစကားကိုအကုန်ပြောတာပြောတဲ့သူအတွက်လည်းတန်ဖိုးကျပါတယ်၊အာဏာပိုင်အဖွဲ့ရဲ့အောက်ဆုံးအဆင့်ကသူတွေတောင်ပြည်သူကိုလုပ်ချင်သလိုလုပ်နေတာပါ၊အလွယ်တကူကုန်ကျစရိတ်မရှိပဲပြောင်းလို့ရတဲ့ဒီလိုအကြောင်းအရာမျိုးတောင်တစ်နှစ်ကျော်လာတဲ့အထိမပြောင်းနိုင်သေးတဲ့အစိုးရပါ။ပြောင်းလဲနေပါတယ်လို့ပြောရင်တောင်ဒါဟာပြည်သူကိုဗဟိုပြုပြောင်းနေတာမဟုတ်ပါဘူး၊လုပ်ချင်တာလုပ်ခဲ့တဲ့သူတစ်စုအတွက်လုံခြုံဖို့၉၀%ပြည်သူအတွက်၁၀%အနေအထားနဲ့ပြောင်းနေတာပါ၊သံတမန်စကားပြောတာဆိုရင်တော့ပြည်သူအတွက်တန်ဖိုးမရှိပါဘူး၊ပိတ်ဆို့မှုတွေကိုဖျက်သိမ်းပစ်ဖို့တောင်းဆိုရအောင်ပြည်သူအတွက်စစ်အစိုးရအဆက်ဆက်ဘာမှမလုပ်ပေးဖူးပါဘူး၊လက်ရှိအစိုးရလဲဒီလူတွေပါပဲသူတို့အတွက်သူတို့ဆက်လုပ်သွားမှာပါ၊ဥပမာ ဖုန်း ၅၀၀၀ကျပ်နဲ့လုပ်ပေးမဲ့သူရှိတာတောင်၂သိန်း၊၂သိန်းခွဲနဲ့ရအောင်ေ၇ာင်းသွားတဲ့အစိုးရမျိုးပါ။

မျိုးချစ်လူငယ် said...

သမ္မတ ဦးသိန်းစိန်ကြီး အကယ်ဒမီရှော့တွေ လုပ်နေပြီထင်တယ်။
ဘန်ကီမွန်း ကိုငိုပြနေပြီ။ တဖက်ကလည်း သူ့ရဲ့ဆရာဦးသန်းရွှေကို ငဲ့နေရပြန်တော့ မြန်မာနိုင်ငံကြီး တကယ်မှ တိုးတက်ပါ့မလားလို့ စိုးရိမ်မိတယ်။
တသက်လုံးလိမ်လာတဲ့ အစိုးရ၊ အခုမှ ရုတ်ချည်းပြောင်းလဲ သွားတယ်ဆိုတာ သူတို့မှာ နောက်ထပ်လိမ်လည်ဖို့ အစီအစဉ်ရှိနေပြန်လို့ပါ။
ဘယ်လိုပဲ နိုင်ငံတကာကို လိမ်လည်နိုင်ပါအုံး၊ သူ့ဆရာ မျက်နှာနဲ့(သူ့ကို မသမာစွာ လိမ်လည်ပြီး မဲအနိုင်ပေးခဲ့တဲ့) သူ့ဆရာ၊သူ့ဘောဘောကိုတော့ တပ်ထဲကလူတွေပီသစွာ ဆက်လက်သစ္စာရှိနေအုံးမှာပါ။

Powered by Blogger.