ကလောမြို့ နယ် NLD ကိုယ်စားလှယ်ဒေါက်တာဒေါ်သန်းငွေ စည်းရုံးရေးခရီး နှင့် ၀န်ထမ်းမျာ၏ ကြိုတင်မဲ ခြိမ်းခြောက်ခံနေရမှု
NLDကိုယ်စားလှယ်လောင်းဒေါက်တာဒေါ်သန်းငွေ  အောင်နိုင်ရေးအဖွဲ့ နှင့် ဆွေးနွေးနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
 ဒေါက်တာဒေါ်သန်းငွေ သည် ကလောမြို့နယ်၊ အတွင်းရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ဘော်ဆိုင်းစသည့်မြို့များနှင့် ကျေးရွာအုပ်စု များသို့ အောင်နိုင်ရေး
စည်းရုံးရေးခရီးအဖြစ် ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့များနှင့်
 အတူပူးပေါင်းပြီး မတ်လ(၁)လလုံးလုံးမနားမနေ သွားရောက်စည်းရုံးလျက်ရှိပါသည်။
၂၀၁၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ (ရွေးကောက်ပွဲအကြိုနေ့) ညနေ(၄)နာရီအချိန်ခန့်တွင် ကလောမြို့မှတဆင့် အောင်ပန်းမြို့သို့ရောက်ရှိပြီး အောင်ပန်းမြို့၊ အန်အယ်ဒီအောင်နိုင်ရေး
အဖွဲ့တာဝန်ခံ ဒေါက်တာဦးကျော်မြ၀င်းနှင့်အဖွဲ့ဝင်များ၊ အောင်ပန်းမြို့
ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်မျ
ား၊ မြို့မိမြို့ဖများ၊ တက်ကြွသော လူငယ်မျိုးဆက်အဖွဲ့များနှင့် ပြည်သာယာဈေးတွင်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် ကလောမြို့နယ်တွင် မိမိအနေဖြင့် အောင်နိုင်မည်ဟုယုံကြည်ကြောင်း ၊
ကလောမြို့နယ်အတွင်းရှိအောင်ပန်း၊ ကလော၊ ဟဲဟိုးစသည့် မြို့များသည် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်ရန် အကောင်းဆုံးဖြစ်ကြောင်း၊ ပညာတတ်တွေလည်းများကြောင်း၊ 
 ဒီမြို့တွေကြီးပွားတိုးတက်ဖို့ မြန်ဆန်မှာဖြစ်ကြောင်း၊  ဒီစိတ်ဓါတ်မျိုးရှိတဲ့
လူထုတွေရှိတဲ့ နေရာဟာ  စိတ်အချရဆုံးနေရာ အားအကိုးရဆုံးနေရာပါ 
လုပ်နိုင်တဲ့သူတွေရှိတယ်ဆိုတာယုံကြည်ပီးသားဖြစ်ကြောင်း ဒါကြောင့်မို့လို့  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကလောမြို့နယ်ပြည်သူလွှတ်တော်
ကိုယ်စားလှယ်အဖြစ် အောင်နိုင်မည်ဖြစ်ကြောင်း အားတက်သရော ပြောကြားသွားပြီး  အောင်ပန်းမြို့၊ ပြည်သူလူထုကိုလည်း
ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။
ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကို
ယ်စားလှယ်များအဖြစ်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့မှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ပါသည်။
