ဆိုင်ကယ်တိုက်မိပြီး GTC ကျောင်းသားသေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသော ဋ္ဌာနများကိုအရေးမယူလျှင် ငြိမ်းချမ်းသောနည်းဖြင့်ဆန္ဒဖော်ထုတ်မည်

မတ် ၂၊ ၂၀၁၂ (YPI)

 ပြီးခဲ့သည့်လ ၂၇ ရက်က ဆိုင်ကယ်တိုက်မှုကြောင့် GTC ပထမနှစ်ကျောင်းသား သေဆုံးမှုတွင် ကုသမှုခံယူရန်နောက်ကျ၍သေဆုံးရသည်ဟု GTC ကျောင်းသားများကစွပ်စွဲထားပြီး တာဝန်ရှိသောဋ္ဌာနများကို အရေးမယူပါက ၎င်းဋ္ဌာနများ၏အဆောက်အဦရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သွားမည်ဟု ကျောင်းသားများကပြောသည်။

GTC ပထမနှစ်ကျောင်းသားတစ်ဦးက “အခုကိစ္စက GTC ကျောင်းသားကသေတယ်၊ မိန်း(တက္ကသိုလ်)ထဲက ကျောင်းသားက အဖမ်းခံရတယ်။ အားလုံးနစ်နာခဲ့ကြတာမို့ ပါဝင်ပတ်သက်ခဲ့တဲ့စည်ပင်၊ ပုသိမ်ဆေးရုံနဲ့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေကို အရင်အရေးယူဖို့ပြောမယ်” ဟုပြောသည်။

“အရေးမယူခဲ့ဘူးဆိုရင် ကျွန်တော်တို့က အဲဒီဋ္ဌာနတွေရဲ့ အဆောက်အဦတွေရှေ့မှာ ငြိမ်းချမ်းစွာ ကိုယ့်ဆန္ဒတွေကိုထုတ်ဖေါ်ပြကြဖို့ လုပ်သွားမှာပါ” ဟု ၎င်းကပင်ဆက်ပြောသည်။

၎င်းနေ့နံနက်ပိုင်းတွင် ပုသိမ်စည်ပင်သာယာရေးမှ ဆိုင်ကယ်ဘီးခွန်စစ်ဆေးသည့်အဖွဲ့အားရှောင်ကွင်းနိုင်ရန် အရှိန်ပြင်းမောင်းနှင်လာသည့် ဘူမိဗေဒပထမနှစ်ကျောင်းသားမောင်းနှင်လာသည့်ဆိုင်ကယ်နှင့် GTC ပထမနှစ်ကျောင်းသားတို့ဝင်တိုက်မိခဲ့သည်။

အခင်းဖြစ်ပွားပြီးချိန်တွင် ပုသိမ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးနှင့် ၀န်ထမ်းတစ်ယောက်ရောက်ရှိလာပြီး ရဲအရေးပိုင်သည့်အမှုဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများရောက်ရှိလာသည်အထိစောင့်ဆိုင်းခိုင်းခြင်း၊ ၄၅ မိနစ်ကျော်ကြာမှ သက်ဆိုင်ရာအဖွဲ့အစည်းများရောက်ရှိလာခြင်း၊ ဆေးရုံတွင် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးနေချိန်ဖြစ်သည့်အတွက် စောင့်ဆိုင်းနေရခြင်းများကြောင့် ကုသချိန်နောက်ကျကာသေဆုံးခဲ့ရသည်ဟု GTC ကျောင်းသားများကပြောသည်။

GTC တတိယနှစ်ကျောင်းသားတစ်ဦးက “ ၄၅မိနစ်လောက်ကြာတော့ယာဉ်မှုစစ်တို့၊ ရဲတို့ရောက်လာပြီး ဓါတ်ပုံတွေဘာတွေရိုက်တယ်။ အဲ့ဒါတင်နာရီဝက်လောက်ရှိမယ်။ နောက်ပြီးကျောင်းသားနှစ်ယောက်ဖြစ်နေတဲ့အတွက် ဒီမှာပဲပြေလည်အောင်လုပ်ကြပြီး အနီးအနားကဆေးခန်းမှာပဲပြဖို့ပြောတယ်။ ကျောင်းသားတွေကသဘောမတူလို့ဆေးရုံရောက်တာ။ ၁၁ နာရီကျော်ကျော်လောက် ဆေးရုံးရောက်သွားတော့ဒါဏ်ရာတစ်ချက်တည်းပေမယ့် တော်တော်သွေးထွက်လွန်နေပြီ” ဟုအဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။

