စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ

နေပြည်တော် စီမံကိန်းဒေသအတွက် အကြောင်းပြပြီး စည်ပင်သာယာ အဖွဲ့ က ကျေးရွာပြောင်းရွှေ့ခိုင်းတဲ့ အမိန့်ကို မနာခံတဲ့ မီးသွေးဖို ရွာသားတွေကို တရားစွဲ ထောင်ချနေတာ စုစုပေါင်း ၆ ယောက် ရှိသွားပြီလို့ သတင်း ရရှိပါတယ်။
AFP
မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို လေယာဉ်ပေါ်မှ မြင်ရပုံ။
မတ်လ ၁၄ ရက်နေ့က ၄ ဦး၊ ၁၆ ရက်နေ့က ၂ ဦး စုစုပေါင်း ၆ ဦးကို ထောင်ဒဏ် ၃ လစီ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ မနေ့က ထောင်ချခံရ သူတွေထဲမှာ သားသည်အမေ တစ်ယောက်လည်း ပါဝင်ပြီး ကလေးရော မိခင်ပါ ရမည်းသင်းထောင်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရွာသားတွေဘက်က လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ကြည်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ အခုလို ပြောပါတယ်။

“၁၄ ရက်နေ့က ချတဲ့အထဲမှာ မအေးအေးမူ ဆိုတဲ့ အမျိုးသမီးတစ်ယောက် ပါသလို ဒီနေ့ ချတဲ့အထဲမှာလည်း အမျိုးသမီးတစ်ယောက် ပါတယ်။ နေပြည်တော် စည်ပင်သာယာရေး ကော်မီတီကနေ ညွှန်ကြားတာကို ဆန့်ကျင်ရင် ဒီ ပုဒ်မ (၂၆) အရ အပြစ်ပေးနိုင်တယ်ပေါ့”

မီးသွေးဖို ရွာသားတွေရဲ့ အဆိုအရ စည်ပင်သာယာက နေစရာမြေကွက် အစားပြန်ပေးမယ် ဆိုရာမှာလည်း စည်းကမ်း သတ်မှတ်ချက်တွေ အတော်များများ ချမှတ်ထားတယ်လို့ ဆိုပါတယ်။
RFA
စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ Reviewed by သစ်ထူးလွင် on 09:23 Rating: 5

8 comments:

saisai66 said...

တရားသေးရဲ့လား..ဒီမိုကရေစီရေ............လုပ်ပါကြပါအုံး

saw 00 said...

ခြင်း ထဲ က ကြက်တွေ ကိုတော့ အပိုင်ဘဲ ရိုက်ခြင်တဲ့အချိန်ထုတ်ရိုက်နေတော့တာဘဲ ၊ လက်ကိုင်ဒုတ် တွေကလဲ ပြည်သူအချင်းချင်း မညှာတာကြဘူး ကြားရတာ တော်တော် စိတ်ပျက်ဘို့ကောင်းတယ် ၊

seazinyaw said...

စည်ပင်က လာဘ်တောင်းသူတွေကိုဝိုင်းဝန်ဖေါ်ထုပ်ပေးကြပါ၊ ဒီကောင်တွေ လာဘ်မစားဘဲ မနေပါဘူး၊ လာဘ်ပေးပြီးထောင်ချနိုင်ရေးဆောင်ရွက်ပေးကြပါ၊

ကျော်ထိုက် said...

တော်တော် ရက်စက်တဲ့ သူတောင်းစားတွေပဲ...ဒီအတိုင်း လက်ပိုက် ကြည့်မနေကြပါနဲ့........၀ိုင်းဝန်းပြီး ကူညီသင့်တယ် လို့ထင်ပါတယ်....

Anonymous said...

ကောင်းကောင်းမွန် မီးသွေးဖုတ်နေတာ မကြည့်ချင်ဘူး ထင်တယ်

Anonymous said...

seazinyaw .... မင်းက စည်ပင် ..စည်ပင်..လာဘ်တောင်းတယ်..နဲ.၊ ခွဲခြားပြောကွာ ၊ ရန်ကုန် မှာက လမ်းဘေးဈေးသည်တွေ ပြေးပြေးလွှားလွှား မှေ၇ာင်းကောင်းတယ်ဆိုလို.ပြေးအောင် လိုက်ပေးနေ၇တာ ၊ အခြား တွေမှာလည်း Y.C.D.C က ပြေပြေလည်လည် ဆို ပြေပြေလည်လည် ဖြစ်အောင်လုပ်ပေးပါတယ်ဗျာ ။

ko ko Toke said...

နေပြည်စည်ပင် မြို့တော်ဝန် ဦးသိန်းညွန့်ရဲ့ လောဘတွေပါ...အတ်တတွေပါ...သူ့ထိုင်ခုံကိ အထိမခံတာမသိကြဘဲကိုး...

quail said...

သူတို့ပြန်လုပ်ပေးတယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေဆီက ရထားတဲ့ အကောက်ခွန်တွေ၊ နိုင်ငံသယံဇာတ ရောင်းလို့ရတဲ့ငွေတွေ ထဲက ဘယ်လောက်ရာခိုင်နှုန်းပါသလဲ ကျွန်တော်တော့ မမှန်းတတ်ပါဘူး

Powered by Blogger.