ယနေ့ ကော့မှူးမြို့ နယ် မြင်ကွင်း (ဓါတ်ပုံ)
ကော့မှူးကိုယ်စားလှယ်လောင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ကော့မှူးမြို့ နယ်မှာ ယနေ့ တွေ့ ရစဉ် ဓါတ်ပုံ(ရိုက်တာ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဒီညနေ တညအိပ်ရောက်ရှိလာတာကို ကြိုဆိုကြတဲ့ ဒေသခံလူထုနဲ့ မဲရုံတွေရဲ့  ပြင်ဆင်နေတဲ့ ဓါတ်ပုံများ (Photos: AP)
ဝါးသိင်္ခရွာတွင်ရောက်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမနေထိုင်မည့်အိမ်သို့ရောက်ရှိပြီးခဏတာအပန်းဖြေကာ စောင့်ဆိုင်းနေသောပရိသတ်ကို
၂မိနစ်တာစကားပြောခဲ့ကြောင်းထိုရွာတွင်ရောက်ရှိနေ သော7DayNewsသတင်းထောက်က
သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမိုးချုပ်နေပြီဖြစ်သဖြင့်ကြိုဆိုနေသူများ၏မျက်နှာ များကိုမမြင်ရသော်လည်းအသံတွေကြားရသဖြင့်အားတက်ရကြောင်းပြော ကြားခဲ့ပြီးမနက်ဖြန်နံနက်အစောပိုင်းတွင်မဲရုံများကိုခဏတာကြည့်ကာ ရန်ကုန်သို့ပြန်ပြီးလမ်းတစ်လျှောက်မဲရုံများကိုလည်းဝင်ရောက်ကြည့်ရှူ့သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၀ါးသိင်္ခရွာတွင် နိုင်ငံတကာသတင်းထောက်၂၀ကျော်နှင့်ပြည်တွင်းသတင်းသမားအများအပြားရောက်ရှိသတင်းယူ လျှက်ရှိကြကြောင်း 7Day Newsသတင်းထောက်ကသတင်းပေးပို့သည်။
 ဒ်ါအောင်ဆန်းစုကြည်နှင့်အတူသူမ၏
မိသားစုဆရာ ၀န်ဒေါက်တာတင်မျိုးဝင်းသည်ယနေ့ကော့မှူးခရီးစဉ်သို့လိုက်ပါသွားခြင်းမရှိကြောင်း ဒေါက်တာတင်မျိုးဝင်းက 7 Day News သို့ပြောကြားသည်။
ရာသီဥတုပူပြင်းသည့်အတွက် ရွေးကောက်ပွဲနေ့နံနက်ပိုင်းတွင် မဲရုံများသို့လေ့လာပြီးမွန်းတည့်မတိုင်မီရန်ကုန်သို့ပြန်လာရင်အကြံပြုထားကြောင်းလည်းသိရသည်။
“အမသွားပြီးတော့မကြာခင်မှာဘဲ လမ်းကနေဖုန်းဆက်တယ် သူနေကောင်းတယ်ဆိုတဲ့အကြောင်း”ဟုဒေါက်တာတင်မျိုးဝင်းကပြော သည်။
 7Day News Journal
8 comments:
zzmyoe said...
အားလုံးရဲ့မျှော်လင့်ချက်ပါဘဲနော်....
nwenwe said...
အောင်မြင်မှုတွေ ရပါစေလို့  ...........ရင်ခုန်စွာနဲ့  သတင်းတွေတက်လာမှာကိုစောင့်နေပါတယ် ။။။။ကိုသစ်ထူးလွင်ကိုကျေးဇူးတင်ပါတယ် ......သတင်းလေးတွေကို အမြန် တင်ပေးပါနော်............အရမ်း သိချင်နေတယ်........စိတ်ပူနေတယ် ..အေးအေးချမ်းချမ်း နဲ့  အန္တရာယ်က ကင်းပါ့မလားလို့ ...........
cherry said...
အောင်မြင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။
ကောင်းတာလုပ်ရင် အကျိုးကျေးဇူးရစမြဲပါ။
duyinthee said...
အမုန်းမဘက်၊ အပြုံးမပျက်တဲ့ ဒို့အမေ မရွေးခင်ကထဲက နိုင်နေတာ မြန်မာရော ကမ္ဘာကပါ သိနေပါတယ်အမေ အမေ့ရဲ့ထာဝရအပြုံးကြောင့်
NLD လည်းပြုံးပျော်နိုင်မှာပါ။
Going to FREEDOM said...
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်ရှိသော ပြည်သူအများအား
စည်းကမ်းရှိပြီး အကျင့်စရိက်ကောင်းမွန်သော နိုင်ငံသူနိုင်ငံသား
များဖြစ်အောင် ပြုပြင်လုပ်ဆောင်နိုင်ပါစေလို့
အမေစုကိုဆုတောင်းပေးလိုက်ပါတယ်
ကျော်စိုးသူ said...
အောင်မြင်ပါစေလို့ ..ဆုတောင်းနေရတာပါ. အရမ်းစိတ်ပူနေမိတယ်..ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်ပေးမယ်လို့ ယုံကြည်ပြီးသားမို့ပါ..
ကိုလေး said...
အောင်မြင်ပါစေ အမေစု... သားတို့တစ်တွေ့ အမေစုကို အားပေးတယ် ထောက်ခံတယ် အမေ..
အမေစုကို ချစ်တယ်................................................
thetsarko said...
အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်ပေးနေတဲ့ အမေစု အောင်မြင်ပါစေ
Powered by Blogger.