လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး

ကရင်နီပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံမှ ရန်ကုန်သို့ သွယ်တန်းပေးနေသည့် လျှပ်စစ်တာဝါတိုင် အောက်တွင် မြုပ်နှံထားသည့် မိုင်းပေါက်ကွဲရာမှ ကလေး နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
 ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက်လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"

အစိုးရတို့နှင့် ကရင်နီပြည်တပ်မတော်တို့ တိုက်ပွဲ ဖြစ်စဉ်တုန်းက အဆိုပါ လျှပ်စစ် ဓါတ်တိုင်အား ကရင်နီ လက်နက်ကိုင် တော်လှန်းရေး အဖွဲ့များ လာရောက်ဖျက်ဆီးမည် ဆိုသည့် အကြောင်းပြချက် ပေးပြီး မြေမြုပ်မိုင်းများ ထောင်ထားခြင်း ဖြစ်သည်။ 

"အစိုးရတွေကတော့ သူတို ကျနော်တို့နဲ အကြောင်းပြချက် ပေးပြီတော့ ဒီမိုင်းတွေကို ထောင်ထားတာပါ။ လောပိတာ စက်ရုံကနေ တောင်ငူအထိ တောက်လျောက် ထောင်ထားတယ်။ တတိုင်ကို မိုင်း ၁၀ လုံး ထက်မနည်းတော့ ထောင်ထားတာ ရှိတယ်" ဟု ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

ထို့အပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မြေမြုပ်မိုင်း ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း တစုံတရာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း "ကျနော်တို့ တင်ပြတဲ့ အချက် ၂၀ ထဲမှာ ပါတယ်။ ဒါပေမဲ့ ဦးအောင်မင်းက သမ္မတဆီကို ပြန်တင်ပြပေးမယ်လို့ပဲ ပြောတယ်" ဟု ဆက်လက်ပြောပါသည်။

လွန်ခဲ့တဲ့ မတ်လ ၇ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့သည် လွိုင်ကော်မြို့ တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေးနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ရေး စသည့် အချက် ၃ ချက်ဖြင့် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အပစ်ရပ်စဲသဘောတူ လက်မှတ်ရေးထိုးပြီး၍ မြေမြုပ်မိုင်း ဖယ်ရှားရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG မှ ခူးတော်ရယ် က ပြောသည်။

"ဒီလမ်းမကြီးဘေးမှာ အခုထိ မြေမြုပ်မိုင်းတွေကို ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ထင်တယ်။ အစိုးရ အနေနဲ့ ဖယ်ရှားပေးဖို့ သင့်ပါပြီ။ ထားတယ်ဆိုတာကတော့ အရင့်အရင်က လက်နက်ကိုင် တော်လှန်ရေးတွေရဲ့ ရန်ကို အကာအကွယ် ထားတယ်လို့ပဲ မြင်တယ်လေ။ အခုချိန်မှာ ဖျက်မယ့် လူလည်း မရှိတော့ဘူးလို့ ကျနော် အဲလိုပဲ မြင်တယ်လေ။ အဲဒါကြောင့် ဖယ်ရှားပေးဖို့ လိုတယ်" ဟု ခူးတော်ရယ် က ပြောပါသည်။

လျှပ်စစ်ဓါတ်တိုင်အောက်တွင် ထောင်ထားသော မြေမြုပ်မိုင်များကို ဒေသခံများဖြစ်စေ၊ ကျွဲ၊ နွား တိရိစ္ဆာန် များဖြစ်စေ နင်းမိပါက အစိုးရမှ လျှော်ကြေးငွေ ပြန်တောင်းလေ့ရှိသော်လည်း ယခုတကြိမ်တွင် တစုံတရာ ပြောကြားခြင်း မရှိသေးဟု ဒေသခံများက ပြောသည်။
 ကန္တာရ၀တီတိုင်း(မ်)
လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး Reviewed by သစ်ထူးလွင် on 13:50 Rating: 5

16 comments:

1234567890 said...

လူမဆန်တဲ့လုပ်ရပ်တွေပဲ၊ အပြစ်မဲ့ကလေးတွေ အသေစောခဲ့တာ စိတ်မကောင်းစရာပဲ။ ဗိုလ်ချုပ် ဘီထူး(ဘီလူး) ရယ် အစိုးရက မိုင်းထောင်တယ်တဲ့လား။ ဦးနှောက်ရော ရှိရဲ့လား။ ဒီလောက် တစ်တိုင်းပြည်လုံးငြိမ်းချမ်းအောင် ဆောင်ရွက်နေတာတွေ မမြင်လေရောသလား။

အမှန်မြင်စေလိုသူ

Sugar Moon said...

