ပျက်ဆီးနေတဲ့ လမ်းတွေကို ပြုပြင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးစိုးကြွယ် ကို ထောင်ဒဏ်တစ်နှစ်ချမှတ်

တောင်ဒဂုံမြို့နယ်တွင်းရှိ လမ်းများခင်းပေးရန်နှင့်အကျင့်ပျက်ဝန်ထမ်းများအား
ထိရောက်စွာအရေးမယူခြင်းစတဲ့တောင်းဆိုချက်တွေနဲ့တကိုယ်တော်ဆန္ဒပြသူ
ဦးစိုးကြွယ်အား သတင်းပေးနှင့်အာဏာပိုင်တို့အမှုစင်ပြီး ၂၃.၄.၂၀၁၂(တနင်္လာနေ့) တွင် တောင်ဒဂုံတရားရုံးမှပုဒ်မ(၃၈၅)နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပါတယ်။

ဦးစိုးကြွယ်ဟာတရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများ ဆိုတဲ့ခေါင်းစဉ်နဲ့ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းမှာရှိတဲ့မတရားတဲ့အမှုများကိုလိုက်လံ
 ဆောင်ရွက်နေသူဖြစ်ပါတယ်။

၁၀.၁.၂၀၁၂မှာတကိုယ်တော်ဆန္ဒပြမှုနဲ့ဆွဲထားတဲ့အမှုအပါအ၀င်၊ တရားလိုအဖြစ် အစစ်ခံဖို့တရားရုံးကိုရောက်လာတဲ့ရဲကိုနောက်ကျလို့ဆိုပြီးပြောလို့ဝတ္တရား နှောက် ယှက်မှုနဲ့လည်းတရားစွဲခံထားရပါတယ်။
အခုအခါ နောက်အမှုအတွက်ခြေကျင်းနဲ့တရားရုံးကိုထပ်မံထွက်နေရကြောင်း
သိရှိရပါတယ်။

 Myanmar News Now

ဦးစိုးကြွယ် ဆန္ဒပြတောင်းဆိုခဲ့တဲ့  သတင်းကို အောက်မှာ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာရှိတဲ့ ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့ အဓိကလမ်းမကြီးလေးခုဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးထံ ဆန္ဒပြ တောင်းဆိုမှု တခု ဖြစ်ပွားခဲ့ပါတယ်။

အမှတ် ၂၉၂၊ ခွာညိုလမ်း၊ ၁၈/က ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးစိုးကြွယ်က တောင်းဆိုချက် ၅ ချက်နဲ့အတူ ငြိမ်းချမ်းစွာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခွင့်ပြုဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဦးစိုးကြွယ်ရဲ့တောင်းဆိုမှုတွေကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှုးက လက်ခံလိုက်ပြီး ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးမယ့် အကြောင်း ပြောဆိုလိုက်တဲ့အတွက် ၂၀၁၁ ဒီဇင်ဘာလအထိ နောက်ဆုံးထား စောင့်ကြည့်မှာဖြစ်ပြီး မဆောင်ရွက်ပေးပါက ထပ်မံ ဆန္ဒပြ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တောင်ဒဂုံ မြို့နယ်အတွင်းမှာ ရှိတဲ့ လမ်းတွေဟာ လမ်းအကျယ်အဝန်းနဲ့ ကားစီးရေ မမျှတတဲ့အပြင် ရှောင်တိမ်းဖို့ မလွယ်ကူတာကြောင့် ခရီးသည်တင်ယာဉ်လိုင်း အချို့အနေနဲ့ လမ်းကြောင်းပြောင်း ပြေးဆွဲနေရတာလဲ ဖြစ်ပါတယ်။

အခုလို လမ်းတွေ ပျက်စီးနေတာတွေကို ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတွေထံ အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ပျက်ဆီးနေတဲ့ လမ်းတွေကို ပြုပြင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးစိုးကြွယ် ကို ထောင်ဒဏ်တစ်နှစ်ချမှတ် ပျက်ဆီးနေတဲ့ လမ်းတွေကို ပြုပြင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးစိုးကြွယ် ကို ထောင်ဒဏ်တစ်နှစ်ချမှတ် Reviewed by သစ်ထူးလွင် on 02:12 Rating: 5

16 comments:

nandar said...

ကတိမတည်တဲ့အပြင်ပိုလို့တောင်နှိပ်စက်နေပါလား။ ကူညီကျပါဦး။

zzmyoe said...

