ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် -ကျော်စိုးလင်း (YPI) မွန်းလွဲ ၄ နာရီ

ကော့မှူးမြို့နယ်သို့ ယနေ့ညနေလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ကားတန်းအား ကော့မှူးမြို့ ဒီချုပ်အဖွဲ့ဝင်များနှင့် လူထုက ကား ၁၅ စီး၊ ဆိုင်ကယ် ၇၀ ဖြင့်သွားရောက်ကြိုဆိုလျှက်ရှိသည်ဟု သတင်းပေးပို့သည်။

ယင်းကားတန်းနောက်မှ ပြည်ခိုင်ဖြိုး ကားတန်း ၁၅ စီးလည်း လိုက်ပါလျှက်ရှိပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လိုက်ပါသည်ကို မသိရှိရဟု ဆိုသည်။
Yangon Press International

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာရှိအလယ်ရွာ မဲရုံ အမှတ်(၁)တွင်မဲပေးနိုင်သူဦးရေ ၉၅၆ ယောက်ရှိပြီးကြိုတင်မဲ(၁၀)မဲရရှိထားသည်။
မဲရုံအမှတ်(၂)တွင်မဲပေးနိုင်သူဦးရေ၆၃၀ရှိသည်ဟု Messengerသတင်းထောက်ကတိုက်ရိုက်သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့်ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်၊၀ါသိင်္ခကျေးရွာ၏နောက်ဆက်တွဲသတင်းများကိုလည်း
Messengerဂျာနယ်မှဆက်လက်ဖော်ပြပေးသွားပါမည်။
 Messenger News Journal

ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမှ ပရိသတ် သွားရောက်ကြိုဆိုနေ Reviewed by သစ်ထူးလွင် on 16:28 Rating: 5

8 comments:

lwannaymie said...

ဖွတ်ကားတွေ...နောက်ကလိုက်လာတာ...ဘာသဘောလဲ။
အမေစုအတွက်...လုံခြုံရေးကို..အထူးစောင့်ရှောက်ပါ။

maymon said...

ကြံ့ဖွံ့ကဘာလိုအမေစုနောက်ကား ၁၅ စီးနဲ့လိုက်ရတာလဲ။ ဒီပဲယင်းလို
လုပ်ကြံဖို့လား။ ဒါကအရေးကြီးသတင်းပါ။ အမှားခံလို့မရပါဘူး။
ပြည်သူတွေစိတ်ပူပင်မူမြှင့်တက်အောင်မလုပ်ပါနဲ့။ အချိန်မှီသတင်းပြန်တင်ပေး
ပါအုံး။

sean said...

အထူးအရေးကြီး .. သတိရှိကြပါ.. သတင်းသမား အကုန်လုံး ဆင်းသတင်းယူကြပါ.. အကုန်လုံးစိတ်ပူနေကြတယ်..
ကွန်မန့်တွေ အမြန်တင်ပေးပါ.. တကယ်တွေ့တဲ့သူ က သတင်းအမှန်တင်ပေးပါခင်ဗျာ...

sean said...

အထူးအရေးကြီး .. သတိရှိကြပါ.. သတင်းသမား အကုန်လုံး ဆင်းသတင်းယူကြပါ.. အကုန်လုံးစိတ်ပူနေကြတယ်..
ကွန်မန့်တွေ အမြန်တင်ပေးပါ.. တကယ်တွေ့တဲ့သူ က သတင်းအမှန်တင်ပေးပါခင်ဗျာ...

supergunner said...

ဘာမှမကြောက်ဘူး..NLD ရှုံးမှာလည်းမကြောက်ဘူး..ကြံဖွတ်မတရားနိုင်မှာ
လည်းမကြောက်ဘူး..တစ်ခုလေးပဲ အမေစု ကိုစောင့်ရှောက်ကြပါ.
သူလိုမျိုးထပ်မရှိနိုင်တဲ့.အာဇာနည်သွေးအမေစုကို ဘေးမသီရန်မခအောင်
စောင့်ရှောက်ကြပါလို့ တောင်းဆိုပါရစေ. မှားတာရှိရင်တောင်းပန်ပါတယ်
(သီချင်းဆိုတာမဟုတ်ပါ)
ဗုံးတွေကွဲလွန်းလို့ ပါ..ဗျာ..အရပ်ကတို့ 

ပုဂံစစ်သည် said...

ဒီနှစ်တန်ကူး အလှကျူးရာဝယ်၊
ခွပ်ဒေါင်းရယ် တွန်ကာကျူးတယ်၊
ပြည်သစ်ကို ဆောင်တော့မယ်၊
လှမ်းလင့်ကာ ကြိုကြမယ်။

gemuk said...

ဒီပဲယင်း ကို အမှတ်၇ကြပါ။ အထူးသတိထားကြပါ

Lam said...

သတိဆိုတါ ပိုတယ်မရှိပါ

Powered by Blogger.