ကလောမြို့ မှာ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေကို ကြံ့ခိုင်ရေးပါတီမှ ငွေနဲ့ မက်လုံးပေး မဲဆွယ်ခဲ့

ယနေ့ နံနက် ကလောမြို့ လယ်ရှိ ညောင်ပင်အောက်မှာ ပလောင် နဲ့ တောင်ရိုးလူကြီး တွေကို မဲထည့်ရမယ့် ကြံ့ခိုင်ရေးကိုယ်စားလှယ်နဲ့ မဲမထည့်ရမယ့်ကိုယ်စားလှယ်များကို ကြံ့ခိုင်ရေ့းပါတီမှလိုက်လံပြသနေစဉ်
ရှမ်းပြည်နယ် ကလောမြို့ မြို့မကျောင်းမှာ မတ်လ ၂၈ ရက်နေ့ ယနေ့ မနက် ၉ နာရီတွင်
 ကြံ့ခိုင်ရေး မှ ဒေသခံ ပလောင် နဲ့ တောင်ရိုး လူကြီးများကို ထောက်ပုံငွေ များပေးပြီး 
မဲဆွယ်စည်းရုံးခဲ့ကြောင်းသိရပါတယ်။

 မဲပေးလျှင် ထောက်ပံငွေ ကျပ်ငွေ(၁)တစ်သိန်း ပေးချီးပြီး လုပ်ငန်းပေါ်မှုတည်၍ 
ကျပ်ငွေ(၃)သုံးသိန်း နဲ့ အထက်ပေးချေးမည်ဆိုပြီး မဲဆွယ်မဲဝယ်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ကလောမြို့ လယ်ရှိ ညောင်ပင်တွင် ကပ်ထားသည့် မဲဆွယ်ပိုစတာများကို  ကြံခိုင်ရေးမဲဘယ်လိုပေးရမယ်ဆိုတာ ပလောင် နဲ့ တောင်ရိုးလူကြီးတွေကို သိရှိအောင်
သွားကြည့်ခိုင်းပြီး ကြံခိုင်ရေးကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း(ဦးမြ၀င်း) မှ လွဲရင် ကျန်တဲ့ကိုယ်စားလှယ်တွေကို မဲမပေးရဘူးလို့ ကြံ့ခိုင်ရေး ပါတီ စည်းရုံးရေးမှူးတွေကက 
ပြောဆိုခဲ့ကြောင်း ကိုယ်တိုင် အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကလောမြို့ ခံတွေက 
Myanmar News Now ကိုပြောပါတယ်။ 

အလားတူ မတ်လ ၁၀ ရက်နေ့ နံနက်(၁၀)နာရီမှာလည်း  ကလောမြို့  အမှတ်(၁၀)
 ရပ်ကွက်  ဦးမြင့်ဆွေ နေအိမ်မှာ ရပ်ကွက်သူ/သား များအား ကြံ့ခိုင်ရေးမှ
 နန္ဒာလှမြင့်နှင့်စိုင်းနှင်းကိုကို တို့  ညီအကို ၂ ဦးက ကြံ့ဖွံ့ကို မဲထည့်ပါက ချီးမြှင့်ငွေ၊
ငွေပေးချီးမည် ၁သိန်းခွဲဖြင့် လုပ်ငန်းပေါ်မူတည်၍ ၁ သိန်းမှ ၃သိန်း အထိပေးချီးမည်လို့ 
မဲဆွယ်မဲဝယ်လုပ်ခဲ့ကြောင်း ကလောမြို့ ခံတွေ ပြောပြချက်အရသိရပါတယ်။

Myanmar News Now
ကလောမြို့ မှာ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေကို ကြံ့ခိုင်ရေးပါတီမှ ငွေနဲ့ မက်လုံးပေး မဲဆွယ်ခဲ့ ကလောမြို့ မှာ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေကို ကြံ့ခိုင်ရေးပါတီမှ ငွေနဲ့ မက်လုံးပေး မဲဆွယ်ခဲ့ Reviewed by သစ်ထူးလွင် on 15:49 Rating: 5

10 comments:

Thaw Gyi said...

