ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း

၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် အန်အယ်လ်ဒီပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုရသည့် အကြောင်းအရင်းမှာ ပါတီနာမည်သည် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးတို့သာ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်နေသော ပါတီဖြစ်သည်ဟု Monitor News ဂျာနယ် အတွဲ(၁) အမှတ် (၉၃) တွင်ပြောဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချစ်ခြင်း မုန်းခြင်းမရှိဘူး ဘယ်သူ့အပေါ်မှ အာဃာသ မထားဘူး အဲ့တော့ ကျွန်တော်တို့ပါတီအပေါ်ကို ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးသာဖြစ်တယ် ဒါပေမဲ့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေတာတွေရှိတယ်လို့ ဦးဥာဏ်ဝင်းက မော်နီတာဂျာနယ်မှာ ပြောထားတယ် အဲ့ဒါကြောင့်မို့ တရားစွဲဖို့ ဖြစ်လာတာ” ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးတင်ရီက ပြောသည်။
အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ တရားစွဲဆိုခြင်းကို မသိရှိရသေးသော်လည်း ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း သိရှိရသည်။
“တရားရုံးက လက်ခံတယ်ဆိုပေမဲ့ တရားရုံးမှာ အဆင့်တွေ အများကြီးရှိသေးတယ် ဘယ်အဆင့်ကိုလွှဲပါဆိုတာ တစ်ချို့က နားမလည်ဘဲနဲ့လက်ခံတယ်ဆိုတာ ပြောတတ်တယ် အန်ကယ်မသိဘူး အန်ကယ်ပြောချင်တာက အန်ကယ်တို့ ဘာပြစ်မှုမှ မကျူးလွန်ဘူး အန်ကယ်အမှန်အတိုင်းပဲ ပြောခဲ့တယ် ဖြစ်လာသမျှကိုလဲ အန်ကယ်တို့အနေနဲ့ ရင်ဆိုင်သွားမယ်” ဟု အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။
လာမည့် ၂၀၁၂ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးမှ အမှုဆက်လက်တင်သင့် ၊ မသင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(မြစ်မခ)
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ  ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း Reviewed by သစ်ထူးလွင် on 17:02 Rating: 5

18 comments:

အမေ့သား said...

ပြောတော့ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးတဲ့....လာပြောင်နေတယ်...
ဟားဟား..

Myanmar said...

မှတ်ထားကွ။ လူယုတ်တွေ အာဏာ၇လာ၇င် ဒီလိုဘဲ။ လူယုတ်တွေကို မဲဆက်ပေးချင်သေးတယ်ဆို၇င် ပေးလိုက်ဦး။ ဒီပါတီဟာ နိုင်ငံပြန်လည်ထူထောင်ေ၇းကိုစိတ်မ၀င်စားဘဲ အဖြည့်ခံ လူမိုက်လုပ်ပီး စားကြွင်းစားကျန်စား၇ဘို့ချောင်းနေတဲ့ ပါတီသက်သက်ဘဲ။ ။

ပုဂံစစ်သည် said...

ဦးဥာဏ်ဝင်းပြောတာ မဟုတ်လို့လား၊ ခင်ဗျာ့တို့ပါတီက ဒေါ်စုကိုအမြဲ အပုပ်ချနေတာကိုတရားမစွဲတာကို ကျေးဇူးတင်ပါအုံး၊ ပြောတော့ညီညတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီတဲ့ ရယ်စရာကောင်းတယ်ဗျာ။

ထူးထူး said...

