ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့်

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ရှိသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းမှာ မှန်ကန်ပါသလား ဆိုသော The Voice Weekly ၏ မေးမြန်းချက်အပေါ် ယင်းသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။
ဒါအပြင် စီးပွားရေး ဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ဂျွန်လ ၁ရက်နေ့မှ စတင်၍ ပေးအပ် သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဗီဇာသည် မြန်မာပြည်တွင် နေထိုင်ခွင့် ရက် ၇၀ ရရှိမည် ဖြစ်ပြီး ဒေါ်လာ ၄၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ထုတ်ပေးရန် ခရီးသွားလုပ်ငန်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး အာဆီယံ နိုင်ငံ အားလုံး ကို ဗီဇာ အမျိုးစား အားလုံးအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 The Voice Weekly
နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာန ရုံးတွင် ယနေ့နေ့လည် ၁ နာရီက ပြုလုပ်သော သတင်း မီဒီယာသမားများနှင့် တွေ့ဆုံပွဲ
 
ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် Reviewed by သစ်ထူးလွင် on 15:07 Rating: 5

18 comments:

nandar said...

ကျေးဇူးတင်လိုက်တာ သမတကြီးရယ်။ ဦးအောင်သောင်း ကျန်ပါသေးတယ်။ ပြီးတော့ အမေစုလွတ်တော်တတ်နိုင်အောင်လည်းကူညီပါဦး။ လေးစားလိုက်နာပါမယ်လို့ပြောင်းပေးပါနော်။ ကျမတို့ လိုမျိုးဆက်သစ်လူသ
ငယ်တွေကိုယ်နိုင်ငံကို ပြန်လာပြီ ကိုယ်နိုင်ငံမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ နပါရစေ သမတကြီးရယ်။ အခု အမေစုအသံလေးကြားတာနဲ့တင် ကျမတို့နိုင်စံခြားမှာ အနှိမ်ခံရတာသက်သာလာတယ်။ မြန်မာတွေကို မနှိမ်ရဲတော့ဘူး။ ဘာလို့လဲဆိုရင် မြန်မာတွေကအလုပ်အရမ်ကြိုးစားလို့ပြန်မှာကြောက်နေကြတယ်။ ဒါကြောင့် သမတကြီးနဲ့ အမေစုတို့ ကလက်တွဲ ပြီးတိုင်းပြည်ငြိမ်ချမ်းအောင်လုပ်ပေး ကျမတို့လူငယ်တွေက နိုင်ငံခြားကရလာတဲ့အတွေ့အကြုံ တွေကိုကိုယ်နိုင်ငံမှာ အသုံးချလိုက်ရင် ကျမတို့အိုင်ငံဟာ အာရှမှာ ထိပ်သီးဖြစ်လာမယ်လို့ယံကြည်ပါတယ်။ ထိုံကြောင့် သမတကြီးအမေစု လွတ်တော်တတ်နိုင်အောင်ကူညီပါနော်။

tin said...

တကယ်သာဆိုရင် တော်တော်လေးကျေနပ်မိမှာ ကျန်တဲ့ဝန်ကြီးတွေတော့ မပြောတတ်ဘူး ဦးကျော်ဆန်း နဲ့ ဦးဇော်မင်းကိုတော့ သေအောင်မုန်းတာ

datha said...

2015ရောက်ရင် ဖွတ်တွေ အားလုံးပြုတ်မှာပါ

2015 ကြေငြာစာတမ်း

သတိ
လွတ်တော်ထဲ ဖွတ်မ၀င်ရ

ပုံ
မြန်မာနိုင်ငံသားများ

winwin@gmail.com said...

ပါစေချင်တဲ့သူများကျန်ပါသေးသည်။ ပြည်သူတော့၆ ကျပ် သားသမီး ဗီအိုင်ပီ နဲ့ ယူနီဖောင်းနှင့် တံဆိပ်များ ရောင်းစား ကျသင့်ငွေပိုတင် အသေးစိတ် အထောက်အထားနှင့်ဖော်ပြပါမည်

fighter said...

ကောင်းတယ်။ ကိုကတိုင်းပြည်အတွက်အလုပ်လုပ်နေလားကိုယ်ဟာကိုယ်သိဖို့လိုတယ်။ကိုယ်အတွက်ကိုယ်လုပ်ဖို့အပြင်မှာနေရာရှာကြပေါ့

NayMin said...

ဝမ်းသာလိုက်တာ။ ဖြစ်သင့်တာကြာပေါ့။ စဉ်းစားကြည့်လေ ခွင်ဖန်တီးပြီး ကြီးပွားချမ်းသာလာတဲ့ လူတွေနဲ့ တိုင်းပြည်အတွက် မစဉ်းစာတဲ့ စစ်တပ်နာမည်ဖျက် ၀ိသမဗိုလ် တွေ လေ

Mkk Z said...

ကြားရတာအရမ်းစိတ်ချမ်းသာလိုက်တာ။။။။

minsoeaung said...