ဆိုင်ကယ်အတိုက်ခံရသော GTC ပထမနှစ်ကျောင်းသား မောင်ရဲစွမ်းအောင်မှာ နေ့လည် ၁၂ နာရီခန့်တွင် စတင်ဆေးကုသမှုခံယူခဲ့သော်လည်း သွေးထွက်လွန်နေခြင်း၊ ဦးခေါင်းအတွင်းပိုင်းထိ ထိခိုက်ခဲ့ခြင်းတို့ကြောင့် နေ့လည် ၁း၃၀ တွင် သေဆုံးခဲ့သည်။

၎င်းကိစ္စများနှင့်ပတ်သတ်၍ပုသိမ်မြို့ခံတစ်ဦးက “ကျွန်တော်ကတော့ကျောင်းသားတွေလုပ်ရပ်ကို သဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ဆောင်မယ့်ကိစ္စတွေအားလုံးက ပုသိမ်မြို့နေလူထု တောက်လျှောက်ခံစားခဲ့ရတဲ့လူမှုဘ၀တွေကိုထင်ဟပ်နေလို့ပါ” ဟုပြောသည်။

သို့ရာတွင် ပုသိမ်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်နှစ်ခုကြားတွင် ပြဿနာဖြစ်မည်ကိုလည်း စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်းက ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် အသားလေလံဈေးသုံးဆမြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပြီး ပါဝင်ခဲ့သူအများစုကို ခေတ္တထိန်းသိမ်းထားခဲ့ပြီး နှစ်ရက်အကြာမှ အသည်ကြီးရဲစခန်းမှ အာမခံဖြင့်ပြန်လည်လွှတ်ပေးခဲ့သည်။

၎င်းကိစ္စဖြစ်ပွားပြီးနောက်ပိုင်းတွင် စည်ပင်ဘတ်ဂျက်လိုငွေကြောင့်ဟုဆိုကာ ဆိုင်ကယ်များအား တစ်စီးလျှင် ဘီးခွန် ၅၅၀၀ ကျပ်ကောက်ခံနေသည်ဟု ပုသိမ်မြို့ခံများကပြောသည်။
ဆိုင်ကယ်တိုက်မိပြီး GTC ကျောင်းသားသေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသော ဋ္ဌာနများကိုအရေးမယူလျှင် ငြိမ်းချမ်းသောနည်းဖြင့်ဆန္ဒဖော်ထုတ်မည် ဆိုင်ကယ်တိုက်မိပြီး GTC ကျောင်းသားသေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသော ဋ္ဌာနများကိုအရေးမယူလျှင် ငြိမ်းချမ်းသောနည်းဖြင့်ဆန္ဒဖော်ထုတ်မည် Reviewed by သစ်ထူးလွင် on 16:18 Rating: 5

19 comments:

Toe Gyi said...

မြန်မာနိုင်ငံတွင် လုပ်နည်းမှားတာလား ဘာကြောင့်မှန်း မသိဘူး ယာဉ်တိုက်မှု ဖြစ်တဲ့ နေရာတိုင်း သက်ဆိုင်ရာ အဖွဲ့ အစည်း တွေကို စောင့်ရတာကများတယ်၊ အဲဒိ အဖွဲ့တွေလာမှ စတင်လှုပ်ရှား ကြတယ် ၊ ဥပဒေရှိလား? ? ဆေးရုံအရင်ဆုံး ပို့ဘို့ ဘာလို့ အစဉ်မပြေတာလဲ? ရိုးရာလို ဖြစ်နေတဲ့ လုပ်ထုံးပုံစံ ကြီးကို ပြင်သင့်ပါတယ်။

tharzaw said...