လူယုတ်မာ လူသတ်သမားအစိုးရ

supergunner said...

ဘယ်ကောင်ထောင်ထောင်ကွာ.
ထောင်တဲ့ကောင်တွေ.၀ဉ်လိုက်ပါစေဗျာ..
သူတို့ ပြုတဲ့အကုသိုလ်သူတို့ နောက်ကိုဘ၀ဆက်တိုင်းလိုက်ပါစေဗျား..
ကျေးလက်ကကလေးတွေ..အတွက်ရင်လေးလိုက်တာဗျာ..
ဘယ်သူမှာတာဝန်ရှိလည်း.ဒါဆို..

လင်းနေခ said...

စစ်တပ်ကတော့ စစ်တပ် အလုပ်ကိုလုပ်မှာပေါ့ကွ
မင်းတိုက လျှပ်စစ်တိုင်ကို သောင်းကျန်းသူ မသမာ သူက ဖျက်ဆီးမှာစိုးလို စစ်တပ်က Cover လုပ်ထားတာ.. အလကားလဲ ထားတာ မဟုတ်ဘူး တရားဝင်ကြေညာပြီး ခြံစည်းရိုးတောင်ကာထားသေးတာပဲ..
စည်းမရှိကမ်းမရှိ သွားလို ဖြစ်ရတာပဲ.. အဲဒီလို မလုပ်လို လျှပ်စစ်တိုင် တစ်ခုခု ဖြစ်လို မီးမရပြန်ရင်လဲ မင်းတို စစ်တပ်ကို အပြစ်ပြောဦးမှာပဲ..
မင်းတိုလို ကောင်တွေ အတွေးအခေါ်တွေနဲ့တော့ ခက်သေးတယ်...

သုခမိန် said...

လျှပ်စစ်ဌာနကို အထင်မလွှဲကြပါနဲ့ဗျာ ..
ဓာတ်အားလိုင်းတာဝါတိုင် အောက်မှာ မိုင်းကိစ္စ ဆောင်ရွက်ထား ရတာတွေရှိပါတယ် သို့သော်ငြားလည်း အများပြည်သူမထိအောင် ခြံခတ်ထားလေ့ရှိပါတယ် ဒါကို ဒေသခံတွေ အနေနဲ့လည်း သိရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ အခုကိစ္စက တာဝါတိုင်အောက်က ခြံခတ်ထားတဲ့ အထဲကိုဝင်မိလို့ မတော်တဆ ဖြစ်တာနေမှာပါ။ ယခင်က တာဝါတိုင်တွေကို မိုင်းအခွဲခံရတဲ့ ဖြစ်စဉ်လေးတွေ ရှိတော့ လုပ်ထားရတာပါ။

oakkar said...

စိတ်မကောင်းပါဘူး၊အကြောင်းအမျိုးမျိုးပြပြီးနေရာတိုင်းမှာလုပ်ထားတယ်၊
အားလုံးသတိထား။

Toe Toe said...

ဒါစစ်တပ်အပြစ်မဟုတ်ပါဘူး၊ အခြေအနေအရလိုအပ်လို့ထောင်ထားခဲ့တာပါ၊
ပြည်သူကိုကြေငြာထားတယ်ဆိုရင်၊မိဘတွေက သားသမီးတွေကိသတိပေးထား
သင့်ပါတယ်။လင်းနေခပြောတာမှန်ပါတယ်။သေသွားတဲ့ကလေးတွေအတွက်ဝမ်း
နဲကြောင်းပြောလိုပါတယ်။

supergunner said...

လင်းနေခ
မင်းကလေးလည်းသတိထားအုံး..သိလား

လင်းနေခ said...

supergunner ဆိုတဲ့ သူငယ်ချင်းရေ မင်း စိန်ခေါ်မှုကို ငါလက်ခံပါတယ် သူငယ်ချင်း.. မှန်ကန်တဲ့ သဘောထားဆွေးနွေးမှုဆို ငါ အမြဲတမ်းလက်ခံပါတယ်.. ဆဲဆို တိုက်ခိုက်ပြီး အရေမရအဖတ်မရတော့ လာမပြောနဲ့ပေါ့ကွာ.. မင်းကြိုက်တဲ့ဆိုဒ်က ငါ့ကို ဆွေးနွေးလို့ရတယ် သူငယ်ချင်း.. ငါက အမှန်ကို အမှန်အတိုင်း အပြုသဘောဆွေးနွေးတာဖြစ်တယ်..။ အဲဒီ အတွက် ငါ ဘယ်သူကိုမှမကြောက်ဘူး...

