မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှာကြိုတင်မဲများကို ကောက်ယူနေကြပြီဖြစ်ပါသည်။

ထိုသို့ကောက်ယူကြရာတွင် မြို့ပေါ်ရှိရပ်ကွက်အချို့နှင့်နယ်ဘက်ရှိ ပခန်းကြီး၊ပခန်းငယ်နှင့်
 ကျေးရွာအချို့တွင် မဲလက်မှတ်များပေါ်မှာဖယောင်းသုတ်ထားကြောင်း၊ယင်းနေရာသည်  အဖွဲ့ချုပ်ကိုယ်စားလှယ်နှင့်တည့်တည့်အကွက်တွင်ဖြစ်ကြောင်း ဒေသခံများကမြို့နယ်
အဖွဲ့ချုပ်ရုံးသို့ လာရောက်ပြောကြပါသည်။

မှင်မထင်လို့ ထိုအကွက်ပေါ်သို့ အထပ်ထပ်ခြစ်သော် အစင်းကြောင်းများဖြစ်သွားကာ ပယ်မဲဖြစ်မည်စိုးလို့ပြန်လဲပေးဖို့ တောင်းသော်လည်း လဲမပေးနိုင်ဘူးဟု အချို့ မဲရုံမှူးများက ပြောကြသည်ဟုလည်းသိရပေသည်။ယင်းပြဿနာကို ယနေ့ မတ်လ
(၃၁)ရက်နေ့ နံနက်တွင် ရေစကြို မြို့ နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူများက မြို့နယ်ကော်မရှင်ရုံးသို့သွားရောက်တင်ပြ
ထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။

Myanmar News Now
မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန် မဲလက်မှတ်တွင် မှင်မထင်ရန် လုပ်ကြပြန် Reviewed by သစ်ထူးလွင် on 15:37 Rating: 5

8 comments:

ယောမြေမှကိုရီးယား said...

အင်း ဒီကောင်တွေတော့လုပ်ပြန်ပြီ ပြည်သူတွေကို အမျိုးအမျိုး နှိပ်စက်နေတာဘဲနော် ကြံ့ ဖွတ် မဲတွေကြတော့ လုပ်ပါလား ဒီတခါတော့မရတော့ဘူးဟေး မီဒီယာ သမားတွေရှိတယ် ကြံ့ဖွတ်ရေ အမေစုတက်လာမှ မင့်တို့ ဦးနှောက်တွေလဲ ဖယောင်းသုတ်ထားသလို ဘာမှ သုံးမရဘဲ ဖြစ်နေမှာ မြင်ယောင်သေးတယ်ဗျာ

Aung Soe Oo said...

တကယ့်အောက်တန်းစားစိတ်ဓတ်တွေမပျောက်ကြသေးပါလား
ဘယ်လိုလဲ ကြံ့ဖွံ့တွေ ခင်ဗျားတို့စိတ်ဓတ်တွေမပြင်ကြသရွေ့တော့ကျုပ်တိုင်းပြည်ရွှေနိုင်ငံမဖြစ်ဘဲ အောက်တန်းစားနိုင်ငံဘဲဖြစ်နေမှာပေါ့ဗျာ

naingoo said...

စိတ်ဓါတ်ကိုကမိကောင်းဖခင်သားသမီးမဟုတ်
ဘူးဆိုတာာပြနေတာဘဲ။အလှည့်ကြ၇င်မနွဲစတမ်းပေါ့ကွာ

SSS said...

အောက်တန်းကျတဲ့ ဥာဏ် ထွက်လဲထွက်တတ်ပ....ဒါမျိုးကျတော်တယ်..ကလိမ်ကကျစ်တွေ...

SSS said...

ကလိမ်ကကျစ်တွေ

the` maung said...

ဒီလိုမျိုးမ ဖြစ်အောင် UN ကို အကူအညီတောင်းသင့်တယ်၊ မဲရုံစောင့် တွေကို
change သင့်တယ်။ NLD ကလည်းမစောင့်နဲ့ ကြံ့ဖွတ်တွေလဲ မစောင့်နဲ့ ၊ UN ကိုအကူအညီတောင်းပြီးစောင့်ခိုင်းသင့်တယ်၊ တခါက UN ကပြောဖူးတယ် လိုအပ်တဲ့အကူအညီကို အပြည့်အ၀ပေးမယ်လို့
သတင်းတွေကြားရတာ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။။

lin lin said...

စိတ်ဓါတ်ကိုကမိကောင်းဖခင်သားသမီးမဟုတ်
ဘူး.အောက်တန်းကျတဲ့ ဥာဏ် ထွက်လဲထွက်တတ်ပကလိမ်ကကျစ်တွေ.

မောင်မောင် said...

မြန်မာတွေက တော်ပါပေတယ်ဗျာ...Negative မှာ

Powered by Blogger.