အခင်းဖြစ်ပွားပြီးချိန်တွင် ပုသိမ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးနှင့် ၀န်ထမ်းတစ်ယောက်ရောက်ရှိလာပြီး ရဲအရေးပိုင်သည့်အမှုဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများရောက်ရှိလာသည်အထိစောင့်ဆိုင်းခိုင်းခြင်း၊ ၄၅ မိနစ်ကျော်ကြာမှ သက်ဆိုင်ရာအဖွဲ့အစည်းများရောက်ရှိလာခြင်း၊ ဆေးရုံတွင် ဆရာဝန်ကြီး လှည့်လည်စစ်ဆေးနေချိန်ဖြစ်သည့်အတွက် စောင့်ဆိုင်းနေရခြင်းများကြောင့် ကုသချိန်နောက်ကျကာသေဆုံးခဲ့ရသည်ဟု GTC ကျောင်းသားများကပြောသည်။

အပြင်းအထန်ဒဏ်ရာရနေတဲ့လူနာကို ဆေးရုံဆေးခန်းတော့
ချက်ချင်းမပို့ဘဲ စောင့်ခိုင်းနေတယ်။ ဘာတွေလဲ? မင်းတို့လို
ဝန်ထမ်းများများရှိလေ တိုင်းပြည်နာလေပဲ။

thuthu said...

These kind of inconveniences always happens along not only in Pathein. I agree with Students in Pathein and there must be some movements to combat such unnecessary delays and exploitations..

နောင်ရိုး said...

ဟုတ်တယ်ဗျာ ကျွန်တော်ကိုတိုင်လဲ မြေနီကုန်းမှာ ကားတိုက်တာကို အနိးကပ် မြင်ဖူးတယ် ကိုယ်တိုင်ကူညီဖို့သွားတာကို ရဲကဟောက်လွတ်တယ်ဗျာ ကားထဲကလူက စိယာတိုင်နဲ့ ညပ်ပြိးတော့ သွေးတွေတအားထွက်နေလို့ ကျွန်တော့်တို့က ဆွဲထုတ်မလို့ကို ရဲရောက်လာတယ် သူတိုကလဲေ၇ာက်ရောက်ချင်း ဓါတ်ပုံအရင်ရိုက်တယ်ဗျာ အဲဒါနဲံ ကျွန်တော်က အစ်ကိုအဲကားထဲက လူက ညပ်နေတာ ပြိးတော့ သွေးတွေတအားထွက်နေပြီလို့ပြောတာကို မင်းနဲံဘာဆိုင်လို့လဲ ဆိုပြီးမောင်းထုတ်တယ်ဗျာ ကျွန်တော်တို့လဲ ဘာလုပ်မလဲစောင့်ကြည့်နေတာ ဘာမှကိုမလုပ်ဘူးဗျာ ကျွန်တော်တို့ပြန်လာတဲံအထိကို အဲလူကို ဆွဲမထုတ်သေးဘူး အထဲကလူက အော်နေတာ ကယ်ပါ ဆွဲထုတ်ပေးပါဆိုပြိးတော့ တကယ်ကိုစိတ်ထိခိုက်ရတယ်ဗျာ.....

seazinyaw said...

ဒီလိုဝန်ထမ်း အစုတ်ပလုပ်တွေကို ရွှေမန်း က လစာအတင်းတိုးပေး နေခြင်သေး တယ်။ ပြည်သူတွေ ကတော. ဒင်းတို့ရဲ့ ညစ်နည်းမျိုးဆုံရဲ့အောက် မှာ လှိမ့် ခံနေ ရတယ်၊

ဖိုးတုတ် said...