ကျော်ထိုက် said...

ကလေး ဆိုတာကတော့ ဘယ်သိမလဲ လင်းနေခ ၇ယ်...မင်း လည်း ငယ်ရာက ကြီးလာတာပဲ...မိဘတိုင်းက လည်း သူ့အလုပ်နဲ့ သူ အားတာမဟုတ် ဘူးလေ ကွာ....အပစ်အခပ် လည်း ၇ပ်စဲ ပြီးပြီ ဆိုတော့ ဒီ မိုင်းတွေ က မလိုတော့ဘူး .....ပြန်ဖော်သင့်နေပြီ....

မောင်မောင် said...

မိုင်းမထောင်ပြန်ရင်လည်း သောင်းကျန်းသူတွေက ပြည်သူပိုင်ကို ဖျက်စီးအုံးမယ်..ဒါစောင့်ရှောက်တာ..ကာကွယ်တာ..မတရားတာလုပ်တာမဟုတ်ဘူး..ဆုံးရှုံးသွားတဲ့ကလေးတွေကို မသနားတာမဟုတ်ဘူး..လူအတော်များများက ဘာလေးဖြစ်လိုက် စစ်တပ်..ဘာလေးဖြစ်လိုက်စစ်တပ်ဖြစ်နေတာ..အတွေးတွေခေါင်လွန်းတယ်..

april said...

အဲ့တာမျိုးအျြဖစ်တွေအများကြီးရှိပါတယ်..
ကျောင်းဘေးက တာဝါတိုင်မှာတောင်မိုင်းထောင်ထားတယ်။( ခြံစည်းရိုးဆိုတာကလဲ အပျက်တွေကများပါတယ် .. အဲ့တာတွေကို ပြန်ပြင်ရင်လဲပြည်သူတွေက ပဲလုပ်ရတာများတယ် လုပ်အားပေးခေါ်ပြီး တစ်ရက်ကွက် ကို ဘယ်နှစ်တိုင်ဆိုပြီးချပေးတာပါ.) ခြံစည်းကပျက်နေတော့ ကြက်တွေ ခွေးတွေဝင်လို့ရနေတာပါ.(မပျက်လဲ အကောင်ပလောင်တွေကတိုးဝင်ကျမယ်).အဲ့တော့ မိုင်းကွဲတယ် မိုင်းစက ကလေးရဲ့ နှလုံးတည့်တည့်ကိုမှန်လို့ပွဲချင်းပြီးသေတယ်လေ..အဲ့တာကလေးအပြစ်မဟုတ်ဘူး ..သေတာနောက်မှလျော်ကြေးကအရင်လိုဖြစ်နေတယ်..အဲ့တာအရင်တုန်းကဖြစ်တာပါ .. အဲ့လိုအဖြစ်အပျက်တွေလောပိတမှာခနခနဖြစ်တယ် ...ကလေးနှစ်ယောက်တစ်ပြိုင်တည်းသေတာတွေတောင်ရှိပါတယ် .ဘယ်သူမှတော့အဲ့ထဲဝင်မဆော့ပါဘူး...မွေးထားတာကတစ်ယောက်တည်း မိုင်းထိပြီးသေတယ် ဘယ်လောက်ခံစားရမလဲ ..မိုင်းထိပြီးသေတာတွေက ကျောင်းဘေးနား.. ရက်ကွက်ဘေးက တာဝါတိုင်တွေများတယ် .... ပြုပြင်ဖို့တွေလဲလိုနေတာရှိတယ်..လူဝင်လို့ စည်းကမ်းမရှိလို့ဆိုတာထက် မိုင်းစမှန်ပြီးသေတာတွေကအများဆုံးပါ ... အဲ့ဒီတော့ကျောင်းဘေးနား...ရက်ကွက်ဘေး.ကတာဝါတိုင်တွေကို မိုင်းထောင်ထားတာကိုပြန်စဉ်းစားပေးဖို့လိုပါတယ်.... ခြံစည်းရိုးခတ်ထားတာကကောဘယ်လောက်အာမခံချက်ပေးနိုင်မလဲ...ဘယ်လိုခြံစည်းရိုးကိုခတ်ထားတာလဲ..နောက်ဆုံး တော့ ဘယ်သူ့ကိုပြောမလဲ . သူကိုက ဒီလောက်ပဲနေရဖို့ကံပါလို့ပါ...လို့ပြောဖို့ပဲရှိတော့တယ် အဲ့လိုပဲ လက်ခံပြီးနေကျရတယ်.. အဲ့ဒီကံဆိုတာကိုပြောင်းလဲလို့ရနိုင်မလား ?