ကဲတာဝန်ရှိသူတို့ ...ဒါမဲမ၀ယ်တာမဟုတ်လို့ ..ဘာလည်းငွေစုငွေချေးအသင်း
လားဗျို့ .. အော်..နောက်ထပ်လည်းလစဉ်ချေးပေးနိုင်ပါစေဗျာ..အရပ်ကတို့ 

datha said...

သမ္မတကြီး ဦးသိန်းစိန် အိပ်ချင်ယောင်ဆောင်နေသည်

တံခါး မခေါက်ပါနှင့်

ပုံ
သိန်းစိန်

မစပ်စု said...

အရမ်းကိုအောက်တန်းကျလိုက်တာ ပြည်သူ့ လူသူ့ ဆီကငွေ တွေကိုမတရားယူခဲ့ပြီးပြီပဲ အခုလိုလုပ်ရပ်မျိုးတော်သင့်ပါပြီး

အောင်ရဲမိုး said...

သူတို့ အဖွဲ့ တွေ က အားလုံးဒီလို ပါဘဲလား ..တရားသဖြင့် မပြိုင်ရဲတာလား....ကောင်းတဲ့ သူကောရှိသေးလား

aung aung said...

ကြံ့ဖွတ် ကိုယ်စားလှယ်တွေက ပြောထားတယ်လေဗျာ
သမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ဖွတ်ပါတီကို မဲပေးကြပါလို့...
အဲကျတော့လည်း အိပ်ချင်ယောင်ဆောင်နေမှာပေါ့ဗျာ
ဒီပုတ်ထဲကပဲ ဒီပဲ ပေါ့ နော်

Unknown said...

အဲဒီထဲမှာတော်ဝင်ပုံနှိပ်တိုက်ကစည်းရုံးရေးမှူးဦးစိုးညွန့်လည်းပါတယ်ဗျ။
သူက စည်းရုံးရေးအတွက် Car စုတ်တစ်စီး နဲ့ Hand Phone ရတယ်တဲ့ဗျ။
ဖြစ်နိုင်ရင်အာဏာလေးပါလိုချင်တယ်ဆိုပဲ။
နောက်ပြီးသူကပြောသေးတယ် ...
လောကမှာသူခိုးလေးနဲ့သူခိုးကြီးပဲရှိတယ်တဲ့ကွ။
ဟုတ်လားဟင်???
???
ဦးကလင်း....ဖြေပေးပါအုံး...

Toe Toe said...

နိင်ငံတော်အကြီူးအကဲတွေနဲ့အဟောင်းစားများခင်ဗျာ တိုင်းပြည်နဲ့ပြည်သူတွေ
နစ်နာလှပါပြီ၊တော်လောက်ပါပြီ၊ကိုယ့်ရဲ့လောဘ၊ဒေါသ၊မောဟ တွေကိုနဲအောင်
လုပ်ကြပြီး။ဒီမိုကရေစီနည်းကျကျ လုပ်ပါ ပြည်သူကမှန်တာလုပ်သူကိုအမှန်
ထောက်ခံပါမည်။ယနေ့NLD ကိုထောက်ခံနေသောပြည်သူများတွင်ဒေါ်စုကိုပုဂ္ဂိုလ်
ရေးကြည်ညိုသူ၊ မှန်တာလုပ်မည်သူများဟုထင်သူ၊လက်ရှိကြံ့ဖွံ့ူဧ။် မပြောင်းလဲ
သောကိုယ်ကျိုးကြည့်အနိုင်ကျင့်ဝါဒကိုမကြိုက်သူများဆိုပြီးရောထွေးပါနေပါသည်
မှန်တာလုပ်သူမည်သူမဆိုပါတီစွဲမထားဘဲထောက်ခံမည့်ပြည်သူအင်အားမှာ၅၀%
ခန့်ရှိနိုင်ပါသည်။ မှန်အောင်မလုပ်ချင်ဘဲ။နိုင်ပြီးရောဆိုပြီးကိုယ်ထုတ်ထားသည့်
ဥပဒေကိုမလိုက်နာခြင်းသည်။ပြည်သူကိုမလိမ့်တစ်ပတ်လုပ်ပြီးစော်ကားနေခြင်း
ဖြစ်လို့ပြည်သူရဲ့ဒဏ်ခတ်ခြင်းကိုတနေ့ခံကြရပါမည်။ရှေ့ ကသွားလေသူများကိုကြည့်
ထားကြဘို့သတိပေးချင်သည်။