ဒီလိုပြတ်သားတဲ့ခေါင်းဆောင်မှကြိုက်တာကွ။
ဒါမှ ဒို့သမ္မတကြီး
မိုက်တယ်ကွာ။မကောင်းသူတွေအားလူံးဖယ်ပေးပါဗျို့။
မကောင်းတာကိုကုသတာ ငရဲမကြီးပါဘူး။
ကုသိုလ်ရပါတယ်။

The Nature Myanmar said...

ဒီမိုကရေစီ အစိုးရသစ်ရဲ့ ပထမ ၅ နှစ် သက်တမ်းကတော့ ဂရင်းနစ် စံချိန်ချိုးတော့မယ်ထင်တယ်...
ဒါပေမယ့် အခုသွားနေတဲ့ အရှိန်ကိုတော့ ထိန်းသွားစေချင်တယ်...
အကြံပေးပညာရှင်များလည်း သတိမူမိလိမ့်မယ် ထင်ပါတယ်...
ဒီဖွံ့ ဖြိုးတိုးတက်မှုတွေကို ရေရှည်ခံနိုင်ဖို့
မြန်မာနိုင်ငံ နယ်နိမိတ်ဆုံးအထိ ဖြန့်ကျက်နိုင်ဖို့ ...
တိုင်းရင်းသားတိုင်း ခံစားနိုင်ခွင့်ရဖို့ ငြိမ်းချမ်းရေးကို စောင်းပေးစေချင်ပါသေးတယ်...
ကျနော် ကျောင်းသား သုည ဆိုတဲ့ရွာမှာ အလုပ်လုပ်ဖူးတယ်...
၂၀၀၆ နှစ်ကုန်ပိုင်းမှာတော့ ကိုယ်ထူကိုယ်ထကျောင်း ဖွင့်နိုင်ခဲ့ပါပြီ...
တော်တော်များများ ကျနော်တို့ တိုင်းရင်းသားတွေက မှတ်ပုံတင်တောင် မရှိကြဘူး...
တချို့နေရာတွေမှာ...တိုင်းရင်းသားတွေသာ မှတ်ပုံတင်ထုတ်မပေးတာ...မျက်နှာစိမ်း စိနတွေကျတော့ အခုလိုချင်သလား မေးတယ်...
ရေးထားတဲ့ဆောင်ပုဒ် ကတော့-
မြေမြို၍ လူမျိုးမပျောက်...
လူမြိုမှ လူမျိုးပျောက်မည် တဲ့...

ကျနော်ရင်ထဲမှာ တော်တော်ကို ခံစားခဲ့ရတယ်...
သူတို့ပြောတဲ့ ပြည်မ အစိုးရက မသိလေရော့သလား...
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့...ထာဝရငြိမ်းချမ်းရေးတို့ ...
ဒီအတိုင်းကုန်းအော်နေလို့ ကတော့ ရမှာမဟုတ်ဘူး...
မြန်မာပြည်ထဲ လာချင်တာတောင် နိုင်ငံသားဖြစ်ခွင့် မှတ်ပုံတင်မရှိလို့ ကျနော် အလည်ခေါ်ချင်ခဲ့တဲ့ ကလေးတွေ ဒီအတိုင်းထားခဲ့ရတယ်...
ဒါကြောင့် မြန်မာလို့ ကိုယ့်ကိုကိုယ် ယူဆထားသူများ နယ်စပ်က တိုင်းရင်းသားကလေးတွေဆီ အရောက်သွားကြပါ...
အချိန်မရှိဘူး...အလုပ်ကများတယ်လို့ မပြောကြပါနဲ့...
အခုရှုပ်နေတဲ့ အလုပ်တွေထက်...ပြည်သူတွေဆီ အရောက်သွားဖို့က ပိုလို့တောင် အရေးကြီးတယ်...
တစ်ဖက်နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်က ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အိမ်ဦးခန်းမှာ နေရာယူထားဆဲပဲ...
လူကြီးများ သွားသင့်သလား...မသွားသင့်ဘူးလား ဆုံးဖြတ်ကြပေါ့...

Anonymous said...

သေချာရင်တောဝမ်းသာစရာဘဲ..ဒါပေမဲ..အောင်သောင်းတယောက်ကျန်ခဲ့ရင်
တော့သိတ်ဝမ်းနည်းတယ်ဗျာ.

ဇာမဏီ said...

ဒီလူတွေလား ။ လုပ်သင့်တာကြာပီလေ ၊ မြန်မြန်အတည်ပြုပေးပါဗျာ။အကုသိုလ်စိတ်တွေများလွန်းလို့ပါ ။ ကြံ့ဖွတ်က ဦးအောင်သောင်းတို့ ၊ ဦးဌေးဦး တို့ကော အပြောင်းအလဲမလုပ်ကြသေးဘူးလား ။မြန်မြန်လုပ်ကြပါလားဗျာ ။ ဟိုနေ့ကလွှတ်တော်ထဲမှာ
ဒီဗွီဘီ က ဦးဌေးဦးကို အန်အယ်ဒီ အဆိုပြုချက်မေးခွန်းလေး
မေးတာ၊ မေးမလို့ဘဲရှိသေးတယ်။မေးခွန်းတောင်မဆုံးသေးဘုး ဗိုလ်အောင်ဒင်ရီသံနဲ့ ( ဟင်း ဟင်း ဟင်း အရင်ကတော့ သမ္မတကြီးကပါစေချင်လို့သူပြင်လို့ရတာပြင်ပေးလိုက်တာနေမှာပေါ့ ။ အခုဟာက တော့ သမ္မတလဲပြင်ပေးလို့မရဘူးလေ ဘာတတ်နိုင်မှာလဲ ဟင်း ဟင်း ဟင်း ) ဆိုပီး ကြွက်ကတိုးရုပ်နဲ့
ဖြေသွားတယ်ဗျ ။