ခေါင်းစဉ်ကတော့ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီတဲ့ တိုင်းပြည်အတွက်ဘာမှ မလုပ်၇သေးဘူး ကိုယ့်ပါတီ ခေါင်းစဉ်ကို ပြန်ဖတ်ကြည့်အုံး ပါတီခေါင်းဆောင် ဦးတင်၇ီ အသက်ဘယ်လောက်၇ှိပြီလဲ ပါတီထောင်တာ ပြည်သူ့ အတွက်လား ကိုယ့်အတွက်လား တိုင်းပြည်အတွက်တကယ်အလုပ်လုပ်နေသူတွေကို မကူညီ၇င်နေပါ မနှေက်ယှက်ပါနဲ့  တကယ်ညီညွှတ်ပြီး ငြိမ်းချမ်းခြင်၇င် နည်းလမ်းတွေ၇ှိပါတယ် သီးခံခြင်း၊ခွှင့်လွှတ်ခြင်းဆိုတာတွေဘယ်ေ၇ာက်ကုန်ပြီလဲ ဒါလောက်လေးမှကိုယ်ကိုးမစွန့် ၊အနှစ်နာမခံနိင်၇င်တိုင်းပြည်၇ဲ့ အေ၇းကြီးတာဝန်တွေထမ်း၇ွှက်ဖို့ ဆိုတာတော်တော်စဉ်းစားစ၇ာဘဲ။အချင်းချင်းသတ်မနေကြနဲ့  အခုအချိန်မှာ ပြည်သူတွေဒါမိုး မလိုချင်ကြတော့ဘူးဗျ

မျှော်ရဇ် said...

ဒီလူဟာ......သေခါနီးနေပြီ အခုထိ ယုတ်ပါတ်တုံးပဲ မတင်ရီ မသေခင်တောင် ဒီလောက်ယုတ်ပါတ်နေတာ သေရင်တော့ ပြိတ္တာဖြစ်မှာကြိမ်သေတယ်။ လုံးဝကို အရှက်မရှိဘူး လူကြားကောင်အောင် ဟိုတိုင်ဒီတိုင်နဲ တိုင်ရလွန်းလို အမေားစို့ ပြီးသေအောင် နောက်က ဘယ်လူယုတ်မာက မြှောက်ပေးနေလည်မသိ့ဘူး။

Anonymous said...

အင်...ကြားရတာလဲ..နားဝမှာ မသက်သာပါကလား...
တို့မြန်မာတွေ..တို့မြန်မာတွေ ...ပြည်သူအတွက်ဘာလုပ်ပေးမယ်..ပြည်သူတွေကို ဆင်းရဲတွင်းက ဘယ်လိုဆွဲထုတ်ကြရမှာလဲ..ပြည်သူတွေဘာလို့ဆင်းရဲနေရတာလဲ...အလုပ်အကိုင်အခွင့်အလမ်းတွေ ဘာကြောင့် နည်းပါးနေရတာလဲ.. ဘယ်လိုအရင်ဖြေရှင်းရမှာလဲဆိုတာ မတွေးကြပဲနဲ့...ကိုယ့်ပါတီတစ်ဖို့ကိုသာ ကြည့်နေကြလေတော့၏.. ကျွတ်...ကျွတ်..ကျွတ်..

thethnin said...

အဘဦးတင်ရီကတော့ လုပ်ပြန်ပီ
ရှေ့ကိုရောက်ပါဦးမလား

Anonymous said...

ဒီအဖိုးကြီး.သေခါနီး.သူငယ်ပြန်နေပီ.

sitt naing said...

ဟုတ်တယ်လေ ဦးဥာဏ်ဝင်းပြောတာ နာမည်က ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးပါတီ ကဒေါ်အောင်ဆန်းစုကြည်ကိုမှ ပစ်မှားရတယ်လို့  ဦးတင်ရီ
သူက ဖဆပလ ခေတ်ကပါနိုင်ငံရေးလုပ်လာတာ တိုင်းပြည်ရဲ့ လိုအပ်ချက်လည်းသိလို့ သူ့ ကိုမဲထည့်ရမယ်တဲ့  အဖိုးကြီး နားနားနေနေ နေပါတော့ ကပျက်ယပျက်မလုပ်ဖို့ သတိပေးချင်တယ်

ko htoo said...

တစ်ပါတီလုံးက ရှေ့နေတွေချည်းပဲနဲ့တူတယ်။ ဟိုလူ့ကိုကန့်ကွက် ဒီလူ့ကိုတရားစွဲနဲ့။ စိတ်ပေါက်ပေါက်နဲ့ ဆဲမိရင် ကွန်မန့်ပေးသူနဲ့ သစ်ထူးလွင်ကိုပါ တရားစွဲမလားမသိ။

my love said...

