ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသောစာများ ပုသိမ်တွင်လိုက်လံဝေငှ

ပုသိမ်ကျောင်းသားကျောင်းသူများ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့စဉ်တွေ့ ရပုံ (ဓါတ်ပုံ-Google Images)
ပုသိမ်-မတ်လ ၂၁၊ ၂၀၁၂ ခုနှစ်(YPI)

ပုသိမ်မြို့ပေါ်နှင့် ပညာရေးကောလိပ်ကျောင်းများတွင် “ကျော်(ပညာရေး)” အမည်ဖြင့် ရေးသားထားသော “မစု၊ဒေါ်စု၊အမေစုပြန်လာပြီ”  ဟုခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ရေးသားထားသည့် လက်ကမ်း စာစောင်များ  ဖြန့်ဝေလျှက်ရှိကြောင်း ပုသိမ်မြို့ခံများက ပြောသည်။


ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်နေ ကိုဝင်းနိုင်က“ကျွန်တော်တို့ဆီ ကြံ့ခိုင်ရေးအဖွဲ့တွေလာတုန်းက ပေးသွားတာ၊ ပထမတော့ဘာမှန်းမသိဘူး၊ အမေစုပြန်လာပြီဆိုလို့ယူထားလိုက်တာ၊ ဖတ်ကြည့် တော့မှ ဒေါ်စုကို စိန်ခေါ်သလိုလို စော်ကားသလိုလို  ရေးထားတာသိရတော့  အရမ်းဒေါသဖြစ်သွားပြီး စာရွက်ကို ချက်ချင်းဆုပ်ဖြဲပစ်လိုက်တယ်“ ဟု YPI သို့ပြောသည်။


ထိုစာထဲတွင် ပညာရေးကောလိပ်ကျောင်းသူများက ဒေါ်အောင်ဆန်းစုကြည်အား ပြောနေဟန်ဖြင့် ပိုင်ဆိုင်သောငွေကြေးများကို နိုင်ငံခြားတွင်ထားကာ လူချည်းသက်သက် ပြည်တွင်းတွင်နေထိုင် ခြင်းမှာ အာဏာကို ငမ်းငမ်းတက်လိုချင်သူတို့၏ လုပ်ရပ်သာဖြစ်ကြောင်း၊ သတ္တိရှိပါက  တစ်ယောက်တည်း လာစေချင်ကြောင်း၊ အာဏာရူး နောက်လိုက်များနှင့် ပေါင်းကာ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံသစ်တည်ဆောက်နေသည့် အစိုးရကို ကျဉ်းထဲကျပ်ထဲ ရောက်အောင် မလုပ်သင့်ကြောင်း  စသည်ဖြင့် ရေးသားထားသည်။


ပညာရေးကောလိပ်ကျောင်းသူတစ်ဦးက “၁၇ရက်နေ့ မနက်၈နာရီလောက်က သမီးတို့ကျောင်းကနေ အငြိမ်းစား ယူထားတာ ၂လလောက်ပဲရှိသေးတဲ့ အရင်ကျောင်းအုပ်ကြီးက လာဝေတော့ သမီးတို့လည်း ယူထားလိုက်ရတာ” ဟုဆိုသည်။

လွန်ခဲ့သော၂လခန့်က ပညာရေးကောလိပ်ကျောင်းအုပ်ဆရာကြီးတာဝန် မှ  အငြိမ်းစားယူသွားသူ ဦးကျော်လွင်မှာ “ကျော် (ပညာရေး)” ဆိုသည့် အမည်ဖြင့်  အမည်ဖြင့်ဆုံးမစာများကို မကြာခဏရေးသားကာ ကျောင်းသားကျောင်းသူများကို ဝေငှဖူးကြောင်း ပညာရေးကောလိပ် ကျောင်းသားကျောင်းသူတို့၏ ပြောပြချက်အရ သိရှိရသည်။

၎င်းမှာ ကျောင်းအုပ်အဖြစ်မှ အငြိမ်းစားယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေး အကြံပေးအဖြစ် လုပ်ကိုင်နေသည်ဟု လည်း သိရှိရသည်။


