တာမွေမြို့ နယ် NLD လူငယ်တဦးအား တာမွေရဲမှ ခေါ်ယူစစ်ဆေး

29.2.2012 ရက်နေ့ မွန်းလွဲ သုံးနာရီခွဲ အချိန်ခန့်တွင် တာမွေမြို့ နယ် ရဲစခန်းမှ နယ်ထိန်းရဲ ကြည်လင်း ဆိုသူမှ တာမွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်တဦးဖြစ်သည့် ကိုအေးမင်းအား မလွှကုန်းဌေးကြွယ် ( က ) ရပ်ကွပ်ရုံးသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်။ ခေါ်ယူစစ်ဆေး မေးမြန်းသည့်အကြောင်းရင်းမှာ 5000 ကျပ်တန်းဆင်းကဒ်များ ဖြစ်ပေါ်လာစေရေးအတွက် စတစ်ကာများဖြန့်ဝေ ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ခေါ်ယူစစ်ဆေးခဲ့သော်လည်း အမှန်တကယ် တွင် အဖွဲ့ ချုပ် လူငယ် ကိုအေးမင်းမှာ ဖြန့်ဝေခဲ့ခြင်းမရှိခဲ့ပေ။ ထို့ နောက် အခြားသော စစ်ဆေးမေးမြန်းမှု့များကို စစ်ဆေးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည်။
ကိုအေးမင်းသည် တာမွေမြို့ နယ် လူငယ်တဦးဖြစ်ပြီး မြို့ နယ်တာဝန်များကို ကျေပွန်စွာထမ်းရွက်နေသူတဦးဖြစ်သည်။ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် နိုင်ငံရေးတက်ကြွသူလူငယ်များကို အကြောင်းအမျိုးမျိုးပြကာ ခေါ်ယူစစ်ဆေးမှုများကို အာဏာပိုင်များ မှ ပြန်လည်ပြုလုပ်လာကြသည်။
 by Myanmar Mediamm
တာမွေမြို့ နယ် NLD လူငယ်တဦးအား တာမွေရဲမှ ခေါ်ယူစစ်ဆေး တာမွေမြို့ နယ် NLD လူငယ်တဦးအား တာမွေရဲမှ ခေါ်ယူစစ်ဆေး Reviewed by သစ်ထူးလွင် on 08:15 Rating: 5

13 comments:

Anonymous said...

We want good government and clean government...

Should be removed all kinds of disturbers who blocking or annoying for more developing Democracy...

မျိုးစင်ဆွေဆက် said...

ဘာလဲကွာ..ဘာတွေလဲ..ဘာအထာတွေလဲ................ပြောင်းချင်ယောင်ဆောင်ထားတဲ့ ...အရေခြုံ ရွှေရည်စိမ် ဒီမိုကရေစီ.....

ကျော်ထိုက် said...

ဘာ အချိုး ချိုး ကြတာလဲ ကွ...ဘာမှ မဆိုင် ပဲ နဲ့ စစ်ရအောင်...ဒီလုပ်ရက် တွေ ရပ်တန့် သင့် က ရပ် ဖို့လိုပြီကွ...မင်း တို့ ခြောက်တိုင်း ကြောက် ရမယ့် ခေတ် မဟုတ်တော့ဘူး..သဘောပေါက် ဖို့ လိုပြီ...ငါ တို့ လူငယ်တွေ ကို လာပြီး မခြောက်နဲ့...မဖြဲ နဲ့..မင်းတို့ သာနောက် ဆို ငါ တို့ ပြည်သူတွေ ကို ကြောက် ရမှာ..မင်း တို့ သာ နောက် ဆို ငါ တို့ ပြည့်သူ့ ကိုယ်စားလှယ် တွေကို ထီးမိုးပေးရမှာ...သဘောပေါက်ထားပါ..ခုအခါမှာတော့ မင်း တို့ ရဲ တွေ ဆိုတာ လူလိမ် တွေ..သူခိုးတွေပဲ... လာဘ် မပေးရင် ဘာမှ လုပ်တဲ့ ကောင်တွေ မဟုတ်ဘူး... သူခိုး က လူ ပြန်ဟစ် ဆိုတာ ဒါ ကိုပြောတာ ပေါ့ကွ.......

Maung said...

USDP မှအပ ကျန်နိုင်ငံရေးပါတီများမှ ပါတီဝင်များ ၄င်းတို့ရဲ့လှုပ်ရှားမှုများကို နည်းမျိုးစုံနဲ့ ဟန့်တားနှောက်ယှက်မှုများပြုနေတာဟာ မှန်ကန်တဲ့ ဒီမိုကရေစီပါလား? ပြည်ထဲရေးဝန်ကြီးဌာနမှ ၀န်ထမ်းများဟာ ပြည်သူ့ဝန်ထမ်းဖြစ်သင့်ပြီး USDP ရဲ့ လက်ကိုင်ဒုတ် မဖြစ်သင့်ပါဘူး။

Anonymous said...

