နေပြည်​တော် ပုဗ္ဗသီရိ မြို့​နယ်အတွင်း​ မဲရုံ ၁၈ ရုံတိုး

နေပြည်​တော် ပုဗ္ဗသီရိမြို့​နယ်မှာ​တော့​ ဒီတပတ်အတွင်း​မှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုး​ချဲ့​လိုက်ပါတယ်။

ဆန္ဒမဲ​ပေး​သူ​တွေ တိုး​လာပြီး​ မဲ​ရေတွက်မှု မြန်ဆန်​အောင်ဆိုပြီး​ မဲရုံ​တွေ ထပ်တိုး​လိုက်တာလို့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က မတ် ၂၉ ရက်က ​ပြောဆို​ကြောင်း​ ပုဗ္ဗသီရိမြို့​နယ်မှာ အန်အယ်လ်ဒီအ​နေနဲ့​ ဝင်​ရောက် ယှဉ်ပြိုင်တဲ့​ ဦး​ဖြိုး​ဇေယျာ​သော်က ​ပြောပါတယ်။

“ကျ​နော်တို့​ဆီမှာ စုစု​ပေါင်း​ မဲရုံ ၁၈ ရုံထပ်တိုး​တယ်။ ​နောက်တိုး​တဲ့​ လူဦး​ရေ စာရင်း​အရရယ်၊​ မဲ​ရေတွက်တဲ့​နေရာမှာ မြန်ဆန်​ချော​မွေ့​စေဖို့​ အတွက်ဖြစ်တယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​အ​နေနဲ့​က​တော့​ မတ် ၂၉ ရက်​နေ့​ကမှ ရက်ချိန်း​ပေး​လိုက်တယ် ဆို​တော့​ မဲရုံကိုယ်စား​လှယ်နဲ့​ အကူကိုယ်စား​လှယ်ရဖို့​က အ​ရေး​တကြီး​ ပြန်လုပ်ရတယ်။ အမှန်တကယ် မဲဆန္ဒစာရင်း​ထဲမှာ ပါသင့်​ပါထိုက်တဲ့​ သူ​တွေ မပါခဲ့​တာ​တွေလည်း​ ရှိခဲ့​တယ်။ ဒီဟာ​တွေအတွက် ကျ​နော်တို့​ဘက်က ပြန်ပြီး​ ​တောင်း​ဆိုထား​တဲ့​ လူဦး​ရေစာရင်း​တွေလည်း​ ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်း​ပြီး​တော့​ လူဦး​ရေစာရင်း​တွေ ထပ်တိုး​လာတာလည်း​ ပါတယ်။”

ပုဗ္ဗသီရိ မြို့​နယ်အတွင်း​မှာ​တော့​ မဲဆွယ်စည်း​ရုံး​ရေး​ကား​တွေ အပြိုင်အဆိုင် မဲဆွယ်စည်း​ရုံး​ပေမယ့်​ ပြဿနာမရှိဘဲ အား​လုံး​ပြေလည်တယ်လို့​ ဦး​ဖြိုး​ဇေယျာ​သော်က ​ပြောပါတယ်။

ပုဗ္ဗသီရိမြို့​နယ်မှာရှိတဲ့​ တိုင်း​တပ်မကို​တော့​ အန်အယ်လ်ဒီအ​နေနဲ့​ မဲဆွယ်စည်း​ရုံး​ဖို့​ ​တောင်း​ဆိုထား​ပေမယ့်​ ခုချိန်ထိ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က အ​ကြောင်း​မပြန်​သေး​လို့​ မဲဆွယ်စည်း​ရုံး​နိုင်​တော့​မှာ မဟုတ်​ကြောင်း​ ​ပြောပါတယ်။

သူ့​အ​နေနဲ့​ ​ရွေး​ကောက်ပွဲရက်မတိုင်ခင် ရွာ​တွေအထိ လိုက်လံစည်း​ရုံး​မှု လုပ်​နေပြီး​ တက်ကြွလှုပ်ရှား​သူ​တွေ ရှိ​ပေမယ့်​ တချို့​ရွာသား​တွေက​တော့​ ​ကြောက်ရွံ့​မှု ​အောက်မှာပဲ ရှိ​သေး​ကြောင်း​ကို ဦး​ဖြိုး​ဇေယျာ​သော်က ဒီဗွီဘီကို ​ပြောပါတယ်။

ဒီဗွီဘီ
နေပြည်​တော် ပုဗ္ဗသီရိ မြို့​နယ်အတွင်း​ မဲရုံ ၁၈ ရုံတိုး​ ​နေပြည်​တော် ပုဗ္ဗသီရိ မြို့​နယ်အတွင်း​ မဲရုံ ၁၈ ရုံတိုး​ Reviewed by သစ်ထူးလွင် on 16:32 Rating: 5

1 comment:

Anonymous said...

ပုဗ္ဗထဲက ၀န်ထမ်းတွေကတော့ NLD ကိုပဲ မဲပေးကြ ပါလိမ့်မယ်....
ရွာက သူတွေကတော့ ပြူကြောင်ကြောင် ကြည့်နေကြတယ်....
တပ်တွေထဲက သူတွေကတော့ သီတင်း အစအနကို မသိရသေးဘူး...

Powered by Blogger.