ယခု ကိစ္စနှင့် ပတ်သက်၍ NLDပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က“ကော်မရှင်ကိုမတိုင်ပါဘူး၊ နောင်ဆက်မလုပ်ဖို့ပဲ  သူတို့ပါတီကို အကြောင်းကြားသွားမယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီတစ်ခုနဲ့တစ်ခုကရန်သူလို သဘောထားနေရင်ကျွန်တော်တို့ အားလုံးလျှောက်နေတဲ့ ဒီမိုကရေစီလမ်းကြီး ပျောက်သွားလိမ့်မယ်“ ဟု ပြောဆိုသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်ကမူ
ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး နိုင်ငံရေးအကြံပေးအနေနှင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ ပါတီနှင့် မသက်ဆိုင်ကြောင်း ပြောကြားထားသည်။

ပုသိမ်မြို့နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရကာ လက်ရှိ သမ၀ါယမ ပြည်ထောင်စု ဒုဝန်ကြီး ဦးသန်းထွန်း၏ လစ်လပ်သွားသော နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။      ။
ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသောစာများ ပုသိမ်တွင်လိုက်လံဝေငှ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသောစာများ ပုသိမ်တွင်လိုက်လံဝေငှ Reviewed by သစ်ထူးလွင် on 15:31 Rating: 5

31 comments:

သက်မောင် said...

ပင်စင်ယူထားတဲ့သူဆိုတော့ အတွေးအခေါ်တော့ နည်းနည်းအောက်နေမှာပေါ့...
ဓာတ်ပြားဟောင်းပဲ ကြားချင်နေသူပဲဖြစ်မှာပေါ့...
အပြောင်းအလဲအတွက် လက်မခံချင်တဲ့သူလည်းဖြစ်မှာပေါ့.....
ဒါမှမဟုတ် တစုံတရာရဲ့ တွန်းအားကြောင့်လည်းဖြစ်မှာပေါ့....
ဘာပဲဖြစ်ဖြစ်...
လူဆိုတာ....
သူများအပြစ်ကို မပြောပြခင်/သူများကို အပြစ်မဆိုခင် ကိုယ်တိုင်ကော ဖြူစင်ရဲ့လားဆိုတာတော့ထည့်တွက်ပါဦး ဆရာကျောင်း(ငြိမ်း) ရေ
အမြင်ဆိုတာ ဘယ်တော့မှ တစ်ဖက်သတ်မဆန်ရဘူးဗျ...
မျှမျှတတ တွေးဆ ဆင်ခြင်ပြီး မြင်ကြည့်ရမယ်......
အထူးသဖြင့် ကိုယ်ရေးချင်တယ်ဆိုရင် ရေးချင်တာရေး...လူအများဆီ ကိုယ့်စာတင်ပြတော့မယ်ဆိုရင် ကိုယ်ရေးတာ ဘယ်လောက်မှန်လဲ ... ဘယ်လောက်ရိုးသားမှုရှိလဲဆိုတာ ၀န်ခံနိုင်ရမယ်... ရမ်းမရေးနဲ့ဗျာ...

Anonymous said...

အင်..ဘယ်လိုပြောရမလဲမသိတော့ဘူး...
ဒါက စစ်အစိုးရလက်ထက်က တက်ကြွလှုပ်ရှားသူတွေရဲ့ အမွေတွေပဲဖြစ်မယ်လေ..
ဟိုတုန်းကတော့ ဒါမျိုးတွေ့ရင် ဖမ်းတယ်ပေါ့
အခုတော့..လည်းလွတ်လပ်စွာရေးသား ပြောဆိုခွင့်တွေဘာတွေဆိုနဲ့တော့ သိတော့ဘူး..

Ko Htet said...

အော်--ကျောင်းအုပ်ကနေအငြိမ်းစားယူ ပြီးငြိမ်ငြိမ်နေပါလား ဆရာရယ်---
အခုတော့ဘုရားမကြိုက် နတ်မကြိုက် ပြည်သူမကြိုက် တာတွေလုပ်နေပါလား။
တော်ကြာသေရင် မသာစရိတ်မကြေပဲနေမယ်။
ဆရာ့လိုပဲကျွန်တော်လည်း ဆုံးမကြည့်တာနော်----

pheasant said...

စောက်ရူးကြီးတွေပါကွာ သူတို့ ကို သူတို့ လဲ သေချာမသိကြတော့ပါဘူး တော်ကြာ ကို့ ချီးကို ပြန်စားချင်စားနေမှာ

tharzaw said...

