ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
htwal

ထားဝယ်စီမံကိန်းအတွက် အထူးအခွင့်အရေးများ ရရှိခဲ့သော ITD အနေဖြင့် သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ထားဝယ်တွင် မြေရောင်းစာချုပ်တခုကို ဇူလိုင်လမတိုင်မီ ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ကုမ္ပဏီဥက္ကဋ္ဌ Premchai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd  နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ်
တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။
ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည် ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည် Reviewed by သစ်ထူးလွင် on 02:07 Rating: 5

12 comments:

The Nature Myanmar said...

မင်းတို့ က နေရာလာဦးတာပါ...အခွင့်အရေးသမားတွေဘဲ...
မင်းတို့ က ထိုင်းနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စီးပွါးရေးအုပ်စုတွေပါ...
အီတာလျံ-ထိုင်းလို့ ပြောပြီး တရုပ်နှင့်ထိုင်းတွေနဲ့ ဖွဲ့ထားတာပါ...
EIA, SIA, HIA တွေ အလေးမထားဘူးလို့ သိထားတယ်...
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မြန်မာ.မိတ်ဆွေတွေက ပြောထားလို့ မင်းတို့ အကြောင်းသိပြီးပြီ...
အစကတည်းက သိထားတာ မသေချာသေးလို့ မပြောတာ...
အခွင့်အလမ်းတွေပေါ်လာလို့ ရှိရင်...အရင်ဆုံးရောက်လာသူကို သတိထားပါ...လာကပ်လိမ့်မယ်...သူများယုံကြည်အောင် ပြောလိမ့်မယ်...ပြီးရင်...တောင်းလိမ့်မယ်...အခြေအနေ မဟန်ရင် လစ်လိမ့်မယ်တဲ့...
CRONY လိုမျိုး အာဏာပိုင်နဲ့ ပေါင်း၊ ပြီးရင် ဂိုဏ်းဆန်ဆန် စီပွားရေးတွေလုပ်မယ့် အုပ်စုတွေ...
ငါတို့နိုင်ငံ ရဲ့ စီးပွါးရေးစနစ်က
-ဘုမ်းဘောလအောထုတ်ပြီး ဈေးပေါပေါနဲ့ ရောင်းမယ့် စနစ်မဟုတ်ဘူး...
- လူသားတန်ဖိုး ထိခိုက်စေမယ့် လုပ်ငန်းတွေကို အားပေးမှာ မဟုတ်ဘူး...
- လိင် ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံထူထောင်မှာ မဟုတ်ဘူး...
- WIN - WIN SOLUTION/TRADE နဲ့ အလုပ်လုပ်မှာ...
မြန်မာကို ခပ်ညံ့ညံ့ လူမျိုးများထင်နေလား...

နယုန်မိုး said...

ထွက်သွားးးး အခွင့်အရေးသမားတွေအလိုမရှိဘူး...သူ့ဘက်ကိုယ့်ဘက်ကြည့်တတ်တဲ့ သူတွေနဲ့ဘဲ ထိုက်တဲ့နှိင်ငံကွ.....

kelvin kawasaki said...

ကြားရတာ မင်္ဂလာရှိလိုက်တာ တရုတ်က လာလုပ်တဲ့ စီမံကိန်းတွေ အကုန်ရပ်သွားဖို့  ဆက်ကြိုးစားကြစို့ .....

TTMY said...

ငါမြန်မာ ၏ comment အားထောက်ခံပါသည်။ ထိုင်းနိုင်ငံသည်မြန်မာနိုင်ငံ၏
အိမ်နီးချင်းကောင်းဟုတ်-မဟုတ်ကိုသမိုင်းကိုသုံးသပ်ကြည့်သင့်ပါသည်

Aries9488 said...
This comment has been removed by the author.
Aries9488 said...

မရပ်ပါဘူး။ Original source ကိုဖတ်ကြည့်ပါ။

"Italian-Thai to conclude financing for Dawei at end 2012"

Financing ကိုပြောတာ။ စီမံကိန်းကိုပြောတာမဟုတ်ပါ။

http://www.reuters.com/article/2012/04/27/italianthai-dawei-idUSL3E8FR5KN20120427

Anonymous said...

အီတာလျံ-ထိုင်းက ပိုက်ဆံ ရှိတဲ့ ကုမ္မဏီမှ မဟုတ်တာ။ လက်လာထည့်ပြီး ပွဲစား လုပ်ဖို့ ချောင်းနေတာ။ အခု ဂျပန်က၀င်လာတော့မယ်ဆိုလို့ သူတို့ကိုရောင်းစားမဲ့ ကောင်တွေ .. ချီးထုပ်ကို အဟုတ်မှတ်ပြီး ခေါင်းပေါ်တင် ပေးကျွေးတာစား လိုက်တဲ့ ရှစ်လုံးကြီး ရဲ့ အတ္တတွေကြောင့် ဒီကောင်တွေ ရသွားတာ ။

Anonymous said...

INTERNET CONNECTION တွေ မကောင်း လို. ပြန်သွားကြတာလည်း ဖြစ်နိုင်တယ် ။

Anonymous said...
This comment has been removed by the author.
pyaponthu said...

သူတို့က နေရာဦးထားတာ။အခွင့်အရေး၇ရင်ပွဲစားသဘောမျိုးနဲ့မြန်မာ့မြေတွေကိုတကယ်လုပ်မဲ့သူတွေကိုအမြတ်တင်ရောင်းကြမှာ.ထိုင်းနဲ့တရုတ်ကမြန်မာပြည်အပေါ်ဘယ်တော့မှမကောင်းခဲ့ပါ။သူတို့လုပ်လို့မြန်မာပြည်ပြာကျနေတယ်။ခုလည်းထိုင်းကသောင်းရင်းမြစ်လယ်ထိမြေတွေခိုးချဲ့နေပြီး။ထိုင်းဟာမြန်မာပြည်ကိုအရမ်းမုန်းတီးနေတာ။ဟန်ဆောင်ပြီင်္းမြန်မာ့အဖိုးတန်တွေအရယူနေတာ

Anonymous said...

expects to conclude its long-term financial plan for the Dawei deep-sea port project in Myanmar...
အပေါ်ကစာကြောင်းမှာ expects to conclude အပေါ် ဘာသာပြန်ဆိုရာမှာ အယူအဆ လွဲသွားတာဖြစ်ပါတယ်။ ဧရာဝတီ အယ်ဒီတာအဖွဲ့က အမှားပြင်ဆင်ချက် ထုတ်ထားပါတယ်..။
ကျွန်တော်လည်း မှားပြီး မန့်ထားပါတယ်။

U-Click said...

အခမဲ့ညစာဆိုတာ မရှိပါဘူး။ တခုခုပေးပြီး တခုခုတော့ ယူကြမှာချည်းဘဲ။ ကိုယ်ကမပေးမိဖို.ကြိုးစားရမှာဘဲ။ ခပ်ကြမ်းကြမ်းယူတာနဲ. ယဉ်ယဉ်လေးယူတာဘဲ ကွာမယ်။ တဒေါ်လာ CD ချပ်ကို 200 ဒေါ်လာနဲ.ေ၇ာင်းတော့ တန်သလား၊ သူ.အရင်းရှိတယ်ဘဲထားဦး 10 ဒေါ်လာပေါ.။ ကိုယ်မသိလို.ပေးရတာဘဲ ဆိုရုံနဲ.သူတို.က မတ၇ားမယူဘူးလို.ပြောမရဘူးမဟုတ်လား။ အတူတူပါဘဲ။

Powered by Blogger.