ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ

လျှပ်စစ်မီတာ (ဓါတ်ပုံ-Google Images)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာသေးမီ ရက်ပိုင်းတွင်  တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ ယင်းသို့ တာဝန်မှ ရပ်စဲခံရသည့် ၇၅ ဦးတွင် ၄၄ ဦးမှာ အမြဲတန်းဝန်ထမ်း ဖြစ်ပြီး ၃၁ ဦးမှာ နေ့စားဝန်ထမ်းများဖြစ်ကာ ယင်းတို့ကို မီတာကောက်ခံရာတွင် ငွေပိုကောက်ခံခြင်း များပြုလုပ်သည် ဟုဆိုကာ ယခုကဲ့သို့ တာဝန်မှ ရပ်စဲ ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးထံမှ သိရသည်။

‘‘အခုလို ရုတ်တရက် တာဝန်ကရပ်စဲခံလိုက်ရတော့ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်သွားတာပေါ့၊ ကျွန်မတို့ရုံးမှာ လုပ်တဲ့ မီတာဖတ်ဝန်ထမ်းကောင်လေးက သူမိဘကိုလုပ်ကျွေးနေတာ၊သူကို မှီခိုအား ထား နေရတဲ့ မိသားစု အရမ်း ဒုက္ခ ရောက် သွားတယ် နောက်အလုပ်ရှာရဖို့ကလည်း ခက်သွားပြီလေ၊ ဒီလို အစိုးရရုံးက ဒီလိုကိစ္စနဲ့ထုတ်ပယ်လိုက်တယ်ဆိုတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘယ်လို အလုပ်ခန့် ပါတော့မလဲ အမှန်တော့ ဒီကောင်လေးက ဒီလို ငွေပိုကောက်ခံ တာတို့ မတရား လုပ်တာတို့မရှိဘူး ၊ မှန်မှန်ကန်ကန်ပဲ အလုပ်လုပ်နေတာ ကျွန်မတို့ အလုံမီတာရုံးက တစ်ရုံးလုံးသိတယ် ၊ အခု ကိစ္စက ဒီ ၇၀ကျော်မှာ ကောင်း တဲ့သူရော မကောင်းတဲ့သူတွေပါ အကုန်ရောပါသွားတဲ့ သဘောပဲ တစ်ဦးချင်း စုံစမ်း စစ် ဆေးပြီးမှ ဌာနဆိုင်ရာအနေနဲ့ အရေးယူသင့်တာပါ ’’ ဟု ယခုလက်ရှိ တာဝန်ထမ်း ဆောင်နေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

ယခုအခါ ယင်းကဲ့သို့တာဝန်မှ ရပ်စဲခံလိုက်ရသည့် ကိစ္စကို ရပ်စဲခံရသူ ကာယကံရှင်တစ်ခိျု့က  ကျေနပ်မှုမရှိကြောင်း သိရသည်။

‘‘ကျွန်တော်တို့လို အပြစ်မရှိတဲ့ မီတာဖတ်ဝန်ထမ်းတွေ ဘာသွားလုပ်ကိုင် စားသောက်ကြတော့မလဲ၊ စနစ်တကျ စုံစမ်းစစ်ဆေးပြီးမှ ဘယ်သူကတော့ဖြင့် မီတာဖတ်တဲ့နေရာမှာ ငွေပိုကောက်ခံတယ် ၊မသမာမှု တွေရှိတယ်၊ ဘယ်ဝန်ထမ်း ကတော့ ဖြင့် ရိုးရိုး သားသားနဲ့ အလုပ်လုပ်နေတာ ဆိုတာကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ စုံစမ်းစစ်ဆေးသင့်တယ်၊ အခုလိုမျိုး  အုတ်ရောရော ကျောက်ရော ရော အထုတ် ခံရတာတော့ အခိျု့ဝန်ထမ်းတွေ အရမ်းနစ်နာ သွားရတယ် ၊ ဘာလုပ်ကိုင်စားလို့စားရမှန်း မသိတော့ဘူး အခုဆိုအရမ်း ဒုက္ခရောက်နေတယ်၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အနေနဲ့ ဒီကိစ္စကို စနစ်တကျ  ပြန်လည် စီစစ်စေချင်တယ်’’ ဟု တာဝန်မှ ရပ်စဲခံရသည့် သင်္ဃာန်းကျွန်မြို့နယ် နေသူ တစ်ဦးကပြောသည်။
Yangon Media Group
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ Reviewed by သစ်ထူးလွင် on 00:01 Rating: 5