(ယခု ကိစ္စနှင့် ပတ်သက်၍ NLD ပါတီ၏ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က“ကော်မရှင်ကိုမတိုင်ပါဘူး၊ နောင်ဆက်မလုပ်ဖို့ပဲ သူတို့ပါတီကို အကြောင်းကြားသွားမယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီတစ်ခုနဲ့တစ်ခုကရန်သူလို သဘောထားနေရင်ကျွန်တော်တို့ အားလုံးလျှောက်နေတဲ့ ဒီမိုကရေစီလမ်းကြီး ပျောက်သွားလိမ့်မယ်“ ဟု ပြောဆိုသည်။)
ကဲကြည့် ... ဘယ်လောက်ကောင်းတဲ့သဘောထားလဲ။

(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုသိမ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်ကမူ
ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး နိုင်ငံရေးအကြံပေးအနေနှင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ ပါတီနှင့် မသက်ဆိုင်ကြောင်း ပြောကြားထားသည်။)
ကဲကြည့် ... ဘယ်လောက်ထိလိမ်ချင်တဲ့သဘောထားလဲ။

ကွာချင်တိုင်းကွာ။ ကွာမှကွာ။
နံ့သာဆီနဲ့အီး။
အပေါ်က နံ့သာဆီသဘောထား၊ အောက်ကအီးသဘောထား။
ဖွတ်

tyt270 said...

အာဏာရူးပြီးနေရာမက်တာဘယ်သူတွေလဲ???????အဲ့ဒါတွေကြောင့်မဲလိမ်တာတို့ကလိမ်ကကျစ်ကြတာတွေဆိုတာလူသိရှင်ကြားဖြစ်တာပေါ့...ဟားဟား

lovely dream said...

အဲလို လူမျိုးကကျောင်းဆရာ ကျောင်းအုပ်လုပ်ခဲ့တယ်တဲ့ ဆရာတွေ နာမည်ပျက်တယ် ဒါလားကျောင်းဆရာ အဲလိုကျောင်းဆရာတွေရှိလို့ တိုင်းပြည်ပျက်နေတာတွေလဲပါတယ်..........

thinzaroo said...

ကြံ့ဖွတ်ထဲကလူဆိုတော့ ဒီလိုပဲ့ပြောမှာပေါ့ အသက်ကြီးပြီးပင်စင်ယူတာတောင်ကောင်းကောင်းမနေချင်ဘူးထင်တယ်
ပုသိမ်ပညာရေးကောလိပ်ကလူတွေလဲ အငြိမ်းစားမကလို့ဘာကောင်ကြီးပဲ့ဖြစ်နေ မမေစုကိုထိခိုက်ရန်ပြတ်ပြတ်သားသားခုခံနိုင်စွမ်းကိုမွေးမြူထားကြပါ

ပြည်ချစ်သား said...

ဆရာဆိုပြီးတော့လုပ်ချင်ရာလုပ်တတ်လို့ ပါဗျာ..

တောသားလေး said...

အရှပ်မရှိသရက်စိ

chit pain said...