KO NAING said...

ဒီသတင်းမှန်တယ်ဆိုရင်တော့သတင်းကောင်းလေးပါ။ ဒါပေမဲ့ ကျမ်းကြိမ်စာသားကိစကြောင့်လေးစားယုံကြည်ရန်မဝံ့ရဲသေးပါ။

laa said...

2015 ကြေငြာစာတမ်း

သတိ
လွတ်တော်ထဲ ဖွတ်မ၀င်ရ

ပုံ
မြန်မာနိုင်ငံသားများ

I agree with datha ,

ဒီမိုအောင် said...

"ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း "စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောတယ်ဆိုပါလား
အဲ့ဒီ သတင်းကအမေစုလွှတ်တော်ထဲဝင်ခါနီးမှာ ကြိုပြောတဲ့စကားများလား
အမေစုကိုဝန်ကြီးတစ်နေရာပေးလိုက်မှာစိုးရိမ်ရတယ်နော်
ဥပဒေအရ၀န်ကြီးဖြစ်သွားရင် ပါတီကထွက်ရမယ်လေ
အဲ့ဒီတော့ ပါတီနိုင်ငံရေးလုပ်လို့မရဘဲလွှတ်တော်ထဲမှာအခြားအမတ်တွေမေးသမျှထိုင်ဖြေရုံပဲလုပ်ရတော့မှာ
ဦးစိုးသိန်းပြောပုံအရဆိုရင် ကြံ့ဖွံ့အစိုးရဘာတွေကျားကွက်ရွှေ့အုန်းမလဲမသိဘူးနော်

Unknown said...

ဒီတစ်ခါပြုတ်မဲ့အထဲမှာ ဟိုတယ်ခရီးဝန်ကြီး ဦးတင့်ဆန်းပါ ပါစေလို့ ဆုတောင်းနေပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းဟာ ဒီဝန်ကြီးလက်ထက်ကျမှ ဘုံးဘုံးလဲခဲ့ရပါပြီ။ ခရီးသွားလုပ်ငန်းအကြောင်းကိုလဲ နားမလည်၊ စေတနာလဲ မရှိဘဲ သူ့အကျိုးစီးပွားအတွက်သာ ပြူးပြဲရှာဖွေနေတဲ့အတွက် နိုင်ငံနဲ့ လူမျိုး အားလုံး အရမ်းနစ်နာခဲ့ရပါပြီ။ မြန်မာ့ခရီးသွားလုပ်ငန်းဟာ ဘုန်းကြီးအရေးခင်းကြောင့်လဲ မကျရှုံး၊ နာဂစ်ကြောင့်လဲ မကျရှုံးခဲ့ဘဲ၊ ဦးတင့်ဆန်းလက်ထက်ကျမှ Myanmar Tourism က လုံးဝကျရှုံးသွားပါပြီ။
****ဒီဝန်ကြီးကို မြန်မြန်ဖြုတ်ပေးပါ…****

Unknown said...

အမတ်လောင်းဘ၀မှာ ပြည်သူ့မဲကိခိုး ၀န်ကြီးဖြစ်လာတော့ ပြည်သူ့ဘဏ္ဍာခိုး တသက်စာလည်းရ အားလုံးနားကြ လောကငရဲ ဇောက်ထိုးကျ....

Unknown said...

တောင်သာမြို့နယ် ပုပါးတောင်မြောက်ဘက် ကျောက်ကာရွာသား စက်မှု၁၀န်ကြီးဟောင်း ကုန်အောင်တောင်း လို့လူသိများသူကို ပြည်သူတွေက မေတ္တာပို့သကြပါပြီ ပြည်သူ့အသံဟာ လွှတ်တော့်အသံ လို့ဆိုင်းပုဒ်တင်ထားတယ်လေ...

solonlay said...

ကျွန်တော်လဲ ကျော်ဆန်းကို ကြည့် လို့ မရတာ 2007 ရွေဝါရောင်တုန်းက ကုလသမဂ္ဂ ကိုယ်စားလှယ်ကို မြန်မာတွေက သွေးဆူတဲ့ လူမျိုးပါဆိုပြီး ကိုယ်လူမျိုးကိုယ် သိက္ခာချတာ တော်တော်မုန်းဖို့ ကောင်းတဲ့ အကောင်

Powered by Blogger.