ခင်ဗျားတို့လို ကလေက၀ပါတီတွေက တကယ်တော့ အမှိုက်တွေပါဗျာ အမှိုက်ဟာအမှိုက်နေရာမှာနေတာပဲကောင်းပါတယ်

Chit San Maung said...

ဥပဒေကြောင်းအရ ခိုင်လုံမှုမရှိတဲ့အမှုများကို တရားစွဲခွင့်ပြုပါက အမှုများဖေါင်းပွပြီး တရားစီရင်ရေးစနစ်ကို ညစ်ပတ်စွာ အသုံးချလာကြပါလိမ့်မယ်..။
တရားသူကြီးများအနေနဲ့ အဂတိမလိုက်စားဘဲ ဆောင်ရွက်မှသာ တရားရေးမဏ္ဍိုင် သန့်ရှင်းကြံ့ခိုင်မှာပါ..။

Ar Ga said...

အဲဒါလေး ပြောတာနဲ့ တ၇ားစွဲမယ် ???? ကြည့်လဲ လုပ်ကြပါဦးဗျို့ ။ တ၇ားသူကြီးတွေတော့ နား၇မှာတောင် မဟုတ်တော့ဘူး .....

ရွှေမိုးကြီး said...

ဒေါ်တင်ရီ တို့ကတော့ လုပ်ချလိုက်ပြန်ပြီတခုတမျိုးမရိုးရအောင်

ywarthar said...

သေခါနီးကြီး ငရဲရိက္ခာဆက်ယူနေတာလား။
မင်းတို့ပါတီကို ဆေးရိုးသည်ပါတီ ၊(ဆေးရိုးသည်ကတမှောင့်) တိုင်းဖျက်ပြည်ဖျက်ပါတီ လို့ပဲ နာမည်ပြောင်းလိုက်တော့။ သူများတွေ တိုင်းပြည်ကောင်းကျိုးလုပ်နေတာ မကူညီချင်ဘဲ ဖျက်လိုဖျက်ဆီးလိုက်လုပ်နေကြတာ၊ မင်းတို့ထဲက ဘယ်သူတွေ
က ဘယ်လောက်များ တိုင်းပြည်အတွက်လုပ်နေလို့လဲ။

Weik Zar said...

အဘရာ ခင်ဗျားအသက်လည်းကြီးပြီ။
အသုံးလည်းမကျပါဘူး။ဘုရားတရား
လုပ်တာသာအကာင်းဆုံးပါ။လူငယ်လူ
သစ်တွေလုပ်ကြပါစေအုံး။

ladyjune said...

ဒီလူကြည့်ရတာ.တော်တော်ပေါ်ပြူလာဖြစ်ချင်ပုံရတယ်။လုပ်စရာအလုပ်မရှိဘူးလား?အမြဲတမ်းပြသာနာပဲရှာနေသလိုပဲ.နောက်ခံကောင်းပုံရတယ်။ဒီလောက် ရွေးကောက်ပွဲနီးနေတာတောင်.တရားစွဲဖို့အားနေသေးတယ်။တော်တော်ကိုနိုင်ငံအတွက်အလုပ်လုပ်မဲ့သူပါလား။

ုkyaw said...

ငြမ်းချမ်းေ၇းနဲ့ညီညွတ်ရေး အမည်ခံထားပြီးတော့ ဒေါသတွေအငြိုးတွေကြီးနေပါလား တကယ်ဆိုဒီလောက်ကလေးကတော့ အပြင်မှာညှိနှိုင်းလိုက်လဲရတာပဲတရားစွဲစရာမလိုပါဘူး ခုတော့နင်ဘာကောင်လဲ၊ငါဘာကောင်လဲဖြစ်နေတယ် အလကားဖွတ်ကြီး ဖွတ်ဆိုဘာဖွံ့မှမကောင်းဘူး။

Powered by Blogger.