ကသာမြို့ ယူစင်ရွှေဆိုင်မီးလောင်မှုမှာ ပါဝင်ကူညီသူများ အမှုဖွင့်အရေးယူခံနေရ
ယူစင်ရွှေဆိုင်မီးလောင်စဉ်
“ကသာမြို့ရှိ ယူစင်ရွှေဆိုင်မီးလောင်စဉ် ၀င်ရောက်ကူညီခဲ့သူ မြန်မာပန်းတိမ်ဆရာ(၅)ဦးကို
ရွှေဆိုင်ပိုင်ရှင်မှ ရွှေ၆၇ကျပ်သားနှင့် ငွေသား ၈၈သိန်းပျောက်မှုတို့ဖြင့် အမှုဖွင့်အရေးယူ”
၇.၃.၂၀၁၂ရက်နေ့က ကသာမြို့ မြို့မဈေးကြီးအပါအ၀င် လူနေအိမ်(၁၂)လုံးမီးလောင်
ဆုံးရှုံးခဲ့ရာ ရွှေဆိုင်ဖွင့်လှစ်ထားသော အိမ်ဆိုင်(၃)လုံးလည်း မီးလောင်ကျွမ်းသွား
 ခဲ့ပါသည်။
ထိုသို့မီးလောင်ကျွမ်းခဲ့သော ရွှေဆိုင်(၃)ဆိုင်တို့အနက် မြန်မာအမျိုးသားပိုင် “ကိုသက်ဦး”ရွှေပန်းတိမ်ဆိုင် နှင့်တရုတ်လူမျိုးပိုင်“ယူစင်”ရွှေဆိုင်တို့လည်းပါဝင်ပြီး ထို(၂)ဆိုင်စလုံးသည်လည်း အပေါင်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ 
မီးလောင်ပြီးသည့်နောက်တွင် ကိုသက်ဦးရွှေပန်းတိမ်ဆိုင်သည် ရွှေပေါင်ခဲ့သူများ၏ 
အပေါင်ရွှေများ မီးလောင်ခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် အချိန်မရွေး လာရောက်ရွေးယူနိုင် 
ကြောင်းကို ကြေငြာခဲ့ပါသည်။ 
ယူစင်ရွှေဆိုင်ကမူ အပေါင်ရွှေများ မီးလောင်ပျက်ဆီး ဆုံးရှုံးမှုများရှိခဲ့သည်ဟုဆိုခါ အပေါင်လက်မှတ် ပြသနိုင်သူများအား ကာလပေါက်ဈေးဖြင့် ငွေပြန်အမ်းပေး
ခဲ့ပါသည်။
ငွေပြန်အမ်းပေးခြင်းခံခဲ့ရသူများထဲမှ အချို့သည် ဘိုးဘွားဘီဘင်လက်ထက်မှ ထိန်းသိမ်းခဲ့သောလက်ဝတ်ရတနာများဖြစ်နေခြင်း ၊အလျော့တွက် လက်ခ
ဆုံးရှုံးရခြင်း၊အပြတ်မရောင်းလို၍ ခေတ္တပေါင်နှံထားရာမှ အပြတ်ရောင်းချလိုက်
ရခြင်းတို့ကြောင့် စိတ်လက်မကြည်မလင်ဖြစ်ခဲ့ကြရပါသည်။ 
သို့သော် ရွှေပေါင်လက်မှတ်၌ ရန်သူမျိုး(၅)ပါးနှင့်ပါတ်သက်၍တာဝန်မယူ
ကြောင်းအတိအလင်း ထည့်သွင်းသဘောတူထားရာ ရသမျှတော်သေးရဲ့ဟုသာ 
မှတ်ယူ ရောင်းချခဲ့ကြရပါသည်။
ထိုကဲ့သို့ ယူစင်ရွှေဆိုင်မှ အပေါင်ရွှေများ ပျက်ဆီးဆုံးရှုံးရခြင်း အတွက်
 ငွေများကာလပေါက်ဈေးဖြင့် တွက်ချက်ပြန်အမ်းပေးခြင်းအပေါ် ရွှေပေါင်သူများ၏
အသံနှင့်ယူစင် ရွှေဆိုင်ပိုင်ရှင်၏ ပြောဆိုချက်များကို လျှပ်တပြက်ဂျာနယ် အတွဲ(၃)အမှတ်(၈၄)တွင် ဆောင်းပါးရှင် ဆရာမယဉ်ယဉ်သိန်း(နဘား)မှ
ရေးသားခဲ့ပါသည်။ 