35 comments:

Anonymous said...

ငါးခုံးမ အကောင်ဆယ်ကျော်ပုပ်သွားတော့ တစ်လှေလုံးပစ်လိုက်ရတဲ့သဘောဖြစ်သွားတာနေမှာ..

naywinhan said...

ကောင်းတယ်နည်းတောင်နည်းသေးတယ်...........မီတာဖတ်တဲ့ ကောင်တွေ က လိမ် ကြတာလေ............အကုန်ဖြုတ်ပြစ်ရမှာ ဒါမှနောက်မလုပ်မှာ

san aung said...

ကိုယ်မဟုတ်ပဲ ဒီလိုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေး တွေးမိတိုင်း တမျိုးကြီးခံစားရတယ်။ တစ်ခါတစ်လေကြရင် ထိုကဲ့အကြောင်းတွေကြောင့် လူကောင်းတွေဟာ လူဆိုးဖြစ်သွားတက်ကြတာပဲ အာဏာရှိလူကြီးမင်းများ တိုင်းပြည်ကောင်းစားဖို့ ဆန္ဒရှိတယ်ဆိုရင် ဘာလုပ်လုပ် စဉ်းစားချင့်ချိန်ပြီးမှလုပ်ပါ။

Anonymous said...

မီတာခ တစ်ယူနစ် ၂၅ ကျပ် တုန်းက တစ်လ ၇၀၀၀ ၀န်းကျင် ၊ အခု ၃၇ကျပ် ဆိုလား တိုးတော. ၁၀၀၀၀ ကျပ် ကျော် ကျပါတယ် ၊ ဒါဟာ SAT ဆ၇ာမ တယောက် လစာ၇ဲ. ၆ ပုံ ၁ ပုံ ပါ ၊ ... ထပ်မတိုးကြပါနဲ.တော. --- ။

mercury said...

ဖြတ်ပိုင်းအတိုင်းပေးရတာ ဘယ်လိုပိုကောက်ခံပါသလဲ အစွန်းထွက် တစ်ယူနစ် (သို့) နှစ်ယူနစ် အစွန်းထွက် အတွက် ပြန်အမ်းငွေ မအမ်းလို့ မီတာ ၈၀၀၀၀၀ အတွက် တစ်လ သိန်း၂၀၀ ကျော်လောက် ရနေတာပဲလေ

mon lay said...

တွေ့ဖူးတဲ့ကောင်တွေကတော့ ကလိမ်ကကျစ်တွေပဲ
ဟိုလိမ်ဒီလိမ်နဲ့(အကိုဆောင်ပေးလိုက်ပါ့မယ်ညီလေးမအားရင်)လို့
ပြောပြီးယူယူသွားပြီး မဆောင်ဘူး ကိုယ်ကတော့ကျေးဇူးတင်တဲ့အနေနဲ့ လက်ဘက်ရည်ဖိုး လေးပါပေးလိုက်တာ..နောက်လလဲရောက်ကော
ကိုယ်ကအသစ်ဆောင်ရတဲ့အပြင်ဒဏ်ငွေပါအဆစ် ဆောင်လိုက်ရတာတွေများနေပြီး တစ်လတစ်ယောက်ပြောင်းနေတာသူတို့အချင်းချင်း အရင်တစ်တောင်းစားကိုမေးရင် အဲဒီကောင်ကအလုပ်ပြုတ်သွားပြီး
ဆိုပြီးနောက်တစ်ယောက် အရင်လူခြေရာနင်းဖို့ပြင်နေပြီး
ရုံးထဲက မိန်းမတွေနဲ့ဝေစားနေလားမသိပါဘူး မေးလိုက်ရင်ကျွန်မတို့မေး
လိုက်အုံးမယ်ဘာညာနဲ့တစ်လခံလိုက်ရပြန်တာပဲ
ဖြုတ်ပစ်ကွာ..ကာပြောနေတဲ့ဟာတွေပါဖြုတ် အဲဒါတစ်ဖွဲ့ထဲပဲ

