ဝန်ကြီးဌာနအလိုက်မလိုအပ်တဲ့ လုပ်ငန်းများလျော့ချရန် လွှတ်တော်တွင်သဘောတူ

မတ်လ၁၅ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၂-၁၃ 
ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ နိုင်ငံတော်သမ္မတရုံးအပါအ၀င် ၀န်ကြီးဌာန
အသီးသီးမှ ဆောင်ရွက်မည့်စီမံကိန်းများအတွက် တောင်းခံထားသော ဘဏ္ဍာငွေများကို 
လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်အဆိုတင်သွင်းပြီး ဖြတ်တောက်ရာတွင်
 မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန စက်မှုစီမံကိန်းဦးစီးဌာန လုပ်ငန်းများ၏ လုပ်ငန်းပမာဏ 
၁၀၀ရာခိုင်နှုန်းလုံး ဆိုင်းငံ့ပြီး ထိုစီမံကိန်းများအတွက် ဘဏ္ဍာငွေချထားမပေးရန် လွှတ်တော်က

ထောက်ခံမဲအပြတ်အသတ်ဖြင့် ဆုံးဖြတ်ခဲ့သည်။

ထိုလုပ်ငန်းပမာဏအားလုံး ဆိုင်းငံ့ရန်အဆိုကို ထောက်ခံမဲ ၄၆၇မဲ၊ကန့်ကွက်မဲ ၁၉မဲ၊
 ကြားနေမဲ ၂၃မဲဖြင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ထိုလုပ်ငန်းများ ဆိုင်းငံ့ထားရန် 
ဆုံးဖြတ်ခြင်းမှာ လတ်တလောတွင် ဆောင်ရွက်ရန်မလိုသေးဘဲ၊ ရည်မှန်းချက်ကြီးမားလွန်းသော 
စက်မှုစီမံကိန်းများဖြစ်ပြီး နိုင်ငံ၏ လက်ရှိအခြေအနေဖြင့် ဆောင်ရွက်ရန် လိုနေသေးခြင်း၊
 ပြည်ပနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် စီမံကိန်းများဖြစ်ပြီး လွှတ်တော်သို့ 
အသိပေးမထားခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်များက ပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတရုံး အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ၏ လုပ်ငန်းပမာဏ ၃၁ဒသမ၃၆၅ရာခိုင်နှုန်းကိုလျှော့ချရန်၊ နိုင်ငံတော်သမ္မတရုံး အထူးဖွံ့ဖြိုးရေး
လုပ်ငန်းများ၏ လုပ်ငန်းပမာဏ (၃၁ဒသမ၃၆၅)ရာခိုင်နှုန်းလျှော့ချရန်၊ ပြန်ကြားရေးဝန်
ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း
လုပ်ငန်းတို့၏ လုပ်ငန်းပမာဏ (၁ဒသမ၇၇)ရာခိုင်နှုန်းချရန်၊ အားကစားဝန်ကြီးဌာန 
လမ်းလယ်ကျွန်းနှင့် မြေယာရှုခင်းပြုလုပ်ပေးခြင်းလုပ်ငန်းပမာဏ(၂၀ဒသမ၂၆ရာခိုင်နှုန်း)
 လျှော့ချရန်၊ ဇမ္ဗူသီရိ Sport Complex တည်ဆောက်ခြင်းလုပ်ငန်း၏ လုပ်ငန်းပမာဏ
 (၂၀ဒသမ ၉၃)ရာခိုင်နှုန်းလျှော့ချရန်၊ စက်မှုလယ်ယာဦးစီးဌာနလုပ်ငန်းများ၏

လုပ်ငန်းပမာဏ(၆၅ဒသမ၈၉)ရာခိုင်နှုန်းလျှော့ချရန်၊ အမှတ်(၁)လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန၀န်ကြီးရုံး၊ ရေအားလျှပ်စစ်စီမံကိန်းဦးစီးဌာန၊ ရေအားလျှပ်စစ်အကောင်အ 
ထည်ဖော်ရေးဦးစီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့၏ လုပ်ငန်း 
ပမာဏ (၁၀ဒသမ၄၅)ရာခိုင်နှုန်း လျှော့ချရန် စသည့် အခြားသောပြည်ထောင်စုဝန်ကြီးဌာန
ျားကဆောင်ရွက်မည့် လုပ်ငန်းပမာဏအသီးသီးကိုလည်း လွှတ်တော်က

လျှော့ချခဲ့သည်။

ထိုသို့ လတ်တလောဆောင်ရွက်ရန်မလိုသေးဘဲ၊ ဘတ်ဂျက်လိုငွေ လျော့ကျစေရေးအတွက် အထောက်အကူပြုရန် လွှတ်တော်က ပြည်ထောင်စုဝန်ကြီးဌာနများ၏လုပ်ငန်းပမာဏ
များေ လျှာ့ချသော်လည်း ပြည်ထောင်စုဝန်ကြီးအများစုမှာ သဘောတူကြကြောင်းလည်း

၎င်းတို့ကပြောသည်။
 7Daw News
ဝန်ကြီးဌာနအလိုက်မလိုအပ်တဲ့ လုပ်ငန်းများလျော့ချရန် လွှတ်တော်တွင်သဘောတူ ၀န်ကြီးဌာနအလိုက်မလိုအပ်တဲ့ လုပ်ငန်းများလျော့ချရန် လွှတ်တော်တွင်သဘောတူ Reviewed by သစ်ထူးလွင် on 13:36 Rating: 5

3 comments:

kyawswar said...