အင်န်အယ်ဒီပါတီနှင့်  ပြည်ခိုင်ဖြိုးတို့ မြို့နယ်အတွင်း အပြိုင်စည်းရုံးနေပါသည်။  အင်န်အယ်ဒီပါတီက မက်လုံးမပါရိုးသားစွာစည်းရုံးနေသော်လည်း   ကြံ့ဖွံ့ ပါတီမှ ဘိလပ်မြေပေးခြင်း၊ 
လမ်းဖောက်တံတားဆောက်ပေးမည်ပြောခြင်း၊ လျှပ်စစ်မီးရအောင်လုပ်ပေးမည်ဟုပြောခြင်း၊
 ချေးငွေများထုတ်ပေးခြင်း၊ နေ့စားခတစ်ရက်လျှင် ၂၀၀၀ိ/-ပေးပြီး
တစ်အိမ်တက်ဆင်းမဲဆွယ်စည်းရုံးခု
ိင်းခြင်း၊  ကိုယ်ပိုင်ငွေမပါဘဲ၊ ပါတီပိုင်ငွေဖြင့်  ယခင်က လမ်းဖောက်တံတားဆောက်စသည်လုပ်ဆောင်ခဲ့ဖူးကြောင်း အသံချဲ့စက်ဖြင့်
 လှည့်လည်ပြောကြားစည်းရုံးမဲဆွယ်နေပါသည်။ 
ထို့အပြင် ၀န်ထမ်းများကိုလည်းအတင်းအကြပ်ကြိုတင်မဲများထည့်ခိုင်းပြီး ၀န်ထမ်းများမှ 
မိမိတို့ဆန္ဒ ဖြင့် အမေဒေါ်စု၏ ပါတီကိုမဲပေးမည်ဟု ဆုံးဖြတ်ထားသော်လည်း
Myanmar News Now
ကလောမြို့ နယ် NLD ကိုယ်စားလှယ်ဒေါက်တာဒေါ်သန်းငွေ စည်းရုံးရေးခရီး နှင့် ၀န်ထမ်းမျာ၏ ကြိုတင်မဲ ခြိမ်းခြောက်ခံနေရမှု ကလောမြို့ နယ် NLD ကိုယ်စားလှယ်ဒေါက်တာဒေါ်သန်းငွေ စည်းရုံးရေးခရီး နှင့် ၀န်ထမ်းမျာ၏ ကြိုတင်မဲ ခြိမ်းခြောက်ခံနေရမှု Reviewed by သစ်ထူးလွင် on 19:14 Rating: 5
2 comments:
Anonymous said...
ခြိမ်းခြောက်တာကတော့ ဒီထက်မကပါဘူး....
အလုပ်ဖြုတ်ပြစ်မယ်တို့...ပြောင်းပြစ်မယ်တို့....
ကြိုတင်မဲကို နံမည်နဲ့ မှတ်ပုံတင် လိပ်စာ ဖြည့်ခိုင်းပီးတော့
ထည့်ခိုင်းနေတာအမှန်ပါ...အောင်ပန်းတင်မကဘူး ကျွန်တော်တို့
ဆီမှာလည်း ဒီအတိုင်းဘဲဗျ....
အောင်ပန်းက အန်အယ်ဒီ Dr.ဒေါ်သန်းငွေကို ထောက်ခံတယ်ဗျာ..
ကလောမြို့နယ်က သိတ်ကောင်းတာဘဲ...
ကြားရတာ Dr.ဒ်ါသန်းငွေလိုကျေးဇူးတင်ထိုက်ပါတယ်...
ကလြေျာမို့နယ်ပြည်သူလူထုတွေရယ်...၀န်ထမ်းတွေခမျာ မလွတ်လပ်ဘူး
အခုလိုခြိမ်းခြောက်ခံနေရတာ ကလော အောင်ပန်း တင်မက
(၄၈)နေရာလုံးမှာပါ...
အခုကော့မင့်ပေးနေချိန်မှာ...အမေဒေါ်စုကော့မှူး ၀ါးသိခ`် ကို
ဘေးရန်ကင်းစွာရောက်ပီလို့ ထင်ပါတယ်...
အမေဒေါ်စု ကျန်းမာပါစေ...
မြန်မာနိုင်ငံကျန်းမာပါစေကြောင်း.......
supergunner said...
အဲဒီမှာတစ်နှစ်သင်တန်း.တတ်နေတဲ့တပ်ရင်းမှုးကြီးတွေကပေးပါလိမ့်မယ်. .ဒေသနာတွေနဲ့ ဝေဒနာတွေ..ဟဲဟဲဟဲ..စတာနော်.ကလောဆိုလို့ 
ဟဲဟဲဟဲ
Powered by Blogger.