ထိုသတင်းပါရှိပြီး ၆ရက်အကြာ၂၇.၄.၂၀၁၂ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်တွင် ယူစင်ရွှေဆိုင်ပိုင်ရှင်ကိုကျုံဖိန်မှ ကသာမြို့ရဲစခန်းသို့အမှုတစ်မှု လာရောက်ဖွင့်
 လှစ်တိုင်ကြားခဲ့ပါသည်၊အမှုဖွင့်တိုင်ကြားချက်များမှာ ရ.၃.၂၀၁၂ရက်နေ့က ကသာမြို့ရှိ ၄င်း၏ရွှေဆိုင်မီးလောင်ကျွမ်းခဲ့ရာတွင်ရွှေဆိုင်ကောင်တာအံဆွဲတွင်ထည့်ထားသော တစ်ထောင်ကျပ်တန် ငွေစက္ကူ (၈၈)သိန်းနှင့် ၆၇ကျပ်သားအလေးချိန်ရှိရွှေထည်မျာ
(တန်ဘိုးငွေ ၄၁၂သိန်း)ပျောက်ဆုံးခဲ့ပါကြောင်းပျောက်ဆုံးချိန်က လာရောက်ကူညီ
သူရွှေပန်းတိမ်ဆရာ(၅)ဦးရှိကြောင်း ၊ထိုသူတို့မှာကိုရွှေ(၄၇နှစ်)ရပ်ကွက်(၈)၊
ကိုရင်ကို(၃၉နှစ်)၊ကိုမင်းမင်းထွန်း(၄၁နှစ်)ရပ်ကွက်(၆)၊ကိုဇော်ဇော်အောင်(၃၃နှစ်)ရပ်ကွက်(၈)၊ကိုသော်ဇင်ထွန်း(၃၀နှစ်)ရပ်ကွက်(၁)တို့ဖြစ်ကြောင်းထည့်သွင်း 
တိုင်ကြားခဲ့ရာ ကသာရဲစခန်းမှ (ပ)၁၃၀/၁၂ဖြင့် ရေးသွင်းခဲ့ပြီး ဥပဒေပုဒ်မ၃၈၁ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးလျှက်ရှိပါသည်။
အံ့အားသင့်စရာမှာ မီးလောင်ပြီးရက်ပိုင်းအတွင်းက ယခုဖမ်းဆီးထားသော 
(မသင်္ကာစဖွယ် တရားခံဟု စွတ်စွဲထားသည့်) ပန်းတိမ်ဆရာများအား ယူစင်
ရွှေဆိုင်ပိုင်ရှင်မှ ပစ္စည်းများအား မပျောက်မရှအောင် ၀င်ရောက်ကူညီပေးခဲ့
မှုကြောင့်ဟုဆိုခါ ဂုဏ်ပြုဆုငွေ၎သိန်းကျပ်စီ ချီးမြှင့်ခဲ့ပါသေးသည်။ 
ထိုသို့ချီးမြှင့်ခဲ့စဉ်က ၀င်ရောက်ကူညီသယ်ဆောင်ပေးခဲ့သည့် ရွှေဆိုင်
စာရေးမများကိုလည်း သိန်း(၂၀)စီချီးမြှင့်ခဲ့သေးကြောင်း သိရှိရပါသည်။
ဟာဂျူလီ (ကသာ) facebook
4 comments:
Anonymous said...
ရွှေတွေ အပြီးအပြတ်ဝယ်လိုက်တာကို နောက်ကြောင်းအေးအောင် ဥပဒေကို အသုံးချပြီး အကာအကွယ်ယူလိုက်တာလား မသိပါဘူး.. တွေးကြည့်တာပါ..
တို့ခေတ် said...
အော် စီရုတ် စီရုတ် ခက်ပါ့ သူတို့က အဲ့လိုပဲ တွေး ကြတယ်။ အဲ့လို လုပ်တက်ကြတယ်။
ဘူဂျီး said...
This comment has been removed by the author.
sean said...
ပြည်သူ့ရဲ မှ အမှု မှန်စစ်ပေးစေချင်တယ်.. လူလည်ကျတဲ့သူကို လိမ်လည်တိုင်ကြားမှု.. ပစ္စည်းရှင်များအား လိမ်လည်မှု.. မတရားတိုင်ကြားခံမှု အသရေဖျက်မှု တို့ နဲ့ အရေးယူစေချင်တယ်..
ဒီနေ့ လွတ်တော်မှာ တရားသူကြီးများ မတရားလုပ်မှု ကို ကိုင်တွယ်ဘို့ တာစူနေပြီ...
Powered by Blogger.