ဒေါ်စုလို မင်းတို့ လိုက်လုပ်ကြည့်ပါလား သားကွဲ၊ ခင်ပွန်းကွဲနဲ့ တိုင်းပြည် အတွက်၊ လူထုအတွက်အနစ်နာခံပြီး နှစ်ပေါင်း(20)ကျော်တိုင်အောင် အလုပ်လုပ်ပေးနေတာလေ ဘာအာဏာရူးလဲ အာဏာရူးတာက မင်းတို့ ကြံ့ဖွတ်ကကောင်တွေ ဖင်ထိုင်ခုံတစ်လုံးရသွားရင် ဘယ်တော့မှ မဆင်းချင်ဘူး ဒေါ်စုသာနိုင်ငံခြားမှာနေရင် အေးအေးဆေးဆေးနဲ့ ထမင်းခြမ်း ယပ်ခတ်ပြီးစားလို့ ရတယ် မင်းတို့ တတွေ ငါတို့ ပြည်သူတွေကို နှိပ်စက်မှာ လုပ်ချင်တာတွေကို လုပ်မှာစိုးလို့ ပြည်သူ့ အကျိုးကိုလိုလားလို့ ဆင်းရဲဒုက္ခခံပြီး နေနေတာ မင်းတို့ကြံ့ဖွံ့တွေ သူ့လို နှစ်(20)ကျော် မပြောနဲ့ (1)နှစ်လောက်ပဲဒုက္ခခံ ကြည့်အုံးပါးစပ်က ပြောတော့ဒီမိုကရေစီတဲ့ လက်ကလုပ်တော့ ဥပဒေမရှိ မင်းမဲ့စရိုက်ဆန်ဆန် လျှောက်လုပ်နေတယ် အထက်ကလူကြီးတွေကလည်း ပါးစပ်ကသာ အပြောင်းအလဲလုပ်ခြင်တယ် ပြောပြီး တကယ်တကယ်လုပ်မည်လည်းဆိုရော အောက်ကကောင်တွေမင်းမဲ့စရိုက် နဲ့ လုပ်နေသမျှလက်ပိုက်ကြည့်ပြီး အရေးယူခြင်း လုံးဝမရှိဘူး ဒါဟာ ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုတာ ဥပဒေအထက်မှာ မင်းတို့အာဏာရူးတွေပဲနေမယ် ဘယ်သူမှတက်မလာနဲ့ ရိုက်သတ်မယ်လို့ပြောတာလား ဥပဒေအထက်မှာ မင်းတို့အာဏာရူးတွေရှိ နေသမျှ ဘယ်တော့မှ မင်းတို့ပြောတဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးမဖြစ်ဘူး အထက်လူကြီးတွေကလည်း စားထားတာတွေများနေတော့ အခြေခံဥပဒေပြင်ရင် အရေးယူခံရမှာ စည်းစိမ်ပြုတ်မှာကြောက်တယ်လေ ဒါကြောင့် ညစ်နည်းပေါင်းစုံနဲ့ သူတို့ ပုလင်းတူဘူးဆို့ခြင်း အာဏာသက်ဆိုးရှည်အောင် လုပ်နေကြတာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတောင် သူတို့ န.ယ.က လက်ထက်မှာ လုပ်ခြင်ရာလုပ်ခဲ့သမျှတွေ အရေးယူမခံရအောင် နောက်ကြောင်းမပြန်ရလို့ အရှက်မရှိ ထည့်ပြဌာန်းထားသေးတယ် ဒီအချိန်မှာ မင်းတို့ရှက်တတ်ဖို့ ကောင်းပြီ ဘယ်သူကိုမှအပြစ်မတင်ဘဲ ငါတကောမကောဘဲ တိုင်းပြည်ကောင်းစားရေး မျက်နှာတစ်ခုဘဲကြည့်သင့်
ပြီ အာဏာရူးမနေကြနဲ့တော့ အဆင့်ရှိရှိနေကြတော့ အခုမင်းတို့ပြောတဲ့ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံသစ်တည်ဆောက်နေသည့် အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေ၊ အစိုးရဌာနအကြီးအကဲတွေ လာဘ်မစားဘူး တိုင်းပြည်ကောင်းစားရေးတစ်ခုဘဲလုပ်နေတာပါလို့ ကျမ်းကျိန်ရဲလား? သူများနိုင်ငံတွေမှာလို ပိုင်ဆိုင်မှုကို တစ်တိုင်းပြည်လုံးသိအောင် ဖွင့်ဟကြော်ငြာရဲလား? အစိုးရတက်စက လွှတ်တော်မှာ ကျမ်းကျိန်ထားတာ အကုန်လုံးကျမ်းစူးမယ့်လူတွေ ငရဲဆိုတာနောက်ဘဝကြမှ ကြီးတာ ဝဋ်ဆိုတာဘဝမကူးပါဘူး တစ်နေ့နေ့ ပြန်လည်မှာပါ မင်းတို့မလည်ရင်တောင် မင်းတို့သား၊ သမီး၊ မြေး၊မြစ်၊တီ၊ တွတ်၊ကျွတ်တွေလည်မှာပါ မင်းတို့လည်း အသက်(100)ထက်ပို မနေရပါဘူး

Arlarwaka said...

ဆရာကြီးခင်ဗျား အငြိမ်းစားယူထားလို့ တော်တော်များ လက်အားနေလား
လက်အားနေရင်လဲ........... တခြားမဟုတ်ပါဘူး အကျိုးရှိတဲ့စာတွေရေးပါ လို့အကြံပေးချင်တာပါ မတူတဲ့သူကို (အရည်အချင်း) လိုက်မတုပါနဲ့

Anonymous said...

