လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင် လွှတ်တော်အမတ်များကို တောင်းပန်

ဓါတ်ပုံ - Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။ သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group
လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင် လွှတ်တော်အမတ်များကို တောင်းပန် လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင် လွှတ်တော်အမတ်များကို တောင်းပန် Reviewed by သစ်ထူးလွင် on 17:02 Rating: 5

19 comments:

Richard said...

အင်း ဒါလဲကောင်းတယ်

pyaponthu said...

အဲ့ဒီလယ်ဆည်ဝန်ုကီးကရောစိုက်ပျိုးရေးတိုးတက်ဖို့အတွက်တောင်သူလယ်သမားတွေကိုဘာလုပ်ပေးခဲ့သေးလဲ။မသိလို့ပါ။တောင်သူလယ်သမားတွေကတော့ဆင်းရဲတွင်းကတက်လာတာမတွေ့သေးဘူး။သူကိုယ်တိုင်မကောင်းဘဲနဲ့များ

ဆုလာဘ် said...

အလုပ်ပြုတ်မှာကြောက်လို့ထင်တယ်

Anonymous said...

ယောက်ကျားဆိုတာမှားရင်ဝန်ခံရဲရတယ်

demo said...

အမှန်တွေကို ပြောပြီးကာမှ ဘာလို့ တောင်းပန်တာလဲ
သတ္တိမရှိဘူးလား
ဒါမှမဟုတ် ပြုတ်မှာကြောက်လို့ တောင်းပန်တာလား

မှန်တာပြောတာဘဲကွာ မကြောက်ပါနဲ့ မင်းဘက်မှာပြည်သူတွေရှိပါတယ်
အမေစုဆိုရင် ဘယ်သူ့ကိုမှ မကြောက်တာ မင်းက ယောက်ကျားကြီးတန်မဲ့ ကြောက်နေသလား
ဘာလဲ မင်းလဲ မဟုတ်တာတွေ လုပ်ထားခဲ့ဘူးလို့လား

National said...

လေးစားပါတယ် ၀န်ကြီးဦးမြင့်လှိုင်ခင်ဗျာ
ဗုဒ္ဓဘာသာတရားတော်နှင့်အညီ ကျင့်ကြံသွားသည့်ွှတွက် ၀မ်းမြောက်ဝမ်သာဖြစ်ရပါသည်၊
ကိုယ်ရဲ့မှားခဲ့တဲ့အမှားကို ၀န်ခံရဲတာ လူကောင်းတွေမှ လုပ်ရဲတဲ့ လုပ်ရပ်တစ်ခုပါ၊ ရှက်စရာလိုထင်မြင်စရာမရှိပါဘူး။
လူတိုင်းမှားဘူးကြပါတယ်၊ အမှားကို ၀န်ခံနိုင်တဲ့အတွက် စိတ်ထဲမှာ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်၊
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းဘ၀ကိုပိုင်ဆိုင်နိုင်သောသူတစ်ယောက်ဖြစ်ပါစေ။

ဇာမဏီ said...

အေးလေ အေးလေ ဟုတ်သားဘဲလို့
ဘယ်သူတွေက ဘာပြောလို့လဲ . (ဇာဂနာ)

Anonymous said...

ဆယ်တန်းအောင်ပြီးသားဆိုပြီး
သိပ့်တစ်တစ်ခွခွတွေ သွားမပြောနဲ့
မင်းပြောတာမှန်တယ် သူများထိုင်တိုင်း
လိုက်ထိုင်စရာမလိုဘူး ဟုတ်တယ်
အဲဒီတော့ သူများတွေထိုင်နေရင်
မင်းကတောက်လျှောက် မတ်တပ်သာရပ်နေ
သူများတွေပြီးလို့ထရင် မင်းတစ်ယောက်ထဲ
ဆက်သာထိုင်နေ သူများခလုပ်နှိပ့်ရင်
လိုက်မနှိပ်နဲ့ သူများတွေမနှိပ့်တဲ့
အချိန်ကြမှ တောက်လျှောက်သာနှိပ့်
မင်းကဆယ်တန်းအောင်ပြီးသားပဲ
အုပ်ရောရော ကျောက်ရောရော
အဖြစ်မခံနဲ့သိလား

mon lay said...

ဒီလိုပဲပြောချင်တာပြောပြီးပြန်တောင်းပန်လို့ရတယ်ဆိုတာအခုမှသိတယ်
ထားလိုက်ပါဦးဦးတို့ကအကြီးဆိုတော့အပြစ်မဖြစ်ပါဘူး
သားတို့ဖေဖေလယ်သမားလေးကတော့(ဇေကဘာ)ကဘယ်လိုမောင်းမယ်
ဘယ်လိုနှိပ်ကွတ်အုံးမလဲဆိုပြီးမတောက်တခေါက်ဂါထာတွေထိုင်ရွတ်နေတယ်
ဦးဦးလူကြီးတွေကမသိချင်ယောင်ဆောင်နေတာလား.ဖြေရှင်းပေးဖို့အရည်အချင်းမရှိတာလား..(ဇေကဘာ)နဲ့ပဲဝေစားမျှစားလုပ်နေကြတာလား
ဗျာ(ရွှေနံ့သာလယ်သမားဖေဖေရဲ့သား)ဒါပဲ.

aungaung said...