Kyaw Khant Zaw said...

ဒီသတင်း အမှန်ဆိုလျင် ခေတ်ကောင်းဖို့ ကြာပါအုံးမည်

အတာ said...

ဒီသတင်းမှာ ဇလပ်ဖြူဆိုတဲ့ ကောင်မ မတွေ့ပါလား .. နင်သိပ်အမွှန်းတင်နေတဲ့ နန္ဒာလှမြင့်က ဘယ်လိုကောင်လည်း လာဖတ်လိုက်ပါဦး .. မြို့မကျောင်းမှာ ဒီထောက်ပံ့ပွဲကို ဘာလို့လုပ်လည်းဆိုရင် ဒီရိုးသားတဲ့ ဒေသခံ ပလောင်နဲ့ တောင်ရိုးလူကြီးတွေက မြို့မဆရာတော်တွေကို ဟိုးယခင်ကတည်းက အဆင့်ဆင့်ကိုးကွယ်လာတဲ့ ရိုးရာကို အခွင့်ကောင်းအနေနဲ့ နောက်ခံယူပြီး မဲဆွယ်တာပါ ... ပြီးတော့ သူတို့ ၀ိနည်းလွတ်အောင် မြို့လည်မှာ ကပ်ထားတဲ့ ပိုစတာကို တမင်သွားကြည့်ခိုင်းတာ .. လူကြီးတွေကို ဘယ်လိုလေးစားရမယ် မသိတဲ့ကောင်တွေကို ယုံစားပြီး မဲပေးမယ့် ဒေသခံ လူကြီးတွေကို သနားမိတယ်ဗျာ .. အမတ်လောင် ဗိုလ်ချုပ်ဟောင်း မြ၀င်းက သောက်ကျင့်မကောင်းလို့ ပြုတ်သွားတဲ့ ကောင် .. ဒီလို လူမျိုးလက်ထဲ ကလောကို ရက်ရက်စက်စက် ထည့်လိုက်မယ် ကြံတဲ့ နန္ဒာလှမြင့်နဲ့ စိုင်းနှင်းကိုကိုတို့ရေ မင်းတို့ရဲ့ စိတ်ဓါတ်ကို တကယ် အံ့သြတယ် ... တစ်ဘ၀စာပဲ မတွေးပါနဲ့ကွာ .. မင်းတို့ မြို့ကို တစ်ကယ်ချစ်ရင် ကောင်းအောင်လုပ်ပေးပေါ့ကွာ .. တော်ပီ .. ဒီနေ့ကစပြီး မင်းတို့ အမျိုးတွေရဲ့ ဆိုင် ဘယ်ဆိုင်မှာမှ မထိုင်ဘူး .. အရင်က ထိုင်ခဲ့မိတဲ့ ပိုက်ဆံတွေက အဆိပ်ပင် ရေလောင်းလုပ်မိတာ နှမြောတယ်ကွာ ...။

hein said...

ခဏလေး ပိုက်ဆံယူပြီးနှစ်များစွာကိုကျွန်ခံမှာလား။စဉ်စားပါ အရင်တုံးကဒီလိုတွေလုပ် ကျွန်ဖြစ်အောင်လုပ်ခဲ့ကြတာဘဲ သူတိုကနည်းနည်းပေးပြီး များ၂ပြန်ယူမယ်နော် သတိလေးတော့ထားကြပါ

Powered by Blogger.