အဘဦးသိန်းစိန်..အဘသီးရွှေမန်းနှင့်နိုင်ငံတော်ကိုချစ်တဲ့ နိုင်ငံအကျိုးကိုဘဲကြည်မယ် လွတ်တော်တွင်းက ကိုယ်စာလှယ်ကြီးများခင်ဗျာ...ကျွနိတော်တိုနိုင်ငံဟာခုဆိုရင်အဆင်းရဲဆုံးနိုင်ငံဖြစ်နေပြီး နိုင်ငံတကာရဲအထင်အမြင်သေးခံရတယ်ဘဝဖြစ်နေပ်တယ်...နိုင်ငံခြားမှာအလုပ် လုပ်နေတယ်ကျွန်တော်တို့တိုင်ရင်းသာတွေဘဝတွေဟာလည်း အထင်မြင်သေးခံရ လုပ်ခလစာခေါင်းပုံဖျတ်ခံရ ဘဝတွေဟာဆိုးလှပါတယ်...ကျွန်တော်တို့တိုင်ပြည်ကြီးတိုးတက်ပြီး ပြည်သူတွေကိုလည်ထိုက်သင့်တဲစိတ်လုံးခြုံမှုတွေရမယ်ဆိုရင် နိုင်ငံခြားမှာရောက်နေတယ်အသိပညာရှင်တွေ အတက်ပညာရှင်တွေ နယ်ပယ်စုံကပြန်လာကြမယ်ဆိုတာ အသေချာဆုံးပါဘဲ..ခုနိုင်ငံကိုအုပ်ချုပ်နေတယ် အဘတိုတွေ ပြောပြောနေတယ် ကျွန်တော်တိုပြည်သူတွေရဲဘဝတွေကိုဘဲကြည်ရအောင် ဘယ်သူမျက်နှာမှ မကြည်ဘဲအလုပ် လုပ်ရအောင်လိုပြော၂နေပြီးအောက်ခြေမှတော ဖြစ်ချင်တိုင်း ဖြစ်နေတာတွေ အခွင့်အရေးတွေ ချိုးဖောက်နေတာတွေက အများကြီးပါ အဲဒီစိတ်တွေ အဲဒီစရိုက်တွေကို ပြင်ရပါမယ်....နိုင်ငံကိုခုအုပ်ချုပ်နေတယ်ခေါင်းဆောင်တွေ အများစုဟာ ကိုယ်မိသားစုကောင်းစာရေ ကိုယ်ဆွေမျိုးကောင်းစာရေးတွေကိုရှေးတန်တင်တယ်လူအဘိုးမတန်တယ်လူတွေအများကြီးပါ....အဲဒီလူတွေကိုလည်းပြောချင်ပါတယ်နိုင်ငံမျက်နှာကိုဘဲကြည်ကြပါလို နိုင်ငံသားတွေရဲအသံကိုနားထောင်ပါလို..လူဆိုတာခံနိုင်ရည်အားဆိုတာရှိတယ် ခံနိုင်ရည်အားထက်ကျော်ရင် ဘယ်သူမှသီးငြီးခံမှာ မဟုတ်ဘူး...ခုဆိုရင်ဘဲဧရာဝတီရဲ အသံတွေပြန်ကြားလာနေရပြီး...နိုင်ငံရဲအမြင်ဆုံး အဘဦးသိန်စိန်ရဲ နိုင်ငံတကာသိပြောကြားချက်ကို အရေးမစိုက် ပြည်သူရဲအသံကိုနားမထောင်တဲ့ အမျိုးကိုမချစ်..နိုင်ငံကိုမချစ်တဲလူတွေ...ရှေဆက်လုပ်မယ်ဆိုရင်မင်းတို့တွေပြည်သူတွေရဲဒဏ်ခတ်ခြင်းကိုခံရမယ်....

အတာ said...

နိုင်ငံငွေတွေကို ကိုယ်ပိုင်ကဲ့သို့ သုံးစွဲခြင်းအား လျှော့ချရန် တင်သွင်းမှုအား ထောက်ခံမဲ ၂၀ မဲ ကြားနေမဲ ၂၂ မဲ ကန့်ကွက်မဲ ၄၆၇ မဲဖြင့် ပယ်ချလိုက်ကြောင်း ...

Chit San Maung said...

စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ရာမှာ မသမာမှုများမဖြစ်အောင်၊ ပြည်သူတွေထိခိုက်မှုမရှိအောင် Transparency ပိုမိုကောင်းမွန်အောင်လုပ်ပေးဖို့ လွှတ်တော်ကတဆင့် တိုက်တွန်းပါတယ်..။
(ဥပမာ မြစ်ဆုံစီမံကိန်း၊ နေပြည်တော်စီမံကိန်း၊ SEA Game .....)

Powered by Blogger.