မသာများ မင်း ဆွေမျိုးတွေ ဆိုဘယ်လိုလုပ်မလဲ ပြီးမှစစ်ချက်ယူပေါ့ လာသေးတယ် ဒီနားလေးတင်ပြီးအောင်လုပ် ငါပြောလိုက်ရ/မကောင်းဘူး မင်း...........လား ? ဘယ်လိုသောက်ရူးတွေမှန်းမသိဘူး ဆေးရုံကလဲ ဒီလိုပဲ ရပ်ကွက်က အသိတယောက် ဒီလိုပဲ ညကြီးအလုပ်ကပြန်ဆိုင်ကယ်ချင်းတိုက် တာ လုနာရှင်မရှိလို့တဲ့ လွတ်တဲ့ ကုတင်မှာထားတယ် မနက်ကျတော့ လူနာ ကကုတင်အောက်က ဆွဲထုတ်ရ/တယ် အသိတယောက်မြွေကိုက်ခံရတယ် ဆေးရုံမှာ မြွေဆေးမရှိဘူး အပြင် မှာ ၈၀၀၀၀၀ နဲ့ဝယ်ရတယ် ဘာတွေလဲမသိဘူး ဖြစ်ရင်သေဖိုကများနေတယ် .........

ppw said...

တစ်နာရီလောက်ကြာပြီဆိုတော့ သွေးထွက်လွန်ပြီပေါ့။ အဲ့ဒါပဲ ကျန်းမာရေးအသိတွေ တော်တော် ခေါင်းပါးတယ်။
အရေးပေါ်ဌာနမှာ ကျတဲ့ဆရာဝန်က အဲ့အချိန်မှာ ဘာလုပ်နေလဲ။ ဆရာကြီးကို ပဲ ငုတ်တုတ်ထိုင်စောင့်နေတာလား။ ဘယ်ရောက်နေလဲ code blue team ??????
I don't think , they have code blue team there. There was the same case like this in last a few years back , the patient had been left alone inside the room with multiple fracture and injury . Nobody cared about him, of course he got plenty blood loss then finally he died with that. If he got emergency treatment as soon as he reached to hospital , he can be saved. I'm so sorry to hear again like this case. So Sad :'(

Thazin said...

ကျောင်းနှစ်ကျောင်းပြသနာ ဖြစ်စရာမလိုပါဘူး ။ ဥပဒေ အတိုင်း ဆောင်ရွက်မယ်ဆိုရင်။

Myanmar said...

အဲဒီကောင်တွေက ညှစ်လို့၇မယ့်ငွေကို ၇ှယ်၇ာခွဲ၇မယ့်အဖွဲ့တွေ မစုံလို စောင့်ခိုင်းတာကွ။

တို့ခေတ် said...

အင်း ကျွန်တော် တို့ နိုင်ငံက ဆေးရုံ တွေ ကို နားမလည် နိုင်ဘူး။ ကျွန်တော် မြန်မာပြည်မှာ နေတုန်းက ခဏခဏ ကြုံရတာက ဆိုင်ကယ် တိုက်တာဖြစ်ဖြစ် မှောက်တာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပါ ရဲအရေးပိုင် အမှု ဆိုရင် ဆေးရုံဆေးခန်းက ရဲတွေ ရောက်လာပြီး မှ ကုပေးလေ့ရှိတယ် ။ ဆရာဝန်တွေကလည်း သူတို့ ပြသာနာ အဖြစ်မခံဘူး။ ကျွန်တော် နဲ့ရင်းနှီးတဲ့ဆရာဝန် တစ်ယောက် က ပြောတာတော့ ခင်ဗျား မသိလို့ ကျွန်တော်တို့က လူနာကို မနေနိုင်လို့ သွားကု ပေးလိုက်ရင် ကျွန်တော်တို့ ကို ပြသာနာ အရှာခံရတာ ကံမကောင်းရင် ကိုယ်တောင် ဂျေးလ် ထဲ ရောက်သွားနိုင်တယ်။ တဲ့။ ကဲဗျာ ဒီလို နည်းဥပဒေ တွေကတော့ ကိုလိုနီ ခေတ်မှာ ထားရစ်သင့်ပါပြီ။

kooo said...

ဖြစ်သွားရတဲ့အဓိကအကြောင်းအရင်းက
မြန်မာနိုင်ငံမှာ ဘုန်းကြီးနဲ့ကျောင်းသားကိစ္စဆိုရင် ဘယ်သူမှတာဝန်ခံပြီးမဖြေရှင်းရဲကြတော့ဘူးလေ။
အခုဖြစ်စဉ်မှာ တာဝန်ရှိတဲ့သူနေရာမှာ ကိုယ်ဆိုရင် ဘယ်လိုလုပ်မလဲစဉ်းစားပြီး
comment ရေးသင့်ကြတယ်လို့ ထင်မြင်မိပါတယ်။

luck said...

