တေးဂီတဖျော်ဖြေပွဲဖြင့် မန်းဂျော်နီ မဲဆွယ်စည်းရုံး

မြောင်းမြမြို့မဲဆန္ဒနယ်တွင် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ် လောင်း မန်းဂျော်နီက တေးဂီတဖျော်ဖြေပွဲဖြင့် ယင်းမဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံး ရေးဆင်းခဲ့သည်။
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)
တေးဂီတဖျော်ဖြေပွဲဖြစ်မြောက်ရေးအတွက် မြောင်းမြမြို့နယ် NLD တိုင်းမဲအောင်နိုင်ရေးတာဝန်ခံ မန်းမျိုးချစ် ဦးစီပြီး NLD အဖွဲ့ဝင်များက ကမကထပြုကာ စခန်းကြီးကျေးရွာဘောလုံးကွင်းတွင် ယခုလ (၂၄)ရက်နေ့ က ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ည ၉နာရီခွဲမှ ၁၂နာရီအထိ ကျင်းပခဲ့သည့် အဆိုပါဂီတပွဲသို့ နီးစပ်ရာကျေးရွာများဖြစ်သည့် တံခွန်တိုင်၊ တစ်ပင်ချောင်း၊ ငုအိုင် အစ ရှိသည့်ဒေသများက ပရိဿတ် ခုနှစ်ထောင်နီးပါး တက်ရောက်ခဲ့ကြသည် ဟု ပွဲစီစဉ်သူ မန်းရဲမင်းထွေးက ပြောသည်။

“ဒေါ်စုပုံရိုက်ထားတဲ့ အကျီင်္တွေ၊ ခွပ်ဒေါင်းပုံနဲ့ အမှန်ခြစ်ထားတဲ့ အင်္ကျီတွေကို ၀တ်ပြီးလာကြတယ်။”ဟု ၎င်းက ပြောသည်။

တေးဂီတဖျော်ဖြေရေး မစတင်မီ NLD ၏ မြောင်းမြမြို့နယ် ကိုယ်စားလှယ်လောင်း မန်းဂျော်နီနှင့် မဲအောင်နိုင် ရေးတာဝန်ခံ ဦးမြင့်လွင်၊ လပွတ္တာမြို့နယ် မဲအောင်နိုင်ရေးတာဝန်ခံ ဒေါ်ခင်ဝိုင်းနှင့် မန်းမင်းရဲထွေးတို့က မဲဆွယ်ဟောပြောခဲ့ကြသည်။

ထို့နောက် မယ်လိုဒီဝေါလ်တွင် ပထမဆုရရှိခဲ့သူ လီရို၊ ဆူးငှက်၊ ခင်ဝါးမိုး စသည့် တိုင်းရင်းသားအဆိုတော် များ နှင့် ကလေးအဆိုတော် အယ်နီရှိုင်းတို့က တေးသီချင်းများဖြင့် သီဆိုခဲ့ကြပြီး  တယောတီး၍ ဖျော်ဖြေ ခဲ့သည်။
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)
မြောင်းမြမြို့နယ်မှ NLD ၏ မဲဆွယ်လှုပ်ရှားမှုများ (Photo-KIC)

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် ၂၀၁၀ရွေးကောက်ပွဲတွင် အနိုင်ရရရှိခဲ့သော လက်ရှိ အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ လစ်လပ် မဲဆန္ဒနယ် ဖြစ်သည်။

ထိုမဲဆန္ဒနယ်တွင် ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သူ ACE ကုမ္ပဏီအကြီးအကဲ၊ နေပြည်တော် ယူနိုက်တက်ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအ၀င် NLD မှ မန်းဂျော်နီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဦးအောင်မျိုးလှိုင်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည်။

မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၇၇)ရုံရှိပြီး မဲပေးနိုင်သူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်မှာ ကရင်လူမျိုး များ ဖြစ်သည်။

မန်းဂျော်နီသည် ၁၉၉၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရာ ကျုံပျော်မြို့နယ်၊ အမှတ်(၁) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။ကေအိုင်စီ
တေးဂီတဖျော်ဖြေပွဲဖြင့် မန်းဂျော်နီ မဲဆွယ်စည်းရုံး တေးဂီတဖျော်ဖြေပွဲဖြင့် မန်းဂျော်နီ မဲဆွယ်စည်းရုံး Reviewed by သစ်ထူးလွင် on 13:48 Rating: 5

5 comments:

aungaungmoe said...

မန်းဂျော်နီ် နိုင်ပါစေ။

Toe Toe said...

မြောင်းမြသားတွေ စိတ်ချမယ်နော်၊ဒီမိုကရေစီမှာငွေရှိတိုင်းလဲလုပ်ချင်တာလုပ်
လို့မရဘူးဆိုတာသက်သေပြလိုက်စမ်းပါ၊တိုင်းပြည်အတွက်ကောင်းအောင်လုပ်
မဲ့သူဆိုတာအနစ်နာခံတတ်တဲ့နိုင်ငံချစ်စိတ်ရှိပြီးမတော်လောဘနဲတဲ့သူမှဖြစ်မှာပါ။
ငွေကိုအကျိုးလို လို့ညောင်ရေလောင်းတဲ့သဘော သုံးတာတော့အထင်ကြီးစရာ
မရှိပါဘူး။

ritcivil84singapore said...

Dr phyo ko ko tint san.......?????????????????ဘယ်ကရတ.ဲဒေါက်တာဘွှဲလဲ.

ကိုကို said...

ဆရာဦးမန်းဂျော်နီဟာ.အထက်တန်းပြကျောင်းဆရာတစ်ယောက်ဖြစ်ပီး
ကျွှန်တော်ရဲ့ဆရာတစ်ယောက်ပါပဲ..၁၉၉၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရာ ကျုံပျော်မြို့နယ်၊ အမှတ်(၁) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူ
ဖြစ်ပါတယ်.
အဲ့ဒီတုံးကဆို.အတင်းအဓမ္မဖမ်း.အချုပ်ထဲထည့်.ညှင်းပန်းနှိပ်စက်တဲ့ဒဏ်
တွေကိုခံခဲ့ရသူပါ..သူစာသင်ပေးခဲ့တဲ့.ထောက်လှမ်းရေးသူ့တပည်တွေက
အမျိုးမျိုးနှိပ်စက်တာခံခဲ့ရပါတယ်.စိတ်ရင်းစေတနာကောင်းမွန်ပီး.
English စာအရမ်းတော်သော.ပညာတတ်တစ်ယောက်ပါ.
မြောင်းမြလူထုများ.ယုံယုံကြည်ကြည်နဲ့.မဲပေးကြပါလို့.
ကျုံပျော်သား..

yelpaing said...

ကြိုဆိုပါတယ် ဖထီမန်း။၉၀ ကာလမှသည် ဒီနေ့ ဒီရက်တိုင်အောင်ကျမ္မာရေးကောင်းမွန်စွာရှိနေဆဲဖြစ်သည့်အတွက်ဂုဏ်ယူဝမ်မြောက်ပါသည်။ကရင်လူထုအတွက်လဲ ထိရောက်တဲ့ဘဝအာမခံချက်များပေးနိုင်ပါမည်ဟု ယုံကြည်ပါသည်။

Powered by Blogger.