သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေဖြစ်ပွား​ခဲ့​ပါတယ်။

ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက်ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင်တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။


ဓါတ်ပုံ (Google Images)
“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေကို​တော့​ မရရှိ​သေး​ပါဘူး​။ သိန္နီတံတား​ဟာ မူဆယ် – မန္တ​လေး​ လမ်း​မကြီး​ပေါ်မှာရှိပြီး​ ကွန်ကရစ်တံတား​ အမျိုး​အစား​ ဖြစ်ပါတယ်။ ဗုံး​ကွဲမှု​ကြောင့်​ ကွန်ကရစ် တံတား​တိုင် အနည်း​အကျဉ်း​ ထိခိုက် မှုရှိ​ပေမယ့်​ ကြီး​ကြီး​မား​မား​ပျက်စီး​မှုမရှိခဲ့​ပါဘူး​။ ဒါ့​ပြင် ယာဉ်အသွား​အလာ​တွေလည်း​ ဆက်လက် ရှိ​နေဆဲလို့​သိရပါတယ်။

ဗုံး​ကွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ ဘယ်သူ့​လက်ချက် ဖြစ်သလဲ ဆိုတာကို​တော့​ မသိရ​သေး​ဘဲ သိန္ဒီရဲစခန်း​နဲ့​လည်း​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

သိန္နီမြို့​ဟာ လာမယ့်​ ၂၀၁၀ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ လွှတ်​တော်အတွက် ကိုယ်စား​လှယ်​လောင်း​တွေ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ​နေရာဖြစ်ပါတယ်။ ဒီဗုံး​ပေါက်ကွဲမှု​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ လုံခြုံ​ရေး​ အ​ပေါ် သက်​ရောက်မှုရှိ၊​ မရှိက​တော့​ မသိရ​သေး​ပါဘူး​။ 

ဒီဗွီဘီ
သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား​ သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား​ Reviewed by သစ်ထူးလွင် on 16:35 Rating: 5

4 comments:

supergunner said...

ဗုံးတွေကလည်းကွဲနေလိုက်ကြတာ..
တာဝန်ရှိသူတွေ ပြည်သူများကိုကာကွယ်ကြပါ.
လူအသက်ထက်အရေးကြီးတာမရှိပါ

Anonymous said...

အင်..ရုပ်ဝတ္ထုတွေကို ပျက်စီးမှ ထမင်းဝကြမယ့်ကောင်တွေကလည်း.. သံသရာကို တကယ်လည်းမကြောက်ကြပါလား..

aung aung said...

တာဝန်ရှိပါတယ်ဆိုတဲ့ လူ တွေက လုပ်နေတယ်ဆိုရင် ဘယ်လိုကာကွယ်ကြမလဲ ဗျာ
ဒီကောင်တွေက ကလိမ်ကကျစ်ဥာဏ်ဆိုရင် သူများတွေထက် ပိုပြီး ထက်တယ် ဗျ

လေးချစ်တဲ့မောင် said...
This comment has been removed by the author.
Powered by Blogger.