Chit Pain .....very ....very....good comment.

Anonymous said...

ဆရာဂုဏ်မှမထိန်း.......ဆရာတွေသိဏ္ခာကျလိုက်တာ.....အတော်အဆိုးမြင်ဝါဒီသမားပဲ.....

poe said...

I really agree with above comment.

marga said...

ရူးနေကြပြီ နီးလေရူးလေ ပြောရရင်တော့ ကြောက်ချီးပန်းနေတာပါ အရူးချီးပန်းပေါ့ စောက်ရူးတွေ

ko htoo said...

ဒီကိစ္စက ကြံ့ဖွတ်နဲ့ မဆိုင်လောက်ပါဘူးဗျာ။ ကျွန်တော် ဥပမာတစ်ခုလောက်ပေးချင်တယ်။ ကျွန်တော့်အိမ်မှာ ခွေးတစ်ကောင်ရှိတယ်ဗျာ။ မနက်တိုင်ကျလို့ သံဃာတွေများ အာရုဏ်ဆွမ်းခံကြွတဲ့ ကျေးစည်သံကြားတာနဲ့ သကောင့်သားက သံရှည်ဆွဲပြီး အူတော့တာဘဲ။ ဒင်းတစ်ကောင်တည်းမဟုတ်ဘူးဗျို့၊ တစ်လမ်းလုံးရှိသမျှ ကလေကဝခွေးတွေကပါ သံပြိုင်အူကြတာ။ ကျန်တဲ့ကောင်တွေက ကလေကဝတွေမို့အူတာ ထားပါတော့၊ ဒင်းက ကျုပ်ကောင်းကောင်းမွန်မွန်မွေးထားပါရက် ရောအူတော့ ကျွန်တော်လဲ ရှက်ရှက်နဲ့ ဒင်းကိုလှိမ့် တီးတာဘဲ။ ဘယ်လောက်တီးတီးမရဘူးဗျို့၊ ဒင်းကနေ့တိုင်းအူ ကျုပ်ကနေ့တိုင်းတီး နောက်ဆုံးတော့ ခွေးနဲ့ပြိုင်မမိုက်ချင်တာနဲ့ ဒင်းကိုအူခွင့်ပေးရတော့တာဘဲ။ ဒင်းကြောင့် ပတ်ဝန်းကြင်က ကျုပ်ကို ဘာသာရေးကကြည်ညိုသူလို့ပြောလဲ ခံရတော့တာပဲ။ အခုလဲ ဒါမျိုးဖြစ်ချင်ဖြစ်မှာပေါ့။

007 jambom said...

head teacher no have brain. why out off brain?this teacher my country have not useless

than said...

upper chipin right , please open people eye & ear ,faithless to do their hope,their way.

AMT said...

ဆရာဦးကျော်လွင် ဆရာ့ရဲ့အဖြူရောင်သက်သက် ဒီမိုကရေစီအရေးလုပ်ဆောင်
ချက်တွေကြောင့် တိုင်းမှူးမြင့်အောင်ရဲ့ တပ်ထဲမှာ တစ်ပတ်လောက်ခေါ်ယူ
စစ်ဆေးခံခဲ့ရတာတွေကို မြင်ယောင်မိတယ် အခုဘာကြေင့်လဲ ဘာအတွက်လဲ
ဘယ်သူ့အတွက်လဲ ဆရာဖြေပေးပါ တစ်ကယ်သာဆရာဆိုရင်တော့ အင်မတန်
ဝမ်းနဲစရာကောင်းလိုက်တာ

ဖိုးတုတ် said...

ထားပါအုံး သူပိုက်ဆံ ဘယ်လိုထားထား မင်းတို့ ပြည်သူ့  ပိုက်ဆံ မခိုး ပြီးတာပဲ မသာများ ငါပြောလိုက်ရမကောင်းဘူး

Toe Gyi said...

မင်းတို့ သူများမကောင်း ကြောင်းရေးတော့ ကိုယ်ပိုင်လွတ်လပ် ခွင့် ဆိုတာကို သုံးတတ်လာပြီပေါ့ သူပိုင်တဲ့ ငွေ ဘယ်ထား ထား ပေါ့ကွာ၊ မင်းတို့ လူကြီးပိုင်း တွေကော နိုင်ငံခြား ဘဏ်တွေ မှာ ထားတာမရှိကြဘူးပေါ့။ လူယုတ်တွေ......