tdi NLD said...

မီတာဝန်ထမ်းတွေဖြုတ်ရတဲ့ရည်ရွယ်ချက်က ဒီလိုဗျ
ဒီကောင်တွေက မီတာကို မဖတ်ဘူး မှန်းပီးတော့ ကောက်သွားတယ်
ကျွန်တော် တို့ အိမ်နားက ဗျာ ရေခဲသေတ္တာ (၂) လုံးနော် အ၀တ်လျှော်စက်၊ တီဗွီ ၊ အစုံဗျာ၊ ပန်ကာ ဆိုလည်း အများကြီး အဲ့ဒီအိမ်ကျ ၂၀၀၀ ကျော်ကျော် ပဲကျတယ် ၊ ကျွန်တော် တို့ အဒေါ်အိမ် တီဗွီမရှိဘူး ၊ အောက်စက်မရှိဘူး၊ ပန်ကာပျက်နေတယ်နော် ၊ ရံဖန်ရံခါ ပေါင်း အိုး ၂ဗူးအိုးလေးထိုးတာကျတော့ တစ်လကို မီတာခက ၄၀၀၀ နီးပါး အဲဒါတစ်ရားသလား မတရားသလား ပြောကြအုံး.. မီတာဖတ်တဲ့ ကောင် တွေမတရား တာများပါတယ် ဗျာ

myomin said...

လစာလေးတွေချွှေတာထားကြပါ။

ထွန်းထွန်း မြန်မာပြည်သား said...

အဲဒီလိုဖြုတ်ထုပ်လုပ်ပေးတာအရမ်းကောင်းတယ် အပြောင်းလဲတခုတော့ဖြစ်စေတာပေါ့ နောက်ထပ်အများကြီးကျန်နေသေးတယ် အကျင့်ပျက်နေတဲ့ ဝန်ထမ်းတချို့  အလုပ်မရှိရင် ကျောက်ထမ်းမလား သဲထမ်းမလာ အမှိုက်ကောက်မလား အိမ်သာဆေးကြမ်းတိုက် အလုပ်ရှိနေတယ် ...ဆက်သွယ်ပါ....

mad dog said...

မေ့နေမှာ စိုးလို့ သတိပေးပါ၇စေ ..... ဇော်မင်းကျန်နေသေးတယ်လေ...

Thitsar said...

စုံစမ်းစစ်ဆေးပြီး အပြစ်ရှိကြောင်း ခိုင်လုံရင်တော့ ပြတ်ပြတ်သားသားအရေးယူရမှာပါ။
ဘာမပြော ညာမပြောတော့ မလုပ်သင့်ပါဘူး။
ဝန်ထမ်းတွေအတွက် အပြစ်လုပ်ရင် အရေးယူဖို့ စည်းကမ်းတွေ ရှိသလို၊ အကာအကွယ်ပေးမယ့် ဥပဒေတွေလဲ ရှိရမှာပါ။

252525 said...

တာမွေဘက်ကမီတာသမားတွေကိုလဲစိစပ်ပေးကျပါ...1ခါလာဖတ်ရင်10000တောင်းနေကျတယ်..မီတာခကိုလဲ1လ1လ2သောင်းဆောင်နေရပါတယ်...

