လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက တစ်နာရီဝန်းကျင်တွင် ကြားဖြတ်ကြေညာသွားသည်။ မေ ၂ ရက်တွင် အစည်းအဝေးများ ကျင်းပ၊ မကျင်းပနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သီးသန့် ဆွေးနွေးပြီးကြေညာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

တတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးများမှာ မူလအစီအစဉ်အရ ယနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ သို့သော် ယနေ့နံနက်တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နှင့် အနိုင်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များမှ မေ ၂ ရက်တွင် လွှတ်တော်စတင်မည်ဟု ကြေညာခဲ့သည်။
ယင်းနောက် ယနေ့နေ့လည် ကျင်းပမည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းဝေးကို မကျင်းပတော့ဘဲ မေလ ၂ ရက်တွင်မှ ကျင်းပရန် ရွှေ့ ဆိုင်းလိုက်ကြောင်း လွှတ်တော်အစည်းအဝေးတွင် တက်ရောက်သတင်းရယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ကျင်းပမည့် အစည်းအဝေးအစီအစဉ်များအတိုင်း မေလ ၂ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု 7Day News - Facebook အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။ 
လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း Reviewed by သစ်ထူးလွင် on 17:23 Rating: 5

4 comments:

pyaponthu said...

မြန်မာခေါင်းဆောင်ကောင်းများတဦးနဲ့တဦးညှိနိုင်းပြီးခေတ်နောက်ကျနေသောမြန်မာပြည်ကိုအမြန်ဆုံးကယ်တင်နိုင်ကြပါစေ

genius said...

ကုန်ဈေးနှုန်းတွေ ၊ ဆေးဝါးကုသ စရိတ် ၊ သယ်ယူပို.ဆောင် စရိတ်တွေ မြန်မြန် လျှော.ချပါတော.ဗျို. ၊ ပြည်သူတွေ ... ငတ်တဲ.သူငတ် ၊ သေတဲ.သူသေဖြစ်ကုန်ပါပြီ ။

genius said...

ကုန်ဈေးနှုန်းတွေ ၊ ဆေးဝါးကုသ စရိတ် ၊ သယ်ယူပို.ဆောင် စရိတ်တွေ မြန်မြန် လျှော.ချပါတော.ဗျို. ၊ ပြည်သူတွေ ... ငတ်တဲ.သူငတ် ၊ သေတဲ.သူသေဖြစ်ကုန်ပါပြီ။

အမေစုကို ချစ်တဲ့သား said...

ပြည်သူတွေကအခုဆိုရင် တချို့နေရာတွေမှာ
ဆန်ပြုက်သောက်နေရတယ်
အလုပ်ကလည်းမရှိဘူး
ဆန်ဈေးကလည်းကြိး ဆီကလည်းကြိး
အရားအားလုံးဈေးတွေကြိးဇွက်တက်နေတော့ခက်တယ်ဗျို့
တက်ပြီရင်လည်းပြန်မကျတော့ဘူး
လယ်သမားတွေတွက်ကတော့ဒီနှစ်ထမင်းငက်တဲ့နှစ်ဗျို
ပဲဈေးကြိးတော့ဈေးကကျ
စပါးဈေးကလည်းကျ
လယ်ယာထွက်တဲ့ကုန်စည်ကျတော့ဈေးတွေလွတ်ကျနေတယ်
ပြန်ဝယ်ကတဲ့အရာတွေကလွတ်တက်နေတော့လုပ်သမျှသူတို့မစားရတော့ဘူး
အရားအားလုံးဘက်ပြန်သဘောနဲ့ပြန်တွက်ကြည့်စေချင်ပါတယ်
လယ်ယာကထွက်တဲ့စပါးဈေးဒီနှစ်ကျရင်
ဆန်ဈေးလည်းဒီနှစ်ကျကိုကျသင့်ပါတယ်
နိုင်ငံခြားကိုတင်သွင်းတဲ့ ပဲဈေးကျရင်
နိုင်ငံခြားကလည်တဲ့ကုန်စည်ကိုလည်းဈေးနှုန်ချကိုချနိုင်ရယ်မယ်
်မြန်မာနိုင်ငံမှ အထက်လူကြီးမင်းများ မြန်မာနိုင်ငံမှကုန်စိမ်းနှုန်များကို
ဈေးအမြန်ဆုံးချနိုင်ကျပါစေ။

Powered by Blogger.