Anonymous said...

လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ .. ဆိုရင်.. ဦးသိန်းစိန် အစိုးရမကောင်းကြောင်းတွေ စာနဲ့ရေးပြီး ဝေလို့ရလား...
အမြှီး၊ အမောက်မတည့်တဲ့ စကားတွေကို ခပ်တုံးတုံး၊ ခပ်ကြောင်ကြောင်တွေ.. ပြောလည်း ပြောရဲပကွာ။ ပါတီနှင့် မသက်ဆိုင်ကြောင်းတဲ့... ပါတီကို ကိုယ်စားပြုတဲ့ အကြံပေးတစ်ယောက်လုံးက ပြောတဲ့စကားကို ပါတီနဲ့ မသက်ဆိုင်ဘူးဆိုတော့... တော်တော် စိတ်ကုန်ဖို့ ကောင်းတဲ့လူတွေကွာ။ ဘယ်ကစပြီး စိတ်ပျက်ရမှန်းတောင် မသိတော့လောက်အောင်ကို စိတ်ပျက်ဖို့ကောင်းတယ်။ အဲဒီလိုတာဝန်ယူစိတ် မရှိသူတွေ လူညစ်တွေ၊ ထင်သလို လုပ်ခွင့်ရနေသမျှ ဗမာပြည်ရဲ့ အနာဂတ်က မြောင်းထဲကကို တက်နိုင်မှာမဟုတ်ဘူး။

naingoo said...

ဆ၇ာကြီးခင်ဗျာ...
ထမင်းတလုပ်အစားချောင်ဖိုအတွက်ကျောင်းသားကျောင်းသူတပည်
တွေကိုအဆိပ်တွေပေးစ၇ာမလိုပါဘူး..ဒါငါတို့ ဆ၇ာကြီးဆိုပြီးဘယ်
တပည့်တွေကမှဂုဏ်ယူနေမှာမဟုတ်ဘူးဆိုတာဆ၇ာကြီးကိုယ်တိုင်သိ
မှာပါ..

ei said...

ပုသိမ်မြို့နယ်က ကြံဖွတ် (ဖွတ်ကြား)အကြောင်းများ ပြောချင်စိတ်ကိုကုန်တယ်..ဦးအောင်တင်မြင့်၊ ဦးသန်းထွန်း ..ရသမျှအကုန်စားဝါးနေတာလေ.အောက်ခြေက စည်းရုံးရေးမှူးတွေကိုလည်းပြန်မကြည့်ဘူး..ခုလည်း ပုသိမ် 14 ရပ်ကွက်ကို လမ်းခင်းပေးမယ်ဆိုပြီးစည်းရုံးတာ တစ်နှစ်သာပြည့်သွားတယ် ဘာမှဖြစ်မလာဘူး. လေပေါလောအဖွဲ့ကြီး.. အန်တီစုကို မနာလိုဖြစ်နေကြတာ..

vimpire said...

(((((ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး နိုင်ငံရေးအကြံပေးအနေနှင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ ပါတီနှင့် မသက်ဆိုင်ကြောင်း ပြောကြားထားသည်။
)))))
မင်းတို့လုပ်တော့ ကောင်းတယ်..
ပြည်ခိုင်ဖြိုး ပါတီ စောက်ကျင့်ယုတ်တဲ့အပေါ် ငါတို့ လွတ်လပ်စွာရေးသားပြီး လိုက်ဝေရင် ဟိုမအေလိုးတွေက ရန်ရှာမယ်...

shwe ku said...

