မန္တလေးမြို့တွင် ထင်းလောင်စာ ကုန်ကျစရိတ်မရှိသော ကွန်ကရိအုတ်လုပ်ငန်း လုပ်ကိုင်သူများပြားလာ


မန္တလေးမြို့တွင် ထင်းလောင်စာ ကုန်ကျစရိတ်မရှိသော ကွန်ကရိ အုတ်လုပ်ငန်း လုပ်ကိုင်သူ များပြားလာကြောင်း သိရပြီး ကွန်ကရိအုတ် လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်မှု ရှိလာသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ၌ အစားထိုး အသုံးပြုမှုမှာမူ နည်းနေသေးကြောင်း စုံစမ်းသိရှိရပါသည်။
''ကွန်ကရိအုတ်တွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုမှု နည်းနည်းတော့ ရှိလာတယ်။ မြေအုတ်၊ စက်အုတ်ခဲတွေထက် ပိုလေးတဲ့အတွက် နံရံကပ်ရာမှာ မသုံးရဲကြသေးဘူး။ လောလောဆယ် သုံးနေကြတာက အဆောက်အဦး အောက်ခံ ဖောင်ဒေးရှင်း၊ မြေအောက်မြောင်း၊ အိမ်သာအောက်ခံနဲ့ ရေချိုးခန်းနေရာမှာ သုံးကြတယ်။ ဒီအုတ်အမျိုးအစားက ရေနဲ့တွေ့လေ ပိုခိုင်လေပဲ။ စက်ထဲကထွက်လာတဲ့ အုတ်တွေကိုနေပူပြီး အခြောက်ခံတာထက် လေနဲ့ခြောက်စေတာက အရည်အသွေး ပိုကောင်းတယ်''ဟု ပုသိမ်ကြီးမြို့နယ်ရှိ အေ၀မ်းကွန်ကရိ အုတ်လုပ်ငန်းမှ ကိုညီညီလတ်က ရှင်းပြသည်။
ကွန်ကရိအုတ်များကို ဆောက်လုပ်ရေးဈေးကွက်အတွင်း တစ်ခဲလျှင် ၇၀ ကျပ်မှ ၈၅ ကျပ်ဖြင့် ထုတ်လုပ် ရောင်းချလျက်ရှိကြောင်း၊ မြေအုတ်၊ စက်အုတ်ဈေးနှုန်းများမှာ တစ်ခဲလျင် ၁၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ''ကွန်ကရိအုတ်တွေကို စနစ်တကျစက်တွေနဲ့ ပုံရိုက်ပြီး ထုတ်လုပ်တဲ့အခါမှာ ကျောက်မှုန့်၊ သဲ၊ ဘိလပ်မြေတို့ကို အချိုးကျကျ၊ စနစ်တကျ ရောစပ်ပြီး အရည်အသွေးမြင့်အောင် ပြုလုပ်မယ်ဆိုရင်တော့တဖြည်း ဖြည်းနဲ့ဈေးကွက်ရလာမှာပါ''ဟု ပြောကြားပါသည်။
''မြေအုတ်လုပ်ငန်းတွေမှာ ဆိုရင် ကုန်ကြမ်းအတွက် မြေသား လိုအပ်မှုအပြင် အုတ်ဖုတ်ဖို့အတွက် ထင်းလိုအပ်မှုက တော်တော်များတယ်။ ထင်းရှားပါးလာတော့ ထန်းပင်တွေ ၀ယ်ပြီး သုံးလာကြတာတွေ ရှိတယ်။ ကွန်ကရိအုတ်တွေက လောင်စာအတွက် ထင်းလည်းမလို ဘူး။ သစ်ပင်၊ သစ်တောကိုလည်း တစ်ဖက်တစ်လမ်းက ကာကွယ်ရာလည်း ရောက်ပါတယ်''ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက ဆိုပါသည်။ 
EMG
မန္တလေးမြို့တွင် ထင်းလောင်စာ ကုန်ကျစရိတ်မရှိသော ကွန်ကရိအုတ်လုပ်ငန်း လုပ်ကိုင်သူများပြားလာ မန္တလေးမြို့တွင် ထင်းလောင်စာ ကုန်ကျစရိတ်မရှိသော ကွန်ကရိအုတ်လုပ်ငန်း လုပ်ကိုင်သူများပြားလာ Reviewed by သစ်ထူးလွင် on 06:33 Rating: 5

4 comments:

amtkhunlay said...

သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းဖို့ဆိုတာ လူသားအားလုံးရဲ့ တာဝန်ပါ။
ဒီလိုလုပ်ငန်းတွေတွင်ကျယ်လာတဲ့အတွက် သစ်ပင်သစ်တောကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်ပေမဲ့ ကျေးလက်နေ လူတန်းစားတွေ အတွက်တော့ ထင်းလိုအပ်ချက် အများကြီးရှိနေပါတယ်။ ဒီတော့ လျှပ်စစ်ဓါတ်အားကို ကျေးလက်ဒေသတွေအထိ အသုံးပြုနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။ (တစ်ခြားနိုင်ငံကို ရောင်းစားမဲ့အစားပေါ့)
ကမ္ဘာကြီး ပူနွေးလာတဲ့ကိစ္စ ကိုလည်း တတ်သိပညာရှင်များ နှလုံးသွင်းကြစေချင်ပါတယ်။

Kane said...

That's true, I agree that above comment. We need to protect our environment and nature as well. We need to get the electric city to the villages in
Myanmar as son as possible.

melodysky said...

ထိုင်းမှာ တော့ စက်နဲ့ ရိုက်ကြတယ် တစ်နေ့ ကို ၂ ယောက်ရိုက်ရင် ၂ ထောင်ချပ်ဝန်းကျင်ရတယ် ဘိလပ်မြေတအိပ်ကို အလုံး ၁၅၀ လောက် ထွက်မယ် စက်က သိပ်ပြီး ဝန်မကျယ်တော့ မြန်မာပြည်မှာလဲ ထွင်လို့ ရနိုင်တယ်

Know Coholic said...

Cement manufacture causes environmental impacts at all stages of the process. These include emissions of airborne pollution in the form of dust, gases, noise and vibration when operating machinery.
The cement industry produces about 5% of global man-made CO2 emissions, of which 50% is from the chemical process, and 40% from burning fuel.
Most cement kilns today use coal and petroleum coke as primary fuels, and to a lesser extent natural gas and fuel oil.

Powered by Blogger.