နိုင်ငံတကာမှာဝန်ချတောင်းပန်တယ် နှုတ်ထွက်တယ်
ခုတော့ ငါမှားတာရှိရင်တောင်ပန်ပါတယ်(အောင်လ)
အလုပ်တော့ မထုတ်ပါနဲ့ 
ဘာအတွက်များအလုပ်မထွက်ရဲသလည်းစဉ်းစာရခက်တယ်

Si Thu said...

ဒီလိုတော့လည်း ပုလဲသွယ် စောက်ရူးက ကြောက်တတ်သားပဲ။ ဒီလို လိမ္မာစမ်းပါ ငါတိ။

Si Thu said...

ဒီလိုတော့လည်း ပုလဲသွယ် စောက်ရူးက ကြောက်တတ်သားပဲ။ ဒီလို လိမ္မာစမ်းပါ ငါတိ။

oaksoeaung@gmail.com said...

မှန်တာပြောရွာပြင်ထုတ်ခံရတယ်ဆိုတာတော့ကြားဖူးတယ်...မမှန်တဲ့လူကမှန်တာပြောပြန်တော့လည်းပြန်တောင်ပန်တာလည်းကြားဖူးတယ်...ထူးတော့ဆန်းနေပီ

မောင်ဇော် said...

တောင်းပန်မနေပါနဲ့ ဦးမြင့်လှိုင် သူတို့က ပညာမတက်ပေမဲ့တိုင်းပြည်ပေါ်မယုတ်မာ ကိုယ်ကျိုးအတွက်ဘာမှမလုပ်သေးဘူး ဦးမြင့်လှိုင်၇ှက်တက်၇င် ပညာတက်တယောက်လို ထင်၇င် တိုင်းပြည်အတွက် လုပ်ပြစမ်းပါ ကိုကြိုးတွက် လုပ်နေတာတွေ၇ပ်ထားလိုက်၇င် ပြည်သူတွေဝမ်းသာလာမည့်အပြင်နာမည်ကောင်း၇လာပါလိမ့်မည် မိမိ ကောင်းတာမလုပ်နိုင်ပဲ့နဲ့ သူများတကာ၇ဲ့အားနည်းချက်ကို မထောက်ပြစေချင်း

မောင်ငြိမ်းချမ်း said...

်ဦးမြင့်လှိုင်ပြောတာကြံ့ဖွတ်အမတ်တွေကိုပြောတာထင်တယ်။

minsoeaung said...

ဦးမြင့်လှိုင်
ခင်ဗျားတို့ဖွတ်တွေဘဲ သိတ်တတ် သိတ်သိ သိတ်တော်
သူများတွေကလူညံ့တွေ ဟုတ်တယ်။ခေါင်းခေါက်ပြီးမှ
ကတော့လာလုပ်မနေနဲ့။
အမူးသမားရွာထဲပတ်ဆဲတဲ့ပုံလုပ်တာပေါ့
အားလုံးသိကြပါတယ်။
ဒီလိုမဖြစ်စေချင်ရင် အရည်အချင်းသတ်မှတ်ချက်မှာ
ဘွဲ့ရဖြစ်ရမယ် လို့ပြင်ပါလား
ငတုံြးီးက

Nwe Yin Win said...

ကိုယ်မှားသွားလို့ပြန်တာင်းပန်တာ ကောင်းပါတယ်။ ပညာရှိအမျက်အပြင်မထွက် ဆိုတဲ့ စကားအရဆိုရင်တော့ ဦးမြင့်လှိုင်လည်း သူတို့လိုဘဲ ဒီပုတ်ထဲကပဲ ဆိုတာတော့ သိသာပါတယ်။ နောက်တစ်ခါ အပြောအဆို ဆင်ချင်ပေါ့။ တော်ကြာ ဦးဇော်မင်းလို ပြည်သူ့ရှေ့ မထွက်ရဲလောက်အောင် ဖြစ်သွားအုံးမယ်။

thant said...

ငယ်ငယ်တုန်းက စစ်အစိုးရတက်တော့ ရွာကဘကြီးက ပြောဖူးတယ်...
စစ်ပွဲတစ်ပွဲနဲ့ ဥပမာပေးပြီး ပြောတယ်...
မှန်တဲ့လူတွေကျကုန်ပြီ...မမှန်တဲ့လူတွေတက်...
မှန်တဲ့လူတွေကျကုန်ပြီ...မမှန်တဲ့လူတွေတက်...
မှန်တဲ့လူတွေကျကုန်ပြီ...မမှန်တဲ့လူတွေတက်...
မှန်တဲ့လူတွေကျကုန်ပြီ...မမှန်တဲ့လူတွေတက်...
မှန်တဲ့လူတွေကျကုန်ပြီ...မမှန်တဲ့လူတွေတက်...

Thannyunt Aye said...

သူတောင်းပန်ရဦးမှာပါ။ သူသိတာနည်းနည်းလေးကို အကြောင်းပြုပြီး သူ့အကျိုးစီးပွားအတွက် လုပ်နေတဲ့ Hybrid rice စီမံကိန်းအတွက် နောင်တတွေ ထပ်ရပြီး ထပ်တောင်းပန်ရဦးမှာပါ။ စိုက်ပျိုးရေးပညာရှင်တွေဖြစ်တဲ့ မျက်စိမှိတ် နောက်ကလိုက်နေတဲ့ တောက်တဲ့ ဒုဝန်ကြီး၊ ဦးညွှန်မှူး တို့လည်း နောင်တရကြမှာပါ။ တိုင်းပြည်နဲ့ တောင်သူတွေကတော့ ထုံးစံအတိုင်း ခံကြဦးမှာပါ။

Powered by Blogger.