Jacker said...

သေသေချာချာလုပ်သင့်ပါတယ်လေ....ခုသူတို့ပြောတဲ့ပုံအရ...မနစ်နာသင့်တဲ့သူတွေပါနစ်နာကုန်တယ်လေ...ဝါးလုံးရှည်နဲ့ပါတ်ရမ်းတာကတော့မဖြစ်သင့်ဘူးပေါ့....မြန်မာလူမျိုးတွေရဲ့မူအရသေသေချာချာမလုပ်ပဲပြီးပြီးရောလုပ်တာကအရိုးစွဲနေတာထင်ပါတယ်.....ကျွန်တော်လဲမြန်မာလူမျိုးပါပဲ...ဒါပေမယ့်ပေါ့လေ....အဲလိုမျိုးကိုတော့ကျွန်တော်တို့ကအတတ်နိုင်ဆုံးရှောင်သင့်ပါတယ်...ဒါလူတိုင်းအတွက်ပါ....အားလုံးအဆင်ပြေနိုင်ကြပါစေနော်....

အရှိအတိုင်း said...

အမှန်တစ်ကယ်ကောင်းစေချင်ရင် တိတိကျကျစုံစမ်း အရေးယူသင့်ပါတယ်...1 for all ဆိုရင် တစ်ကယ်တိတိကျကျတာဝန်ထမ်းနေတဲ့လူတွေ အများကြီး နစ်နာပါတယ်...

a said...

တကယ်ထိရောက်စွာအရေးယူတာမျိုးမှမဟုတ်တာပြည်သူကိုလုပ်ပြရုံဆိုတော့သေချာစစ်ဖို့မလိုဘူးပေါ့၊မကြာခင်ပဲအရင်အတိုင်းပြန်ဖြစ်သွားမှာပါ။ပြီးတော့မီတာဘယ်လောက်ပိုဖတ်ဖတ်မီတာကရုံးမှာငွေပေးဆောင်ရတာပါ၊ဒီတော့ရုံးမှတာဝန်အရှိဆုံးသူကသာအများဆုံးငွေရသွားမှာပါ။

Unknown said...

စာရင်းလေးသိရရင်ကောင်းမယ်..လျှက်စစ်ပရော်ဖက်ဆာ.ကိုဇော်မင်းလေးများပါသလားလို့..

Nay Nwaye said...

N/Okkala မှာလဲ ဒီလိုပါပဲ ကျွန်တော်အိမ်အပါအဝင် မီတာကိုတခါမှမဖတ်ကျပါဘူး မှန်းရေးကြတာပါ အဲ့ဒါကြောင့်မီတာခတွေဟာ အမှန်မထွက်ပါဘူး အထက်က tdi NLD ပြောသလိုပဲ အဆမတန်ပေးရတာတွေရှိပါတယ် အားလုံးကိုအမှန်တိုင်းဖြစ်စေချင်တာ ပြည်သူတိုင်းရဲ့ဆနဒပါ

pyaponthu said...

လျှပ်စစ်ဝန်ကြီးကိုအရင်ဖြုတ်ရမှာလေ။ခေါင်တွေအားလုံးဖြုတ်ပြီးအသစ်မြန်မိုးရမှာ။

ko ko said...

မီတာဖတ်သမားတွေကိုဦးအောင်တောင်းမှလိမ်ညာပုံသင်ထားတာပါ

tapaungthi said...

mad dog said...

မေ့နေမှာ စိုးလို့ သတိပေးပါ၇စေ ..... ဇော်မင်းကျန်နေသေးတယ်လေ...
April 30, 2012 10:25 AM

sean said...

မှားနေပြီ ဖြုတ်ရမှာ က ထိပ်ဆုံး က လပ်စားတဲ့သူတွေ..

Anonymous said...

တကယ်ဆိုရင် အချစ်ပဲလိုတယ်။ ။

Unknown said...