လူတစ်ယောက်ရဲ့ တောင်းဆိုပိုင်ခွင့်ကိုအရေးယူတာ၊ထောင်ချတာတွေဟာ စစ်အ စိုးရဲ့မူဝါဒဘဲ ဖြစ်တယ်၊ပြောတော့ဒီမိုကရေစီ နိုင်ငံတကာကို ဟန်ပြဒီမိုကရေစီ နဲ့ဘယ်လောက်ထိအောင် ညာနိုင်မလဲ..ဦးစိုးကြွယ်ကိုချက်ချင်း လွတ်ပေးပါ..

DOTA LOVER said...

ဟုတ်ပါ့ တောင်ဒဂုံ က နေရာတော်တော် များများမှာ လမ်းတွေက စုတ်ပြတ် နေတာ ပါ ....ပြင်တာလဲ ခဏခဏပါပဲ ပျက်တာလဲ ခဏခဏ ပါပဲ.........ဘာကြောင့် ခဏခဏ ပြန်ပြန်ပျက်နေရသလဲဆိုတာတော့..........တောင်ဒဂုံက လူကြီးတွေ က သိသိကြီးနဲ့ သူတို့မို့ လုပ်ရက်တယ်

aung aung said...

ထင်ကိုမထင်ရဘူးနော်.........

shingyi said...

ဒီမိုကေ၇စီနိုင်ငံထူထောင်ထားသည်။ကိုယ့်တာဝန်ကိုယ်လုပ်သူများလုပ်မှ
ထမအော်ပါနဲ့။ခိုင်းမှလုပ်တာကျွန်။ဝန်ထမ်းလာ ကျွန်လားစိစစ်ပါ။















ျထမအော်နဲ့

shingyi said...

အာဏာ၇ှင်စံနစ်ဖက်တွယ်မထားနဲ့တနေ့မင်းအလှည့်ေ၇ာက်လာမယ်။မကောင်း၇င်အ၇ှူးတောင်မကြိုက်ပါ။ဝန်ထမ်းဆိုတာပြည်သူ့အတွက်တာဝန်ူယူ၇တာ။ဝန်ကြီးဆိုတာပြည်သူ့သဘောထားကိုဥပဒေနဲ့အညီလုပ်၇တာမောင်မင်းတို့နားလယ်လား။

a said...

သိန်းစိန်ကလူကောင်းတစ်ယောက်လို့နာမည်ကျော်နေတာ၊သန့်ရှင်းတဲ့အစိုးရလို့လည်းကြုံတိုင်းပြောနေတာမတရားလုပ်ခံရတာတွေကိုအကူအညီတောင်းကြည့်ပါလား၊ဒီလိုမတရားမှုတွေအများကြီးဖြစ်နေတာသူမသိလို့များလားမှမသိတာ။(အသံပဲကြားနေရတယ်ပြည်သူကတော့မတရားလုပ်ခံနေရတုံးပဲ)

Shwe Mg said...

လမ်းပျက်တာကိုပြင်ဖို့ပြောတာ ဦးစိုးကြွယ်ရဲ့အကျိုးစီးပွားအများကြီးပါလို့လား...လမ်းမကောင်းရင်လမ်းပြင်ရမယ်ဆိုတာ...အစိုးရ အုပ်ချုပ်သူရဲ့အလုပ်ပဲ...သိအောင်ပြောခွင့် ပြည်သူတွေမှာရှိတယ်လေ...ဘယ်နေရာမှာပျက်နေတယ်ဆိုတာ...ကိုယ်သွားကြည့်စရာမလိုပဲ...သိခွင့်ရတာကျေးဇူးတောင်မတင်တင့်ဘူးလား...တရားရေးမဏ္ဏိုင်ကိုတော့...မသင်္ကာတော့ဘူး သမ္မတကြီးရေ...အရင်ဆုံးနိုင်ငံမှာပြင်ရမယ့်အရေးကတော့ တရားဥပဒေမှန်ကန်ရေးပဲဖြစ်လိုက်မယ်...ဖြစ်သင့်တယ်

Soe said...

ဦးစိုးကြွယ်ဟာ အများကောင်းဖို့ ပြည်သူတွေ သွားေ၇းလာေ၇း အဆင်ပြေစေဖို့လုပ် တာ ပဲ အများအတွက်တောင်းဆိုပေးတာပဲ ဒီမို ကေ၇စီ စနစ်ကို သွားနေတယ်ပြောယင် ဒါတွေကို လုပ်ပေးဖို့ အစိုး၇မှာ တာဝန်၇ှိပါတယ်
အခုလို ဖမ်းဆီးထောင်ချလိုက်တာကတော့ စစ်အာဏာ၇ှင် စနစ်ဆိုး ၇ှိနေသေး တယ်ဆိုတာ ပြတာပါ

Anonymous said...