ခုနှစ်ပဲတွေကတော့.လုပ်လာပြန်ပီတစ်မျိုး

Unknown said...

still bad...??

Unknown said...

still bad...??

ktd said...

တာမွေရဲစခန်းက အကောင်တွေ သမ္မတကြီးမိန့်ခွန်းကို ပြန်ဖွင့်ကြည့်ပြီး ကျေနပ်အောင် တောင်းပန်သင့်တယ်။
ပြည်သူတွေအားလုံးအတွက် အနစ်နာခံပြီး 5000တန်ဖုံးကို ရအောင်ဆောင်ရွက်နေသူတွေကို အားပေးအားမြောက်မှုလုပ်ရမဲ့အစား၊ ဘာမရှိတဲ့ အာဏာကို ပြချင်ကြတာလဲ။

အောင်ဗလ said...

၅၀၀၀ိ/တန်ဖုန်းကဒ်အတွက် စတစ်ကာကပ်လည်းဘြဲဖစ်လဲကွာ။
ပေးလိုက်ပြီးပြီပေါ့။
နေပါဦး နားမလည်လို့မေးရအုံးမယ်။
ရဲတွေကဘာဖြစ်တာလဲ ဒါခေါ်စစ်စရာလား..
သခင်အားရ ကျွန်ပါးဝသိပ်မလုပ်နဲ့ကွာ။
အောက်ခြေရဲဝန်ထမ်းအတော်များများကဆင်းရဲကြပါတယ်
ဒီရဲတွေဖုန်းလေးကိုင်နိုင်ကြရင်ပိုမကောင်းဘူးလား။
ပြီးတော့
မင်းတို့ကိုလစာပေးထာတာ မင်းတို့အလေးပြုနေရတဲံ့အကောင်ကြီးတွေမဟုတ်ဘူး
မင်းတို့တပ်ဖွဲ့ကပိုင်တဲံ့ငွေတွေနဲ့မဟုတ်ဘူးကွ
ြဲပည်သူ့ဆီကရတဲ့ငွေတွေပါကွာ
အမှန်ကိုမြင်ကြစမ်းပါ။
သူတို့တတွေကြိုးစားနေကြတာ
မင်းတို့အတွက်လည်းပါတယ်။
ဒါပဲ။.............။

htayhtay said...

အော် ခတ်ပါပေကွာ ဘာကြောင့် NLD လူတွေ့ ကိုပဲ စစ်ဆေးနေကြတာလဲ ဒီလူတွေ့ ကတရားမ၀င်အလုပ်တွေ့ လုပ်နေကြလိုလား? ဒါမှ မဟုတ်ပြည်သူငွေ တွေ့ ကိုအလွဲ သုံးစားလုပ်လိုလား? လက်စားနေကြလိုလား? အဲလိုလုပ်တဲ ပါတီကလူတွေ့ ကျ မစစ်ဆေးကြဘူးလား? ဟူးးးးးးးးးးးး

thethe said...

Yes Still Bad..

တုတ်ကြီး said...

၁၉၈၈ ခုနှစ် အရေးအခင်းပြီးမှာ မြန်မာပြည်မှာ ချဲထီဆိုတာပေါ်လာပါတယ်၊ နောက်တော့ ၂ လုံးထီပေါ့။ ဆိုရိုးစကားတစ်ခုလည်းပေါ်လာပါတယ်၊ မြန်မာပြည်မှာ "ချဲပျောက်ရင် ရဲပျောက်မယ်" ၊ " ချဲရှိမှ ရဲရှိမယ် " တဲ့။ ချဲတွေ ၂ လုံးတွေကတော့ လမ်းဘေးမှာ မရောင်းတော့လို့ မမြင်ရပေမယ့် လမ်းဘေးမှောင်ခိုဆီဆိုင်တွေ ပေါ်ပေါ်ထင်ထင်ဖွင့်ထားတာဟာ ရဲတွေပုံမှန်ဆက်ကြေးရနေတယ်ဆိုတာ ထင်ရှားနေပါတယ် အုပ်ချုပ်သူလူကြီးမင်းများ ခင်ဗျာ..

Shwe Mg said...

မြန်မာနိုင်ငံရဲ့ အကျင့်ပျက်လဒ်အစားဆုံး အစိုးရ၀န်ထမ်းထဲမှာ..ဒီကောင်တွေထိပ်ဆုံးကပါတယ် ပြည်သူကို ချော့စား၊ခြောက်စားတဲ့နေရာမှာ ရဲကိုဘယ်သူ့မှမမှီဘူး ဥပဒေနဲ့အနီးဆုံးလူက ဥပဒေကိုမလေးစားဘူး၊ လူတွေကိုကြည့်ရင် တရားခံမျက်စီနဲ့ ကြည့်တက်တဲ့ခင်ဗျားတို့အကျင့်တွေပြင်ရင်ပြင်၊ မပြင်ရင် ခင်ဗျားတို့ကိုပြုပြင်မယ့် ဥပဒေတွေလာတော့မယ်..

Powered by Blogger.