Moe Moe said...

လင်းနေခ နင်လဲသူများတွေကို အပြစ်မပြောပါနဲ့  ဒီအစိုးကဘယ်တုန်းက ကောင်းခဲ့ဘူးလို့ လဲအခုလဲကောင်းလို့ လား? အမျိုးမျိုးကလိမ်ကကျစ်လုပ်နေတာ ငါတို့ တသက်မှာ တခါမကောင်းတာလုပ် တာမတွေ့ ဘူးသေဘူး ဒါကြောင်လဲလူတွေ အားလုံးက အကောင်းမပြောတာပါ ခုကိစ္စကမတော်တဆဖြစ်တယ် ဆိုတာဟုတ်မှာပါ ကလေးဆိုတာကလဲ ဘာမှသိတာမဟုတ်ဘူး (၇)နှစ်ဆိုတော့ဘာမနာမလည်တဲ့ အရွယ်ပဲ ဟဲလင်းနေခနင်လဲ သူများတွေကိုလိုက်ပြီး အပြစ်မပြောမိအောင်နေပါ ဒီအစိုးရယုတ်မာပက်စက်ကောက်ကျစ် တာခုထိပဲ နင်လဲအင်တာနက် သုံးနေတာ ပဲမျက်စိကောင်းရင် တွေ့ မှာပါ

Kyaw Khant Zaw said...

ငြိမ်းချမ်းရေး လို့ဆိုပြီးရင် ဒါတွေမလိုအပ်တော့ပါ

ငရဲသား said...

အပေါ်က အစ်ကိုတို့ပြောကြပါတယ်..။ မိုင်းထောင်ထာတယ် ကြေညာပြီး ခြံစည်းရိုး ခတ်ထားတယ်လို့။ အဲဒီ ခတ်ထားတဲ့ခြံစည်းရိုးက ကလေးတွေဝင်လို့ရလောက်အောင် ခိုင်ခန့်တယ်ဆိုတာတော့ အထက်က ပြုပြင်ထိန်းသိမ်းမှုကိုလေးစားတယ်ဗျာ.။

ဟိုတစ်နေ့က လွှတ်တော်မှာတော့ ငွေစာရင်းရှင်းတမ်းထွက်သွားတယ်..။ လျှပ်စစ်နဲ့ စွမ်းအင်အတွက် တရုတ်ဆီက ချေးတာ ဒေါ်လာ ဘီလျံနဲ့ချီပါတယ်.။ လျှပ်စစ်ဓာတ်အားအတွက် ဒေါ်လာဘီလျံတောင် ချီပြီး သူများဆီကချေးယူသုံးစွဲခဲ့ရင် လူနေဒေသ အနီးအနားမှာရှိတိ မိုင်းထောင်ထားတဲ့ တာဝါတိုင်ဘေးတွေက ခြံစည်းရိုးအစုတ်တွေအစား အုတ်တံတိုင်းတွေ ဘာ့ကြောင့် မခတ်နိုင်ခဲ့ကြတာလဲ..။ သုံထားတဲ့အသုံးစရိတ်ထဲမှာနဲ့ အုတ်တံတိုင်းတွေတန်ဘိုးက မပြောပလောက်ပါဘူးဗျ..။

နောက်တစ်ချက်က အင်တာနက်သုံးတတ်သူတိုင်း ပညာတတ်လို့ ယူဆပြီး မေးချင်ပါတယ်..။ ကမ္ဘာပေါ်မှာ လူသတ်မိုင်းတွေကို လူနေရပ်ကွက်အနီးအနားမှာ ခြံစည်းရိုးစုတ်စုတ်ပြတ်ပြတ်ကာပီး ထောင်ထားခဲ့ဖူးတဲ့နိုင်ငံ ဘယ်နှနိုင်ငံရှိပါသလဲ..။

mnaing said...

လူအသက်ထက် သူတို့ပစ္စည်းတန်ဖိုး ပိုရှိနေလို့လား။
တိုင်းပြည်မှာ မိုင်း လုံးဝ ကင်းရှင်းသင့်ပါပြီ။
ဒုက္ခိတ ခြေပြတ်လက်ပြတ် မရှိကောင်းတော့ပါ။

Powered by Blogger.