ကောင်းတယ်ကွာ... အဲဒီကောင်တွေမီတာကို သေချာမကြည့်ပဲ မှန်းသမ်းပြီး လုပ်နေတာ... မီတာလာစစ်မှ သုံးစွဲသူက မီတာကိုပဲ လိမ်သုံးနေသလိုနဲ့... စောက်လုပ်မလုပ်ပဲ ပြည်သူကို ဒုက္ခပေးတာပဲ... သေသေချာချာသာစစ်ပြီး ဖြုတ်ပစ်ဗျာ... မှန်ကန်သူတွေပဲ ခန့်သင့်တယ်...

ကောင်မလေး said...

ပုဇွန်တောင်မြို့ နယ်လဲကျန်သေးတယ်...အသိပေးတာ။

komyo said...

ကြုံတုံးပြောလိုက်ရဦးမယ် တချို့နေရာတွေမှာမိတာပုံးကိုမချိတ်ပဲလုပ်ငန်းသုံးနေတာ
တွေရှိပါတယ်လျှက်စစ်ဝန်ထမ်းနဲ့ပေါင်းပြီးလစဉ်ငွေယူနေတာနိုင်ငံတော်ကရှုံးပေါ်
တာသာပြောနေတာ ခေါင်းဆောင်ပိုင်းတွေကခိုးနေတော့လက်အောက်ငယ်သား
တွေခိုးတာကိုမသိချင်ရောင်ဆောင်နေတာလေပြောတာမယုံရင်ရပ်ကွက်တိုင်းမှာ
စစ်ဆေးကြည့်တွေ့လိမ့်မယ် (ပရောဖက်ဆာ ဦးဇော်မင်း)ဒါမျိုးတွေကိုမသိချင်ဟန်
ဆောင်နေတာလားအရူးကွက်နင်းထားတာလားဗျာကြည့်လုပ်ပါဦးနော်။

Anonymous said...

လုပ်ပြီ ကိုင်းဖျားကိုင်းနားခုတ်ပြီး အသံကောင်းဟစ်မနေနဲ့
တကယ်အရေးယူပြီးထုတ်ပစ်ရမှာက ဟိုးထိပ်ဆုံးက ဇော်မင်းနဲ့
လက်တိုလက်တောင်း အယိုးအယွင်းကိုက်နေတဲ့ကောင်တွေ
တစ်ပြားနှစ်ပြားစားတဲ့သူကို အလုပ်ထုတ်ပြပြီး အာရုံပြောင်းတာ
ဟိုမှာ ဆွေခုနှစ်ဆက် ထိုင်စားလို့မကုန်အောင် ခိုးထားတဲ့
သူခိုးတွေကြတော့ လူကြီးဆိုပြီး လက်အုပ်လေးတွေချီနေကြ
အဲဒါ အမြီးမြှောက်ပြီး အီးပေါက်ပြတာ အဟုတ်ထင်မနေကြနဲ့

ဆုလာဘ် said...

အတိအကျစုံစမ်းသင့်ပါတယ် မီတာစာရေးသက်သက်တောမဟုတ်ဘူးထင်တယ် အင်္ဂျင်နီယာတွေ ဌာနမူးတွေကိုစစ်ဆေးသင့်ပါတယ်

Unknown said...

အောက်ခြေကမစနဲ့ ဦးလေ လူကြီးပိုင်းတွေက စပြီးလားပင်စင်ပေးသင့်နေတာ

Unknown said...

နဲနဲစားရင်ဖြုတ်.မျာများစားရင်ရာထူးတက်ဒို့ကြံ့ဖွတ်များဟေ့

stone said...