ဘာမှန်းမသိတဲ့ လုပ်ထုံးလုပ်နည်းတွေလား အကုန်လုံးပြောင်းလဲကြပါစို့ ဒီအတိုင်းကြီးပဲဆက်သွားနေရင်တော့ ခက်ရချည်ရဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လို့ လူအသက်ကို ကယ်လိုက်နိုင်ရင် အကျိုးရှိပါတယ် အဖွဲ့အစည်း အားလုံး စုံရင် လူနာကကောင်းသွားမှာလား သေချာစဉ်းစားကြပါ

wanwan said...

Was motorcycle helmet worn by the student? Myanmar citizens don't abide by discipline . SO pitiful...... If the helmet was worn, he would not die ........

ပင့်ကူမောင်မောင် said...

ပြည်သူတွေရဲ့ အသက်တချောင်း သူတို့အတွက် တန်ဖို;မရှိလို့လား?
ပြည်သူ့အသက် ကိုမကယ်တင်နိုင်တဲ့ ဥပဒေ ပြုပြင်ပြောင်းလဲသင့်ပါတယ်...။

der der said...

ဟုတ်တယ်.luckပြောတာမှန်တယ်..သက်ဆိုင်ရာအဖွဲ့အစည်းကိုစောင့်ရင်း. accident ဖြစ်ပြီးသေဆုံးရတာတွေအများကြီးဘဲ..လူ့အသက်ကိုအချိန်မှီကယ်ဖို့ထက်ဘာကအရေးကြီးလို့လဲ.လူသတ်မှုဆိုတမျိုးပေါ့..

Anonymous said...

Same case happened in Hmawbi last year. One of the Hmawbi GTC students was died by the people from air force. The police and the people from hospital, they never inform to the student's relative even they know. They informed one day later after his death. When parents arrived to hospital, they had operated the death body as they like without any permission from parents. Everyone got shocked when saw that...The court also never take any action to these murders until now although it is the worst case in Hmawbi...Don't know what the court is waiting for....!!! So upset and sad....

ko ko said...

ကျောင်းနှစ်ကျောင်းကဘာမှပြသနာဖြစ်စ၇ာမလိုဘူးလေ..၀င်တိုက်ခံ၇လို.မကျေနပ်တာမဟုပ်ဘူး။တိုက်ခံ၇ပြီးသေလုမျောပါးခံစားနေ၇တဲ့ကျောင်းသားကို အ၇င်မကုပဲ အလုပ်မရှိ ခွေးေ၇ချိုးချင်ကြတဲ့ အမျိုးဖျက်၊အသားထဲကလောက်ထွက်တဲ့ ဦးနှောက်မရှိတဲ့ကောင်တွေကို ပြန်ပြီးတုံ့ပြန်ချင်တာလေ..

လောကပါလ said...

ဒီသတင်းတွေကို ဧဒင်ရဲ့စာမျက်နှာမှာလည်း တင်ပေးစေချင်ပါတယ်။
ဒါမှ အာဏာရူးတွေရဲ့ နောက်လိုက်ခွေးတွေဟာ ဘယ်လိုမျိုးလည်းဆိုတာ
ပိုပြီးသိကြစေချင်လို့ပါ....

myat mg said...

ဟုတ်ပ........ဒင်းတို့တွေရဲမတရားဥပဒေတွေကြောင့်သေရတာတွေများနေပါပြီ...........ကြားရတာစိတ်မကောင်းလိုက်တာဗျာ..........ဒီလိုဥပဒေတွေက.....ဒီလိုဗျူရိုကရေစီအရာရှိတွေရဲတွေမှာစောက်ကျင့်ဆွဲနေပြီလေ....ဒီတော့......ဒင်းတို့ရဲ့အစွဲကို...ဘုရားတောင်ချွတ်လို့ရမှာမဟုတ်ဘူး

Powered by Blogger.