ယူကေအခြေစိုက်Index အဖွဲ့ ကအနုပညာလွတ်လပ်ခွင့် ဆုပေးဖို့ မြန်မာဒါရိုက်တာ တဦးကို ဆန်ခါတင်ရွေးချယ်

ကမ္ဘာတ၀န်း စာပေနဲ့ အနုပညာ လွတ်လပ်ခွင့်တွေကို အားပေးနေတဲ့  ဗြိတိန်နိုင်ငံ လန်ဒန် အခြေစိုက် Index အဖွဲ့ဟာ  မြန်မာနိုင်ငံက ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ၂၀၁၂ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ဆုအတွက် ဆန်ခါတင်စာရင်းမှာ ထည့်သွင်း ရွေးချယ် လိုက်ပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖြစ်မြောက်အောင် ဦးဆောင်စီစဉ် ကျင်းပခဲ့သူ တဦးအနေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာလို့ Index ဆုရွေးချယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရုပ်ရှင်ပွဲတော်အတွက် လွတ်လပ်ခွင့်အကြောင်း ရုပ်ရှင် ဇာတ်လမ်းတိုတွေ ဖန်တီးဖို့ မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားခဲ့ပြီး ရုပ်ရှင်ကားပေါင်း ၁၈၈ ကား ပြသခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာ ထောင်ချီတဲ့လူတွေဟာ လွတ်လပ်ခြင်း (အနုပညာ၊ အတွေး၊ လွတ်လပ်ခွင့်) ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဒီရုပ်ရှင်တွေကို ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။
Index အဖွဲ့ဟာ နှစ်စဉ်ပေးအပ်တဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆုကို  စာနယ်ဇင်းဆု၊ အနုပညာဆု၊ တီထွင်ကြံဆမှုဆု၊ ရှေ့ဆောင် လှုပ်ရှားမှုဆုဆိုပြီး အမျိုးအစား ၄ မျိုးခွဲပြီး ပေးအပ်မှာ ဖြစ်ပါတယ်။
အနုပညာ လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သူတွေနဲ့ ဖိနှိပ်မှု၊ တရားမမျှတမှု တွေကို  ဆန့်ကျင်တိုက်ပွဲဝင်တဲ့ အနုပညာရှင်တွေကို ချီးမြှင့်တဲ့ အနုပညာလွတ်လပ်ခွင့်ဆု အမျိုးအစား ဆန်ခါတင်စာရင်းမှာတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ တရုတ်နိုင်ငံက နာမည်ကျော် အနုပညာရှင် အိုင်ဝေေ၀၊ ဆီးရီးယား ကာတွန်းဆရာ အလီဖာဇတ်နဲ့ ရုရှား အနုပညာရှင် ဗိုင်အိုနာတို့ ၄ ဦး ပါဝင်ပါတယ်။ ဆုရရှိသူတွေကိုတော့ လာမယ့် မတ်လ ၂၈ ရက်နေ့ လန်ဒန်မြို့မှာ အခမ်းအနားနဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

ယူကေအခြေစိုက်Index အဖွဲ့ ကအနုပညာလွတ်လပ်ခွင့် ဆုပေးဖို့ မြန်မာဒါရိုက်တာ တဦးကို ဆန်ခါတင်ရွေးချယ် ယူကေအခြေစိုက်Index အဖွဲ့ ကအနုပညာလွတ်လပ်ခွင့်   ဆုပေးဖို့ မြန်မာဒါရိုက်တာ တဦးကို ဆန်ခါတင်ရွေးချယ် Reviewed by သစ်ထူးလွင် on 17:13 Rating: 5

3 comments:

သြတ္တပ္ပ said...

ဝမ်းသာဂုဏ်ယူမိပါသည်။

MMT said...

အနုပညာရှင်တွေကိုလည်းကမ္ဘာကအသိအမှတ်ပြုနေပြီနော်။ပြည်သူ့အတွက်ဆောင်ရွက်ပေးနေသူတွေကိုပြောတာနော်၊အခုထိအကြောက်တရားတွေရင်မှာပိုက်ထားပြီးကိုယ်ကျိုးကြည့်နေသေးတဲ့အနုပညာရှင်တွေအတွက်တော့ရင်လေးသေးတယ်ဗျို့

Mg Khwe said...

မင်းထင် ကိုကိုကြီး အတွက် ဂုဏ်ယူပါတယ်။ ရုပ်ရှင် သည် ထိရောက်သော ထိုးဖေါက်နိုင်သည့် လက်နက်ဖြစ်သည်။ ဟောလီဝုဒ်သည် ကဘာ တစ်ခုလုံး အမေရိကန်ကို အထင်ကြီးသွားအောင် စနစ်တကျ ပိပိရိရိ လုပ်သွားနိုင်ခဲ့သည်။ လုပ်နေဆဲလဲ ဖြစ်သည်။ ထိရောက်ပီပြင် ပြီး ကဘာကို ထိုးဖေါက်နိုင်သော မြန်မာနိုင်ငံ အဖြစ်မှန်ကား များ များစွာ ပေါ်ထွန်းရန် လိုအပ်သည်။ ၁၉၈၈ ခုနှစ် မှ စပြီး သွေးမြေကျကာ စတေးခဲ့သော သူရဲကောင်းများစွာ ကို မမေ့ကြဘဲ ရုပ်ရှင် မှတ်တမ်း အဖြစ် လုပ်နိုင်ကြပါလျှင် မည်မျှ ကောင်းလိမ့်မည်နည်း။ အနုပညာရှင်များ စုစည်း ကြိုးစားသင့်ကြောင်း တင်ပြအပ်ပါသည်။

Powered by Blogger.