အော်.....ကျောင်းအုပ်ဆရာကြီး ခင်ဗျကလေဘာစောက်လုပ်မှမလုပ်ဘဲ ရတဲ့ပင်စင်ကိုမခံစားချင်တော့ဘူးထင်တယ် ခင်ဗျအခုလိုဘုရားမကြိုက်၊နက်မကြိုက်၊ပြည်သူမကြိုက်တဲ့စာတွေဘာလို့ရေးနေရတာလည်းဗျာ အေးအေးဆေးဆေးနေပါဗျာ ခင်ဗျအခုလိုရေးတာကိုလူတွေကတော့ဘယ်သူမှမကြိုက်ဘူးကျွန်တော်ယုံကြည်တယ် ဒါပေမဲ့ကြိုက်တဲ့သူတွေရှိတယ်အဲဒါကဘာတွေတုံးဆိုရင်တော့စစ်ခွေးတွေကပဲခင်ဗျအခုလိုရေးတာကိုသဘောကြိုက်လိုက်မယ်သိလား ကျောင်းအုပ်ကြီးကလည်း ဗျာပင်စင်ရပြီးမှာတော့ ဖားမနေပါတော့နဲ့ဗျာ ဘာလို့လည်း ခင်ဗျတို့ရဲ့ စစ်ခွေးတွေက သူတို့ကိုယ်တိုင်က အခုလာမဲ့ဧပြီ လကျရင်သူတို့ကိုယ်က ခွေးစားကွက်ပျောက်မှာမို့လို့ ခင်ဗျာဖားလည်းအပိုပါဗျာ ပြည်သူတွေ အမြင်ကပ်အောင်မလုပ်ပါနဲ့နော် ကျောင်းအုပ်ကြီး

naing lin tun said...

ပုသိမ်ပညာရေးကောလိပ် အငြိမ်းစားကျောင်းအုပ် ဦးကျော်လွင် က ရန်ကုန်တိုင်းမှုးဟောင်းဗိုလ်ချုပ်လှဌေးဝင်း ရဲ့ ယောက်ဖတော်ပါ ။ သူ့ ယောက်ဖတိုင်းမှုးဖြစ်မှ ပညာရေးကောလိပ်ရဲ့ ကျောင်းအုပ်ဖြစ်ပြီး ထကော်လာတာပါ ၊ဒိအရင်က နည်းပြဆရာအဖြစ် ပုသိမ်ဆရာအတတ်သင်သိပံကျောင်းကတည်းကပါ နောက်ပညာရေးကောလိပ်
ဖြစ်တာပါ ။ ဦးကျော်လွင်က အရင်ကသိပ်တော်တဲ့ ဆရာပါ။ သူ့ သားတော်မောင်နဲ့ ကျောင်းနေဖက်တွေပါ အခုဆို သူ့ သားလည်း ဒုတပ်ရင်းမှုးဖြစ်နေပြီ ။ ဦးကျော်လွင်က ပညာရေးကောလိပ် ကျောင်းအုပ်
လည်းဖြစ်ရော ဇာတိတွေပြပြီး ညာရင်းညာရင်း နဲ့ ဒီအခြေထိဆိုက်လာတယ်ထင်တယ် နှမြောဖို့ ကောင်းတဲ့ ဆရာတ
ယောက်ပါ ဒီငါ့ဖို့ အစိုးရအဆက်ဆက် ဈန်လျောတဲ့ လူတွေမနည်းပါလားနော်

အတာ said...

“ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး နိုင်ငံရေးအကြံပေးအနေနှင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ယုံကြည်ချက်ကို လွတ်လပ်စွာရေးသားခြင်းသာဖြစ်၍ ပါတီနှင့် မသက်ဆိုင်ကြောင်း” .. ပေါ်တင်လိမ်တာ .. မယုံရင် ကျော် (ပညာရေး) ဆိုတဲ့ ဆရာသိက္ခာ မရှိတဲ့သူကို အသားရေဖျက်မှုနဲ့ တရားစွဲကြည့်လိုက်ပါလား .. ပြည်ထောင်စု ကြံ့ကြာရေးနှင့် ဖွတ်ချီး အသင်းက လာအာမခံပြီး ပြန်ထုတ်ပေးသွားလိမ့်မယ် .. ဗြောင်လိမ် ဗြောင်စားတွေ ..။

Maycho said...

ကျောင်းအုပ်ဖြစ်ပြီးကိုယ့်ဟာကိုဥာဏ်နဲ့စဉ်းစားလုပ်
မဟုတ်မဟတ်တွေမလုပ်နဲ့

ှဆရာရဲ၏စာမျက်နှာများ said...

ဝန်ထမ်းအိုကြီးအချို့ဟာ အမေစုကိုဘာကြောင့်မှန်းမသိကြောက်ရွံ့နေကြ တာတွေ့ရပါတယ်။ သူတို့ဘဝကို ဖျက်ဆီးမယ့်သူလို့လည်းထင်မှတ်မှား နေကြပါတယ်။

Powered by Blogger.