မြို.တော်ဝန် ပညာရှိ မင်း ခင်ဗျား ၊ ........................(၂၅ပေx၅၀)မြေကွက် မှာ တိုက်ဆောက်၇င် စည်ပင်ဥပဒေအတိုင်း တဖက် ၁ပေ (ပေါင်း ၂ပေ) ချန်၇ပါတယ်၊ လှေခါးခွင်ကလည်း သတ်မှတ်တဲ.အကျယ်ထက် ကျဉ်းဆောက်လို.မ၇ပါ ၊ ရှေ.မျက်နှာစာ တိုင် ၄တိုင်နှုတ် ရင် .... အ၀င်အထွက် ၆ပေ၆လက္မ အကျယ်ဘဲကျန်ပါတယ် ၊မျက်နှာစာ ၂၅ပေ မပြည်.၇င် ၆'-၆" မပြည်.ပါ၊ ကားသေးတွေတောင် ... BACK မှန်ပါ၇င် ကားဝင်မဆန်.ပါ၊ မြေညီကားပါကင် ဥပဒေအား မြေကွက်အလိုက် ပြန်ထုတ်ပြန်ပေးပါခင်ဗျား ။။။။။။။။။ ကားတွေတန်းစီ ၀င်ရပ်ရင် ... ရှေ.ကားထွက်လိုပါက.. ဘယ်လိုထွက်၇မှာလည်း ... ညွှန်ကြား စေလိုပါတယ် ။

honey said...

ဘယ်လိုလဲဒီမိုကရေစီမင်းသားကြီးဥိးသိန်းစိန်...
မရှက်ကြဘူးလား။ခုလိုနိုင့်ထက်စီးနင်းလုပ်တာ
မသိဘူးပြောမှာလား။သိပြီဆိုအောက်ကငပိန်းတွေ
ဒီမိုကရေစီဆိုတာဘာလဲ
နားမလည်တဲ့ရဲအာဏာပိုင်တွေကတရားစွဲနေတာဟာ
နှာမစောင်းရဲတွေကဥပဒေရဲ့အထက်မှာနေနေကြလို့ထင်တယ်။
အာဏာပိုင်တွေကိုမုန်းလိုက်တာ...
နင်တို့မြန်မြန်ကဆေုံးဝဋ်လည်ကြပါစေ.

Peter said...

တရားဥပဒေစိုးမိုးရေးသည်အဓိက။ခွင့်ပြုမိန့်ရသူကိုအမြင်ကတ်မှုဖြင့်ဖမ်း။
ဥပဒေအထက်မှာဘယ်သူလဲ။

ZAWAUNG said...

မြို့တော်ရန်ကုန်ကိုစင်္ကာံပူလိုဖြစ်စေချင်ရင်
လမ်း၊မီး၊ရေ၊မီလာ အဲဒါတွေကို အခြေခံကျကျပြုပြင်ဖို့လိုပါမယ်..

chitthu said...

လိုအပ်လို့ တောင်းဆိုတာပဲ ဒီလိုတော့မလုပ် သင့်ပါဘူးဗျာ ခုထိစစ် အာဏာရှင်စနစ်မပျောက်သေးပါလား ဦးသိန်းစိန် ခင်ဗျာ သမ္မတဖြစ်ဖို့ လိုပါသေးတယ် ကျောင်းကို သူငယ်တန်းကနေစပြီ လူအချင်းချင်း ကိုယ်ချင်း စာတတ်အောင် ပြန်ပြီကြိုးစားလိုက်ပါနော်...

ကောင်းကောင်း said...

သားသားက လူကြီးတွေဆီမှာ တောင်းရင်ရတယ်ဆိုလို့ပြောမိတာ အခုတော့ မရတဲ့အပြင် အရိုက်တောင်ခံလိုက်ရသေးတယ်။ ဒါလားဟဲ့ ဒီမိုကရေစီ။

အချစ် ကောင်းကင် said...

အော် တော်တော်ချစ်ဖို့ကောင်းတဲ့ လူကြီးတွေပဲနော်...
ပြည်သူတွေကိုတော်တော် ချစ်တယ်ထင်တယ်နော်.....

Powered by Blogger.