ဇာတ်လမ်းလေးတွေကတော.လှနေပါပြီဗျာ အခုပြုတ်တါကမီတာဖတ်တဲ့ သူခိုးအသေးစားလေးတွေပေါ့မီးကြိုးဖြတ်တဲ့သူခိုးတွေကျန်နေသေးတယ်သူတို့ကိုယ်တိုင်ဖြတ်ထားတဲ့ကြိုးကိုပြန်ဆက်ခိုင်းတော.မတရားပိုက်ဆံတောင်းတာခံစားဘူးကြမှာပါအောက်ခြေကသူခိုးတွေကို အပေါ်ကငတက်ပြားကြီးသေသေချာချာသင်မပေးထားတော.ပေါ်ကုန်ပြီဘယ်လိုလုပ်ကြမလဲသူခိုးမိသားတွေသတိထားနေကြပေတော့။

cherish said...

အဲဒါသင်ခန်းစာပဲ နောက်ဆရာတင် မမှားကြစေနဲ့။

ziwasoe144 said...

တိတိကျကျတာဝန်ထမ်းနေတယ်
ဟား...ဟား...ဟား...ဟား...ဟား

TAIL LAMP said...

လျှပ်စစ်မီးနှင့်ပတ်သက်ပြီးတာဝန်အရှိဆုံးလူများကိုပြင်းထန်စွာအရေးယူဆောင်
ရွက်ပြီးပါကြောင်းအစီရင်ခံတင်ပြအပ်ပါသည်၊ကျနော်မှာတဝန်မရှိကြောင်း
သိစေအပ်ပါသည်။

ကိုယ်တော်ချော said...

ကျန်သေးတယ် ဆက်သွယ်ရေးက ကောင်တွေကျန်သေးတယ် ဖုန်းပျက်လို့ခေါ်ရင်မလာဘူး ပြီးတော့ဖုန်းပျက်အောင် သူတို့ပဲခိုးဖြုတ်တယ် သူခိုးတွေ

Rocky said...

အမှန်တော့ ဌာနပေါင်းစုံကို သေချာစီစစ်သင့်နေပြီဗျ။ EPC ဌာနတခုတည်းတင် မကဘူး။ လ၀က၊ ဆက်သွယ်ရေး၊ အစရှိတဲ့ ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနေတဲ့ဌာနတွေမှာ အကုန်လုံး ခြစားနေကြတာပါ။ အစိုးရအနေနဲ့ လခတွေတိုးပေးလည်းမထူးသေးပါဘူး။ လုပ်ငန်းတခုကို မကြာကြာအောင် အချိန်ဆွဲ၊ မခက်ခက်အောင်လုပ်ပြီး ပြည်သူတွေဆီကနေ တောင်းနေကြတာ ပြည်သူတိုင်းအသိပါပဲ။ နိုင်ငံတော်ကြီးကို တိုးတက်ကောင်းမွန်အောင် သမ္မတကြီးက စပြီးပြည်သူတွေ၊ အစိုးရ၀န်ထမ်းတွေအပါအ၀င် အားလုံးတက်ညီလက်ညီကြိုးစား လုပ်ဆောင်နေချိန်မှာ အဲ့ဒီလို အကျင့်ပျက်၊ ခြစား ၀န်ထမ်းတွေကို ထိထိရောက်ရောက်စံပြဖြစ်အောင် အရေးယူကြပ်မတ်ပေးသင့်ပါတယ်။ အသိတယောက်ဆို sim card ပျက်သွားလို့ မန္တလေးဆက်သွယ်ရေးရုံးကြီးမှာ သွားလျှောက်တာ ၂ ပတ်တောင်ရက်ချိန်းချိန်းတယ်။ အမြန်လိုချင်ရင် ၆ သောင်းခွဲတောင် တောင်းတယ်။ ကဒ်တရားဝင်က ၂ သောင်းပဲသွင်းရမှာ။ အပိုကို ၄ သောင်းခွဲတောင်တောင်းတာပါ။ လုပ်ငန်းကို ခက်အောင် ကြာအောင် အချိန်ဆွဲပြီး ဒီလိုမျိုးတွေလုပ်စားကြတာ။

Powered by Blogger.