ငပုတော မြို့နယ် အနီးမှ ရှပ်ပြေးရေယာဉ် တိမ်းမှောက်မှုတွင် သေဆုံးနှင့် ပျောက်ဆုံးသူ ၂၃ ဦး ရှိ


ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ ပုသိမ်ကနေ ငပုတောကို ပြေးဆွဲတဲ့ ပုသိမ်သူ ရှပ်ပြေး ရေယာဉ်ဟာ နေ့လည် ၂ နာရီခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ
တိမ်းမှောက် မှုကြောင့် မတ်လ ၂၁ ရက်နေ့၊ ညပိုင်း နောက်ဆုံး  ရရှိတဲ့ အချက်အလက် အရ သေဆုံးသူ ၁၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၃ ဦး စုစုပေါင်း ၂၃ ဦး ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ရေယာဉ်ပေါ်မှာ ခရီးသည် ၉၉ ဦးကို လိုက်ပါလာပြီး ရေယာဉ် တိမ်းမှောက် မှုကြောင့်  ကျား ၃၈ ဦးနဲ့ မ ၃၈ ဦးကို ဆယ်ယူ ရရှိခဲ့ပါတယ်။ ဒီလို တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ရခြင်းမှာ အဆိုပါ ရေယာဉ်ဟာ ငပုတော တစ်ဖက်ကမ်းရှိ ကံဆိပ် တံတားကို ကပ်ဖို့အတွက် ဂ ငယ်ကွေ့ ကွေ့ချိန်မှာ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ တိမ်းမှောက်မှုဟာ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်၊ ကံဆိပ်ရွာ အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိမ်းမှောက် မှုကြောင့် ပျောက်ဆုံးသူ ၁၃ ဦး၊ သေဆုံးသူ ၁၀ ဦးနဲ့ ၇၆ ဦးကို ဆယ်ယူ ရရှိထား တယ်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ အဖွဲ့အစည်းမှ အတည်ပြု ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို တိမ်းမှောက်ခဲ့တဲ့ ရေယာဉ်ဟာ အလျား ၆၀ ပေ၊ အနံ ၁၂ နဲ့ ရေစူး ၄ ပေရှိကာ မြင်းကောင်ရေ ၇၀ အင်ဂျင်တပ် ရှပ်ပြေး ရေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ အဆိုပါ ရေယာဉ်ဟာ ပုဂ္ဂလိကပိုင် ရေယာဉ်ဖြစ်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခြင်း အတွက် ရေယာဉ် ပိုင်ရှင်၊ ရေယာဉ်မောင်းနဲ့ ရေယာဉ် စာရေးတို့ကို သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေယာဉ် တိမ်းမှောက်မှုရဲ့ ရှာဖွေ ကယ်ဆယ်မှုကို ဟိုင်းကြီးကျွန်း ရေတပ် စခန်းမှ စစ်ရေယာဉ် များမှ ရှာဖွေ ကယ်ဆယ်မှု ပြုလုပ်ပေး နေသလို သက်ဆိုင်ရာ တာဝန်ရှိသူ တွေကလည်း အဆိုပါ ရေယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့ နေရာကို သွားရောက် ကြည့်ရှုကာ လိုအပ်မှုများ အတွက် ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4
ငပုတော မြို့နယ် အနီးမှ ရှပ်ပြေးရေယာဉ် တိမ်းမှောက်မှုတွင် သေဆုံးနှင့် ပျောက်ဆုံးသူ ၂၃ ဦး ရှိ ငပုတော မြို့နယ် အနီးမှ ရှပ်ပြေးရေယာဉ် တိမ်းမှောက်မှုတွင် သေဆုံးနှင့် ပျောက်ဆုံးသူ ၂၃ ဦး ရှိ Reviewed by သစ်ထူးလွင် on 14:51 Rating: 5

4 comments:

ကိုကို said...

အမေစုခင်ဗျား..
တနင်္သာရီခရီးစဉ်အား.ဖြစ်နိုင်ရင်မသွားပါနဲ့လားဗျာ.
ရှပ်ပြေးယာဉ်တွေခဏခဏမှောက်နေပါတယ်.
အမေ့ကိုချစ်တဲ့.သား

Killer said...

မြန်မာနိုင်ငံကရှပ်ပြေးယာဉ်က ငါးဖမ်းလှေသာသာပဲရှိတာ.. လုံးဝ စိတ်မချရဘူး...

Minn Aung said...

မြန်မာနိုင်ငံမှ ရှပ်မြုပ်ရေယာဉ် များဖြင့် ပင်လယ်ရေအောက်သို့လေ့လာရေး ခရီးထွက်နိုင်ပါသည်။

အမြင်သစ် said...

စိတ်မကောင်ဘူးဗျာ..ပျောက်ဆုံး/သေဆုံးသူတွေအတွက်

Powered by Blogger.